Blank Part- 9
#Unicode
Yoong ဆိုဖာလက်ကိုင်ကို တင်းကြပ်နေအောင် ဆုပ်ကိုင်ပြီး နာရီကို မော့ကြည့်လိုက်သည်။ မနက်၁နာရီ ရှိနေပြီ သူ့မိန်းမက အခုထိ အိမ်ကို ပြန်မရောက်လာသေးပေ....
ရုတ်တရက် တံခါးဖွင့်သံကြားလို့ ကြည့်လိုက်တော့ သူ့မိန်းမက ယိုင်တိယိုင်တိုင်နဲ့ အိမ်ထဲ၀င်လာတာကို တွေ့လို်က်ရသည်။
Krystal ဧည့်ခန်းထဲမွာ ထိုင်နေတဲ့ Yoongကို တွေ့ပေမယ့် မနှုတ်ဆက်ဘဲ အခန်းဘက်ကို သွားတယ်
"အခု ဘယ်အချိန်ရှိနေပြီလည်း သိလား...."
Yoongမေးတော့ Krystal နာရီကို မော့ကြည့်ကာ ပြန်ဖြေလိုက်သည်။
"၁နာရီ ထိုးပြီလေ..."
Yoongသက်ပြင်း ချပြီး Krystal ဆီကို လျှောက်သွားတယ် ....Krystalနားက အန့ံတစ်ခုရတော့ Yoong မျက်မှောင်ကြုတ်ပြီး
"အရက်တွေ သောက်လာတာလား....."
Krystal ဘာမှပြန်မဖြေဘဲ အခန်းထဲ ၀င်သွားတယ်.....Yoongလည်း အနောက်ကနေ လိုက်သွားတယ် ....
"Kry...မင်း ဘယ်တွေသွားနေလို့ ဒီလောက် ကြာနေတာလည်း....."
"Clubကို သြားနေတာ....."
"ဘာ....."
Krystalလို ဆူညံတာ မကြိုက်တဲ့ မိန်းကလေးမျိူ းက clubကို သွားတယ်ဆိုလို့ Yoong အ့ံသြသွားတယ်....ပြီးတော့ အဲ့နေရာက Krystalလို အိမ်ထောင်ရှိတဲ့ အမျိူးသမီးက သွားသင့်တဲ့ နေရာမဟုတ်ဘူးလေ......
"မကြားဘူးလား clubလေ.....C.L.U.B"
Krystal ထပ်ပြောပြန်သည်။
"Kry...."
Krystalရဲ့ ပခုံးကို Yoong ညင်သာစွာကိုင်လိုက်ပြီး
"Please အဲ့လိုကြီး မနေပါနဲ့ကွာ....မင်း ကိုယ့်ကို စိတ်ဆိုးလို့ အခုလိုလုပ်နေတာ ကိုယ်သိပါတယ်..."
တောင်းပန်တဲ့အသံလေးနဲ့ ပြောလိုက်သည်။
"ငါက ဘာလို့ စိတ်ဆိုးရမှာလည်း "
"မင်း အခုလိုတွေ လုပ်နေတာတွေ ငါမကြိုက်ဘူးကြာ....."
"ဘာလို့ မကြိုက်တာလည်း....နင့်မိန်းမဖြစ်နေလို့လား..."
"အေး ဟုတ်တယ် Im Krystal....မင်းက ငါ့ရဲ့မိန်းမဘဲ ဒါကြောင့် အခုလိုလုပ်နေတာတွေ ရပ်တော့....."
Krystal မဲ့ပြုံးပြုံးပြီး သူ့ပခုံးပေါ်က Yoongရဲ့ လက်ကို ဖယ်ချတယ်....
"ရှင်ကက် အမြဲအပြင်မွာ ရှိနေပြီး ငါကက် ဘာလို့ အပြင်ထွက်လို့မရတာလည်း....."
"Kry....ငါ အပြင်မှာရှိနေတာက အဓိပ္ပါယ်မရှိတာတွေ လုပ်နေလို့မဟုတ်ဘူး အလုပ်ကိစ္စကြောင့်ကြ...."
