Final
ဆေးရုံသွားတဲ့ လမ်းတစ်လျှောက် Fany တစ်ယောက် Taeyeon ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်
Taeyeonကို ဆုံးရှုံးရမှာ Fany အရမ်း ကြောက်နေသည်
Taeyeon မှာတော့ သတိလစ်နေပြီး ညာဘက်လက်ကလည်း သွေးတွေ ဒလဟော စီးကျနေသည်
Fanyရဲ့ ဂါဝန်အဖြူရောင်လေးဟာလည်း Taeyeonရဲ့  သွေးတွေကြောင့် အနီရောင် အဖြစ်သို့ ပြောင်းလဲသွားသည်
"Tae Tae.....ငါ့ကို ဒီလို နည်းလမ်းနဲ့ မသတ်ပါနဲ့ဟာ.....နင်သာ သေသွားရင်....ငါ ငါ့ကိုယ်ငါ သတ်သေပြီး နင့်နောက် လိုက်ခဲ့မယ်.. ..."
ဆေးရုံရှေ့ရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး Taeyeon ကို ပွေ့ချီကာ Fany ဆေးရုံထဲသို့ ၀င်သွားလေသည်
"ကယ်ကြပါအုံးရှင်.. ....."
ဆရာဝန်တွေ သူနာပြုတွေ ရောက်လာကြပြီး Taeyeonကို ခွဲစိတ်ခန်းထဲသို့ ခေါ်သွားကြလေသည်.....
Fanyကတော့ သူ့အဖေကို ဖက်ပြီး စိုးရိမ်စိတ်နဲ့ ငိုနေ၏
"Tiffany shii......."
Fanyနဲ့ Mr.Hwangမှာ Siwon အသံကြောင့် လှည့်ကြည့်လိုက်သည်
Siwon ရုတ်တရက် Fany ရှေ့ ဒူထောက်လိုက်လို့ Fany အံ့အားသင့်သွားတယ်
"Siwon Oppa ဘာလုပ်တာလည်း....."
"Tiffanyကို တောင်းပန်ချင်လို့ပါ....."
"ရှင် ဘာလို့လည်း.. ...."
Siwonလည်း ဖြစ်ပျက်သမျှ အားလုံးရှင်းပြတော့ Fany အံ့သြလို့ မဆုံးဖြစ်သွားသည်
"Siwon shii.. ...ရှင် ဘယ်လိုတောင် ရက်စက်တာလည်း Taeyeonက သူက ..... သူက ရှင့်ကို အကို တစ်ယောက်လို သဘောထား လေးစားခဲ့တာလေ......"
"တောင်းပန်ပါတယ်.....ကျွန်တော့်ရဲ့ အပြစ်တွေကို ဆေးကြောဖို့ ရဲစခန်းမှာ ကိုယ်တိုင် ၀န်ခံမှာပါ.....အဲ့မတိုင်ခင် Tiffanyကို တောင်းပန်ချင်လို့ပါ.. ....."
Fany မှာ စိတ်တိုလွန်းလို့ အံကို ကြိတ်ထားလေသည်
"ရှင် ထွက်သွားပါတော့.........ရှင့်မျက်နှာကို ကျွန်မ မမြင်ချင်တော့ဘူး....."
Siwon လည်း ထွက်သွားရော Fanyမှာ ရှော့ခ်ဖြစ်ပြီး သတိလစ်သွားလေသည်
Taeyeonမှာ Deguက သူ့အိမ်ရှေ့မှာ မတ်တပ်ရပ်နေ၏
သူ ဒီနေရာကို ဘယ်လိုရောက်လာမှန်း Taeyeon မသိပေ.....
ပတ်ဝန်းကျင်ကို လျှောက်ကြည့်ရင်း လက်တွဲကာ လျှောက်လာတဲ့ သူ့မိဘတွေကို တွေ့လေသည်
"Appa Omma....."
Taeyeonမှာ သူ့မိဘတွေကို ပြေးဖက်လေသည်
"Taeyeon....."
"ကျွန်တော့်ကို မထားခဲ့ပါနဲ့ Appaတို့နဲ့ လိုက်ချင်တယ်.. ...."
"Taeyeon....appaတို့က မင်းကို ချစ်ပါတယ်....ဒါပေမယ့်.. ....မင်းကိုတော့ ခေါ်မသွားနိုင်ဘူး....."
"Wae....."
"သားရယ် သား ကောင်မလေးက သားကို စောင့်နေတာ မဟုတ်လား....သားက ငယ်ပါသေးတယ်ကွယ် သားချစ်သူနဲ့ ဘ၀တစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရအုံးမှာလေ......"
