Truyen3h.Co

First Love

Part-4 (Z+U)

KimFany059

#Zawgyi

Chaeyoung အိပ္​ရာက ႏုိးလာ​ေတာ့ သူ ဘယ္​လုိလုပ္​ၿပီး အိမ္​ကုိ ျပန္​​ေရာက္​လာမွန္​း မမွတ္​မိ​ေပ......

"ဟင္​ အိမ္​ကုိ ငါ ဘယ္​လုိျပန္​​ေရာက္​လာတာလည္​း....."

Chaeyoung အိပ္​ခ်င္​မူးတူးနဲ႔ ​ေအာက္​ကုိ ဆင္​းလာ​ေတာ့ Jensooတုိ႔မွာ ​ေပါင္​မုန္​႔ မီးကင္​ရင္​း Ro​ေနၾကတာကုိ ​ေတြ႔လုိက္​ရသည္​

"Ash ​ေစာ​ေစာစီးစီး ​ေစာင္​ Rs​ေတြ ႐ွဴး ႐ွဴး......"

Chaeyoung အသံ​ေၾကာင္​့ Jisooလည္​း Jennie ခါးကုိ ဖက္​ထားရာမွ Chaeyoungကို လွည္​့ၾကည္​့ၿပီး

"Good Moring အရက္​သမား​ေရ.....မ​ေသာက္​တတ္​လုိ႔ ​ေတာ္​​ေသးတယ္​​ေနာ္​ ဒီကုိျပန္​​ေရာက္​လာကတည္​းက ​ေသာက္​လုိက္​တာဆုိတာ​ေလ.....လူမွန္​းသူမွန္​းမသိ​ေအာင္​ကုိ ​ေသာက္​တာ....."

Chaeyoung ​ေခါင္​းကုိကုတ္​လုိက္​ၿပီး ရယ္​ျပလုိက္​သည္​
"အဟီး ....."

မနက္​စာ စားၿပီး Chaeyoungတုိ႔ ​ေက်ာင္​းကုိ ထြက္​လာၾကသည္​

Jensooတုိ႔မွာ အတန္​းတက္​​ေပမယ္​့ Chaeyoung မွာ အတန္​းတက္​​ရမွာကုိ ပ်င္​းလုိ႔ အတန္​းလစ္​​ေလသည္​

​​ေက်ာင္​းရဲ႕ ၾကာကန္​​ေဘးနားက ခုံမွာ Chaeyoungထုိင္​ရင္​း ကန္​​ေရျပင္​ကို ​ေငးၾကည္​့​ေနသည္​

"စိတ္​မ႐ွိဘူးဆုိရင္​ ဒီနားမွာ လာထုိင္​​လုိ႔ရလား...."

Chaeyoung သူ ရင္​းႏွီးတဲ့အသံမုိ႔ ​ေမာ့ၾကည္​့​ေတာ့ Lisa ျဖစ္​​ေနသည္​

"ထုိင္​လုိ႔မရဘူး....."

Chaeyoung ​ေခ်ာင္​းဟန္​႔ၿပီး ​ေျပာလိုက္​သည္​

"ဘာလုိ႔လည္​း "

"ငါ တစ္​​ေယာက္​တည္​း ​ေနခ်င္​လုိ႔ ၿပီး​ေတာ့ ငါ ျပန္​လာတာ​ေတာင္​ နင္​က....အား ​ေတာ္​ၿပီ ဆက္​မ​ေျပာခ်င္​ဘူး အဲ့တာ​ေၾကာင္​့ မထုိင္​နဲ႔......"

Chaeyoungရဲ႕ က​ေလးဆန္​မႈ​ေၾကာင္​့ Lisa သ​ေဘာက်ၿပီး ရယ္​လုိက္​သည္​

"Haha You're funny Chaeyoung...."

"......"

"အတန္​းလစ္​တာခ်င္​း အတူတူ ငါတုိ႔ အျပင္​ကို ​ေလ်ွာက္​လည္​ရင္​ မ​ေကာင္​းဘူးလား ငယ္​ငယ္​တုံးက အမွတ္​တရ​ေတြကုိလည္​း ျပန္​႐ွာရင္​း​ေလ....."

