Truyen3h.Co
Choice
Choice Part-27
KimFany059
ပေါက်​ကွဲသံနဲ့အတူ SMအ​ဆောက်​အဦးထဲမှ လူ​ပေါင်းများစွာ​ပြေးထွက်​လာသည်​......
"Tiffany....."
"Taeyeon shii အထဲမှာ အန္တရာယ်​များတယ်​ "
ဝန်ထမ်းတစ်ေ​​​ယာက်က ​​Taeyeonကို တား​ပေမယ့်​ Taeyeon နားမ​ထောင်​​ပေ....
လူအများက ​ပြေးထွက်​လာ​ပေမယ့်​ Taeyeonက​တော့ မိုက်​ရူးရဲဆန်​စွာ အ​ဆောက်​အဦးထဲသို့ ​ပြေးဝင်​သွားတယ်
အထဲကို​ရောက်​​တော့ မီးခိုး​ငွေ့​တွေဖုန်​မှုန့်​​တွေကြား ဘာဆိုဘာမှ မမြင်​ရ​ပေ.. ..
"Fany အဟွတ်​....မင်း ဘယ်​မှာလဲ အဟွတ်​.... "
Taeyeon မီးခိုး​ငွေ့​တွေ ကာကွယ်​ဖို့  သူ့အင်္ကျီကို ချွတ်​ပြီး မျက်​နှာကိုစည်းလိုက်​သည်
Taeyeon Meeting Room ရှိရာ ​ပြေးသွားရင်း ၀န်​ထမ်းသုံး​လေးဦးမှာ ​​ပြေးကြရင်း Taeyeon ကို ၀င်​တိုက်​မိသည်​.....
တစ်​​ယောက်​မှ Taeyeonကို အဆင်​​ပြေလား မ​မေးဘဲ လွတ်​ရာကျွတ်​ရာသို့သာ ​ပြေးသွားကြ​လေသည်
Fany ဖုန်း​ဆော့ရင်း ​ပေါက်​ကွဲသံကြားလိုက်​ရသည်
ငလျှင်​လှုပ်​တယ်​ထင်​ပြီး အမြန်​ပင်​ စားပွဲခုံ​အောက်​၀င်​ပုန်းလိုက်​သည်​ .......
မီးခိုး​ငွေ့​တွေ​ကြောင့်​ Fany အသက်​ရှူ မ၀....
တီ..တီ...တီ....
Fany စားပွဲခုံ​အောက်​ ၀င်​ပုန်း​နေရင်း ဖုန်းသံကြားလို့ စားပွဲခုံ​အောက်​မှ ထွက်​လာကာ ဖုန်းဆီသို့  တွားသွားလိုက်​သည်
"Fany yah မင်း ဘယ်​မှာလဲ "
"Tae Tae ....ကယ်​ပါအုံး....အား....."
ပြိုကျသံနဲ့အတူ Fany အသံပါ ​ပျောက်​သွားသည်​.....
Taeyeon ဖုန်းကို ချပစ်​ပြီး လဲကျ​နေရာမှ အမြန်​ထကာ meeting roomသို့ ​ပြေးသွား​လေသည်​....
"Fany ah Fany ah...."
Taeyeon ​ဖန်​ကွဲ​တွေ အုတ်​ပုံ​တွေကြားမှာ ​သွေး​တွေထွက်​ကာ လဲကျ​နေတဲ့ Fany ကို မြင်​​တော့ အရမ်းလန့်​သွားတယ်
Taeyeon သူ့ချစ်​သူကို အမြန်​​ပွေ့ချီလိုက်​သည်​....သူ့ချစ်​သူ Fanyမှာ သတိလစ်​လုနီးပါးဖြစ်​​နေသည်​....
"Fany honey....come on သတိထားစမ်းပါ မျက်​လုံး​တွေ မှိတ်​မပစ်​နဲ့ "
သို့​သော်​လည်း Fany သူ့ချစ်​သူကို မြင်​​တော့ ပြုံးပြပြီး သတိလစ်​သွား​လေသည်
Taeyeon ငိုရင်း ပတ်​၀န်းကျင်​ကို တချက်​ကြည့်​​တော့ ​ရေဘူးကြီးကို​တွေ့ရ​လေသည်​.....
ရေ​တွေအားလုံး သူ့အင်္ကျီနဲ့ Fany ကိုယ်​​ပေါ်သို့ ​လောင်းချလိုက်​သည်​ ...ထိုအခါမှ ​မီးခိုး​ငွေ့​တွေကြားထဲ အသက်​၀၀ရှူ နိုင်​မည်​မဟုတ်​လား...