"ဟုတ်တယ် သား....ဒီတစ်လျှောက်လုံး သား တော်တော် ခံစားခဲ့ရပါပြီ.....ဒါပေမယ့် သား ကြံ့ကြံ့ခိုင်နေနိုင်လို့ သားအတွက် Appa ဂုဏ်ယူပါတယ်.. ...ကဲ ဘာတွေ စောင့်နေတာလည်း ငိုနေတဲ့ သား ချစ်သူကို သွားချော့အုံး...."
"သွားလေ သား....Omarတို့က အမြဲ သားကို စောင့်နေမှာမို့ အရင်ဆုံး သား ချစ်သူဆီ သွားလိုက်ပါ....."
Taeyeonလည်း သူ့မိဘတွေကို နှုတ်ဆက်ပြီး ထိုနေရာက ထွက်လာခဲ့သည်
Taeyeon သတိရလာတော့ သူ့လက်ကို ကိုင်ကာ သူ့ကို ပြုံးကြည့်နေတဲ့ Fanyကို တွေ့ရလေသည်
"Tae Tae သတိရလာပြီလား.......အရမ်းလွမ်းနေတာ....."
Fanyမှာ Taeyeonရဲ့ ပါးလေးကို နမ်းပြီး ပြောလိုက်သည်
"ဘာလာလုပ်တာလည်း......."
Taeyeon သတိရရချင်း ပြောလိုက်တဲ့ စကားတစ်ခွန်းပင် ဖြစ်သည်.....သို့သော် Fanyက ဂရုမစိုက်ဘဲ
"ဆရာဝန်က Tae သတိရလာရင် ဆန်ပြုတ်တိုက်ဖို့ ပြောတယ် အာ.....ပါးစပ်ဟ....."
"Fany မင်းကို လက်မထပ်နိုင်ဘူးနော်......"
"နင်ပြောတာတွေ ငါ နားမထောင်ဘူးနော် ပါးစပ်ဟ ဆရာဝန်က နင့်ကို ဆန်ပြုတ်တိုက်ဖို့ ပြောထားတယ် ....."
"ကိုယ် လက်တဖက် ဆုံးရှုံးထားတာလေ.....မင်းအတွက် ကိုယ်က အရှုပ်ဘဲ ဖြစ်မှာ...."
"နားထောင် Tae Taeမှာ ဘယ်ဘက်လက်ရှိသေးတယ် အဲ့လက်နဲ့ Fanyကို ဖက်ထားပေးနိုင်တယ် Fanyလက်ကို တွဲထားနိုင်တယ် ပြီးတော့ Fanyတို့ မွေးလာမယ့် ကလေးကို ချီနိုင်တယ် ဟုတ်တယ်မလား.....ပြီးတော့ Fany ကတိပေးတယ် အမြဲတမ်း Taeyeonရဲ့ ညာဘက်လက် ဖြစ်ပေးပါမယ်လို့....."
ဒီတခါ Wedding မှာတော့ Fany တစ်ယောက် ပြုံးရွှင်နေ၏.....မပြုံးနိုင်သူကား Yul ပင်......
ပျော်ရွှင်နေတဲ့ Taeny တို့ အတွဲကို ကြည့်ပြီး Fany ပျော်လို့ Yul ပျော်နေပေမယ့် Fanyကို ဆုံးရှုံးရလို့လည်း Yul ၀မ်းနည်းနေသည်
"ငါ့ရဲ့ နောက် albumမှာ အဆွေးသီချင်းတွေ မရေးပေးနဲ့နော်Yul......"
Sica တယောက် သူ့သီချင်းရေးဆရာ Yulကို လက်တို့ပြီး ပြောလိုက်သည်
"ရေးပေးမှာ စိတ်ချ....."
"Ash...မကောင်းတဲ့ကောင်..."
Sica နှုတ်ခမ်းကို ကိုက်ပြီး ရန်တွေ့တော့ Yul သဘောကျပြီး ပြုံးလိုက်သည်
"Fany ah ကိုယ် ဘယ်လောက် ရက်စက်တဲ့ စကားတွေသုံးသုံး ကိုယ့်အဆုံးစွန်ထိကို စိတ်မပျက်သွားလို့ ကျေးဇူးတင်ပါတယ်....."
"မဟုတ်တာ Fanyကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်.. ..."
ဖာသာမှာ Taenyတို့ကို သစ္စာဆိုခိုင်းပြီးနောက်
"သတို့သား သတို့သမီး နမ်းနိုင်ပါပြီ......"
Taenyတို့မှာ လူအများရှေ့ရောက်နေတာကို မေ့ထားပြီး တစ်ယောက်နှုတ်ခမ်းကို တစ်ယောက် တပ်မက်စွာ နမ်းလိုက်ကြသည်
"ချစ်တယ် Fany...."
"ပိုချစ်တယ် Tae....."
The End.❤
Choice ကို အဆုံးထိ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်❤ဇာတ်သိမ်းကို သဘောကျမယ်လို့ထင်ပါတယ်😁
Bạn đang đọc truyện trên: Truyen3h.Co