Chaeyoungလည္​း Lisa ​ေခၚရာ​ေနာက္​ ပါသြား​ေလသည္​

အနက္​​ေရာင္​ ျပဳိင္​ကားကုိ ၾကည္​့ရင္​း Chaeyoungမွာ
"Lisa.....နင္​ ကား​ေမာင္​းၿပီး ​ေလ်ွာက္​လည္​မလုိ႔လား....."

"ဒါ​ေပါ့ အ႐ူးမ​ေလးရဲ႕ ကားနဲ႔မလည္​လုိ႔ ​ေျခက်င္​သြားခ​်င္​တာလား........"

"ငါ​ေျပာခ်င္​တာကဟာ နင္​ ဘယ္​တုံးက ကား​ေမာင္​းသင္​ထားတာလည္​းလုိ႔ "

"စိတ္​ခ်လက္​ခ် လုိက္​ခဲ့ပါ babeရဲ႕......."

Lisaမွာ Chaeyoungရဲ႕ ဆံပင္​​ေတြကုိ လက္​နဲ႔ဖြၿပီး ​​ေျပာကာ ကား​ေပၚတက္​သြား​ေလသည္​

Chaeyoungမွာ ကားျပတင္​း​ေပါက္​က​ေန အျပင္​က ႐ႈခင္​း​ေတြကို ​ေငးၾကည္​့​ေန၏

"​ငါ မ႐ွိတဲ့​ ​ေနာက္​ပုိင္​း ​ေတာ္​​ေတာ္​​ေလး ​ေျပာင္​းလဲသြားတာဘဲ........"

Lisaက​ေတာ့ သီခ်င္​း​ေလး ညည္​းရင္​း ကား​ေမာင္​း​ေနသည္​

နာရီ၀က္​​ေလာက္​ၾကာ​ေတာ့ ​ေကာ္​ဖီဆုိင္​ တစ္​ဆုိင္​​ေ႐ွ႕ Lisa ရပ္​လုိက္​သည္​

ထုိ႔​ေနာက္​ Chaeyoungကို ကား​ေပၚက ​ဆင္​းခုိင္​းၿပီး Lisaတုိ႔ ​ေကာ္​ဖီဆုိင္​ထဲ ၀င္​သြား​ၾကသည္​

"Wow အရမ္​းလွတာဘဲ....."

အထဲကို ၀င္​သြား​ေတာ့ ပန္​းခင္​း​ေတြၾကားက စားပြဲခံု​ေလး​ေတြနဲ႔ လွလွပပ အလွဆင္​ထားတာ​ေတြကုိ ​ေတြ႔ရၿပီး Chaeyoung အရမ္​း အ့ံျသ​ေန၏

"နင္​ ဒီ​ေနရာကုိ ဘယ္​လုိသိတာလည္​း ခဏခဏ လာတာလား......."

"ဒါ​ေပါ့ ခဏခဏ လာတာ အထူးသျဖင္​့ နင့္လုိ မိန္​းမလွ​ေလး​ေတြနဲ႔ ခ်ိန္​း​ေတြ႔တဲ့အခါက်ရင္​......"

Lisa စကား​ေၾကာင္​့ Chaeyoung မွာ ​ေခါင္​းခါရယ္​ရင္​း
"ငါက မိန္​းမလွ​ေလး မဟုတ္​သလုိ နင္​န႔ဲ ငါကလည္​း ခ်ိန္​း​ေတြ႔​ေနတာ မဟုတ္​ဘူး​ေလ......"

"Shut up....."

Lisaတုိ႔ ​ေကာ္​ဖီအတူ ​ေသာက္​ၾကရင္​း

"Lisa.....ငါ ငါ နင္​့ကုိ ထားခဲ့အတြက္​ ငါ ​ေတာင္​းပန္​ပါတယ္​ ဒါကုိ နင္​ ဂ႐ုမစုိက္​ဘူးဆုိတာ သိ​ေပမယ္​့....ငါ ​ေတာင္​းပန္​ခ်င္​လုိ႔ပါ.. ....."

