Part-1 (Z+U)
#Zawgyi
"သူ႔ကို သတ္လုိက္....."
Chaeyoung စာလုပ္ရင္း အိပ္ေပ်ာ္သြားစဥ္ ႐ုတ္တရက္ေပၚထြက္လာတဲ့ အသံေၾကာင့္ လန္႔ႏုိးလာသည္....
ထပ္ၿပီး သရဲတစ္ေကာင္ သူ႔အခန္းထဲ ေရာက္ေနျပန္သည္
Chaeyoung အျမန္ ထကာ သရဲကုိ မျမင္ခ်င္ေယာင္ေဆာင္ၿပီး သူ႔ေဘးက ျဖတ္ေက်ာ္သြားသည္
ထုိ႔ေနာက္ သူ႔အခန္းထဲက အျမန္ထြက္ၿပီး သူ႔အေဖ စာၾကည့္ခန္းသုိ႔ ေျပးသြားေလသည္
"Appa.....Appa.....Appa...."
Chaeyoung သူ႔အေဖရဲ႕ စာၾကည့္ခန္းတံခါးကုိ ေခါက္ၿပီး ေအာ္လုိက္သည္
Mr.Park တံခါးလာဖြင့္ေပးၿပီး သူ႕ သမီးကုိ ၾကည့္ကာ
"အခန္းထဲ သရဲေရာက္လာျပန္တာလား...."
Chaeyoung ေခါင္းညိတ္ၿပီး သူ႕အေဖကို ဖက္လုိက္သည္
"Appa ႐ွိတယ္ မေၾကာက္နဲ႔ေနာ္...."
Mr.Park သူ႔သမီးကုိ ျပန္ဖက္လုိက္သည္
"Nae....."
"ကဲ အခန္းထဲ ျပန္လုိက္ပုိ႔ေပးမယ္...."
"သရဲ....."
"မ႐ွိေလာက္ေတာ့ပါဘူး သမီးရဲ့ ညေရာက္ေနၿပီ အိပ္ေတာ့ေလေနာ္...."
Mr.Park သူ႔သမီးကုိ ေခၚၿပီး သရဲ႐ွိတယ္ဆုိတဲ့ အခန္းထဲ ၀င္သြားေလသည္
"ကဲ ဘာသရဲမွ မျမင္ရေတာ့ဘူး မဟုတ္လား "
Chaeyoung ေခါင္းညိတ္ျပသည္
"ဒါဆုိ အိပ္ေတာ့ေနာ္ သမီးေလး...."
Chaeyoung ေခါင္းညိတ္ျပၿပီး ကုတင္ေပၚသုိ႔ တက္လုိက္သည္
"Chae....ဒါ သမီးအတြက္.. ..."
Mr.Park ေပးတဲ့ ဘူးေလးကုိ Chaeyoung ယူၿပီး ဖြင့္ၾကည့္လုိက္သည္
"Mp3...."
"ဟုတ္တယ္ သရဲအနား႐ွိရင္ ဒါမွမဟုတ္ အသံေတြ ၾကားေနရရင္ ဒါေလး နားေထာင္ေနလုိက္....Appaက သမီးေဘးနား အျမဲ ႐ွိေနႏုိင္မွာ မဟုတ္ဘူးေလ "
"Appaက သမီးကို ထားသြားမလုိ႔လား ....မထားသြားပါနဲ႔ သမီးနား ေဘးနား ေနေပးပါ...."
"ဒါဆိုရင္ သမီးလည္း Appaကုိ ထားမသြားပါဘူးလုိ႔ ကတိေပး "
"ဘယ္ေတာ့မွ ထားမသြားပါဘူး Appaရ...."
"ဒါဆုိ မငုိနဲ႔ေတာ့ Appaက သမီးကုိ ထာ၀ရ သိမ္းထားမွာ...ကဲ အိပ္ေတာ့ေနာ္ Appa လုပ္စရာ႐ွိလုိ႔.."
Mr.Park ေျပာၿပီး အခန္းထဲက ထြက္သြားလိုက္သည္
Chaeyoungကေတာ့ သူ႔အေဖ ေျပာတဲ့ စကားအဓိပၸါယ္ကုိ မသိဘဲ Mp3ေလး ၀ယ္ေပးလုိ႔ အရမ္းေပ်ာ္ေနသည္
Mp3ေလး နားေထာင္ရင္း Chaeyoung အိပ္ေပ်ာ္သြားေလသည္
After few months later
Chaeyoung ကုတင္ေပၚ ေအာက္အိပ္ၿပီး ကာတြန္းဖတ္ေနတုံး သူမ နာမည္ကုိ ေခၚသံၾကားရေလသည္
"Park Chaeyoung....."