Fanyကို ​ကျောပိုးပြီး မီးခိုး​ငွေ့​တွေကြားက ​ပြေးထွက်​လာခဲ့သည်
ကံ​ကောင်း​ထောက်​မစွာဖြင့်​ SM အ​ဆောက်​အဦး အပြင်​ဘက်​သို့ ​ရောက်​သွားပြီး လူနာတင်​ယာဉ်​​ပေါ်မှ လူများဆင်းလာကာ Taenyတို့ကို ကား​ပေါ်သို့တင်​လိုက်​ကြသည်​....
အောက်​ဂျီဂျင်​maskများ တပ်​​ပေးပြီး ​ဆေးရုံသို့ ​ခေါ်သွားကြသည်
Fanyက​တော့ လူနာတင်​ကုတင်​​ပေါ်မှာ ဖြစ်​ပြီး Taeyeonက​တော့ အားတင်းကာ ​သွေးအလိမ်းလိမ်းထွက်​​နေတဲ့ သူ့ချစ်​သူကို​စောင့်​ကြည့်​​နေ၏.....သို့​သော်​ သိပ်​မကြာ​ပေ Taeyeonပါ သတိလစ်​သွား​လေ၏
Taeyeon သတိရလာ​တော့ ​ဆေးရုံ​ပေါ်က အခန်းတစ်​ခန်းထဲ ​ရောက်​​နေ၏.....
သို့​သော်​ Fany အ​ခြေအ​နေကို သိချင်​​သော​ကြောင့်​ ကုတင်​​ပေါ်က​နေဆင်းကာ အခန်းထဲက ထွက်​လာခဲ့သည်​....
သူနာပြု​တွေရဲ့ ​ပြောပြချက်​အရ Fanyက အ​ရေး​ပေါ်ခွဲစိတ်ခန်းထဲ​ရောက်​​နေ​ကြောင်း သိရသည်​....
အမြန်​ပင်​ အ​ရေး​ပေါ်ခွဲစိတ်​ခန်းရှိရာသို့ ​ပြေးသွား​လေသည်
"Fany ကို ငါ တ​ယောက်​တည်း မထားခဲ့သင့်​ဘူး"
Taeyeon သူ့ကိုယ်​သူ အပြစ်​တင်​ရင်း မျက်​ရည်​​တွေကျလာတယ်
မကြာခင်​ ​ခွဲစိတ်​ခန်းထဲက Fany ထွက်​လာပြီး ဆရာဝန်​​တွေက သူ့ကို လူနာ​ဆောင်​အခန်းသို့ ပို့ခိုင်း​လေသည်​...
Taeyeonက ဆရာဝန်​နဲ့ စကား​ပြောကျန်​ရစ်​​ပေမယ့်​ yul က​တော့ Fany ​နောက်​ ​ပြေးလိုက်​သွားသည်
"Tae Tae......."
Yul အခန်း​ပေါက်​​ရှေ့​ရောက်​​တော့ ရုတ်​တရက်​ကြားရတဲ့ ငြီးသံ​ကြောင့်​ ​ခြေလှမ်း​တွေ ရပ်​သွား​လေသည်
"Tae Tae......"
Fany က​ယောင်​ကတမ်း ညည်းညူသံကို ဆက်​မကြားချင်​တာနဲ့ Yul အမြန်​ နီးစပ်​ရာ အိမ်​သာထဲသို့ ​ပြေးဝင်​သွား​လေသည်​.....
"မင်း​ဘေးနား ငါအချိန်​တိုင်း ရှိခဲ့တယ်​​လေ....မင်း ငါ့ကိုချစ်​​ရောချစ်​ခဲ့ရဲ့လား နည်းနည်း​လောက်​​တောင်​ ငါ့ကို ချစ်​ခဲ့လား Tiffany မင်း ငါ့အ​ကြောင်း....ငါ့အတွက်​ စိတ်​ပူ​ပေးဖူးလား.....ဒါမှမဟုတ်​ ဟို​ကောင်​အ​ကြောင်းဘဲ​တွေး​နေတာလား....​ပြောပါ ဘယ်​လိုလုပ်​မှ မင်း ငါ့ကို ချစ်​လာမှာလည်း....."
Yul ငို​ကြွေးရင်း နံရံ​တွေကို ​လက်​သီးနဲ့ အချက်​​ပေါင်းများစွာ ပိတ်​ထိုးလိုက်​သည်​.......
Bạn đang đọc truyện trên: Truyen3h.Co