Final
#unicode
Yoong သူ့ဘ၀တစ်ခုလုံးကို သူ့မိန်းမနဲ့ ကလေးအတွက် ကုန်ဆုံးနေတယ်....
Krystalနဲ့အတူ ဟင်းကူချက်ပေးပြီး Yoonie နဲ့အတူ ဆော့ပေးတယ်....
Yoonie နဲ့ အတူဆော့တဲ့အခန်းကတော့ တချိန်က Yoong မူးရူးသောင်းကျန်းခဲ့တဲ့ Barအခန်းပင် ဖြစ်သည်.....
ယခုအခါတော့ အခန်းကို ပြန်လည်ရှင်းလင်းပြီး ဆေးရောင်တွေသုတ်ကာ သူတို့မိသားစုပုံ ချိတ်ထားလေသည်....
တခါတလေ Yoongက Yoonieကို အိပ်ရာ၀င်ပုံပြင်တွေ ပြောပြသလို တခါတလေကျ ကလေးနဲ့အတူ ကာတွန်းကားပါကြည့်နေသေးသည်
Yoonie မွာ တခါတလေ နို့ဘူးစို့ရင်း သူ့မိဘတွေ မီးဖိုချောင်ထဲ ဟင်းချက်ပြုတ်နေတာကို ထိုင်ကြည့်တတ်သည်....
Yoongက ဟင်းချက်နေတဲ့ သူ့မိန်းမပါးကို ခိုးနမ်းရင် ရှက်သြားတဲ့ Krystalကို ကြည့်ပြီး သားအဖနှစ်ယောက် သဘောကျစွာ ရယ်မောကြ၏
ယခု သူလိုချင်တဲ့ ပျော်ရွှင်တဲ့မိသားစုကို တည်ဆောက်နိုင်ပြီ ဖြစ်သောကြောင့် Yoong အရမ်းကျေနပ်ကာပျော်ရွှင်နေ၏
တစ်နေ့တွင် Yoongမွာ စီးပြားရေးအတွက် Companyတွင် ပြန်လုပ်နိုင်ဖို့ သူ့မိန်းမဆီ ခွင့်တောင်းလေသည်....
Krystal လည်း ကလေးက အရွယ်ရောက်ပြီး မူကြိုတက်နေရပြီဖြစ်သောကြောင့် သူလည်း အလုပ်လုပ်ချင်ကြောင်း ခွင့်တောင်းသည်
Yoongမွာ သူ့မိန်းမ ဝါသနာအရ....အိမ်အနီးအနားတွင်ရှိသော မြေကွက်တစ်ကွက်ကို၀ယ်ပေးပြီး Krystal အတွက် မူကြိုကျောင်းလေး ဆောက်ပေးလေသည်....
Yoong အလုပ်ကနေ နောက်ကျမှ
အိမ်ကိုပြန်လာရင်....သူ့သမီးလေးက အိပ်ပေျာ်နေတတ်သလို သူ့မိန်းမကလည်း ဆိုဖာပေါ်တွင် သူ့ကို စောင့်ရင်း အိပ်ပျော်နေတတ်သည်
တစ်ေန့တွင် Yoong နိုင်ငံခြားသို့ အလုပ်ကိစ္စတစ်ခုကြောင့် တစ်လနီးပါး ခရီးထွက်ရသည်.....
ထိုအတွက်ကြောင့် Krystalမွာ သူ့ယောင်္ကျားကို စိတ်ဆိုးခဲ့သည်....ကလေးမှာလည်း သူ့အဖေကို လွမ်းလို့ သတိရလို့ ညတိုင်းငိုနေသည်......
Yoongမှာလည်း ညတိုင်း ဖုန်းခေါ်၍ ငိုနေသော သူ့သမီးနဲ့ စိတ်ကောက်ေနသော မိန်းမကိုချော့ရသေးသည်.....
ခရီးကပြန်ရောက်တော့ မနားဘဲ မူကြိုသို့ သြားလေသည်
Yoonie သူ့သူငယ်ချင်းတွေနဲ့ စကားပြောရင်း မူကြိုထဲကထွက်လာတာကိုမြင်တော့ Yoong ပြုံးနေသည်...
"Appa...."
Yoonieမွာ သူ့အဖေကို တွေ့တော့ အရမ်းပျော်ပြီး ခုန်ပေါက်ကာ သူ့အဖေဆီသို့ ပြေးသွားလေသည်
"Baby...."
