Black Romance
Black Romance ( One Shot )
၁၂နာရီတောင် ထိုးပြီ။
မောင်ကတစ်ရက်ထက်တစ်ရက်အိမ်ပြန်ချိန်နောက်ကျလာလေတတ်တယ် ။ မနက်မှပြန်လာတာမျိုးတော့မဟုတ်ခဲ့သေး။ ကုမ္ပဏီတစ်ခုရဲ့CEO တစ်ယောက်ဆိုတော့လည်းနောက်ကျချင်နောက်ကျနိုင်တာဘဲပေါ့။ကုမ္ပဏီတစ်ခုလုံးရဲ့CEO ဆိုတဲ့တာဝန်ကဘယ်လောက်တောင်ကြီးလိုက်သလဲ။ မောင်ကတစ်ခါတလေအလုပ်ကိစ္စမဟုတ်တဲ့ကိစ္စအချို့ကြောင့်လည်းနောက်ကျနေတတ်လေရဲ့။
အင်း..... ဘယ်လိုပြောရမလဲအလုပ်ကိစ္စမဟုတ်တဲ့ကိစ္စအချို့ကို အလုပ်များတဲ့လူတစ်ယောက်ရဲ့အိမ်ပြန်ချိန်ထက်ပိုကာနောက်ကျနေတတ်ပြီး အိမ်ထောင်သည်အမျိုးသားတစ်ယောက်ဖြစ်တဲ့ မောင့်ရဲ့ကုတ်အကႅျီ ပေါ်မှာရေမွှေးနံ့ခပ်ပြင်းပြင်းပါလာတာမျိုး ၊ ဒါမှမဟုတ်ကော်လံစနားမှာ ခပ်ရင့်ရင့်နှုတ်ခမ်းနီရာတွေပေလာတာမျိုးလေ။
ဟုတ်တယ်မောင်ကဒီလိုဘဲလေ။သမီးရည်းစားခင်ကတည်းကမောင်ကအဲလိုခြေခပ်ရှုပ်ရှုပ်ကောင်လေးတစ်ယောက်လေ။ ဒါပေမဲ့သူနဲ့တွေ့ပြီးနောက်ပိုင်းကောချစ်သူရည်းစားဖြစ်တဲ့ကာလတစ်လျှောက်ကောမောင်ကခြေရှုပ်နေတုန်းဘဲ။ မောင်ကဘယ်လောက်ပင်ခြေရှုပ်ရှုပ်သူတစ်ယောက်ထဲကိုဘဲချစ်တဲ့လူစားဆိုတာသိပြီးသား။ ဒါကြောင့်လည်းသူ့ကိုလက်ထပ်ခဲ့တာဘဲလေ မောင်ကတခြားလူတွေအပေါ်သာပေါ့ပျက်ပျက်နိုင်ပေမဲ့ သူအပေါ်တော့လေးနက်သားချစ်တယ်ဆိုလည်းသူသိတယ်။ ဒါပေမဲ့ တစ်ခါတစ်လေတော့လည်းမောင်ကိုခြေထပ်မရှုပ်အောင်တစ်သက်လုံးသိမ်းထားချင်မိတယ်။
ခြံထဲကကားသံကြောင့်မောင်တောင်ပြန်လာပြီဘဲ။ သူလည်းမောင်ကိုစောင့်ရင်းအတွေးတွေအတော်များသွားပြီဘဲ ။ ဒီနေ့လည်းမောင်အကႅျီပေါ်ကရေမွှေးအချို့ရဲ့အနံ့ကိုသူသိချင်မိတယ် အပြင်းစားး အပျော့စားလေးလား ။
" ကော... မအိပ်သေးဘူးလား "
ဧည့်ခန်းဝတွင်ထိုင်ကာစောင့်နေတဲ့သူ့ကိုမြင်တော့မောင်ကမေးလာလေတယ် ။ ဘယ်လိုအိပ်ပျော်နိုင်မလဲမောင်ကိုယ်ပေါ်ကရေမွှေးနံ့လေးသိချင်လို့လေလို့ပြောလိုက်ချင်မိရဲ့။ သို့သော်
