Part-9
#zawgyi
ေက်ာင္းပိတ္ရက္ စေနေန႔တြင္ Jennie cafe shopတြင္ မနက္စာစားေန၏
ယခုရက္ပုိင္း Jisooေၾကာင့္ သူ ေတာ္ေတာ္ ဦးေႏွာက္စားခဲ့ရသည္.....မလုပ္ဖူးတဲ့အိမ္စာေတြလုပ္ရ အေမးအေျဖေတြေျဖရနဲ႔ စိတ္ပင္ပန္းေနေလ၏
တစ္ခါတစ္ေလ တည္တည္ျငိမ္ျငိမ္နဲ႔ တစ္ခါတစ္ခါက် ငေပါတစ္ေယာက္လုိ ထရီတတ္တဲ့ Jisoo စိတ္ကုိ ခန္႔မွန္းလုိ႔မရ......
Jennie ေကာ္ဖီေသာက္ေနရင္း ေကာ္ဖီဆုိင္ရဲ႕ တစ္ဖက္လမ္းမွာ Hoodie အနက္ေရာင္ေလး၀တ္ထားတဲ့ ေကာင္မေလးတေယာက္ကို သတိထားမိသြားသည္
Jisooမွန္းလည္း Jennie သိသြားေရာ ခ်က္ခ်င္းဘဲ စားလက္စကုိပစ္ထားလုိက္ၿပီး ပုိက္ဆံ႐ွင္းကာ ဆုိင္ထဲက ထြက္လာ၏
ထုိ႔ေနာက္ ကားစက္ကိုႏႈိးၿပီး Jisooတက္သြားတဲ့ Busကားေနာက္သုိ႔ လုိက္ေလ၏......
တစ္နာရီေက်ာ္ေက်ာ္ ၾကာၿပီးေနာက္ seoul ျမဳိ့ျပင္သုိ႔ ေရာက္သြားေလသည္....
Jisooလည္း Busကားေပၚက ဆင္းၿပီး ရြာငယ္ေလးလုိ႔ထင္ရတဲ့ ေနရာသုိ႔ သြားေလသည္
"သူ ဘယ္ေတြသြားေနတာလည္း ငါ လုိက္သြားသင့္လား "
Jennie အနည္းငယ္ေတြေ၀ေနၿပီး Jisooေနာက္သုိ႔ လိုက္သြားလိုက္သည္......
ရြာလမ္းက ၾကမ္းေသာေၾကာင့္ Jennie ေျခေထာက္ေတြ ေတာ္ေတာ္နာလာသည္.....
ရြာထဲက တခ်ိဳ႕ကလည္း Jennieကုိ လွမ္းၾကည့္ေနၾကသည္
ဆယ့္ငါးမိနစ္ေလာက္ၾကာေတာ့ Jisoo အိမ္တစ္အိမ္ေ႐ွ႕သုိ႔ ရပ္ၿပီး ဖိနပ္ခြၽတ္ကာ အိမ္ထဲသုိ႔ ၀င္သြားေလသည္
"Oh အိမ္ေလးကလည္း ငါတုိ႔အိမ္က မီးဖုိေခ်ာင္ေလာက္ဘဲ ႐ွိတယ္ "
ျပတင္းေပါက္ကေန အိမ္ထဲကုိ Jennie လွမ္းၾကည့္ေတာ့ Jisoo အိမ္ေနာက္ထဲသုိ႔ ၀င္သြားတာကုိ ေတြ႔လုိက္ရသည္
Jennieလည္း ဖိနပ္မခြၽတ္ဘဲ Jisoo အလစ္ကုိ အိမ္ထဲ၀င္လုိက္သည္.......
" မခြၽတ္ေတာ့ပါဘူး ေတာ္ၾကာ အိမ္က ညစ္ပတ္ေနရင္......"
