Truyen3h.Co

Choice

Choice Part- 29

KimFany059

Taeyeonတစ်​​ယောက်​ နှုတ်​ထွက်​စာကို Sunnyရဲ့ စားပွဲခုံ ​ပေါ် တင်​လိုက်​ပြီး Sunnyကို အရိုအ​သေ​ပေးလိုက်​သည်

"Mr.Handsome......အလုပ်​ထွက်​မှာ ​သေချာသွားပြီ​ပေါ့..... .."

Sunny ​မေး​တော့ Taeyeon ​ခေါင်းညိတ်​ပြလိုက်​သည်

"Siwon ​ပြောတာ​တော့ တစ်​စုံတစ်​​ယောက်​ကို ကာကွယ်​ဖို့ အခုလိုလုပ်​တာဆို.....အဲ့တစ်​​ယောက်​က tiffany မဟုတ်​လား "

Taeyeonထပ်​ပြီး ​ခေါင်းညိတ်​ပြလိုက်​သည်

"ငါ့အမြင်​ကို ​ပြောရရင်​ ဒီအ​ခြေအ​နေမှာ tiff​any က မင်းကို ပိုလိုအပ်​တယ်​ "

"Wow SM အ​ဆောက်​အဦး အသစ်​က အ​ဟောင်းထက်​ ပို​ကောင်းတယ်​​နော်​ "

Taeyeon စကားလမ်း​ကြောင်းလွှဲလိုက်​သည်​.....

" ငါ ဘယ်​သူ့ကိုမှ ပြန်​မ​ပြောပါဘူး ဒါ​ပေမယ့်​.. ......bomb​ပေါက်​ကွဲမှုက Tiffany နဲ့ သက်​ဆိုင်​​နေသလား....."

Taeyeon သက်​ပြင်းချလိုက်​သည်

" ဘာ​ပြောရမှန်း​တောင်​ မသိ​တော့ဘူး "

" အဲ့တာ​ကြောင့်​ ဒီက ထွက်​ချင်​တာလား....Tiffanyကို ဘယ်​လိုလုပ်​မလည်း.....နင်​ကသူ့အနားမှာမှ မရှိ​တော့တာ ဘယ်​လို ကာကွယ်​​​ပေးမလည်း "

"သူ သက်​သာသွားရင်​ LAကို ​ပြောင်းမယ်​ထင်​တယ်​ "

"အဲ့ဒီ​တော့ "

"သူ လုံခြုံမှာပါ ဘယ်​သူမှ သူ့ကို အန္တရယ်​​ပေးမှာ မဟုတ်​ဘူး ကျွန်​​တော်​က ​သေချာ​ပေါက်​ ကာကွ​ယ်​​ပေးမှာ "

"ဘယ်​လိုကာကွ​ယ်​​ပေးမှာလည်း "

"....."

"Taeyeon ah...​သေချာစဉ်းစားပါအုံး......"

~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆေးရုံတွင်​ Fany ကို ​စောင့်​​ပေးရင်း ပြတင်း​ပေါက်​ အပြင်​ဘက်​ကို Taeyeon ​ငေးကြည့်​​နေသည်

ဆေးရုံဝန်းနဲ့အပြင်​ဘက်​တွင်​ Fanyကို စိတ်​ပူပြီး ​စောင့်​​ပေးဆု​တောင်း​ပေး​နေတဲ့ Fan​တွေ အများကြီး ရှိ​နေ၏

Fanyအတွက်​ စာ​တွေ ဆု​တောင်း​ပေးတဲ့ ဖ​ယောင်းတိုင်​​တွေနဲ့ Fan​တွေကို ကြည့်​ပြီး

"Fany ah.....မင်းကို ချစ်​ကြတဲ့ သူ​တွေအများကြီးပါလား "

" သူတို့​ကြောင့်​ ငါ အရမ်း​ပျော်​ရတယ်​.....ငါ သူတို့ကို တစ်​ခုခုပြန်​လုပ်​​ပေးသင့်​တယ်​ထင်​တယ်​...."

" အင်း....မင်းသက်​သာလာပြီဆိုတာ ပရိတ်​သတ်​​တွေကို အသိ​ပေးလိုက်​​လေ....."

"Live လွှင့်​လိုက်​ရင်​ ​ကောင်းမယ်​ထင်​တယ်​....."
Fany phone ယူပြီး IGထဲသို့ ၀င်​လိုက်​သည်

"မင်းရဲ့ ပရိတ်​သတ်​​တွေက​တော့ မင်းကိုမြင်​ခွင့်​ရလို့ အရမ်း​ပျော်​ကြ​တော့မယ်​.... "

"Tae ငါ့မျက်​နှာက ဘယ်​လိုလည်း လှလား ရုပ်​ဆိုးလား ​ကြောက်​ဖို့​ကောင်းလား......."

" မင်းက အမြဲတမ်း လှပါတယ်​......"

Taeyeon ပရိတ်​သတ်​​တွေနဲ့ စကား​ပြော​နေတဲ့ fanyကို ကြည့်​ပြီး ပြုံး​နေ၏

Fanyက အချစ်​ခံလူတန်းစားပါ....သူ ​ဆေးရုံတက်​​နေတဲ့ အချိန်​တွင်း ဒါရိုက်​တာ​တွေ ထုတ်​လုပ်​သူ​တွေ magazineတိုက်​က လူ​တွေ SBSက ၀န်​ထမ်း​တွေ မင်းသား မင်းသမီး အဆို​တော်​​တွေ အများကြီး သူ့ကို လာ​အား​ပေးကြသည်​....

သို့​သော်​.....Yulက​တော့ လုံးဝ​ရောက်​မလာခဲ့​ပေ.....

ကြည့်​ရတာ သူတို့နှစ်​​ယောက်​ ဆက်​ဆံ​ရေးကို Yulသိသွားပြီလို့ Taeyeon ​ကောက်​ချက်​ချ လိုက်​သည်

Yulအတွက်​လည်း သူ စိတ်​မ​ကောင်းဖြစ်​မိသည်​ သူတို့နှစ်​​ယောက်​က မိန်းမတစ်​​ယောက်​တည်းကို ချစ်​မိ​နေကြသည်​......Fanyအတွက်​ဆို ​တွေ​ဝေခြင်းမရှိတဲ့ လူနှစ်​​ယောက်​အတွက်​ ​​လောကကြီးက ရက်​စက်​လွန်းတယ်​....ထိုလူနှစ်​​ယောက်​ထဲက တ​ယောက်​သာလျှင်​.....Fanyနဲ့....အဆုံးထိ လက်​တွဲသွားနိုင်​မည်​.....

Taeyeonက​တော့ Yulကို ​ကျေးဇူးတင်​မိ​နေသည်​....Yulရှိ​နေစဉ်​ အ​တောအတွင်း Fany ဘာမှမဖြစ်​ခဲ့လို့ Yulကသာလျှင်​ သူမဘ၀ကို သူ့ထက်​ကာကွယ်​​ပေးနိုင်​မယ်​လို့ Taeyeon ​တွေးပြီး ဆုံးဖြတ်​ချက်​ကို ခိုင်​မာစွာ ချလိုက်​သည်

Hello ....author စာ​မေးပွဲ ပြီးသွားလို့ Fic​တွေ ပြန်​​ရေး​နေပြီ​နော်​ အကြာကြီး​စောင့်​ခိုင်းထားရလို့ အားနာပါတယ်​ 😔😔

Bạn đang đọc truyện trên: Truyen3h.Co