Part-9
#Unicode
မနက် ခြောက်နာရီ ထိုးနေပြီ....Sica တယောက် တစ်ရေးမှ မအိပ်ရသေးပေ.......Fany အဖျားတက်လာလို့ တညလုံး ထိုင်စောင့်ရလို့ ထင်ပါသလား....မဟုတ်ပါ....Fanyကတော့ အဖျားကျပြီး တညလုံး အေးဆေး အိပ်နေပေမယ့် Sicaကတော့ သူ့ကို ဖက်အိပ်ရုံတင်မက ခွအိပ်နေတဲ့ Fany ကြောင့် စိတ်လှုပ်ရှားပြီး တညလုံး အိပ်မပျော်ပေ....
"Fany....Tiffany.. ...ထတော့....."
Fanyရဲ့ စကားကြောင့် Sica အမြင့်က ပြုတ်ကျသွားသလို ရင်ထဲ လှပ်ခနဲ ခံစားလိုက်ရသည်
"Good Morning Sica...."
"သက်သာသွားပြီလား Fany...."
"ကောင်းတယ် သက်သာပြီဆိုတော့ ငါ့အတွက် မနက်စာ ပြင်ပေးတော့ အလုပ်သွားရတော့မယ်လေ "
မနက်စာ စားဝိုင်းတွင်
"Well နောက်တခါ ငါ ဖက်တာ ခံချင်ရင် သရုပ်ဆောင်မနေနဲ့ ဒီတိုင်းဘဲ ပြော ရတယ် သိလား "
#tbc
#unicode
မနက် ခြောက်နာရီ ထိုးနေပြီ....Sica တယောက် တစ်ရေးမှ မအိပ်ရသေးပေ.......Fany အဖျားတက်လာလို့ တညလုံး ထိုင်စောင့်နေရတာလို့
ထင်ပါသလား....မဟုတ်ပါ....Fanyကတော့ အဖျားကျပြီး တညလုံး အေးဆေး အိပ်နေပေမယ့် Sicaကတော့ သူ့ကို ဖက်အိပ်ရုံတင်မက ခွအိပ်နေတဲ့ Fany ကြောင့် စိတ်လှုပ်ရှားပြီး တညလုံး အိပ်မပျော်ပေ....
တစ်ညလုံး အခွခံ အဖက်ခံရပေမယ့် Sica ပင်ပန်းသလို မခံစားရ.....လက်ထပ်ပြီးခါစက အချိန်ကို ပြန်ရောက်သွားသလိုပင် ကြည်နူးသလိုခံစားရသည်
သို့ပေမယ့်လည်း အလုပ်က သွားရအုံးမည် မနေ့က တရက်လေး နားလိုက်ပါတယ် ဗရမ်းဗတာ အသံတွေက ကြားနေရတော့ Sica စိတ်မအေးနိုင်ပေ
ထို့ကြောင့် Fanyကို နှိုးဖို့ ကြိုးစားလိုက်သည်
"Fany....Tiffany.. ...ထတော့....."
Sica သူ့ကိုဖက်ထားတဲ့ Fany လက်ကို ဖယ်ပေမယ့် Fanyကတော့ တင်းတင်းကြပ်ကြပ် ပြန်ဖက်ပြီး
"Hummm ....ကျောင်းမသွားချင်ဘူး Omma....အိပ်ချင်တယ် "
Fany မနိုးတဲ့အပြင် အိမ်မက်မက်ပြီး ယောင်နေ၏
"ငါက မင်း မိန်းမဟ အမေမဟုတ်ဘူး ထစမ်းပါ "
"Omma....Jessica....Sicaနဲ့ လက်ထပ်ချင်တယ် လက်ထပ်ခွင့်ပေးပါနော် "
Fanyရဲ့ စကားကြောင့် Sica အမြင့်က ပြုတ်က်သြားသလို ရင်ထဲ လှပ်ခနဲ ခံစားလိုက်ရသည်
"ငါလည်း မင်းကို လက်ထပ်ချင်တာပေါ့ ၀က်ပေါက်လေးရ "
Sica ပြောပြီး Fany နှုတ်ခမ်းကို ဖျတ်ခနဲ နမ်းလိုက်သည်
"အာ ငါ ဘာတွေလုပ်နေတာလည်း "
Sica သူ့စိတ်ကို သူ ထိန်းပြီး အိပ်ပျော်နေတဲ့ Fany မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေသည်
"Fanyရယ် မင်း မရှိရင် ငါ ....ဘယ်လိုလုပ်ရမှာလည်း မသိဘူး....ငါ့မှာ မိဘဆွေမျိုးသားချင်းတွေကလည်း မရှိတော့ဘူး ....ငါ့မှာ မင်းတစ်ယောက်တည်း ရှိတော့တာ သိလား....."
