Truyen3h.Co

Blank (Z+U)

Blank Part-26

KimFany059


#unicode

Krystal သတိရလာတော့ မျက်လုံးကို ဖွင့်လိုက်သည်....သို့သော် မီးအလင်းရောင်ကြောင့် မ်က္လုံးစူးကာ ပြန်မှိတ်လိုက်သည်

ခဏကြာတော့ ကြိုးစားကာ မျက်လုံးဖွင့်လိုက်သည်

"Mrs.....သတိရလာပြီလား.....အဆင်ပြေရဲ့လားရှင့်....."
Nurseမွာ ဘာမှပြန်မပြောနိုင်တဲ့ Krystalကို စိတ်ပူလာ၏

"ငါ့....ကလေးလေးရော ..."

"သူက အခု ကလေးတွေထားတဲ့အခန်းထဲမွာပါ ခဏကြာရင် တွေ့ရပါလိမ့်မယ် "
Nurse ပြန်ဖြေလိုက်သည်

Krystal အခန်းထဲကို တစ်ချက်ကြည့်လိုက်ေတာ့ Nurseက လွဲပြီး ဘယ်သူမွ မရှိပေ.....

သူမ အခုသိလိုက်တာ တစ်ခုက သူမ တကယ်အခက်အခဲဖြစ်နေတဲ့အချိန် သူ့ယောင်္ကျားက ဘေးနားမှရှိမနေခြင်းပင်ဖြစ်သည်