" မအိပ်သေးပါဘူးငါကမမောင်မရှိရင်အိပ်မပျော်ဘူးဆိုတာမသိတာလား "
" ဒီလောက်အေးနေတာကိုကွာဘာလို့နွေးနွေးထွေးထွေးမနေရတာလဲကောရာ "
မောင်ကသူအရှေ့ဆီဒူးထောက်ထိုင်ချကာ ခြေချောင်းလေးတေွကိုမောင်လက်နွေးနွေးတွေဖြင့်ဆုပ်ကိုင်လာကာပြောလာသည်။ ကြည့်ပါအုံးမောင်ကဘယ်လောက်တောင်ချစ်လိုက်လဲဆိုတာ။
" အေးနေပြီကောအထဲဝင်ရအောင်မောင်ချီသွားမယ် "
ဟွမ်ရှင်းသူ့အရှေ့မှဆန်မုန့်လေးကိုပွေ့ချီလိုက်တော့ သူလည်တိုင်ကိုဖက်ကာ ပုခုံးလေးကိုမှီလျက်မျက်လေးတွေမှေးစက်ကာပါလာတဲ့ချိုးတင်းကျယ်ကအပြစ်ကင်းစင်လွန်းသည်။ စေ့စေ့ကြည့်ရင်းထိုလူသားအပေါ်အရမ်းများအနိုင်ယူသလိုဖြစ်နေလားဟုတွေးနေမိသည်။ ဟွမ်ရှင်းခြေရှုပ်သည်ဒါပေမဲ့သူချိုးတင်းကျယ်ကလွဲမည်သူ့ကိုမှမချစ်။ သူချစ်တာထိုလူသားတစ်ယောက်ထဲပင်ဒါကိုပင်တိုင်အောင်ဘာလို့အပျော်ရှာနေမိသေးလဲဆိုတာသူ့ကိုသူ့ပင်တွေးမရ။ လက်ထပ်ပြီးသည့်တိုင်အောင်ချိုးတင်းကျယ်ကသူ့အပေါ်အရာရာကိုနားလည်ပေးသည်။ ညနက်ထိအပျော်ရှာကပြန်လာတတ်တဲ့သူ့ကိုမအိပ်ဘဲစောင့်နေသည့်ချိုးတင်းကျယ်တကယ်ဖြူစင်လွန်းသည်။
အိပ်ခန်းထဲအရောက် ပွေ့ထားသည့်ဆန့်မုန့်လုံးအားပဲ့ပါသွားမည်စိုးသည့်အလားကုတင်ထက်ဖွဖွလေးချကာ နဖူးလေးအားဖြေးဖြေးလေးနမ်းရှိုက်လျက်
" အိပ်တော့နော်ကော "
ရေချိုးခန်းစီသို့ဝင်ကာရေချိုးပြီးတာနဲ့ပြန်ထွက်လာတော့ကုတင်ထက်တွင်ကလေးပမာကွေးကွေးလေးအိပ်နေသည့်ချိုးတင်းကျယ်ရဲ့နံဘေးနားဖြေးညှင်းစွာလဲလျောင်းလဲအိပ်နေသောမုန့်လုံးလေးအားရင်ခွင်ထဲခပ်ဖွဖွဆွဲသွင်းကာဖက်ထားပြီးနှုတ်ခမ်းဖူးလေးထက်နူးညံ့စွာနမ်းလျက်
" Goodnightကော "
မောင်အိပ်ပျော်သွားသည်နှင့်ရင်ခွင်ထဲကနေမောင့်မျက်နှာခပ်ချောချောအားမော့ကြည့်ကာမောင့်မျက်ခမ်းအောက်ရှိမှဲ့နက်လေးအားခပ်ဖွဖွထိကြည့်မိကာ မောင့်ရဲ့မေးဖျားကိုခိုးနမ်းရှိုက်မိလျက်...