Chaeyoung ဒီတခါ ေခၚသံက အရင္က အသံေတြနဲ႕ ေအာ္သံေဆြ မပါေတာ့လုိ႔ ထူးဆန္းသလုိ ခံစားရေနသည္
"Park Chaeyoung ငါ ေခၚတာ ၾကားလား"
သူ႔ေ႐ွ႕ လူတေယာက္ လာရပ္လုိ႔ Chaeyoung အရဲစြန္႔ကာ ေမာ့ၾကည့္ေတာ့ foreign တစ္ေယာက္နဲ့ တူတဲ့ ေကာင္မေလးကုိ ေတြ႔ရေလသည္
ထုိေကာင္မေလးက သရဲနဲ႔မတူလုိ႔ အခန္းထဲ လူစိမ္း၀င္လာတယ္ထင္ၿပီး Chaeyoung ေအာ္ေလသည္
Chaeyoung ေအာ္သံေၾကာင့္ ေကာင္မေလးမွာ က်ိန္ဆဲၿပီး ေပ်ာက္သြားေလသည္
"Chae သမီး အဆင္ေျပရဲ႕လား "
Mr.Parkမွာ သူ႔သမီး ေအာ္သံေၾကာင့္ ေျပးလာၿပီး အခန္းထဲသုိ႔ ၀င္လာသည္
"Chae....... သရဲ ျမင္လုိ႔လား "
Chaeyoung သူ႔အခန္းကုိ ေသခ်ာေအာင္ ျပန္ၾကည့္ၿပီး
"မသိဘူး Appa...မေသခ်ာဘူး "
"သရဲမ႐ွိဘူးဆုိလည္း ထားပါေတာ့ ဒီေန႔ ဘာေန႔လည္း သိလား "
Chaeyoung ေခါင္းခါျပေတာ့ Mr.Park ရယ္ၿပီး
"Appaေနာက္ လုိက္ခဲ့....."
Chaeyoung ကုတင္ေပၚက ဆင္းၿပီး စာအုပ္ကုိ စာအုပ္စင္ေပၚ လွမ္းတင္ရင္း စာအုပ္စင္ေဘးမွာ ေၾကာင္နက္ေလး တစ္ေကာင္ကုိ ေတြ႔ေလသည္
"အယ္...."
Chaeyoung အ့ံျသၿပီး ေၾကာင္ေလးကုိ စိုက္ၾကည့္ေနစဥ္
"Chaeyoung ျမန္ျမန္လာ "
Mr.Park ေခၚသံေၾကာင့္ Chaeyoung ေၾကာင္ကုိ ဂ႐ုမစုိက္ေတာ့ဘဲ အခန္းထဲက ေျပးထြက္သြားေလသည္
ဧည့္ခန္းထဲက ေဘာလုံးေတြနဲ႔ ကိတ္မုန္႔ကုိ ျမင္ေတာ့ Chaeyoung ပုိအ့ံျသသြားသည္
"Happy birthday Chae...."
"ဒီေန႔က သမီးေမြးေန႔လား "
"ကုိယ့္ေမြးေန႔ေတာင္ ကုိယ္ မသိဘူးလား "
"Gomawo Appa...."
Chaeyoung အရမ္းေပ်ာ္ၿပီး သူ႔Appaကုိ ေက်းဇူးတင္စကားေျပာလုိက္သည္
#TBC
#unicode
"သူ့ကို သတ်လိုက်....."
Chaeyoung စာလုပ်ရင်း အိပ်ပျော်သွားစဉ် ရုတ်တရက်ပေါ်ထွက်လာတဲ့ အသံကြောင့် လန့်နိုးလာသည်....
ထပ်ပြီး သရဲတစ်ကောင် သူ့အခန်းထဲ ရောက်နေပြန်သည်
Chaeyoung အမြန် ထကာ သရဲကို မမြင်ချင်ယောင်ဆောင်ပြီး သူ့ဘေးက ဖြတ်ကျော်သွားသည်
ထို့နောက် သူ့အခန်းထဲက အမြန်ထွက်ပြီး သူ့အဖေ စာကြည့်ခန်းသို့ ပြေးသွားလေသည်
"Appa.....Appa.....Appa...."
Chaeyoung သူ့အဖေရဲ့ စာကြည့်ခန်းတံခါးကို ခေါက်ပြီး အော်လိုက်သည်
Mr.Park တံခါးလာဖွင့်ပေးပြီး သူ့ သမီးကို ကြည့်ကာ
"အခန်းထဲ သရဲရောက်လာပြန်တာလား...."
Chaeyoung ခေါင်းညိတ်ပြီး သူ့အဖေကို ဖက်လိုက်သည်
"Appa ရှိတယ် မကြောက်နဲ့နော်...."
Mr.Park သူ့သမီးကို ပြန်ဖက်လိုက်သည်
"Nae....."