သူတို့ နှစ်ယောက် စကားပြောရင်း အခြေအေနတွေက တင်းမာလာတယ်....
"အလုပ်....အလုပ်....အလုပ်....ရှင့်ရဲ့ ချစ်လွစြာသော အလုပ်နဲ့သာ တစ်သက်လုံး နေတော့ ...."
Krystal ပထမဆုံးအကြိမ် သူ့ယောင်္ကျားကို အော်လိုက်သည်။
"Krystal Jung ....."
"Im Yoong....နင်လည်း နင့်ရဲ့ အချိန်တွေကို ပိုင်သလို ငါလည်း ငါ့အချိန်တွေကို ငါပိုင်တယ်....နင့်အချိန်တွေကို ငါ ထိန်းချူပ်မရသလို ငါ့အချိန်တွေကိုလည်း လာမထိန်းချုပ်နဲ့ ....နင်နဲ့ငါက လင်မယားပေမယ့် မတူဘူး....ကွဲပြားတယ် ဒါကြောင့် ငါ့ကိုထိန်းချုပ်ဖို့ မကြိုးစားနဲ့....."
"ဟုတ်ပြီ ထားတော့ ဘာလို့ တျခားကောင်နဲ့ နောက်က်တဲ့ထိနေတာလည်း ဖြေ...."
"ဘာဖြစ်လို့လဲ.. ..သူက ငါတို့ရဲ့ အတွင်းရေးမှူ းလေ....."
"သူက ယောင်္ကျားတစ်ယောက်....ပြီးတော့ မင်းက ငါ့မိန်းမ....တစ်ခြားသူတွေရဲ့ အကြည့်တွေကို ဂရုမစိုက်ဘူးလား...."
"Good....ငါ့ယောင်္ကျားက ငါ့အပြုအမူတွေကို ဘယ်လိုပြန်ပြောရမလည်းဆိုတာတော့ သိသေးတာဘဲ.....ငါ့ကို ဂရုမစိုက်ဘူးလို့ ထင်နေတာ..."
"Kry....မင်းကို ချစ်လို့ အခုလိုဖြစ်နေတာ မသိဘူးလား.. .နားမလည်ဘူးလားကြာ."
"ငါ နင့်ကို နားလည်ဖို့ ကြိုးစားသေးတယ် ...ဒါပေမယ့် နင်က ငါ့မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်တယ်လေ....အဲ့တော့ ငါတျခားကောင်နဲ့ အပြင်ထွက်တာ ငါ့အမှားမဟုတ်ဘူး ငါ့အနားမရှိတဲ့ နင့်အမွား...."
Krystal ပြောပြီး ကုတင်ပေါ်ကို မှောက်အိပ်လိုက်သည်။
Yoong ဒေါသထွက်လွန်းလို့ အသားတွေတဆတ်ဆတ်တုန်နေသည်။
"တောက်......"
Yoong တောက်ခေါက်ပြီး တံခါးကို ဆောင့်ပိတ်ကာ အပြင်ထွက်သွားတယ်
"ငါမငိုဘူး....ငါခံစားရသလို သူ့ကိုပြန်ခံစားစေချင်တာ...."
Krystal သူ့မျက်ရည်တွေကို သုတ်ရင်းပြောလိုက်သည်။
မငိုမိအောင် ကြိုးစားထိန်းသော်လည်း.....မျက်ရည်များနဲ့.....Krystal အိပ်ေပျာ်ဖို့ ကြိုးစားနေရသည်
#Tbc
#Zawgyi
Yoong ဆုိဖာလက္ကုိင္ကုိ တင္းၾကပ္ေနေအာင္ ဆုပ္ကုိင္ၿပီး နာရီကုိ ေမာ့ၾကည့္လုိက္သည္။ မနက္၁နာရီ ႐ွိေနၿပီ သူ႔မိန္းမက အခုထိ အိမ္ကုိ ျပန္မေရာက္လာေသးေပ....