သုိ႔ေသာ္ အိမ္ထဲသုိ႔ ေရာက္ေသာအခါ Jennie အထင္နဲ႔အျမင္လြဲသြားေလသည္.....
အိမ္ေလးက သန္႔႐ွင္းၿပီး သပ္ရပ္ေန၏ .....နံရံတြင္ ဓာတ္ပံုေတြကုိခ်ိတ္ထားၿပီး စာအုပ္ေတြနဲ႔ျပည့္ေနတဲ့ စာအုပ္စင္ကုိလည္း ေတြ႔ရေလသည္.....
႐ုတ္တရက္ ေျခသံၾကားေသာေၾကာင့္ Jennie ထြက္ေျပးဖုိ႔လုပ္ေသာ္လည္း Jisooမွာ Jennieကုိ လွမ္းဆြဲလုိက္သည္
" ေဟး နင္ ဒီမွာဘာလုပ္ေနတာလည္း "
"Hello.....Jisoo....."
" နင့္ ေဒါက္ဖိနပ္သံက ဆူညံေနတာဘဲ "
"ဟုတ္လား ဒါနဲ႔ ဒီအိမ္က နင္ေနတဲ့ေနရာလား "
" ႐ွားေလာ့ဟုမ္းလား......နင္က...."
" နင္ ဒီကုိေန႔တုိင္း လာတာလား "
"No....ငါက seoulမွာ အေဆာင္ငွါးေနတာေလ.....ဟုိမွာ အိပ္ေနတာ ငါ့အဘြား....သူက လန္႔ႏုိးတတ္လုိ႔ တုိးတုိးေျပာေနာ္ "
Jisoo အခန္းထဲမွာအိပ္ေပ်ာ္ေနတဲ့ သူ႔အဘြားကုိ လက္ညႇိဳးထုိးျပၿပီး ေျပာလုိက္သည္
"Aww ငါက နင္တစ္ေယာက္တည္းေနတယ္ထင္လုိ႔ "
"Omm....ငါ ငယ္ငယ္ေလးတုံးကေလ ငါ့မိသားစုနဲ႔ခရီးထြက္တာ....လမ္းမွာ accident ျဖစ္ၿပီး...ငါ့မိဘေတြဆုံးသြားၾကတယ္....ငါတစ္ေယာက္တည္း အသက္႐ွင္ခဲ့တာ ...."
Jisoo စကားေၾကာင့္ Jennie စိတ္မေကာင္းျဖစ္သြားတယ္
"ငါ့ကုိ အသက္႐ွင္ေအာင္ ကယ္ခဲ့တဲ့ ဘုရားသခင္ကုိ ေက်းဇူးတင္ရမလား...ဒါမွမဟုတ္ ငါ့ကုိ တစ္ေယာက္တည္း အသက္႐ွင္ေအာင္.. ....ဟူး.... "
Jisooေျပာရင္း သူ႔ဆံပင္ကုိ သူ လက္နဲ႔ဖြလုိက္သည္
" ဒါဆုိ နင့္အမာရြတ္က အဲ့ accident ေၾကာင့္ရလာတာလား...."
"Omm...."
Jennieလည္း Jisoo ရဲ႕ အမာရြတ္ကုိ ကုိင္ၾကည့္ရင္း ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံသြားေလသည္....
