Truyen3h.Co

First Love

Final (Z+U)

KimFany059




"Hey Chae....."


"အာ....Hi...."











"....."

















"ဘာလည်း...."


'ဘာမို့လို့လည်း Lisa.. ."









"တကယ်​ ကတိ​ပေးလား....."

"ကတိ....."



The End

#Unicode

Chaeyoungမှာ Lisaနဲ့ အတူနေပြီးနောက် Lisaကို မျက်နှာချင်းဆိုင် မတွေ့ရဲပေ.....

Lisaကို မြင်တာနဲ့ ရှက်ပြီး ရှောင်ပြေးနေ၏

တစ်နေ့တော့ ကျောင်းကန်တင်းတွင် Chaeyoung တစ်ယောက် နေ့လည်စာ စားနေချိန်Lisa ရုတ်တရက် ရောက်လာသည်

"Hey Chae....."

Chaeyoung မော့ကြည့်တော့ သူ့ကို ပြုံးပြုံးကြီး ကြည့်နေတဲ့ Lisaကို တွေ့ရလေသည်

"အာ....Hi...."

Chaeyoung ပတ်ဝန်းကျင်ကို တစ်ချက်ခိုးကြည့်တော့ Jennie တို့ အပါအဝင် အားလုံးမှာ သူတို့နှစ်ယောက်ကို အာရုံစိုက်ကြည့်နေတာကို တွေ့ရလေသည်

"ထပ်ပြီး ငါ့တွေ့ရင် ရှောင်မပြေးတော့ပါဘူးနော်....."

"ငါ ဘယ်မှာ ရှောင်ပြေးလို့လည်း "

"ရှောင်မပြေးဘူးဆိုလည်း ပြီးတာဘဲ ပြွတ်စ်....."

Lisa ပြောရင်း Chaeyoung နှုတ်ခမ်းကို ရုတ်တရက်နမ်းလိုက်သောကြောင့် ကန်တင်းတစ်ခုလုံး ဆူညံသွားကြသည်

"ငါ အစကတည်းက ပြောပါတယ် Chaeyoung yah...."

Jennie တို့မှာ Chaeyoungကို လှမ်းစနေကြသည်

"အခု မင်းက ငါ့အပိုင် ဖြစ်သွားပြီဆိုတာ သိတယ်ဟုတ်....."

"ငါက နင့်အပိုင် ဟုတ်လား.. .."
Chaeyoung မျက်ခုံးပင့်ပြပြီး မေးလိုက်သည်

"ဟုတ်တယ် ဒါကြောင့် ထပ်ပြီး ထွက်ပြေးဖို့ မကြိုးစားနဲ့...."

"....."

'Come on .....လူရှင်းတဲ့ ကော်ဖီဆိုင် သွားထိုင်ရအောင် "

Chaeyoungရဲ့ လက်ကိုဆွဲပြီး ကျောင်းထဲကနေ Lisa ထွက်လာလေသည်

သို့သော်လည်း Lisa ကော်ဖီဆိုင်ကို မသွားဘဲ ဟန်မြစ်ဘက်သာ သွားနေသည်

ဟန်မြစ်ဘေးတွင် နှစ်ယောက်သား ထိုင်ပြီး တိတ်ဆိတ်နေကြ၏

"Chaeyoung.. .နင်သိလား နင့်နှုတ်ခမ်းလေးကလေ အရမ်းကို ချိုလိုက်တာ .....နင်သိလား နင်က ငါ့မနက်ခင်းအတွက် မရှိမဖြစ် ကော်ဖီလေး....နင်သိလား နင်က အုံ့မှိုင်းနေတဲ့ ငါ့ကမ္ဘာအတွက် နေရောင်ခြည်လေး....ငါ့ဘဝကြီးက ရုပ်ရှင်ဆိုရင်တော့ နင်ပါတဲ့ အပိုင်းက အကောင်းဆုံးဘဲ.. ..."

Lisaပြောသမျှ Chaeyoung ဘာမှပြန်မပြောဘဲ ဒီတိုင်းနားထောင်နေလို့ Lisa မျက်မှောင်ကြုတ်ကာ
"နင် ဘာမှပြန်မပြောတော့ဘူးလား..."

" ဘယ်စာအုပ်ထဲက စကားတွေလည်း...."

"ကျွတ်....နင်နော် ငါ့ရင်ထဲကစကားတွေပါဟ...."

Lisa နှုတ်ခမ်းစူပြီး စိတ်ကောက်သွားတော့ Chaeyoung သဘောကျပြီး ရယ်လိုက်သည်

"ချစ်ဖို့ကောင်းအောင် မနေစမ်းပါနဲ့.....နင်သိလား Lisa ....နင့်ကိုလေ ငါ ချစ်လို့ကို မဝဘူး....."

"ငါ့ကို ဘယ်လောက်ထိချစ်လည်း ...."

"အချစ်မှာ ဟောဒီလောက် ချစ်တယ်လို့ တိုင်းတာလို့မှ မရတာ......"

Chaeyoung သူ့ရှေ့က ကျောက်စရစ်ခဲကို ယူပြီး မြစ်ထဲသို့ ပစ်လိုက်သည်

"Chae......ငါ....ငါအရင်က ပွေခဲ့ရှုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်နော်...."

"ရပါတယ်.. .....ပြီးခဲ့တာလည်း ပြီးပါပြီ......အတိတ်ကို အတိတ်မှာထားလိုက်တော့...."

"ပြီးတော့ ဝန်ခံစရာရှိသေးတယ်...."

"ဘာလည်း...."

"ငါ ပြောရင် နင်ငါ့ကို မမုန်းဘူးလို့ ကတိပေး...."

'ဘာမို့လို့လည်း Lisa.. ."

"နင် ကတိပေးတယ် မဟုတ်လား..."

"Lalisa.....နင်ထပ်ပြီး .....ငါမသိအောင်....."

"No no မဟုတ်ဘူး နင် ထင်သလို မဟုတ်ပါဘူးဟ...."

Lisaမှာ လက်ကာပြီး ငြင်းလေ၏

"မသိဘူးလေ နင်က ပြောမှဖြင့် မပြောဘူး ရစ်နေတော့ကျ...."

'ငါ ပြောချင်တာက နင် စရောက်ကတည်းက ငါနင့်ကို မှတ်မိတယ်...မမှတ်မိချင်ယောင်ဆောင်နေတာ "

"အာ မသိပါဘူး ငါ မသိအောင် ထပ်ပြီး ဖောက်ပြန်နေတာလားလို့...."

"ငါ နင့်ကို နာကျင်စေမယ့် ကိစ္စမျိုး ထပ်မလုပ်တော့ဘူးလေနော် "

"တကယ် ကတိပေးလား....."

"ကတိ....."

Chaelisa တို့နှစ်ယောက် ဟန်မြစ်ဘေးတွင် စကားပြောကြရင်း တစ်ယောက်ခံစားချက်တွေ တစ်ယောက် ပိုသိရှိလာကြသည်

နောက်ပိုင်းတွင် ဘာကိုမှ ဖုန်းကွယ်မထားတော့ဘဲ တစ်ယောက်ကိုတစ်ယောက် ချစ်ပေး ဂရုစိုက်ပေးတဲ့ Chaelisaတို့အတွဲဟာ ကျောင်းတွင် အားလုံးအတွက် idol couple ဖြစ်သွားကြသည်..........

The End

Bạn đang đọc truyện trên: Truyen3h.Co