"Chae...ငါလည္​း နင္​့ကို ​ေတာင္​းပန္​ပါတယ္​ ငါက......ငါ......ငါ ခ်စ္​တဲ့သူ​ေတြက ထားသြားမွာကုိ တအား​ေၾကာက္​တယ္​ဆုိတာ နင္​လည္​း သိပါတယ္​......"

"ငါ သိပါတယ္​ ဒါ​ေၾကာင္​့ နင္​့ဆီ ျပန္​လာတာ​ေပါ့ Lisa......."

Lisa လက္​ကို ကုိင္​ၿပီး Chaeyoung ​ေျပာလုိက္​သည္​

Lisaမွာ Chaeyoung ရဲ႕ အျပံဳးကုိ ​ေငးၾကည္​့ရင္​း.....

-tbc

Update အရမ္​းၾကာသြားလုိ႔ ​ေတာင္​းပန္​ပါတယ္​​ေနာ္​😁😁

#Tbc

#Unicode

Chaeyoung အိပ်ရာက နိုးလာတော့ သူ ဘယ်လိုလုပ်ပြီး အိမ်ကို ပြန်ရောက်လာမှန်း မမှတ်မိပေ......

"ဟင် အိမ်ကို ငါ ဘယ်လိုပြန်ရောက်လာတာလည်း....."

Chaeyoung အိပ်ချင်မူးတူးနဲ့ အောက်ကို ဆင်းလာတော့ Jensooတို့မှာ ပေါင်မုန့် မီးကင်ရင်း Roနေကြတာကို တွေ့လိုက်ရသည်

"Ash စောစောစီးစီး စောင် Rsတွေ ရှူး ရှူး......"

Chaeyoung အသံကြောင့် Jisooလည်း Jennie ခါးကို ဖက်ထားရာမှ Chaeyoungကို လှည့်ကြည့်ပြီး

"Good Moring အရက်သမားရေ.....မသောက်တတ်လို့ တော်သေးတယ်နော် ဒီကိုပြန်ရောက်လာကတည်းက သောက်လိုက်တာဆိုတာလေ.....လူမှန်းသူမှန်းမသိအောင်ကို သောက်တာ....."

Chaeyoung ခေါင်းကိုကုတ်လိုက်ပြီး ရယ်ပြလိုက်သည်
"အဟီး ....."

မနက်စာ စားပြီး Chaeyoungတို့ ကျောင်းကို ထွက်လာကြသည်

Jensooတို့မှာ အတန်းတက်ပေမယ့် Chaeyoung မှာ အတန်းတက်ရမှာကို ပျင်းလို့ အတန်းလစ်လေသည်

ကျောင်းရဲ့ ကြာကန်ဘေးနားက ခုံမှာ Chaeyoungထိုင်ရင်း ကန်ရေပြင်ကို ငေးကြည့်နေသည်

"စိတ်မရှိဘူးဆိုရင် ဒီနားမှာ လာထိုင်လို့ရလား...."

Chaeyoung သူ ရင်းနှီးတဲ့အသံမို့ မော့ကြည့်တော့ Lisa ဖြစ်နေသည်

"ထိုင်လို့မရဘူး....."

Chaeyoung ချောင်းဟန့်ပြီး ပြောလိုက်သည်

"ဘာလို့လည်း "

"ငါ တစ်ယောက်တည်း နေချင်လို့ ပြီးတော့ ငါ ပြန်လာတာတောင် နင်က....အား တော်ပြီ ဆက်မပြောချင်ဘူး အဲ့တာကြောင့် မထိုင်နဲ့......"

Chaeyoungရဲ့ ကလေးဆန်မှုကြောင့် Lisa သဘောကျပြီး ရယ်လိုက်သည်

"Haha You're funny Chaeyoung...."

"......"

"အတန်းလစ်တာချင်း အတူတူ ငါတို့ အပြင်ကို လျှောက်လည်ရင် မကောင်းဘူးလား ငယ်ငယ်တုံးက အမှတ်တရတွေကိုလည်း ပြန်ရှာရင်းလေ....."