" ဒီနေ့မောင်ကိုယ်ပေါ်ကရေမွှေးကအရမ်းပြင်းလွန်းတယ် "
ဒီနေ့ချိုးတင်းကျယ်မောင်အတွက်ကုမ္ပဏီသို့ထမင်းချိုင့်သွားဖို့ပြင်ဆင်နေတာမနက်ကတည်းပင်။ မောင်ကြိုက်တဲ့ဟင်းတွေကိုချက်အစောကြီးထချင်ထားရတာရေညှိဟင်းချိုလေးကမပါမဖြစ်ပေါ့။ မောင်ဆီအခုလိုထမင်းချိုင့်သွားမပို့ဖြစ်တာတောင်ဘယ်လောက်တောင်ကြာလိုက်ပြီလဲ။ Milk tea လေးလည်းဝယ်သွားရမယ် မောင်ထမင်းစားပြီးတာနဲ့သောက်လို့ရအောင်လို့ ပြီးတော့ညနေရုံးတင်းချိန်ထိမောင်ဆီမှာနေပြီး မောင်နဲ့အတူအိမ်ပြန်မယ် မောင်နဲ့အတူစျေးမဝယ်ရတာလည်းကြာပြီမို့ ။ ချိုးတင်းကျယ်သူ့အတွေးနဲ့သူပင်ပျော်ရွှင်မြူးလျက်။
ထိုစဉ်ခြံထဲမှဘဲလ်သံကြောင့် ဆင်းကြည့်လိုက်တော့အမျိုးသမီးတစ်ယောက်။ အနီရောင်ကိုယ်ကျပ်ဂါဝန်အတိုကိုဝတ်ဆင်ထားပြီးလှိုင်းကောက်ပုံဆံပင်တွေကိုလည်းလည်းကျောပေါ်ချထားသည်နှုတ်ခမ်းသားကိုလည်းဆိုးဆေးရဲရဲဆိုးထားလျက်လိုအပ်ထားသည့်ပင်ပြင်ဆင်ထားလျက်အနက်ရောက်ဒေါက်ဖိနပ်အားစီးလျက် ရေမွှေးနံ့ကလည်းပြင်းလိုက်တာ ။ သို့သော်ထိုမိန်းကလေးချိုးတင်းကျယ် အချိုသာဆုံးပြုံးပြလျက် .....
" ဘာကိစ္စရှိလို့လဲအမျိုးသမီး "
" CEO Huang Xing ရဲ့အမျိုးသားထင်တယ် တို့ပြောစရာလေးရှိလို့ "
" ဟုတ်ပါတယ် ပြောစရာရှိတယ်ဆိုရင်အိမ်ထဲဝင်ပါ မိိန်းကလေး တစ်ခုခုသောက်ပြီးပြောကြတာပေါ့ "
တဖက်မိန်းကလေးအားအိမ်ထဲခေါ်ဆောင်လာတော့ အနောက်ကဒေါက်ဖိနပ်သံခပ်ကျယ်ကျယ်ထွက်ကာလိုက်ပါလာလေသည်။ နားညီးလိုက်တာ ။
"မောင်ဒီနေ့စောစောပြန်ခဲ့နော်"✉️
ချိုးတင်းကျယ်ဆီမှစာကြောင့်ဟွမ်ရှင်းကုမ္ပဏီကနေ့ အိမ်ကိုသာပြန်လာခဲ့လေသည်။ ခြံရှေ့ရောက်တော့အရင်နေ့တွေကထက်ပင်မီးအလင်းရောင်တွေကအိမ်ကြီးဆီမှာပိုမိုက်တောက်ပနေသယောင်။ သူဒီလိုခပ်စောစောအိမ်မပြန်ဖြစ်တဲ့ရက်တွေတောင်အတော်များလာပြီဘဲ။ ကားကိုခြံထဲရပ်ကာအိမ်တံခါးကိုဖွင့်ကာဝင်လိုက်တော့ လျှောက်လှမ်းတစ်လျှောက် ဖယောင်းတိုင်မီးခွက်တွေထွန်းကာနှင်းဆီပွင့်ချပ်တွေဟာပြန့်ကျဲလျက် ဧည့်ခန်းထဲ၏စားပွဲကြီးပေါ်တွင်ဖယောင်းတိုင်အချို့ထွန်းလျက် နှင်းဆီနီနီတွေကိုစားပွဲအလယ်တွင်ထိုးလျက် စျေးကြီးပေးရဲ့ဝိုင်တစ်ဘူးနှင့်ခွက်နှစ်လုံးကိုချထားလျက် တစ်စုံတစ်ယောက်ရဲ့ ကိုယ်လုံးလုံးလေးကဘယ်ရောက်နေပါ့လိမ့် ။
" မောင် ... "
မျက်လုံးဝေ့ကာရှာနေခိုက်ဟုခေါ်သံကြောင့်လှေကားထက်တွေပေါ်ကနေတဖြည်းဖြည်းချင်းဆင်းလာသောသူဆီသို့လျှောက်လှမ်းလာလေသည် ကောဟာအဖြူရောက်ပိုးသားအကႅျီ လေးကိုဝတ်လျက် ....ဒီနေ့ကဘာနေ့ဘာလိမ့် ...နှစ်ပတ်လည်နေ့လည်းမဟုတ်သလို တထူးတခြားရှိသည့်နေ့မျိုးလည်းမဟုတ်ပေ။ သူဆီတဖြည်းဖြည်းနီးကပ်လာသောကောကြောင့်
" ကော ..... "
" ပြွတ်စ့် ... "
စိုအိအိနှုတ်ခမ်းဖူးဖူးလေးဟာ ဟွမ်ရှင်းရဲ့ခပ်ပါးပါးနှုတ်ခမ်းထိကပ်ကာနမ်းပြီးပြန်ကွာမလုလုပ်နေသထိုလူသား၏လည်ပင်းဂုတ်ကိုကိုင်လိုက်ကာ
" မောင်...အွန့်..ပြွတ်စ့် အွင့်.."