Yoong မွာ သူ့သမီးကို ပွေ့ချီလိုက်သည်....
"Yoonie သူက နင့်Appaလား "
Yoonieရဲ့ သူငယ်ချင်းကမေးတော့ Yoonieမွာ ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်ပြလေသည်
"Wahh အရမ်းချောတာဘဲ "
"Annyeonghaseyo Mr.Im...."
မူကြိုထဲက ဆရာမတစ်ယောက် ထွက်လာပြီး နှုတ်ဆက်လိုက်သည်....
"Annyeong....Krystal ဘယ်မွာလဲ မသိဘူး ....."
"Oh သူလား ခဏနေ ထွက်လာတော့မှာပါ....."
Yoongလည်း ခေါင်းညိတ်ပြပြီး သူ့သမီးကိုချီကာ သူ့မိန်းမကို စောင့်နေသည်....
ခဏကြာတော့ ယောင်္ကျားတစ်ယောက်နဲ့ ပြုံးရယ်ပြီး စကားပြောကာ ထွက်လာတဲ့ Krystalကို မြင်တော့ Yoong မျက်နှာပျက်သွားတယ်
Krystal မွာ စကားပြောနေရာမှ သူ့ယောင်္ကျားကို မြင်ပြီး စကားပြောရပ်သွားတယ်......
ထို့နောက် ဆရာကို ခဏစောင့်ခိုင်းပြီး Yoongဆီ သွားလိုက်သည်
"Yoong...ဘာလာလုပ်တာလည်း..."
"မင်းကရော အဲ့ကောင်နဲ့ ဘာလုပ်နေတာလည်း "
"Yoong စကားပြောဆင်ခြင်စမ်းပါ သူက ဆရာ....ကလေးတွေကို စာသင်ပေးတဲ့သူ....."
"သူဘာသာ ဘာဖြစ်ဖြစ် ငါ စိတ်မ၀င်စားဘူး မင်းနဲ့ဘာတွေပြောနေတာလည်း....."
"နေ့လည်စာ အတူစားဖို့ ချိန်းနေတာလေ......"
"What!"
"အင်းလေ တစ်ယောက်တည်း အထီးကျန်ပြီး နေရတာ ဘယ်နှရက်ရှိပြီလည်း 😒😒"
"Yoonieကရော ....."
"...."
"ကျွတ် ဒီမိန်းမတော့ ငါနော် ကျောင်းသားမိဘတွေရှိလို့ စိတ်ထိန်းထားရတယ်...အာ စိတ်ထိန်းမရတော့ဘူး.. ... "
Yoong သူ့ဆံပင်ကို လက်နဲ့ထိုးဖွပြီး သူ့သမီးကို ကားပေါ်သို့ တက်သွားသည်....
Krystalလည်း သူ့ယောင်္ကျားစိတ်ကောက်သွားတာကြည့်ပြီး ရယ်ရင်း ကားပေါ်သို့ လိုက်တက်သည်.....
"ဘာလည်း.... "
Yoong ဘုဆတ်ဆတ်နဲ့ပြောလိုက်သာ်
"နင်တို့နဲ့ အတူ အိမ်ပြန်လိုက်လာမလို့လေ ဘာလည်း မလိုက်ရဘူးလား ဒါဆိုဆင်းမယ်...."
Krystal ကားပေါ်က မဆင်းခင်က Yoong ကားတံခါး lockကို အမြန်ချလိုက်သည်......
အိမ်တွင် Krystal က ဟင်းချက်ေနသော်လည်း မကူညီဘဲ ကလေးနဲ့သာ Yoong ဆော့နေသည်....
ထမင်းစားချိန်တွင် ဘာစကားမွမပြောဘဲ ထမင်း ကိုသာ ကုန်းရုန်းစားနေသော Yoongကို ကြည့်ပြီး Yoonie သူ့အမေကို မျက်စပစ်ပြကာ သူ့အဖေကိုချော့ရန် အချက်ပြသည်.....
Krystalလည်း သူ့သမီးအပြုအမူကြောင့် ရယ်လိုက်ပြီး သူ့ယောင်္ကျားပန်းကန်ထဲသို့ ဟင်းတွေထည့်ပေးသည်....
