Truyen3h.Co

Blank (Z+U)

Blank Part-22

KimFany059

#unicode

Krystal အထုပ်အပိုးတွေနဲ့ အိမ်က ထွက်သြားသော်လည်း တစ်ရက်တောင်မကြာ ညရောက်တော့ ပြန်ရောက်လာ၏

အခန်းထဲတွင် မီးပိတ်ကာ ထိုင်နေတဲ့ Yoongကို ကြည့်ပြီး သက်ပြင်းခ်ကာ ကုတင်ပေါ်က ခေါင်းအုံးတစ်လုံးနဲ့ စောင်ကိုယူလိုက်သည်

"ငါ တခြားအခန်းမွာ သွားအိပ်မယ်......"

Yoong ဘာမှပြန်မဖြေဘဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေ၏

Krystal ကတော့ စောင်နဲ့ ခေါင်းအုံးပိုက်ကာ တစ်ခြားအခန်းသို့ သွားအိပ်လေသည်......

သို့သော် ဟိုလှည့်ဒီလှည့်နဲ့ အိပ်မပျော်ပေ....သူ့ဘေးနားက လွတ်နေတဲ့ တစ်နေရာက တစ်စုံတစ်ယောက်ကို သတိရစေသည်......

Yoong အလုပ်ကို ပစ်ထားပြီး သူ့အနားနေတာ ၆လနီးပါးဘဲရှိသေး Krystal အကျင့်ပျက်ကာ လွမ်းနေမိသည်....လွန်ခဲ့တဲ့ ၂နှစ်ကတော့ Yoong မရှိဘဲ ဘယ်လိုအိပ်ခဲ့လည်း မမှတ်မိတော့ပေ.....

"Baby..ငါက ရူးနေတဲ့ Omarဘဲနော် ..."

Krystal ဗိုက်ကို ပွတ်ပြီး ပြောလိုက်သည်

"အဲ့လူကြီးက ငါ့ကို ဘယ်လောက် ရိုက်နှက်ပြီး နာကျင်အောင်လုပ်လည်း သူ့အနားက ထွက်မသွားနိုင်ဘူး....ငါ သူ့ကို အခုထိ ချစ်သေးတယ်.....Omarက အရူးနော်...."

နောက်ဆုံးတော့ Krystal တစ်ယောက် သူအိပ်နေတဲ့ အခန်းထဲက ထွက်လာပြီး Yoong ရှိရာ အခန်းသို့ သြားလေသည်

အခန်းထဲသို့ ၀င်၀င်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Krystal လက်ထဲက ခေါင်းအုံးကို ချပြီး Yoongဆီ ပြေးသွားလေသည်

"Yoong....ဒါဘာလုပ်တာလည်း ....."

Yoong လက်ထဲက ဓားမြှောင်ကို Krystal ဆွဲလုလိုက်သည်

ထို့နောက် ဓားမြှောင်ကိုအခန်းအပြင်ဘက် လွှင့်ပစ်လိုက်သည်....

Yoong လက်ပေါ်က ဓားနဲ့ခြစ်ထားတဲ့အရာတွေနဲ့ နီနီရဲရဲသွေးတွေကို ကြည့်ပြီး

"Yoong....ဘာလို့ အဲ့လိုလုပ်ရတာလည်း...."
Krystal ကလေးတစ်ယောက်လို ငိုလေ၏

Yoongရဲ့ သွေးထွက်နေတဲ့ လက်ကို သွေးတိတ်အောင် Krystal ဖိကိုင်ပြီး ငိုနေပေမယ့် Yoongကတော့ ခံစားချက်မဲ့နေတဲ့ ပုံစံနဲ့ ထိုင်နေသည်

"ငါ့ကိုငါ အပြစ်ပေးနေတာ ဓားဘယ်မှာလည်း....."

"Yoong....စိတ်ထိန်းပါအုံး နင် ဘာတွေ လျှောက်လုပ်နေတာလည်းဟာ......"

Krystal သူ့ယောင်္ကျား စိတ်တည်ငြိမ်လာအောင် ဖျောင်းဖ်နေ၏

"ငါ့မိန်းမ... ငါချစ်ရသူ....Krystal...သူက ပြောတယ် သိလား ငါက သူ့ကို မချစ်တော့ဘူးတဲ့ သူက ....ပြောတယ် ငါက သူ့ကို မချစ်တော့တာ ကြာပြီတဲ့......ငါလေ....ငါ သူ့ကို စောက်ရမ်းချစ်တယ်ဆိုတာ ပြောပြချင်လိုက်တာ......"

Yoong အရူးတစ်ယောက်လို ပြောနေ၏

"ဘာတွေဖြစ်နေတာလည်း ငါဒီမွာ ရှိတယ်လေ အဲ့လို မလုပ်ပါနဲ့ဟာ.....ငါ့ကို ရိုက်....နင် စိတ်ကျေနပ်တဲ့အထိ ငါ့ကို ရိုက်ပါ ဒါပေမယ့် အခုလိုကြီး....ငါမကြည့်ရက်ဘူးဟာ...."

Krystal ငိုနေတာ ကြည့်ပြီး Yoong ပြုံးလာတယ်

"ဘာလို့ ငိုနေတာလည်း ..... "

Krystal ပြန်မဖြေဘဲ Yoongကို ဖက်လိုက်သည်.....

