Part-2
#zawgyi
တစ္စုံတစ္ေယာက္က သူမကုိ လႈပ္ႏႈိးေနေသာေၾကာင့္ Fany လန္႔ႏုိးလာသည္......ညက Sica လက္ခ်က္ေၾကာင့္ Fany တကုိယ္လုံးနာေန၏ ......
မ်က္လုံးဖြင့္ၾကည့္ေတာ့ သူ႔ကုိ ခါးေထာက္ကာ ၾကည့္ေနတဲ့ Sica ကို ေတြ႔ရေလသည္
"Hey hey ထစမ္း ပ်င္းေၾကာထူမေနနဲ႔ ငါ့အတြက္ မနက္စာျပင္ေပးစမ္း ျမည္းလုိ ပ်င္းရိမေနနဲ႔ ....ငါ အလုပ္သြားရမွာဟ......"
"ဘာ ျမည္း ဟုတ္လား သူဟာေလ ငါ့ကို စိတ္ေရာ လူပါ ႏွိပ္စက္ေနတာ တကယ္......💭"
Fany စိတ္ထဲက ေတြးၿပီး ေရရြတ္လုိက္သည္
"Oh sorry Sica....ငါ ခ်က္ခ်င္း ျပင္ေပးမယ္ေနာ္....."
Fany အိပ္ရာက ကုန္း႐ုန္းထၿပီး ဆံပင္ကုိ သားေရပင္ေသးေသးေလးနဲ႔ ခ်ည္ကာ ေရခ်ိဳးခန္းထဲသို႔ အျမန္ေျပး၀င္သြားသည္
မ်က္ႏွာသစ္ သြားတုိက္ရင္း လက္ေမာင္းေပၚက အညိဳအမဲကြက္ေလးကို Fany သတိထားမိသြားသည္
"Ah...."
Fany ထုိ အမဲကြက္ကို တုိ႔ၾကည့္ေတာ့ အရမ္းနာလုိ႔ ေအာ္လုိက္မိသည္
Fany မွန္ထဲကို ၾကည့္ေတာ့ စိတ္ေရာ လူေရာ ပင္ပန္းၿပီး ပ်က္စီး ေနတဲ့ မိန္းကေလးတစ္ေယာက္ကုိသာ ေတြ႔ရေလသည္
အညိဳအမဲေတြက လက္ေမာင္းနဲ႔ ေက်ာျပင္အႏွံ႔ အနီကြက္ေတြက လည္ပင္းနဲ႔ ရင္ဘတ္အႏွံ႔......ဒီလုိနဲ႔ဘဲ ဘ၀ကုိ ဇာတ္သိမ္းသြားရေတာ့မွာလားဆုိၿပိီး Fany ေတြးေတာေန၏
Fany မ်က္ရည္ေတြက်လာေပမယ့္ Sicaအတြက္ မနက္စာ ျပင္ေပးရမွာမုိ႔ ျမန္ျမန္ ေရခ်ိဳးခန္းထဲက ထြက္လာသည္
Sicaကေတာ့ မနက္စာစားၿပီး အလုပ္သြားဖုိ႔ ျပင္ဆင္ေနခ်ိန္ Fanyလည္း အိမ္ေ႐ွ႕မွာ ထုိင္ကာ Sica ကို ေစာင့္ေန၏
Sicaက မည္သူနဲ႔မွ ေပါင္းသင္း ဆက္ဆံတာ မႀကိဳက္ဘူးဆုိေသာေၾကာင့္ Fany သူ႔သူငယ္ခ်င္းေတြ အားလံုးကုိ အဆက္အသြယ္ ျဖတ္ခဲ့သည္.....
တစ္ခါတစ္ေလ Fany စကားေျပာစရာလူမ႐ွိေပမယ့္ သူ႔ကုိယ္သူ တစ္ေယာက္တည္း စကားေတြ ေျပာေနတတ္သည္
Sica အခန္းထဲက ထြက္လာေတာ့ suit ၀တ္စံုနဲ႔ တည္ၾကည္ခန္႔ညားေနေသာ Sicaကို Fany ေငးၾကည့္ေနမိသည္
"ငါ့ကုိ ေငးၾကည့္ေနတာ ရပ္ၿပီး လုပ္စရာ႐ွိတာ လုပ္စမ္း.......ငါေတာ့ နင့္ေၾကာင့္ အလုပ္ေနာက္က်ေတာ့မယ္......."
"Ash CEOက အလုပ္ေနာက္က်မွာ ေတာ္ေတာ္စိတ္ပူေနတာဘဲ အ့ံျသစရာ....."
"ဘာေျပာတယ္.. ...."
"ခဏေစာင့္ပါလုိ႔ ေအးကုန္လုိ႔ ျပန္ေႏႊးေပးမယ္ေျပာတာ......"