Yoong မွာ မျက်မှောင်ကြုတ် ကာ ထမင်းဆက်မစားဘဲ ထမင်း၀ိုင်းက ထွက်သွားသည်......
"Aigoo....Appaကလည်း ကလေးကျနေတာပဲ စိတ်ကောက်နေတာများ.....သြားချော့လိုက်ပါ Omar... "
"Aigoo.....ငါက ဘယ်လောက် ဂရုစိုက်စိုက် ပစ်ထားတဲ့ သူ့အဖေကိုဘဲ ညည်းက အချစ်ပို.....😒😒"
Krystal လည်း သူ့သမီးပါးဖောင်းလေးကို ဖဲ့ကာ Yoong နောက်လိုက်သြားလေသည်.......
"Yeoboo....."
Krystalရဲ့ Aegyo အသံကြောင့် စိတ်ကောက်နေရာက ချက်ချင်း ဖြောင့်သြားသူမွာ Yoong...သို့သော် ဟန်ဆောင်ကာ
"ဘာလည်း....."
"စိတ်ဆိုးနေတာလား "
"မဆိုးပါဘူး အထီးကျန်နေတာမဟုတ်လား မင်းကို ပျော်အောင် လုပ်ပေးမယ့်သူ့ဆီသွားလေ....."
"အခု ငါ့ကို ပျော်အောင်လုပ်ပေးတဲ့သူအနားနေနေတာဘဲလေ...."
"What!"
"Yoong ဒီလောကကြီးမှာ ငါ့ကို ပျော်အောင် လုပ်ပေးနိုင်သူက နင်နဲ့ငါ့ကလေးဘဲသိလား..... "
Yoongကို ဖက်ပြီး Krystalပြောလိုက်သည်
"လူဆိုးမ လူကို အနာပေးလိုက် ဆေးထည့်လိုက်နဲ့...."
"အဲ့လူဆိုးမကိုဘဲ ရှင်က ချစ်နေတာ မဟုတ်လား....."
Yoong ရယ်လိုက်ပြီး သူ့မိန်းမရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်.....
ထိုစဉ်
"Hello အနှောင့်အယှက်ပေးရတာ အားနာပါတယ် သမီးလည်း အလွမ်းသယ်ချင်လို့ပါနော်...."
Yoonstal တို့မှာ စကားတတ်တဲ့ သူ့သမီးကို ကြည့်ပြီး ရယ်လိုက်ကြသည်
"ဂြိုဟ်ဆိုးမလေး သေပေတော့.... "
Yoong သူ့သမီးကို ပွေ့ချီပြီး ကုတင်ပေါ်သို့ ပစ်တင်ကာ ကလိယားထိုးလိုက်သည်
"Ah Omarရေ ကယ်ပါအုံး....."
"No No....."
Krystalက ခေါင်းခါပြပြီး သူပါ ၀င်ပြီး သူ့သမီးကို ကလိယားထိုးလိုက်သည်....
"အား နှစ်ယောက်ပေါင်းပြီး အနိုင်ကျင့်နေပါတယ်......."
"Hahaha..."
အရင်က အော်သံငိုသံတွေနဲ့ ပြည့်နေတဲ့ Im စံအိမ်တွင် ယခုတော့ ရယ်သံများစွာနဲ့သာ ပြည့်နှက်နေတော့သည်.....
The end
အရေးအသားည့ံတာလေးကို သီးခံဖတ်ပေးလို့ ကျေးးဇူးတင်ပါတယ်ဗ်ာ😘
#zawgyi
Yoong သူ႔ဘ၀တစ္ခုလုံးကုိ သူ႔မိန္းမနဲ႔ ကေလးအတြက္ ကုန္ဆုံးေနတယ္....
Krystalနဲ႔အတူ ဟင္းကူခ်က္ေပးၿပီး Yoonie နဲ႔အတူ ေဆာ့ေပးတယ္....
Yoonie နဲ႔ အတူေဆာ့တဲ့အခန္းကေတာ့ တခ်ိန္က Yoong မူးရူးေသာင္းက်န္းခဲ့တဲ့ Barအခန္းပင္ ျဖစ္သည္.....
ယခုအခါေတာ့ အခန္းကုိ ျပန္လည္႐ွင္းလင္းၿပီး ေဆးေရာင္ေတြသုတ္ကာ သူတုိ႔မိသားစုပံု ခ်ိတ္ထားေလသည္....