"အဟမ္း "
Jisooလည္း စိတ္ထဲတမ်ိဳးႀကီး ျဖစ္လာလုိ႔ ေခ်ာင္းဟန္႔လုိက္သည္
ထုိအခါမွ Jennieလည္း သူ႔လက္ကို ႐ုတ္ၿပီး
" ဟို....နင့္္အဘြားအသက္က ဘယ္ႏွႏွစ္လည္း "
"၇၅ႏွစ္ေလ...ေနာက္လဆုိ ၇၆ျဖစ္ၿပီ ငါ့ကုိ သူတစ္ေယာက္တည္း ဒီအရြယ္ထိေရာက္ေအာင္ ျပဳစုေစာင့္ေရွာက္ခဲ့လုိ႔ သူလည္း ပင္ပန္းေနၿပီေပါ့.....တခါတေလ ငါ ေက်ာင္းထြက္ၿပီး သူ႔ကုိေစာင့္ေ႐ွာက္ခ်င္တယ္....ဒါေပမယ့္ သူက ငါ့ကုိေက်ာင္းၿပီးေအာင္ တက္ေစခ်င္တာဟ "
Jisoo သက္ျပင္းခ်ၿပီး
"Jennie mallမွာ ငါတုိ႔ပထမဆုံးေတြ႔ခဲ့တာ မွတ္မိလား နင္ ငါ့ကုိ tip money ေတြ အမ်ားျကီး ေပးခဲ့တာေလ အဲ့တုံးက ငါ့ဘ၀မွာ ပုိက္ဆံအမ်ားႂကီးကုိင္ဖူးလုိ႔ အရမ္းေပ်ာ္ခဲ့တာဟ.....အဲ့ပုိက္ဆံနဲ႔ ငါ အဘြားအတြက္ ေဆး၀ယ္လုိက္တယ္ သိလား "
Jisoo သူ႔အဘြားကုိ ၾကည့္ရင္း ေျပာလုိက္သည္
"ငါ....ငါ ေတာင္းပန္ပါတယ္...."
Jennieဆီက ေတာင္းပန္စကားၾကားရလုိ႔ Jisoo အ့ံျသေန၏
"ဟင္..."
" နင့္ကုိ အထင္ေသးမိလုိ႔ ေတာင္းပန္ပါတယ္လုိ႔ ငါ့ကုိ ထပ္ေျပာရေအာင္မလုပ္နဲ႔ Jisoo"
"ရပါတယ္.. ...ငါ ဘာမွမျဖစ္ပါဘူး လာ...ဒီကုိေရာက္တုံးေရာက္ခိုက္ နင့္ကုိ တစ္ခ်ိဳ႕ေနရာေတြလုိက္ျပမယ္....."
" ဘယ္ေနရာလည္း...."
" ေရာက္ရင္သိမွာေပါ့....."
Jennieရဲ႕လက္ကုိ ဆြဲၿပီး Jisoo အိမ္အျပင္ဘက္ကို ထြက္သြားလုိက္သည္
Hello စာေမးပြဲၿပီးလုိ႔ author ficေတြျပန္ေရးပါၿပီေနာ္ အၾကာႀကီး ေစာင့္ခုိင္းထားရလုိ႔ အားနာပါတယ္❤
#Tbc
#Unicode
ကျောင်းပိတ်ရက် စနေနေ့တွင် Jennie cafe shopတွင် မနက်စာစားနေ၏
ယခုရက်ပိုင်း Jisooကြောင့် သူ တော်တော် ဦးနှောက်စားခဲ့ရသည်.....မလုပ်ဖူးတဲ့အိမ်စာတွေလုပ်ရ အမေးအဖြေတွေဖြေရနဲ့ စိတ်ပင်ပန်းနေလေ၏
တစ်ခါတစ်လေ တည်တည်ငြိမ်ငြိမ်နဲ့ တစ်ခါတစ်ခါကျ ငပေါတစ်ယောက်လို ထရီတတ်တဲ့ Jisoo စိတ်ကို ခန့်မှန်းလို့မရ......
Jennie ကော်ဖီသောက်နေရင်း ကော်ဖီဆိုင်ရဲ့ တစ်ဖက်လမ်းမှာ Hoodie အနက်ရောင်လေးဝတ်ထားတဲ့ ကောင်မလေးတယောက်ကို သတိထားမိသွားသည်
Jisooမှန်းလည်း Jennie သိသွားရော ချက်ချင်းဘဲ စားလက်စကိုပစ်ထားလိုက်ပြီး ပိုက်ဆံရှင်းကာ ဆိုင်ထဲက ထွက်လာ၏
ထို့နောက် ကားစက်ကိုနှိုးပြီး Jisooတက်သွားတဲ့ Busကားနောက်သို့ လိုက်လေ၏......