Yoong မွာ Krystalရဲ့ လည်ပင်းလေးကို နမ်းရှိုက်ရင်း မျက်ရည်တွေကျလာသည်....

"ငိုချင်နေတာမလား ငိုလိုက်ပါ အော်ငိုလိုက်ပါ Yoong.... "

"ငါ မင်းကို အဆုံးရှုံးမခံနိုင်ဘူး....မင်းပြောသမျှ ငါ ယုံချင်တယ်....ဒါပေမယ့် ငါ မလုပ်နိုင်ခဲ့ဘူး ငါ မင်းကို ယုံချင်တယ် ဘာလို့ ငါ့အတွက် မင်းကို ယုံဖို့ အရမ်းခက်ခဲနေတာလည်း Kry....ကြာတော့ ငါ့ကိုငါ ကြောက်လာတယ်..... "

"နင် ဘယ်တော့မှ ငါ့ကို မဆုံးရှုံးစေရဘူး...ငါကတိပေးတယ် နင့်ကိုထားပြီး ထွက်မသြားပါဘူး.....Yoong နင်ငါ့ကို မယုံဘူးဆိုလည်း အဆင်ပြေပါတယ်....ငါ့အတွက် အပင်ပန်းမခံပါနဲ့ဟာ.....Yoong နင်လိုချင်သမ်ွ ငါ အကုန်လိုက်လျောပါမယ်....ဒါပေမယ့် ကလေးကိုတော့ ဖျက်မချခိုင်းပါနဲ့ ....နင့်သွေးရယ် ငါ့သွေးတွေ စီးဆင်းနေတဲ့ ကလေးလေးပါ......."

"Kry..ငါ မင်းကို ယုံချင်ပါတယ်...... "

"Yoong ကိုယ့်ကိုကိုယ် တွန်းအားမပေးပါနဲ့ ....ငါနင့်ကို အမြဲချစ်နေမှာပါ...."

Yoongရဲ့ နဖူးလေးကို နမ်းလိုက်သည်

Yoong မွာ ကလေးလေးတစ်ယောက်လို Krystal ရဲ့ ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင်ငိုနေ၏

#tbc

#zawgyi

Krystal အထုပ်​အပိုး​တွေနဲ့ အိမ်​က ထွက်​သွား​သော်​လည်း တစ်​ရက်​တောင်​မကြာ ည​ရောက်​​တော့ ပြန်​​ရောက်​လာ၏

အခန်းထဲတွင်​ မီးပိတ်​ကာ ထိုင်​​နေတဲ့ Yoongကို ကြည့်​ပြီး သက်​ပြင်းချကာ ကုတင်​​ပေါ်က ​ခေါင်းအုံးတစ်​လုံးနဲ့ ​စောင်​ကိုယူလိုက်​သည်

"ငါ တခြားအခန်းမှာ သွားအိပ်​မယ်​......"








နောက်​ဆုံး​တော့ Krystal တစ်​​ယောက်​ သူအိပ်​​နေတဲ့ အခန်းထဲက ထွက်​လာပြီး Yoong ရှိရာ အခန်းသို့ သွား​လေသည်


"Yoong....ဒါဘာလုပ်​တာလည်း ....."








Krystal သူ့​ယောင်္ကျား စိတ်​တည်​ငြိမ်​လာ​အောင်​ ​ဖျောင်းဖျ​နေ၏



"ဘာ​တွေဖြစ်​​နေတာလည်း ငါဒီမှာ ရှိတယ်​​လေ အဲ့လို မလုပ်​ပါနဲ့ဟာ.....ငါ့ကို ရိုက်​....နင်​ စိတ်​​ကျေနပ်​တဲ့အထိ ငါ့ကို ရိုက်​ပါ ဒါ​ပေမယ့် အခုလိုကြီး....ငါမကြည့်​ရက်​ဘူးဟာ...."


"ဘာလို့ ငို​နေတာလည်း ..... "


Yoong မှာ Krystalရဲ့ လည်​ပင်း​လေးကို နမ်းရှိုက်​ရင်း မျက်​ရည်​​တွေကျလာသည်​....



"နင်​ ဘယ်​​တော့မှ ငါ့ကို မဆုံးရှုံး​စေရဘူး...ငါကတိ​ပေးတယ်​ နင့်​ကိုထားပြီး ထွက်​မသွားပါဘူး.....Yoong နင်​ငါ့ကို မယုံဘူးဆိုလည်း အဆင်​​ပြေပါတယ်​....ငါ့အတွက်​ အပင်​ပန်းမခံပါနဲ့ဟာ.....Yoong နင်​လိုချင်​သမျှ ငါ အကုန်​လိုက်​​လျောပါမယ်​....ဒါ​ပေမယ့်​ က​လေးကို​တော့ ဖျက်​မချခိုင်းပါနဲ့ ....နင့်​​သွေးရယ်​ ငါ့​သွေး​တွေ စီးဆင်း​နေတဲ့ က​လေး​လေးပါ......."




Yoong မှာ က​လေး​လေးတစ်​​ယောက်​လို Krystal ရဲ့ ရင်​ခွင်​ထဲတွင်​ ရှိုက်​ကြီးတငင်​ငို​နေ၏ 

Bạn đang đọc truyện trên: Truyen3h.Co