Sica တယောက်တည်း ရေရွတ်နေတုံး Fany မျက်လုံးပွင့်လာသောကြောင့် အမြန် ပါးစပ်ပိတ်လိုက်သည်
"Good Morning Sica...."
"သက်သာသွားပြီလား Fany...."
"အင်း သက်သာသွားပြီ Gomawo...."
Fany အိပ်ရာက ထပြီး သမ်းဝေနေစဥ် Sica ကုတင်ပေါ်က အမြန် ဆင်းပြီး
"ကောင်းတယ် သက်သာပြီဆိုတော့ ငါ့အတွက် မနက်စာ ပြင်ပေးတော့ အလုပ်သွားရတော့မယ်ေလ "
Sica လောနေတဲ့ပုံစံနဲ့ ပြောပြီး ရေချိုးခန်းထဲ ၀င်သွားတယ်
Fanyလည်း စောင်တွေခေါက်သိမ်းနေရင်း ဖုန်းက မီးလင်းလာလို့ ဖွင့်ကြည့်တော့ Taeyeonဆီက Message အစောင်ပေါင်းများစွာ ၀င်နေတာကို တွေ့တော့ စိတ်ရှုပ်သွားတယ်
"Ash ဘာတွေလုပ်နေတာလည်း Taeyeonရာ...."
Fany စိတ်ညစ်ပြီး Taeyeon ဖုန်းနံပါတ်ကို Blacklist ထဲ ထည့်လိုက်သည်
ထို့နောက် Sicaအတွက် မနက်စာ ပြင်ပေးရန် အခန်းထဲက ထွက်လာလိုက်သည်
မနက်စာ စား၀ိုင်းတွင်
"မင်း မနေ့က ဘာလို့ ငိုတာလည်း "
Sica ကော်ဖီသောက်ရင်း မေးလိုက်သည်
"ဘာ...ဘာမှမဟုတ်ဘူးရယ် ငါ နင့်ကို ဖက်ထားချင်လို့...."
Fany အမှန်တိုင်း မပြောဘဲ ညာပြောလိုက်သည်
Sica ခေါင်းညိတ်ပြီး ပါးစပ်ကို Tissueနဲ့သုတ်ကာ စားပွဲခုံက ထပြီး
"Well နောက်တခါ ငါ ဖက်တာ ခံချင်ရင် သရုပ်ေဆာင်မေနနဲ့ ဒီတိုင်းဘဲ ပြော ရတယ် သိလား "
Sicaရဲ့ စကားကြောင့် Fany ၀မ်းနည်းသွားလေသည် မနေ့က တကယ် ခံစားရလို့ ငိုတာကို Sicaက သရုပ်ဆောင်တယ်ထင်နေလို့ Fany ၀မ်းနည်းရသည်
"ဒီည ငါ နောက်ကျမယ် ဒါကြောင့် ငါ့ကို မစောင့်ဘဲ စား ပြီးရင် အိပ် ကြားလား တံခါးကို သေချာ လော့ချထား ငါကလွဲရင် ဘယ်သူ့မှ ဖွင့်မပေးနဲ့ တခုခုဆို ဖုန်းဆက် ကြားလား "
Sicaရဲ့ တပည့်တယောက် maidတယောက်ကို အမိန့် ပေးနေသလို စကားကြောင့် Fany ဘာမှမပြောဘဲ ခေါင်းငုံ့ကာ နေသည်
"Tiffany ငါ့ကို ကြည့်စမ်း....."
Sica ဒေါသသံကြောင့် Fany ကြောက်ပြီး အမြန်မော့ကြည့်တော့ Fanyရဲ့ နဖူးလေးကို Sica မြတ်မြတ်နိုးနိုး နမ်းလိုက်သည်
"ကိုယ် အလုပ်သွားတော့မယ်နော် "
Sicaပြောပြီး ပြေးထွက်သွားတော့ Fanyမှာ အနမ်းပေးခံရသောကြောင့် ပျော်ပြီး ကလေးတစ်ယောက်လို အိမ်ထဲမှာ ကခုန်နေ၏ .....
#tbc
Bạn đang đọc truyện trên: Truyen3h.Co