"ခဏ ထပ်ပြီး အိပ်လိုက်ပါအုံး ရှင် အိပ်ဖို့လိုအပ်သေးတယ်... "
Krystal ဘာမှပြန်မဖြေဘဲ စောင်ကိုခြုံကာ မျက်ရည်တွေကိုသုတ်ပြီး အိပ်လိုက်သည်.....

~~~~~~~~~~~ ~~~~~~~~~~ ~~~~~~~
သူမ လက်မောင်းပေါ်မှာ ရှိတဲ့ ကလေးလေးကို ကြည့်ပြီး Krystal ပြုံးနေတယ်...နောက်ဆုံးတော့ သူ့သမီးလေးကို အပြင်မွာ တွေ့ခွင့်ရပြီလေ.....

Yoonieမွာ Yoongနဲ့ တူတာများသည်.....Krystal ကလေးကို သေချာကြည့်ရင်း မျက်ရည်တွေ ကျလာသည်.....

"Yoonie...သမီးကို သူ လက်ခံမွာပါ....လက်ခံမယ်လို့ မျှော်လင့်ပါတယ်...."

Krystal ရက်အနည်းငယ်ကြာတော့ ဆေးရုံက ဆင်းလာသည်.....

Yoongကတော့ ဆေးရုံတက်နေရတဲ့ အချိန်အတောအတွင်း လာမကြည့်တဲ့အပြင် အခုဆေးရုံက ဆင်းတော့လည်း လာမကြိုပေ....

Krystal အိမ်ထဲကို ၀င်တော့ တစ်အိမ်လုံး တိတ်ဆိတ်နေသောကြောင့် Maid တစ်ယောက်ကို မေးလိုက်သည်

"Yoong ဘယ်မွာလဲ.. ...."

"Parisကို လွန်ခဲ့တဲ့ သုံးရက်လောက်က အလုပ်ကိစ္စနဲ့ ထွက်သွားပါတယ် မမလေး..."

"Fine...."

Krystal maidတွေ ရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်ပေမယ့် အခန်းထဲရောက်တော့ ကလေးကို ကုတင်ပေါ်တင်ပြီး....

"Yoonie....သနားစရာကောင်းတဲ့ ငါ့သမီးလေး...သမီးကို ၀မ်းသာအားရကြိုဆိုမယ့် အဖေတောင် မရှိရှာဘူး...."

Krystal ဆေးရုံက ပြန်လာပြီး ခဏအိပ်လိုက်သည်....

နိုးလာတော့ သူတို့ကို ရပ်ကြည့်နေတဲ့ Yoongကို တွေ့လိုက်ရသည်.....

"Yoong...နင် ပြန်ရောက်ပြီလား....."

"Omm..."

"ငါနင့်ကို သတိရနေတာ........"

Yoong ခေါင်းညိတ်ပြီး

"ငါလည်း နင့်ကို သတိရပါတယ်....."
Krystal အရာအားလုံး ပြန်အဆင်ပြေပြီ ထင်နေပေမယ့် Yoonie တစ်ယောက် နို်းလာပြီး အော်ငိုပါလေရော.....

Krystal ချက်ချင်းဘဲ ကလေးကို ပွေ့ချီပြီး ချော့လိုက်သည်

Yoong ကလေးငိုသံကြောင့် အရူးတစ်ယောက်လို နားကိုပိတ်လိုက်သည်......ကလေးက ပိုငိုလေ သူ့ခေါင်းတွေ ပိုပိုကိုက်လာလေဖြစ်ပြီး အရူးတစ်ယောက်လို ဖြစ်နေ၏

မှန်ထဲကို ကြည့်လိုက်တော့ သူနဲ့တူတဲ့တစ်ခြားလူတစ်ယောက်လို့ဘဲ သူ့ကု်ိယ်သူ မြင်ယောင်နေတယ်....သူ့ကိုယ်သူ ပုံမှန်မဟုတ်တော့ဘူးဆိုတာ သတိထားမိပေမယ့် အချိန်မမွီတော့ပေ....

"တိတ်တိတ်လေး နေလို့မရဘူးလား....."
Yoong သူ့ဆံပင်သူ ဆောင့်ဆွဲပြီး အော်လိုက်သည်

Yoongအော်သံကြောင့် ကလေးမှာ လန့်ပြီး ပို၍အော်ကာငိုလေ၏