Fany ပုိင္မုန္႔ကုိ ျပန္ေႏႊးေပးၿပီး ႏြားႏုိ႔နဲ႔အတူ Sicaေ႐ွ႕သုိ႔ ခ်ေပးသည္
"နင္ေရာ မစားေသးဘူးလား......"
"ဗုိက္ဆာေနေပမယ့္ Sica ဗုိက္၀ေအာင္ စားတာေလး ၾကည့္ၿပီးမွ စားမယ္....."
Sicaမွာ ဘာမွျပန္မေျပာဘဲ စားစရာ႐ွိတာကုိသာ ငုံ႔စားေနသည္
"Sica.....ငါ နင့္ဆီက ခြင့္ေတာင္းခ်င္လုိ႔....."
"ဘာကုိလည္း....."
"လုိအပ္တာေလးေတြ ၀ယ္ခ်င္လုိ႔ေလ....အဲ့တာ ေစ်း၀ယ္ထြက္မလုိ႔ "
"ေစ်း၀ယ္မွာေရာ ဟုတ္ရဲ႕လား ခ်စ္သူေကာင္ေလးနဲ႔ သြားေတြ႔မွာတုိ႔ ဘာတုိ႔...."
"Sica နင္ ဘယ္လုိေျပာလုိက္တာလည္း "
"မဟုတ္လုိ႔လား ဟိုတခါ အျပင္ထြက္ခုိင္းမိတာ ေကာင္ေလးတေယာက္ နင့္ေဘးက ပါလာတယ္ေလ"
"သူက ငါ့ငယ္သူငယ္ခ်င္းေလ ငါ နင့္ကုိ ခ်စ္တာ သူလည္း သိတယ္...."
"Seriously.. ..."
Sica မ်က္ႏွာမဲ့ၿပီး ပခုံးတြန္႔ျပလုိက္သည္
"Oh stop ငါ့ကုိခ်စ္တယ္ဆုိတဲ့ စကားထပ္မေျပာနဲ႔ေတာ့ Fany.. ..ငါ ေသာက္ရမ္းၿငီးေငြ႔ေနၿပီ bye...."
Sicaေျပာၿပီး အိတ္ကုိ ေကာက္ဆြဲကာ အိမ္ထဲက ထြက္သြားေလသည္
"ကားကုိ ေသခ်ာေမာင္းေနာ္ Sica..."
"လာဖားမေနနဲ႔ ညေန ငါ ျပန္လာမယ္ အဲ့အခ်ိန္က် ေစ်းလုို္က္ပုိ႔ေပးမယ္ အဲ့က်မွ ၀ယ္ ငါမသိဘဲ အျပင္ထြက္ၾကည့္ေနာ္ သိတာနဲ႔ ႐ုိက္သတ္မွာ "
Sicaေျပာၿပီး ကားေပၚတက္ကာ ေမာင္းထြက္သြားေလသည္
"Ok ငါ ေစာင့္ေနမယ္....."
Fany မွာ Sica ၾကားေအာင္ ေအာ္ေျပာလုိက္ေလသည္
#Tbc
#Unicode
တစ်စုံတစ်ယောက်က သူမကို လှုပ်နှိုးနေသောကြောင့် Fany လန့်နိုးလာသည်......ညက Sica လက်ချက်ကြောင့် Fany တကိုယ်လုံးနာနေ၏ ......
မျက်လုံးဖွင့်ကြည့်တော့ သူ့ကို ခါးထောက်ကာ ကြည့်နေတဲ့ Sica ကို တွေ့ရလေသည်
"Hey hey ထစမ်း ပျင်းကြောထူမနေနဲ့ ငါ့အတွက် မနက်စာပြင်ပေးစမ်း မြည်းလို ပျင်းရိမနေနဲ့ ....ငါ အလုပ်သြားရမှာဟ......"
"ဘာ မြည်း ဟုတ်လား သူဟာလေ ငါ့ကို စိတ်ရော လူပါ နှိပ်စက်နေတာ တကယ်......"
Fany စိတ်ထဲက တွေးပြီး ရေရွတ်လိုက်သည်
"Oh sorry Sica....ငါ ချက်ချင်း ပြင်ပေးမယ်နော်....."
Fany အိပ်ရာက ကုန်းရုန်းထပြီး ဆံပင်ကို သားရေပင်သေးသေးလေးနဲ့ ချည်ကာ ရေချိုးခန်းထဲသို့ အမြန်ပြေး၀င်သွားသည်
မျက်နှာသစ် သွားတိုက်ရင်း လက်မောင်းပေါ်က အညိုအမဲကွက်လေးကို Fany သတိထားမိသွားသည်
"Ah...."