တစ်နာရီကျော်ကျော် ကြာပြီးနောက် seoul မြို့ပြင်သို့ ရောက်သွားလေသည်....
Jisooလည်း Busကားပေါ်က ဆင်းပြီး ရွာငယ်လေးလို့ထင်ရတဲ့ နေရာသို့ သွားလေသည်
"သူ ဘယ်တွေသွားနေတာလည်း ငါ လိုက်သွားသင့်လား "
Jennie အနည်းငယ်တွေဝေနေပြီး Jisooနောက်သို့ လိုက်သွားလိုက်သည်......
ရွာလမ်းက ကြမ်းသောကြောင့် Jennie ခြေထောက်တွေ တော်တော်နာလာသည်.....
ရွာထဲက တချို့ကလည်း Jennieကို လှမ်းကြည့်နေကြသည်
ဆယ့်ငါးမိနစ်လောက်ကြာတော့ Jisoo အိမ်တစ်အိမ်ရှေ့သို့ ရပ်ပြီး ဖိနပ်ချွတ်ကာ အိမ်ထဲသို့ ဝင်သွားလေသည်
"Oh အိမ်လေးကလည်း ငါတို့အိမ်က မီးဖိုချောင်လောက်ဘဲ ရှိတယ် "
ပြတင်းပေါက်ကနေ အိမ်ထဲကို Jennie လှမ်းကြည့်တော့ Jisoo အိမ်နောက်ထဲသို့ ဝင်သွားတာကို တွေ့လိုက်ရသည်
Jennieလည်း ဖိနပ်မချွတ်ဘဲ Jisoo အလစ်ကို အိမ်ထဲဝင်လိုက်သည်.......
" မချွတ်တော့ပါဘူး တော်ကြာ အိမ်က ညစ်ပတ်နေရင်......"
သို့သော် အိမ်ထဲသို့ ရောက်သောအခါ Jennie အထင်နဲ့အမြင်လွဲသွားလေသည်.....
အိမ်လေးက သန့်ရှင်းပြီး သပ်ရပ်နေ၏ .....နံရံတွင် ဓာတ်ပုံတွေကိုချိတ်ထားပြီး စာအုပ်တွေနဲ့ပြည့်နေတဲ့ စာအုပ်စင်ကိုလည်း တွေ့ရလေသည်.....
ရုတ်တရက် ခြေသံကြားသောကြောင့် Jennie ထွက်ပြေးဖို့လုပ်သော်လည်း Jisooမှာ Jennieကို လှမ်းဆွဲလိုက်သည်
" ဟေး နင် ဒီမှာဘာလုပ်နေတာလည်း "
"Hello.....Jisoo....."
" နင့် ဒေါက်ဖိနပ်သံက ဆူညံနေတာဘဲ "
"ဟုတ်လား ဒါနဲ့ ဒီအိမ်က နင်နေတဲ့နေရာလား "
" ရှားလော့ဟုမ်းလား......နင်က...."
" နင် ဒီကိုနေ့တိုင်း လာတာလား "
"No....ငါက seoulမှာ အဆောင်ငှါးနေတာလေ.....ဟိုမှာ အိပ်နေတာ ငါ့အဘွား....သူက လန့်နိုးတတ်လို့ တိုးတိုးပြောနော် "
Jisoo အခန်းထဲမှာအိပ်ပျော်နေတဲ့ သူ့အဘွားကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်
"Aww ငါက နင်တစ်ယောက်တည်းနေတယ်ထင်လို့ "
"Omm....ငါ ငယ်ငယ်လေးတုံးကလေ ငါ့မိသားစုနဲ့ခရီးထွက်တာ....လမ်းမှာ accident ဖြစ်ပြီး...ငါ့မိဘတွေဆုံးသွားကြတယ်....ငါတစ်ယောက်တည်း အသက်ရှင်ခဲ့တာ ...."