"ငါပြောနေတယ် တိတ်တိတ်နေစမ်း....."
Yoong စားပွဲခုံပေါ်က ပစ္စည်းတွေ လွှင့်ပစ်လိုက်သည်....

"Yoong....."

"Fuck....သောက်ပါးစပ်ပိတ်ထားစမ်း...."

"ဘာဖြစ်လို့လဲ.. ..သူက အခုမွ ကလေးဘဲ ရှိသေးတယ်....သူနင်ပြောတဲ့ စကားတွေ နားမလည်ဘူးလေ.....သူနားလည်တာ တစ်ခုက သူလုပ်နိုင်တာ တစ်ခုက ငိုဖို့ဘဲ ဘာဖြစ်လို့လည်း ဘာတွေမှားသွားလို့လည်း ကိုယ့်ကလေးငိုသံတောင် မခံနိုင်ဘူးလား ဘာတွေဆတ်ဆတ်ထိမခံနိုင်ဖြစ်နေတာလည်း "

"Stop it Kry..ငါ အစကတည်းက ဒီကလေးကို ငါ့သမီးလို့ သတ်မှတ်မထားခဲ့ဘူး....သူတည်ရှိမလာဖို့ဘဲ မျှော်လင့်ခဲ့တာ.."

*ဖြန်း*
Yoong ကို Krystalပါးရိုက်လိုက်သည်
"နင်က အသည်းနှလုံးမရှိတဲ့ ကောင်ဘဲ..... "

Yoong ဒူးထောက်ချလိုက်သည်....ခုန သူလွှင့်ပစ်ခဲ့တဲ့ ပစ္စည်းတွေထဲက မိတ်ကပ်ဘူးက မှန်ကြဲစတွေပေါ် သူဒူးထောက်ချလိုက်သည်

သို့သော် နာကျင်မှုနဲ့ သွေးတွေကို ဂရုမထားဘဲ

"Omm ဟုတ်တယ် ငါက အသည်းနှလုံး မရှိတဲ့ကောင်ဘဲ ငါ့အသည်းနှလုံးကို မင်းယူသြားတဲ့နေ့ကစပြီး ငါဘယ်သူ့ကိုမှ ချစ်မရတော့တာ....."

"နင်က စောက်ရူးဘဲ...."
Yoongရဲ့ သွေးတွေကို လျစ်လျူရှုဖို့ ကြိုးစား ရင်း Krystalပြောလိုက်သည်

"ငါ့အချစ်ကို သေချာနားမလည်ဘဲ ငါ့ကို စောက်ရူးလို့ မပြောပါနဲ့ဟာ.... "

Krystal ဘာမှထပ်မပြောတော့ဘဲ ကလေးကိုပွေ့ချီကာ အခန်းထဲက ထွက်သွားလိုက်သည်....

#tbc

#zawgyi
Krystal သတိရလာ​ေတာ့ မ်က္​လံုးကုိ ဖြင္​့လုိက္​သည္​....သို႔​ေသာ္​ မီးအလင္​း​ေရာင္​​ေၾကာင္​့ မ်က္လုံးစူးကာ ျပန္​မွိတ္​လုိက္​သည္​

ခဏၾကာ​ေတာ့ ႀကိဳးစားကာ မ်က္​လံုးဖြင္​့လုိက္​သည္​

"Mrs.....သတိရလာၿပီလား.....အဆင္​​ေျပရဲ႕လား႐ွင္​့....."
Nurseမွာ ဘာမွျပန္​မ​ေျပာႏုိင္​တဲ့ Krystalကို စိတ္​ပူလာ၏

"ငါ့....က​ေလး​ေလး​ေရာ ..."

"သူက အခု က​ေလး​ေတြထားတဲ့အခန္​းထဲမွာပါ ခဏၾကာရင္​ ​ေတြ႔ရပါလိမ္​့မယ္​ "
Nurse ျပန္​​ေျဖလုိက္​သည္​

Krystal အခန္းထဲကုိ တစ္​ခ်က္ျကည့္လုိက္​ေ​​​တာ့ ​Nurseက လြဲၿပီး ဘယ္​သူမွ မ႐ွိ​ေပ.....

သူမ အခုသိလုိက္​တာ တစ္​ခုက သူမ တကယ္​အခက္​အခဲျဖစ္​​ေနတဲ့အခ်ိန္​ သူ႔​ေယာကၤ်ားက ​ေဘးနားမွ႐ွိမ​ေနျခင္​းပင္​ျဖစ္​သည္​

"ခဏ ထပ္​ၿပီး အိပ္​လုိက္​ပါအုံး ႐ွင္​ အိပ္​ဖုိ႔လုိအပ္​​ေသးတယ္​... "
Krystal ဘာမွျပန္​မ​ေျဖဘဲ ​ေစာင္​ကုိျခံဳကာ မ်က္​ရည္​​ေတြကုိသုတ္​ၿပီး အိပ္​လုိက္​သည္​.....

