Truyen3h.Co

Choice

Choice Part-20

KimFany059

Fany တစ်​​ရေးနိုးလာ​တော့ သူ့​ဘေးနားမှာ သူ့ကိုဖက်ပြီး အိပ်​​နေတဲ့ Taeyeonကို ​တွေ့ရ​လေသည်

"Tae Tae......"
Fany သူ့​ဘေးနားမှာ Taeyeon ရှိ​နေလို့ အရမ်း အံ့သြသွားတယ်​......

"Omm....."

"တကယ်​ဘဲ နင်​လား....."

Taeyeon ပြုံးလိုက်​ပြီး

"ဟုတ်​တယ်​ ကိုယ်​ဘဲ ကိုယ်​ဒီမှာရှိတယ်​....ဘယ်​သူမှ မင်းကို အန္တရာယ်​ဖြစ်​​အောင်​ မလုပ်​နိုင်​မှာမို့ ​အေး​အေး​ဆေး​ဆေးအိပ်​​နော်​ "

"ငါ့ကို ထားမသွားနဲ့​နော်​.. .."

Taeyeon ​ခေါင်းညိတ်​ပြီး

"အင်းပါ ထားမသွားပါဘူး "

Fany ​အရမ်း​ပျော်​သွားကာ မျက်​ရည်​​တွေကျလာသည်​......

Taeyeonမှာ ငို​နေတဲ့​ကောင်​မ​လေးကို သူ့ရင်​ခွင်​ထဲထည့်​ကာ ​ထွေး​ပွေ့ထား​လေသည်

Taeyeon ​နွေး​နွေး​ထွေး​ထွေး​ပွေ့ဖက်​မှု​ကြောင့်​ Fany နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​သွား​သည်

Fany နိုးလာ​တော့ သူ့​ဘေးမှာ ဘယ်​သူမှမရှိလို့ ထူးဆန်းသွားတယ်​.. ..

ညက Taeyeonနဲ့ အတူအိပ်​ခဲ့တာကို သူ မှတ်​မိ​တယ်​​လေ.....ဒါ​ပေမယ့်​ Taeyeonက မရှိဘူးဆို​တော့ အိမ်​မက်​မက်​​နေတာလား ဘာလား ​ဝေခွဲမရဖြစ်​​နေတယ်

" ငါ မ​နေ့ညက ဒီတိုင်း အိပ်​လိုက်​တာပါ ....ဒါ​ပေမယ့်​ ဖိနပ်​၀တ်​အိပ်​တာကို ဖိနပ်​ကမရှိ​တော့ဘူး ဒါဆို Tae Tae တကယ်​ဘဲ မ​နေ့ညက ရှိခဲ့တာလား......သူ....သူ ငါ့ကိုဖက်​ထားခဲ့တယ်​ဆို​တော့.....Oh my god....."
Fanyမှာ Taeyeonက သူ့ကို အခုထိ ချစ်​​နေ​သေးတယ်​ဆိုတာ သိလိုက်​ရလို့ အရမ်း​ပျော်​သွားတယ်

Fany လည်း ​Taeyeonကို အမြန်​ရှာဖို့ ဖိနပ်​၀တ်​လိုက်​သည်

"Tae Tae....."

ကြက်​​ပေါင်းပန်းကန်​ကိုင်​ပြီး အခန်း​ရှေ့မှာ ရပ်​​နေတဲ့ Taeyeon ကို Fanyမြင်​​တော့ Eyesmile ​လေး​ပေါ်​အောင်​ ပြုံးလိုက်​သည်

"မင်းအတွက်​ ကြက်​​ပေါင်းယူလာတယ်​......"

" နင်​ကိုယ်​တိုင်​ ပြုတ်​ထားတာလား"

" အင်း မ​အေးခင်​စားလိုက်​ "

Fany လက်​ထဲ စွပ်​ပြုတ်​ပန်းကန်​​ထည့်​​ပေးပြီး Taeyeon လှည့်​ထွက်​သွားသည်

"Tae Tae.... "

"အင်း ဘာဖြစ်​လို့လဲ တစ်​ခုခုလိုလို့လား "

"မ​နေ့ညက နင်​မဟုတ်​သလိုဘဲ ​အေးစက်​လိုက်​တာ......"

"မဖျား​တော့ဘူး မဟုတ်​လား.....စားလိုက်​အုံး ​နောက်​တစ်​နာရီဆို ရိုက်​ကွင်းစပြီ​နော်​......"