တခါတေလ Yoongက Yoonieကုိ အိပ္ရာ၀င္ပုံျပင္ေတြ ေျပာျပသလုိ တခါတေလက် ကေလးနဲ႔အတူ ကာတြန္းကားပါၾကည့္ေနေသးသည္
Yoonie မွာ တခါတေလ ႏုိ႔ဘူးစုိ႔ရင္း သူ႔မိဘေတြ မီးဖုိေခ်ာင္ထဲ ဟင္းခ်က္ျပဳတ္ေနတာကုိ ထုိင္ၾကည့္တတ္သည္....
Yoongက ဟင္းခ်က္ေနတဲ့ သူ႔မိန္းမပါးကုိ ခိုးနမ္းရင္ ႐ွက္သြားတဲ့ Krystalကုိ ၾကည့္ၿပီး သားအဖႏွစ္ေယာက္ သေဘာက်စြာ ရယ္ေမာၾက၏
ယခု သူလုိခ်င္တဲ့ ေပ်ာ္ရႊင္တဲ့မိသားစုကို တည္ေဆာက္ႏုိင္ၿပီ ျဖစ္ေသာေၾကာင့္ Yoong အရမ္းေက်နပ္ကာေပ်ာ္ရႊင္ေန၏
တစ္ေန႔တြင္ Yoongမွာ စီးပြားေရးအတြက္ Companyတြင္ ျပန္လုပ္ႏုိင္ဖုိ႔ သူ႔မိန္းမဆီ ခြင့္ေတာင္းေလသည္....
Krystal လည္း ကေလးက အရြယ္ေရာက္ၿပီး မူႀကိဳတက္ေနရၿပီျဖစ္ေသာေၾကာင့္ သူလည္း အလုပ္လုပ္ခ်င္ေၾကာင္း ခြင့္ေတာင္းသည္
Yoongမွာ သူ႔မိန္းမ ၀ါသနာအရ....အိမ္အနီးအနားတြင္႐ွိေသာ ေျမကြက္တစ္ကြက္ကုိ၀ယ္ေပးၿပီး Krystal အတြက္ မူႀကိဳေက်ာင္းေလး ေဆာက္ေပးေလသည္....
Yoong အလုပ္ကေန ေနာက္က်မွ
အိမ္ကုိျပန္လာရင္....သူ႔သမီးေလးက အိပ္ေပ်ာ္ေနတတ္သလုိ သူ႔မိန္းမကလည္း ဆုိဖာေပၚတြင္ သူ႔ကုိ ေစာင့္ရင္း အိပ္ေပ်ာ္ေနတတ္သည္
တစ္ေန႔တြင္ Yoong ႏုိင္ငံျခားသုိ႔ အလုပ္ကိစၥတစ္ခုေၾကာင့္ တစ္လနီးပါး ခရီးထြက္ရသည္.....
ထုိအတြက္ေၾကာင့္ Krystalမွာ သူ႔ေယာကၤ်ားကုိ စိတ္ဆုိးခဲ့သည္....ကေလးမွာလည္း သူ႔အေဖကုိ လြမ္းလုိ႔ သတိရလုိ႔ ညတုိင္းငုိေနသည္......
Yoongမွာလည္း ညတုိင္း ဖုန္းေခၚ၍ ငိုေနေသာ သူ႔သမီးနဲ႕ စိတ္ေကာက္ေနေသာ မိန္းမကုိေခ်ာ့ရေသးသည္.....
ခရီးကျပန္ေရာက္ေတာ့ မနားဘဲ မူျကိဳသုိ႔ သြားေလသည္
Yoonie သူ႔သူငယ္ခ်င္းေတြနဲ႔ စကားေျပာရင္း မူႀကိဳထဲကထြက္လာတာကုိျမင္ေတာ့ Yoong ျပံဳးေနသည္...
"Appa...."
Yoonieမွာ သူ႔အေဖကုိ ေတြ႔ေတာ့ အရမ္းေပ်ာ္ၿပီး ခုန္ေပါက္ကာ သူ႔အေဖဆီသုိ႔ ေျပးသြားေလသည္
"Baby...."
Yoong မွာ သူ႔သမီးကုိ ေပြ႔ခ်ီလုိက္သည္....