ခပ်ကြမ်းကြမ်းနမ်းရှိုက်မိတော့ရင်ဘတ်အားထုရိုက်လာသောလက်နုနုလေးတွေကိုချုပ်ကာခံတွင်းထဲသို့လျှာဖျားအားဝင်ခွင့်တောင်းသော်လည်းအတင်းစေ့ကာထားတဲ့ထိုလူ၏အောက်နှုတ်ခမ်းအိအိအားသွားဖြင့်ကိုက်ချလိုက်တော့ပွင့်ဟလာသောနွေးထွေးတဲ့အတွင်းသို့လျှာဖျားနွေးနွေးအားနယ်ချဲ့စေသည်။ အသက်မရှူ၍တဖြည်းဖြည်းရုန်းကန်လာသောထိုလူကြောင့်အောက်နှုတ်ခမ်းအားခပ်ဖွဖွကိုက်ကာလွှတ်ပေးလိုက်တော့ အသက်ကိုလုရှူနေသောထိုလူ၏တုန်ရီနေသော နှုတ်ခမ်းတွေဟာထပ်သုံးဆောင်ပါဟုခေါ်လင့်နေသယောင်။ သို့သော် အတွေးကပြင်ဆင်ထားသောစားပွဲကိုကြည့်လျက်
" ကော .... ဒီနေ့ကဘာနေ့မို့လို့လဲ "
" အာ ..... "
ဟွမ်ရှင်းရဲ့အမေးကိုအရှေ့မှချိုးတင်းကျယ်ဆိုတဲ့လူသားလေးကတော့ မျက်လုံးတွေလှည့်ကစားကာ
" ဒီနေ့က .... အွန်းးအောင်ပွဲခံတဲ့နေ့လေမောင် "
" အောင်ပွဲခံတဲ့နေ့ .... ? "
သူရဲ့အပြောကိုမောင်ကစဉ်းစားမရသလိုမေးလာခဲ့တာမို့မျက်ခုံးတွေအားစုကာမောင်ကိုစိုက်ကြည့်လျက် ဒီမောင်ကတော့မသိချင်ယောင်ဆောင်နေတာဘဲ
" မောင် !! မသိချင်ယောင်ဆောင်နေတာလား ငါကိုယ်တိုင်ပြောပြတာနားထောင်ချင်နေတာလား "
" ပြွတ်စ့် .... ကောပြောပြတာနားထောင်ချင်တာ "
နှုတ်ခမ်းအားခပ်ဖွဖွနမ်းကာပွေ့ချီလာသောမောင်ကြောင့်ပြုံးမိသည်။ မောင်ဟာသူ့ကိုစားပွဲထက်တင်ကာ ခါးကိုဖက်လျက် ပြောတော့လေဟုသောအကြည့်ဖြင့်ကြည့်လာလေသည်။
" ဒီနေ့လေမိန်းကလေးတစ်ယောက်လာတယ်သိလား ငါ့ကိုမောင့်အမျိုးသားလားတဲ့ပြောစရာရှိလို့ဆိုတော့ငါလည်းအိမ်ထဲခေါ်လိုက်တာလေတာ သူ့ကအိမ်ထဲရောက်တော့ဘာပြောတယ်ထင်လဲ "
" ဘာပြောလဲ ..... မောင့်အသက် "
မောင်ရဲ့အမေးကြောင့်ချိုးတင်းကျယ်မောင့်ရဲ့ လည်တိုင်အားလက်နှစ်ဖက်ဖြင့်ဖက်လျက် ....