Chaeyoungလည်း Lisa ခေါ်ရာနောက် ပါသွားလေသည်

အနက်ရောင် ပြိုင်ကားကို ကြည့်ရင်း Chaeyoungမှာ
"Lisa.....နင် ကားမောင်းပြီး လျှောက်လည်မလို့လား....."

"ဒါပေါ့ အရူးမလေးရဲ့ ကားနဲ့မလည်လို့ ခြေကျင်သွားချင်တာလား........"

"ငါပြောချင်တာကဟာ နင် ဘယ်တုံးက ကားမောင်းသင်ထားတာလည်းလို့ "

"စိတ်ချလက်ချ လိုက်ခဲ့ပါ babeရဲ့......."

Lisaမှာ Chaeyoungရဲ့ ဆံပင်တွေကို လက်နဲ့ဖွပြီး ပြောကာ ကားပေါ်တက်သွားလေသည်

Chaeyoungမှာ ကားပြတင်းပေါက်ကနေ အပြင်က ရှုခင်းတွေကို ငေးကြည့်နေ၏

"ငါ မရှိတဲ့ နောက်ပိုင်း တော်တော်လေး ပြောင်းလဲသွားတာဘဲ........"

Lisaကတော့ သီချင်းလေး ညည်းရင်း ကားမောင်းနေသည်

နာရီဝက်လောက်ကြာတော့ ကော်ဖီဆိုင် တစ်ဆိုင်ရှေ့ Lisa ရပ်လိုက်သည်

ထို့နောက် Chaeyoungကို ကားပေါ်က ဆင်းခိုင်းပြီး Lisaတို့ ကော်ဖီဆိုင်ထဲ ဝင်သွားကြသည်

"Wow အရမ်းလှတာဘဲ....."

အထဲကို ဝင်သွားတော့ ပန်းခင်းတွေကြားက စားပွဲခုံလေးတွေနဲ့ လှလှပပ အလှဆင်ထားတာတွေကို တွေ့ရပြီး Chaeyoung အရမ်း အံ့သြနေ၏

"နင် ဒီနေရာကို ဘယ်လိုသိတာလည်း ခဏခဏ လာတာလား......."

"ဒါပေါ့ ခဏခဏ လာတာ အထူးသဖြင့် နင့်လို မိန်းမလှလေးတွေနဲ့ ချိန်းတွေ့တဲ့အခါကျရင်......"

Lisa စကားကြောင့် Chaeyoung မှာ ခေါင်းခါရယ်ရင်း
"ငါက မိန်းမလှလေး မဟုတ်သလို နင်နဲ့ ငါကလည်း ချိန်းတွေ့နေတာ မဟုတ်ဘူးလေ......"

"Shut up....."

Lisaတို့ ကော်ဖီအတူ သောက်ကြရင်း

"Lisa.....ငါ ငါ နင့်ကို ထားခဲ့အတွက် ငါ တောင်းပန်ပါတယ် ဒါကို နင် ဂရုမစိုက်ဘူးဆိုတာ သိပေမယ့်....ငါ တောင်းပန်ချင်လို့ပါ.. ....."

"Chae...ငါလည်း နင့်ကို တောင်းပန်ပါတယ် ငါက......ငါ......ငါ ချစ်တဲ့သူတွေက ထားသွားမှာကို တအားကြောက်တယ်ဆိုတာ နင်လည်း သိပါတယ်......"

"ငါ သိပါတယ် ဒါကြောင့် နင့်ဆီ ပြန်လာတာပေါ့ Lisa......."

Lisa လက်ကို ကိုင်ပြီး Chaeyoung ပြောလိုက်သည်

Lisaမှာ Chaeyoung ရဲ့ အပြုံးကို ငေးကြည့်ရင်း.....

-tbc

Update အရမ်းကြာသွားလို့ တောင်းပန်ပါတယ်နော်😁😁

Bạn đang đọc truyện trên: Truyen3h.Co