"Yoonie သူက နင့္Appaလား "
Yoonieရဲ႕ သူငယ္ခ်င္းကေမးေတာ့ Yoonieမွာ ဂုဏ္ယူစြာျဖင့္ ေခါင္းညိတ္ျပေလသည္
"Wahh အရမ္းေခ်ာတာဘဲ "
"Annyeonghaseyo Mr.Im...."
မူႀကိဳထဲက ဆရာမတစ္ေယာက္ ထြက္လာၿပီး ႏႈတ္ဆက္လုိက္သည္....
"Annyeong....Krystal ဘယ္မွာလဲ မသိဘူး ....."
"Oh သူလား ခဏေန ထြက္လာေတာ့မွာပါ....."
Yoongလည္း ေခါင္းညိတ္ျပၿပီး သူ႔သမီးကုိခ်ီကာ သူ႔မိန္းမကုိ ေစာင့္ေနသည္....
ခဏၾကာေတာ့ ေယာကၤ်ားတစ္ေယာက္နဲ႔ ျပံဳးရယ္ျပီး စကားေျပာကာ ထြက္လာတဲ့ Krystalကုိ ျမင္ေတာ့ Yoong မ်က္ႏွာပ်က္သြားတယ္
Krystal မွာ စကားေျပာေနရာမွ သူ႔ေယာကၤ်ားကုိ ျမင္ၿပီး စကားေျပာရပ္သြားတယ္......
ထို႔ေနာက္ ဆရာကုိ ခဏေစာင့္ခုိင္းၿပီး Yoongဆီ သြားလိုက္သည္
"Yoong...ဘာလာလုပ္တာလည္း..."
"မင္းကေရာ အဲ့ေကာင္နဲ႔ ဘာလုပ္ေနတာလည္း "
"Yoong စကားေျပာဆင္ျခင္စမ္းပါ သူက ဆရာ....ကေလးေတြကုိ စာသင္ေပးတဲ့သူ....."
"သူဘာသာ ဘာျဖစ္ျဖစ္ ငါ စိတ္မ၀င္စားဘူး မင္းနဲ႔ဘာေတြေျပာေနတာလည္း....."
"ေန႔လည္စာ အတူစားဖုိ႔ ခ်ိန္းေနတာေလ......"
"What!"
"အင္းေလ တစ္ေယာက္တည္း အထီးက်န္ၿပီး ေနရတာ ဘယ္ႏွရက္႐ွိၿပီလည္း 😒😒"
"Yoonieကေရာ ....."
"...."
"ကြၽတ္ ဒီမိန္းမေတာ့ ငါေနာ္ ေက်ာင္းသားမိဘေတြ႐ွိလုိ႔ စိတ္ထိန္းထားရတယ္...အာ စိတ္ထိန္းမရေတာ့ဘူး.. ... "
Yoong သူ႔ဆံပင္ကုိ လက္နဲ႔ထိုးဖြၿပီး သူ႔သမီးကုိ ကားေပၚသုိ႔ တက္သြားသည္....
Krystalလည္း သူ႔ေယာကၤ်ားစိတ္ေကာက္သြားတာၾကည့္ၿပီး ရယ္ရင္း ကားေပၚသုိ႔ လုိက္တက္သည္.....
"ဘာလည္း.... "
Yoong ဘုဆတ္ဆတ္နဲ႔ေျပာလုိက္သာ္
"နင္တုိ႔နဲ႔ အတူ အိမ္ျပန္လုိက္လာမလုိ႔ေလ ဘာလည္း မလုိက္ရဘူးလား ဒါဆုိဆင္းမယ္...."
Krystal ကားေပၚက မဆင္းခင္က Yoong ကားတံခါး lockကုိ အျမန္ခ်လုိက္သည္......
အိမ္တြင္ Krystal က ဟင္းခ်က္ေနေသာ္လည္း မကူညီဘဲ ကေလးနဲ႔သာ Yoong ေဆာ့ေနသည္....
ထမင္းစားခ်ိန္တြင္ ဘာစကားမွမေျပာဘဲ ထမင္း ကုိသာ ကုန္း႐ုန္းစားေနေသာ Yoongကုိ ၾကည့္ၿပီး Yoonie သူ႔အေမကုိ မ်က္စပစ္ျပကာ သူ႔အေဖကုိေခ်ာ့ရန္ အခ်က္ျပသည္.....