႐ုတ္တရက္ တံခါးဖြင့္သံၾကားလုိ႔ ၾကည့္လုိက္ေတာ့ သူ႔မိန္းမက ယုိင္တိယုိင္တုိင္နဲ႔ အိမ္ထဲ၀င္လာတာကို ေတြ႔လုိ္က္ရသည္။
Krystal ဧည့္ခန္းထဲမွာ ထိုင္ေနတဲ့ Yoongကုိ ေတြ႔ေပမယ့္ မႏႈတ္ဆက္ဘဲ အခန္းဘက္ကုိ သြားတယ္
"အခု ဘယ္အခ်ိန္႐ွိေနၿပီလည္း သိလား...."
Yoongေမးေတာ့ Krystal နာရီကုိ ေမာ့ၾကည့္ကာ ျပန္ေျဖလုိက္သည္။
"၁နာရီ ထိုးၿပီေလ..."
Yoongသက္ျပင္း ခ်ၿပီး Krystal ဆီကုိ ေလ်ွာက္သြားတယ္ ....Krystalနားက အန႔ံတစ္ခုရေတာ့ Yoong မ်က္ေမွာင္ၾကဳတ္ၿပီး
"အရက္ေတြ ေသာက္လာတာလား....."
Krystal ဘာမွျပန္မေျဖဘဲ အခန္းထဲ ၀င္သြားတယ္.....Yoongလည္း အေနာက္ကေန လုိက္သြားတယ္ ....
"Kry...မင္း ဘယ္ေတြသြားေနလုိ႔ ဒီေလာက္ ၾကာေနတာလည္း....."
"Clubကုိ သြားေနတာ....."
"ဘာ....."
Krystalလုိ ဆူညံတာ မႀကိဳက္တဲ့ မိန္းကေလးမ်ိဴ းက clubကို သြားတယ္ဆုိလုိ႔ Yoong အ့ံျသသြားတယ္....ၿပီးေတာ့ အဲ့ေနရာက Krystalလုိ အိမ္ေထာင္႐ွိတဲ့ အမ်ိဴးသမီးက သြားသင့္တဲ့ ေနရာမဟုတ္ဘူးေလ......
"မၾကားဘူးလား clubေလ.....C.L.U.B"
Krystal ထပ္ေျပာျပန္သည္။
"Kry...."
Krystalရဲ႕ ပခုံးကုိ Yoong ညင္သာစြာကုိင္လုိက္ၿပီး
"Please အဲ့လုိႀကီး မေနပါနဲ႕ကြာ....မင္း ကုိယ့္ကုိ စိတ္ဆုိးလုိ႔ အခုလိုလုပ္ေနတာ ကုိယ္သိပါတယ္..."
ေတာင္းပန္တဲ့အသံေလးနဲ႔ ေျပာလုိက္သည္။
"ငါက ဘာလုိ႔ စိတ္ဆုိးရမွာလည္း "
"မင္း အခုလိုေတြ လုပ္ေနတာေတြ ငါမႀကိဳက္ဘူးကြာ....."
"ဘာလုိ႔ မႀကိဳက္တာလည္း....နင့္မိန္းမျဖစ္ေနလုိ႔လား..."
"ေအး ဟုတ္တယ္ Im Krystal....မင္းက ငါ့ရဲ႕မိန္းမဘဲ ဒါေၾကာင့္ အခုလုိလုပ္ေနတာေတြ ရပ္ေတာ့....."
Krystal မဲ့ျပံဳးျပံဳးၿပီး သူ႔ပခုံးေပၚက Yoongရဲ႕ လက္ကုိ ဖယ္ခ်တယ္....
"႐ွင္ကက် အျမဲအျပင္မွာ ႐ွိေနၿပီး ငါကက် ဘာလုိ႔ အျပင္ထြက္လုိ႔မရတာလည္း....."
"Kry....ငါ အျပင္မွာ႐ွိေနတာက အဓိပၸါယ္မ႐ွိတာေတြ လုပ္ေနလုိ႔မဟုတ္ဘူး အလုပ္ကိစၥေၾကာင့္ကြ...."