~~~~~~~~~~~ ~~~~~~~~~~ ~~~~~~~
သူမ လက္​​ေမာင္​း​ေပၚမွာ ႐ွိတဲ့ က​ေလး​ေလးကုိ ၾကည္​့ၿပီး Krystal ျပဳံး​ေနတယ္​...​ေနာက္​ဆုံး​ေတာ့ သူ႔သမီး​ေလးကုိ အျပင္​မွာ ​ေတြ႔ခြင္​့ရၿပီ​ေလ.....

Yoonieမွာ Yoongနဲ႔ တူတာမ်ားသည္​.....Krystal က​ေလးကုိ ​ေသခ်ာၾကည္​့ရင္​း မ်က္​ရည္​​ေတြ က်လာသည္​.....

"Yoonie...သမီးကုိ သူ လက္​ခံမွာပါ....လက္​ခံမယ္​လုိ႔ ​ေမ်ွာ္​လင္​့ပါတယ္​...."

Krystal ​ရက္​အနည္​းငယ္​ၾကာ​ေတာ့ ​​ေဆး႐ုံက ဆင္​းလာသည္​.....

Yoongက​ေတာ့ ​ေဆး႐ုံတက္​​ေနရတဲ့ အခ်ိန္​အ​ေတာအတြင္​း လာမၾကည္​့တဲ့အျပင္​ အခု​ေဆး႐ုံက ဆင္​း​ေတာ့လည္​း လာမႀကိဳ​ေပ....

Krystal အိမ္​ထဲကို ၀င္​​ေတာ့ တစ္​အိမ္​လုံး တိတ္​ဆိတ္​​ေန​ေသာ​ေၾကာင္​့ Maid တစ္​​ေယာက္​ကို ​ေမးလုိက္​သည္​

"Yoong ဘယ္​မွာလဲ.. ...."

"Parisကုိ လြန္​ခဲ့တဲ့ သုံးရက္​​ေလာက္​က အလုပ္​ကိစၥနဲ႔ ထြက္​သြားပါတယ္​ မမ​ေလး..."

"Fine...."

Krystal ​ maid​ေတြ ​ေ႐ွ႕မွာ ဘာမွမျဖစ္​သလုိ ဟန္​​ေဆာင္​​ေပမယ္​့ အခန္​းထဲ​ေရာက္​​ေတာ့ က​ေလးကုိ ကုတင္​​ေပၚတင္​ၿပီး....

"Yoonie....သနားစရာ​ေကာင္​းတဲ့ ငါ့သမီး​ေလး...သမီးကုိ ၀မ္​းသာအားရႀကိဳဆုိမယ္​့ အ​ေဖ​ေတာင္​ မ႐ွိ႐ွာဘူး...."

Krystal ​ေဆး႐ုံက ျပန္​လာၿပီး ခဏအိပ္​လုိက္​သည္​....

ႏုိးလာ​ေတာ့ သူတုိ႔ကို ရပ္​ၾကည္​့​ေနတဲ့ Yoongကုိ ​ေတြ႔လုိက္​ရသည္​.....

"Yoong...နင္​ ျပန္​​ေရာက္​ၿပီလား....."

"Omm..."

"ငါနင္​့ကုိ သတိရ​ေနတာ........"

Yoong ​ေခါင္​းညိတ္​ၿပီး

"ငါလည္​း နင္​့ကို သတိရပါတယ္​....."
Krystal အရာအားလုံး ျပန္​အဆင္​​ေျပၿပီ ထင္​​ေန​ေပမယ္​့ Yoonie တစ္​​ေယာက္​ ႏို္းလာၿပီး ​ေအာ္​ငုိပါ​ေလ​ေရာ.....

Krystal ခ်က္​ခ်င္​းဘဲ က​ေလးကုိ ​ေပြ႔ခ်ီၿပီး ​ေခ်ာ့လုိက္​သည္​

Yoong က​ေလးငုိသံ​ေၾကာင္​့ အ႐ူးတစ္​​ေယာက္​လုိ နားကုိပိတ္​လုိက္​သည္​......က​ေလးက ပုိငုိ​ေလ သူ႔​ေခါင္​း​ေတြ ပိုပိုကုိက္​​လာ​ေလျဖစ္​ၿပီး အ႐ူးတစ္​​ေယာက္​လို ျဖစ္​​ေန၏

မွန္​ထဲကို ၾကည္​့လုိက္​​ေတာ့ သူနဲ႔တူတဲ့တစ္​ျခားလူတစ္​​ေယာက္​လုိ႔ဘဲ သူ႔ကု္ိယ္​သူ ျမင္​​ေယာင္​​ေနတယ္​....သူ႔ကုိယ္​သူ ပုံမွန္​မဟုတ္​​ေတာ့ဘူးဆုိတာ သတိထားမိ​ေပမယ္​့ အခ်ိန္​မမွီ​ေတာ​့​ေပ....