Jisoo စကားကြောင့် Jennie စိတ်မကောင်းဖြစ်သွားတယ်
"ငါ့ကို အသက်ရှင်အောင် ကယ်ခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ရမလား...ဒါမှမဟုတ် ငါ့ကို တစ်ယောက်တည်း အသက်ရှင်အောင်.. ....ဟူး.... "
Jisooပြောရင်း သူ့ဆံပင်ကို သူ လက်နဲ့ဖွလိုက်သည်
" ဒါဆို နင့်အမာရွတ်က အဲ့ accident ကြောင့်ရလာတာလား...."
"Omm...."
Jennieလည်း Jisoo ရဲ့ အမာရွတ်ကို ကိုင်ကြည့်ရင်း နှစ်ယောက်သား အကြည့်ချင်းဆုံသွားလေသည်....
"အဟမ်း "
Jisooလည်း စိတ်ထဲတမျိုးကြီး ဖြစ်လာလို့ ချောင်းဟန့်လိုက်သည်
ထိုအခါမှ Jennieလည်း သူ့လက်ကို ရုတ်ပြီး
" ဟို....နင့််အဘွားအသက်က ဘယ်နှနှစ်လည်း "
"၇၅နှစ်လေ...နောက်လဆို ၇၆ဖြစ်ပြီ ငါ့ကို သူတစ်ယောက်တည်း ဒီအရွယ်ထိရောက်အောင် ပြုစုစောင့်ရှောက်ခဲ့လို့ သူလည်း ပင်ပန်းနေပြီပေါ့.....တခါတလေ ငါ ကျောင်းထွက်ပြီး သူ့ကိုစောင့်ရှောက်ချင်တယ်....ဒါပေမယ့် သူက ငါ့ကိုကျောင်းပြီးအောင် တက်စေချင်တာဟ "
Jisoo သက်ပြင်းချပြီး
"Jennie mallမှာ ငါတို့ပထမဆုံးတွေ့ခဲ့တာ မှတ်မိလား နင် ငါ့ကို tip money တွေ အများကြီး ပေးခဲ့တာလေ အဲ့တုံးက ငါ့ဘဝမှာ ပိုက်ဆံအများကြီးကိုင်ဖူးလို့ အရမ်းပျော်ခဲ့တာဟ.....အဲ့ပိုက်ဆံနဲ့ ငါ အဘွားအတွက် ဆေးဝယ်လိုက်တယ် သိလား "
Jisoo သူ့အဘွားကို ကြည့်ရင်း ပြောလိုက်သည်
"ငါ....ငါ တောင်းပန်ပါတယ်...."
Jennieဆီက တောင်းပန်စကားကြားရလို့ Jisoo အံ့သြနေ၏
"ဟင်..."
" နင့်ကို အထင်သေးမိလို့ တောင်းပန်ပါတယ်လို့ ငါ့ကို ထပ်ပြောရအောင်မလုပ်နဲ့ Jisoo"
"ရပါတယ်.. ...ငါ ဘာမှမဖြစ်ပါဘူး လာ...ဒီကိုရောက်တုံးရောက်ခိုက် နင့်ကို တစ်ချို့နေရာတွေလိုက်ပြမယ်....."
" ဘယ်နေရာလည်း...."
" ရောက်ရင်သိမှာပေါ့....."
Jennieရဲ့လက်ကို ဆွဲပြီး Jisoo အိမ်အပြင်ဘက်ကို ထွက်သွားလိုက်သည်
Hello စာမေးပွဲပြီးလို့ author ficတွေပြန်ရေးပါပြီနော် အကြာကြီး စောင့်ခိုင်းထားရလို့ အားနာပါတယ်❤
Bạn đang đọc truyện trên: Truyen3h.Co