သူတို႔ ႏွစ္ေယာက္ စကားေျပာရင္း အေျခအေနေတြက တင္းမာလာတယ္....
"အလုပ္....အလုပ္....အလုပ္....႐ွင့္ရဲ႕ ခ်စ္လွစြာေသာ အလုပ္နဲ႔သာ တစ္သက္လံုး ေနေတာ့ ...."
Krystal ပထမဆုံးအႀကိမ္ သူ႔ေယာကၤ်ားကုိ ေအာ္လုိက္သည္။
"Krystal Jung ....."
"Im Yoong....နင္လည္း နင့္ရဲ႕ အခ်ိန္ေတြကုိ ပုိင္သလို ငါလည္း ငါ့အခ်ိန္ေတြကုိ ငါပုိင္တယ္....နင့္အခ်ိန္ေတြကုိ ငါ ထိန္းခ်ဴပ္မရသလုိ ငါ့အခ်ိန္ေတြကုိလည္း လာမထိန္းခ်ဳပ္နဲ႔ ....နင္နဲ႔ငါက လင္မယားေပမယ့္ မတူဘူး....ကြဲျပားတယ္ ဒါေၾကာင့္ ငါ့ကုိထိန္းခ်ဳပ္ဖို႔ မႀကိဳးစားနဲ႔....."
"ဟုတ္ၿပီ ထားေတာ့ ဘာလုိ႔ တျခားေကာင္နဲ႔ ေနာက္က်တဲ့ထိေနတာလည္း ေျဖ...."
"ဘာျဖစ္လို႔လဲ.. ..သူက ငါတုိ႔ရဲ႕ အတြင္းေရးမွဴ းေလ....."
"သူက ေယာကၤ်ားတစ္ေယာက္....ၿပီးေတာ့ မင္းက ငါ့မိန္းမ....တစ္ျခားသူေတြရဲ႕ အၾကည့္ေတြကုိ ဂ႐ုမစုိက္ဘူးလား...."
"Good....ငါ့ေယာကၤ်ားက ငါ့အျပဳအမူေတြကုိ ဘယ္လုိျပန္ေျပာရမလည္းဆုိတာေတာ့ သိေသးတာဘဲ.....ငါ့ကို ဂ႐ုမစုိက္ဘူးလုိ႔ ထင္ေနတာ..."
"Kry....မင္းကုိ ခ်စ္လုိ႔ အခုလိုျဖစ္ေနတာ မသိဘူးလား.. .နားမလည္ဘူးလားကြာ."
"ငါ နင့္ကုိ နားလည္ဖုိ႔ ႀကိဳးစားေသးတယ္ ...ဒါေပမယ့္ နင္က ငါ့ေမ်ွာ္လင့္ခ်က္ေတြကုိ ဖ်က္ဆီးပစ္တယ္ေလ....အဲ့ေတာ့ ငါတျခားေကာင္နဲ႔ အျပင္ထြက္တာ ငါ့အမွားမဟုတ္ဘူး ငါ့အနားမ႐ွိတဲ့ နင့္အမွား...."
Krystal ေျပာၿပီး ကုတင္ေပၚကုိ ေမွာက္အိပ္လုိက္သည္။
Yoong ေဒါသထြက္လြန္းလုိ႔ အသားေတြတဆတ္ဆတ္တုန္ေနသည္။
"ေတာက္......"
Yoong ေတာက္ေခါက္ၿပီး တံခါးကုိ ေဆာင့္ပိတ္ကာ အျပင္ထြက္သြားတယ္
"ငါမငိုဘူး....ငါခံစားရသလုိ သူ႔ကုိျပန္ခံစားေစခ်င္တာ...."
Krystal သူ႔မ်က္ရည္ေတြကုိ သုတ္ရင္းေျပာလုိက္သည္။
မငုိမိေအာင္ ႀကိဳးစားထိန္းေသာ္လည္း.....မ်က္ရည္မ်ားနဲ့.....Krystal အိပ္ေပ်ာ္ဖုိ႔ ႀကိဳးစားေနရသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co