Fany ထို အမဲကွက်ကို တို့ကြည့်တော့ အရမ်းနာလို့ အော်လိုက်မိသည်
Fany မှန်ထဲကို ကြည့်တော့ စိတ်ရော လူရော ပင်ပန်းပြီး ပျက်စီး နေတဲ့ မိန်းကလေးတစ်ယောက်ကိုသာ တွေ့ရလေသည်
အညိုအမဲတွေက လက်မောင်းနဲ့ ကျောပြင်အနှံ့ အနီကွက်တွေက လည်ပင်းနဲ့ ရင်ဘတ်အနှံ့......ဒီလိုနဲ့ဘဲ ဘ၀ကို ဇာတ်သိမ်းသွားရတော့မှာလားဆိုပြိီး Fany တွေးတောနေ၏
Fany မျက်ရည်တွေကျလာပေမယ့် Sicaအတွက် မနက်စာ ပြင်ပေးရမှာမို့ မြန်မြန် ရေချိုးခန်းထဲက ထွက်လာသည်
Sicaကတော့ မနက်စာစားပြီး အလုပ်သွားဖို့ ပြင်ဆင်နေချိန် Fanyလည်း အိမ်ရှေ့မှာ ထိုင်ကာ Sica ကို စောင့်နေ၏
Sicaက မည်သူနဲ့မှ ပေါင်းသင်း ဆက်ဆံတာ မကြိုက်ဘူးဆိုသောကြောင့် Fany သူ့သူငယ်ချင်းတွေ အားလုံးကို အဆက်အသွယ် ဖြတ်ခဲ့သည်.....
တစ်ခါတစ်လေ Fany စကားပြောစရာလူမရှိပေမယ့် သူ့ကိုယ်သူ တစ်ယောက်တည်း စကားတွေ ပြောနေတတ်သည်
Sica အခန်းထဲက ထွက်လာတော့ suit ၀တ်စုံနဲ့ တည်ကြည်ခန့်ညားနေသော Sicaကို Fany ငေးကြည့်နေမိသည်
"ငါ့ကို ငေးကြည့်နေတာ ရပ်ပြီး လုပ်စရာရှိတာ လုပ်စမ်း.......ငါတော့ နင့်ကြောင့် အလုပ်နောက်က်တော့မယ်......."
"Ash CEOက အလုပ်နောက်ကျမှာ တော်တော်စိတ်ပူနေတာဘဲ အံ့သြစရာ....."
"ဘာပြောတယ်.. ...."
"ခဏစောင့်ပါလို့ အေးကုန်လို့ ပြန်နွှေးပေးမယ်ပြောတာ......"
Fany ပိုင်မုန့်ကို ပြန်နွှေးပေးပြီး နွားနို့နဲ့အတူ Sicaရှေ့သို့ ချပေးသည်
"နင်ရော မစားသေးဘူးလား......"
"ဗိုက်ဆာနေပေမယ့် Sica ဗိုက်၀အောင် စားတာလေး ကြည့်ပြီးမှ စားမယ်....."
Sicaမှာ ဘာမှပြန်မပြောဘဲ စားစရာရှိတာကိုသာ ငုံ့စားနေသည်
"Sica.....ငါ နင့်ဆီက ခွင့်တောင်းချင်လို့....."
"ဘာကိုလည်း....."
"လိုအပ်တာလေးတွေ ၀ယ်ချင်လို့လေ....အဲ့တာ ဈေး၀ယ်ထွက်မလို့ "
"ဈေး၀ယ်မှာရော ဟုတ်ရဲ့လား ချစ်သူကောင်လေးနဲ့ သွားတွေ့မှာတို့ ဘာတို့...."
"Sica နင် ဘယ်လိုပြောလိုက်တာလည်း "
"မဟုတ်လို့လား ဟိုတခါ အပြင်ထွက်ခိုင်းမိတာ ကောင်လေးတယောက် နင့်ဘေးက ပါလာတယ်လေ"
"သူက ငါ့ငယ်သူငယ်ချင်းလေ ငါ နင့်ကို ချစ်တာ သူလည်း သိတယ်...."
"Seriously.. ..."
Sica မျက်နှာမဲ့ပြီး ပခုံးတွန့်ပြလိုက်သည်
"Oh stop ငါ့ကိုချစ်တယ်ဆိုတဲ့ စကားထပ်မပြောနဲ့တော့ Fany.. ..ငါ သောက်ရမ်းငြီးငွေ့နေပြီ bye...."
Sicaပြောပြီး အိတ်ကို ကောက်ဆွဲကာ အိမ်ထဲက ထွက်သြားလေသည်
"ကားကို သေချာမောင်းနော် Sica..."
"လာဖားမနေနဲ့ ညနေ ငါ ပြန်လာမယ် အဲ့အချိန်က် ဈေးလိုက်ပို့ပေးမယ် အဲ့ကျမှ ၀ယ် ငါမသိဘဲ အပြင်ထွက်ကြည့်နော် သိတာနဲ့ ရိုက်သတ်မှာ "
Sicaပြောပြီး ကားပေါ်တက်ကာ မောင်းထွက်သြားလေသည်
"Ok ငါ စောင့်နေမယ်....."
Fany မှာ Sica ကြားအောင် အော်ပြောလိုက်လေသည်
#Tbc
Bạn đang đọc truyện trên: Truyen3h.Co