" အဟင်း...မောင်ကသူ့ကိုဘဲချစ်တာတဲ့ ငါ့ကိုကွာရှင်းပေးဖို့ပြောလာတယ်သိလား ငါလည်းအဲစကားကြားတော့ထိန်းမနိုင်တာနဲ့ဝှက်ထားတဲ့ဓားအသေးနဲ့ပစ်ပေါက်လိုက်တာလေ လက်တည့်လွန်းတယ်သိလား နဖူးကိုတည့်တည့်ထိသွားတာနဖူးကနေစီးကျလာတဲ့သွေးတွေနဲ့ အဲဟာမကအရမ်းရုပ်ဆိုးတယ်သိလား ငါအရမ်းကြောက်သွားတာဟင့် ..... "
ပြောရင်းမောင့်ရင်ခွင်ထဲဝင်တိုးတော့မောင်ကသူ့ကိုပွေ့ချီလျက် ...
" ဒါပေမဲ့ကောပျော်တယ်မလား .. "
မောင်အမေးကြောင့်နှုတ်ခမ်းထက်ပြုံးလျက် မောင်မျက်နှာကိုကြည့်ကာ ...
" အင်း ...ငါသိပ်ပျော်တာ .. အွန့် ပြွတ်စ့် ... "
" ဒါဆိုမောင်ကိုလည်းပျော်အောင်လုပ်ပေးဖို့လိုတယ်နော်ကော "
နားနားကပ်ကာခပ်ရှရှပြောလာသောအသံနဲ့အာငွေ့နွေးနွေးကြောင့် အရှက်သည်းစွာမောင့်ကိုကြည့်လိုက်တော့ ရီဝေကာစိုက်ကြည့်နေတဲ့မောင့်ရဲ့မျက်ဝန်းတွေကြောင့်ဘာဖြစ်ချင်လဲဆိုတာသူအတတ်သိလေပြီ ။
" ပြွတ်စ့် ... ချစ်တယ်မောင် "
" အင်းကိုယ်ရောဘဲ ... အခုတော့ပျော်စရာတွေတစ်လှည့်ဖန်တီးပေးပေါ့မောင်အသက် ... "
ဆိုကာ အပေါ်ထပ်ကအိပ်ခန်းရှိရာဆီသို့တရိပ်ရိပ်တက်သွားသောလူနှစ်ဉီး
အိမ်ကြီး၏အလယ်မှာတော့
ဖယောင်းတိုင်တွေဟာအရည်ပျော်လျက် အသစ်စက်စက်ဝိုင်တစ်ဘူးဟာလည်းမျက်နှာငယ်လျက်စားပွဲပေါ်တွင်ကျန်ရစ်ခဲ့လေသည်။
ဖယောင်းတိုင်ဟာအပူကြောင့်အရည်ပျော်သကဲ့သို့ အပေါ်ထပ်ရှိထိုလူသားနှစ်ယောက်ဟာလည်းဒီထက်ပူပျင်းတဲ့အပူတွေထုတ်ကာ ရှန်ပိန်မဟုတ်တဲ့ရှန်ပိန်တွေဖောက်နေလေရဲ့ ။
( မကောင်းမကန်းလေးထပ်ဖတ်ပေးကြပါအုံးခ Fic ကအရမ်းတိုသွားတယ် )
hihi Lunaနဲ့စကားပြောချင်တာတို့ခင်ချင်တာတို့ဆိုရင် Facebook account Luna Lilac ဆိုတဲ့ Fb acc မှာလာပြီးစကားလာပြောလို့ရတယ်နော် pf ကလည်းဒီကအပုံနဲ့ပါဘဲရှင့် လာပြောကြပါခပျင်းလို့
* စာလုံးပေါင်းသတ်ပုံမစစ်ရသေးသဖြင့်အမှားပါကသည်းခံပေးပါရှင့် *
Bạn đang đọc truyện trên: Truyen3h.Co