Krystalလည္း သူ႔သမီးအျပဳအမူေၾကာင့္ ရယ္လုိက္ၿပီး သူ႔ေယာကၤ်ားပန္းကန္ထဲသုိ႔ ဟင္းေတြထည့္ေပးသည္....
Yoong မွာ မ်က္ေမွာင္ၾကဳတ္ ကာ ထမင္းဆက္မစားဘဲ ထမင္း၀ုိင္းက ထြက္သြားသည္......
"Aigoo....Appaကလည္း ကေလးက်ေနတာပဲ စိတ္ေကာက္ေနတာမ်ား.....သြားေခ်ာ့လုိက္ပါ Omar... "
"Aigoo.....ငါက ဘယ္ေလာက္ ဂ႐ုစုိက္စုိက္ ပစ္ထားတဲ့ သူ႔အေဖကုိဘဲ ညည္းက အခ်စ္ပုိ.....😒😒"
Krystal လည္း သူ႔သမီးပါးေဖာင္းေလးကုိ ဖဲ့ကာ Yoong ေနာက္လုိက္သြားေလသည္.......
"Yeoboo....."
Krystalရဲ႕ Aegyo အသံေၾကာင့္ စိတ္ေကာက္ေနရာက ခ်က္ခ်င္း ေျဖာင့္သြားသူမွာ Yoong...သို႔ေသာ္ ဟန္ေဆာင္ကာ
"ဘာလည္း....."
"စိတ္ဆုိးေနတာလား "
"မဆိုးပါဘူး အထီးက်န္ေနတာမဟုတ္လား မင္းကို ေပ်ာ္ေအာင္ လုပ္ေပးမယ့္သူ႔ဆီသြားေလ....."
"အခု ငါ့ကုိ ေပ်ာ္ေအာင္လုပ္ေပးတဲ့သူအနားေနေနတာဘဲေလ...."
"What!"
"Yoong ဒီေလာကႀကီးမွာ ငါ့ကို ေပ်ာ္ေအာင္ လုပ္ေပးႏုိင္သူက နင္နဲ႔ငါ့ကေလးဘဲသိလား..... "
Yoongကုိ ဖက္ၿပီး Krystalေျပာလိုက္သည္
"လူဆုိးမ လူကုိ အနာေပးလုိက္ ေဆးထည့္လုိက္နဲ႔...."
"အဲ့လူဆုိးမကုိဘဲ ႐ွင္က ခ်စ္ေနတာ မဟုတ္လား....."
Yoong ရယ္လုိက္ၿပီး သူ႔မိန္းမရဲ႕ ႏႈတ္ခမ္းကုိ နမ္းလိုက္သည္.....
ထုိစဥ္
"Hello အေႏွာင့္အယွက္ေပးရတာ အားနာပါတယ္ သမီးလည္း အလြမ္းသယ္ခ်င္လုိ႔ပါေနာ္...."
Yoonstal တို႔မွာ စကားတတ္တဲ့ သူ႔သမီးကုိ ၾကည့္ႁပီး ရယ္လုိက္ၾကသည္
"ၿဂိဳဟ္ဆုိးမေလး ေသေပေတာ့.... "
Yoong သူ႔သမီးကုိ ေပြ႔ခ်ီႁပီး ကုတင္ေပၚသုိ႔ ပစ္တင္ကာ ကလိယားထုိးလုိက္သည္
"Ah Omarေရ ကယ္ပါအုံး....."
"No No....."
Krystalက ေခါင္းခါျပၿပီး သူပါ ၀င္ၿပီး သူ႔သမီးကုိ ကလိယားထုိးလိုက္သည္....
"အား ႏွစ္ေယာက္ေပါင္းၿပီး အႏုိင္က်င့္ေနပါတယ္......."
"Hahaha..."
အရင္က ေအာ္သံငုိသံေတြနဲ႔ ျပည့္ေနတဲ့ Im စံအိမ္တြင္ ယခုေတာ့ ရယ္သံမ်ားစြာနဲ႔သာ ျပည့္ႏွက္ေနေတာ့သည္.....
The end❤
အေရးအသားည့ံတာေလးကုိ သီးခံဖတ္ေပးလုိ႔ ေက်းးဇူးတင္ပါတယ္ဗ်ာ😘
Bạn đang đọc truyện trên: Truyen3h.Co