"တိတ္​တိတ္​​ေလး ​ေနလုိ႔မရဘူးလား....."
Yoong သူ႔ဆံပင္​သူ ​ေဆာင္​့ဆြဲၿပီး ​ေအာ္​လုိက္​သည္​

Yoong​ေအာ္​သံ​ေၾကာင္​့ က​ေလးမွာ လန္​႔ၿပီး ပုိ၍​ေအာ္​ကာငုိ​ေလ၏

"ငါ​ေျပာ​ေနတယ္​ တိတ္​တိတ္​​ေနစမ္​း....."
Yoong စားပြဲခံု​ေပၚက ပစၥည္​း​ေတြ လႊင္​့ပစ္​လုိက္​သည္​....

"Yoong....."

"Fuck....​ေသာက္​ပါးစပ္​ပိတ္​ထားစမ္​း...."

"ဘာျဖစ္​လို႔လဲ.. ..သူက အခုမွ က​ေလးဘဲ ႐ွိ​ေသးတယ္​....သူနင္​​ေျပာတဲ့ စကား​ေတြ နားမလည္​ဘူး​ေလ.....သူနားလည္​တာ တစ္​ခုက သူလုပ္​ႏိုင္​တာ တစ္​ခုက ငုိဖုိ႔ဘဲ ဘာျဖစ္​လုိ႔လည္​း ဘာ​ေတြမွားသြားလုိ႔လည္​း ကုိယ္​့က​ေလးငုိသံ​ေတာင္​ မခံႏုိင္​ဘူးလား ဘာ​ေတြဆတ္​ဆတ္​ထိမခံႏုိင္​ျဖစ္​​ေနတာလည္​း "

"Stop it Kry..ငါ အစကတည္​းက ဒီက​ေလးကုိ ငါ့သမီးလုိ႔ သတ္​မွတ္​မထားခဲ့ဘူး....သူတည္​႐ွိမလာဖုိ႔ဘဲ​ ​ေမ်ွာ္​လင္​့ခဲ့တာ.."

*ျဖန္​း*
Yoong ကို Krystalပါး႐ုိက္​လုိက္​သည္​
"နင္​က အသည္းႏွလုံးမ႐ွိတဲ့ ​ေကာင္​ဘဲ..... "

Yoong ဒူး​ေထာက္​ခ်လုိက္​သည္​....ခုန သူလႊင္​့ပစ္​ခဲ့တဲ့ ပစၥည္​း​​ေတြထဲက မိတ္​ကပ္​ဘူးက မွန္​ကြဲစ​ေတြ​ေပၚ သူ​ဒူး​ေထာက္​ခ်လိုက္​သည္​

သုိ႔​ေသာ္​ နာက်င္​မႈနဲ႔ ​ေသြး​ေတြကုိ ဂ႐ုမထားဘဲ

"Omm ဟုတ္​တယ္​ ငါက အသည္​းႏွလံုး မ႐ွိတဲ့​ေကာင္​ဘဲ ငါ့အသည္​းႏွလုံးကုိ မင္​းယူသြားတဲ့​ေန႔ကစၿပီး ငါဘယ္​သူ႔ကုိမွ ခ်စ္​မရ​ေတာ့တာ....."

"နင္​က ​ေစာက္​႐ူးဘဲ...."
Yoongရဲ႕ ​ေသြး​ေတြကုိ လ်စ္​လ်ဴရႈဖုိ႔ ႀကိဳးစား ရင္​း Krystal​ေျပာလုိက္​သည္​

"ငါ့အခ်စ္​ကုိ ​ေသခ်ာနားမလည္​ဘဲ ငါ့ကုိ ​ေစာက္​႐ူးလုိ႔ မ​ေျပာပါနဲ႔ဟာ.... "

Krystal ဘာမွထပ္​မ​ေျပာ​ေတာ့ဘဲ က​ေလးကုိ​ေပြ႔ခ်ီကာ အခန္​းထဲက ထြက္​သြားလုိက္​သည္​....

Bạn đang đọc truyện trên: Truyen3h.Co