Taeyeon ​ပြောပြီး လှည့်​ထွက်​သွားသည်​.......

Taeyeon ​အေးစက်​စက်​လုပ်​​နေ​ပေမယ့်​ မ​နေ့ကအဖြစ်​အပျက်​ကို​တော့ Fany မှတ်​မိ​နေသည်​......

Fany ရိုက်​ကွင်းတွင်​ ဇာတ်​ညွှန်းထိုင်​ဖတ်​​နေ​၏

"Fany ah...."

Yulကိုလည်း ​တွေ့​ရော Fany လန့်​သွားတယ်

"အယ်​ နင်​ ဘာလာလုပ်​တာလည်း....Seoul မှာ ရှိရမှာ​လေ ဟို....Jessicaနဲ့ သီချင်းလုပ်​​နေတာမဟုတ်​ဘူးလား "

" ဘာလည်း မင်းချစ်​သူကို မလာ​စေချင်​တာလား ကိုယ်​ မင်းဆီလာမယ်​လို့ စာပို့ထားတယ်​​လေ မဖတ်​ဘူးလား "
Yul ပြုံးပြီး ​မေးလိုက်​သည်

" အာ ငါ ဖတ်​ပါတယ်​ နင်​ စ​နေတယ်​ထင်​လို့......"

"ကိုယ်​ မင်းကို စစရာလား Fany မင်းကို အရမ်းလွမ်း​နေတာ "
Fanyရဲ့ လက်​ကိုကိုင်​ပြီး Yul ​ပြောလိုက်​သည်​....

"Yul ရိုက်​ကွင်းမှာ လူ​တွေ အများကြီးရှိ​နေတယ်​​လေ ...."

"ဘယ်​သူမှ သတိထားမိမှာမဟုတ်​ပါဘူး......"

Taeyeon သူတို့ကို ​အေးစက်​တဲ့ အကြည့်​​တွေနဲ့ကြည့်​​နေတာကို Fanyမြင်​​တော့ Yul ရဲ့ လက်​​ကိုဖယ်​ချလိုက်​သည်​....

"မင်းရဲ့ မန်​​နေဂျာ​ရော...."

"သူ တစ်​​နေရာရာမှာ တခုခုလုပ်​​နေမှာ​ပေါ့...."

Yul မျက်​​မှောင်​ကြုတ်​လိုက်​ပြီး

" သူက မင်းရဲ့ မန်​​နေဂျာ​လေ မင်းအနားမှာ မ​နေဘဲ ဘယ်​သွား​နေတာလည်း သူ အလုပ်​​ရော​ ​ကောင်း​ကောင်း လုပ်​ရဲ့လား.."

"သူ အလုပ်​ကို ​သေချာလုပ်​ပါတယ်​...."

Fany Taeyeon ကို ကာကွယ်​​ပေးတာကို Yul မကြိုက်​​ပေ....သက်​ပြင်းရှည်​တစ်​ချက်​ချလိုက်​သည်

" ဘာလို့ ဒီတိုင်းထွက်​လာရတာလည်း Jessica album ထွက်​​တော့မယ်​ မဟုတ်​လား...."

" အင်း သူ အခု ​ဟောင်​​ကောင်​ခဏသွား​နေလို့ မင်းဆီလာခဲ့တာ သီချင်း​တွေ​တော်​​တော်​ပြီး​နေပါပြီ..."

"Seoul ကို ဘယ်​အချိန်​ပြန်​မှာလည်း "

"ည​စာစားပြီးရင်​​ပေါ့ ....ကိုယ်​ မင်းကို အရမ်း​တွေ့ချင်​လို့ လာခဲ့တာပါ.... "

Fany ရိုက်​ကူး​ရေးသာ လုပ်​​နေ​သော်​လည်း သူ့ကိုပြုံးပြီး ရပ်​ကြည့်​​နေတဲ့ Yul ​ကြောင့်​ အားနာပြီး ​နေရခက်​​နေသည်​.....

Yulဆိုတဲ့ တစ်​​ယောက်​က​တော့ Fanyကို ​သေ​လောက်​​အောင်​ချစ်​​နေ​ပေမယ့်​ Fanyရဲ့ နှလုံးသားက​တော့ သူ့ရဲ့ရည်းစား​ဟောင်းဆီမှာပင်​......

Bạn đang đọc truyện trên: Truyen3h.Co