"ကဲ အခန်းထဲ ပြန်လိုက်ပို့ပေးမယ်...."
"သရဲ....."
"မရှိလောက်တော့ပါဘူး သမီးရဲ့ ညရောက်နေပြီ အိပ်တော့လေနော်...."
Mr.Park သူ့သမီးကို ခေါ်ပြီး သရဲရှိတယ်ဆိုတဲ့ အခန်းထဲ ဝင်သွားလေသည်
"ကဲ ဘာသရဲမှ မမြင်ရတော့ဘူး မဟုတ်လား "
Chaeyoung ခေါင်းညိတ်ပြသည်
"ဒါဆို အိပ်တော့နော် သမီးလေး...."
Chaeyoung ခေါင်းညိတ်ပြပြီး ကုတင်ပေါ်သို့ တက်လိုက်သည်
"Chae....ဒါ သမီးအတွက်.. ..."
Mr.Park ပေးတဲ့ ဘူးလေးကို Chaeyoung ယူပြီး ဖွင့်ကြည့်လိုက်သည်
"Mp3...."
"ဟုတ်တယ် သရဲအနားရှိရင် ဒါမှမဟုတ် အသံတွေ ကြားနေရရင် ဒါလေး နားထောင်နေလိုက်....Appaက သမီးဘေးနား အမြဲ ရှိနေနိုင်မှာ မဟုတ်ဘူးလေ "
"Appaက သမီးကို ထားသွားမလို့လား ....မထားသွားပါနဲ့ သမီးနား ဘေးနား နေပေးပါ...."
"ဒါဆိုရင် သမီးလည်း Appaကို ထားမသွားပါဘူးလို့ ကတိပေး "
"ဘယ်တော့မှ ထားမသွားပါဘူး Appaရ...."
"ဒါဆို မငိုနဲ့တော့ Appaက သမီးကို ထာဝရ သိမ်းထားမှာ...ကဲ အိပ်တော့နော် Appa လုပ်စရာရှိလို့.."
Mr.Park ပြောပြီး အခန်းထဲက ထွက်သွားလိုက်သည်
Chaeyoungကတော့ သူ့အဖေ ပြောတဲ့ စကားအဓိပ္ပါယ်ကို မသိဘဲ Mp3လေး ဝယ်ပေးလို့ အရမ်းပျော်နေသည်
Mp3လေး နားထောင်ရင်း Chaeyoung အိပ်ပျော်သွားလေသည်
After few months later
Chaeyoung ကုတင်ပေါ် အောက်အိပ်ပြီး ကာတွန်းဖတ်နေတုံး သူမ နာမည်ကို ခေါ်သံကြားရလေသည်
"Park Chaeyoung....."
Chaeyoung ဒီတခါ ခေါ်သံက အရင်က အသံတွေနဲ့ အော်သံဆွေ မပါတော့လို့ ထူးဆန်းသလို ခံစားရနေသည်
"Park Chaeyoung ငါ ခေါ်တာ ကြားလား"
သူ့ရှေ့ လူတယောက် လာရပ်လို့ Chaeyoung အရဲစွန့်ကာ မော့ကြည့်တော့ foreign တစ်ယောက်နဲ့ တူတဲ့ ကောင်မလေးကို တွေ့ရလေသည်
ထိုကောင်မလေးက သရဲနဲ့မတူလို့ အခန်းထဲ လူစိမ်းဝင်လာတယ်ထင်ပြီး Chaeyoung အော်လေသည်
Chaeyoung အော်သံကြောင့် ကောင်မလေးမှာ ကျိန်ဆဲပြီး ပျောက်သွားလေသည်
"Chae သမီး အဆင်ပြေရဲ့လား "
Mr.Parkမှာ သူ့သမီး အော်သံကြောင့် ပြေးလာပြီး အခန်းထဲသို့ ဝင်လာသည်
"Chae....... သရဲ မြင်လို့လား "
Chaeyoung သူ့အခန်းကို သေချာအောင် ပြန်ကြည့်ပြီး
"မသိဘူး Appa...မသေချာဘူး "
"သရဲမရှိဘူးဆိုလည်း ထားပါတော့ ဒီနေ့ ဘာနေ့လည်း သိလား "
Chaeyoung ခေါင်းခါပြတော့ Mr.Park ရယ်ပြီး
"Appaနောက် လိုက်ခဲ့....."
Chaeyoung ကုတင်ပေါ်က ဆင်းပြီး စာအုပ်ကို စာအုပ်စင်ပေါ် လှမ်းတင်ရင်း စာအုပ်စင်ဘေးမှာ ကြောင်နက်လေး တစ်ကောင်ကို တွေ့လေသည်
"အယ်...."
Chaeyoung အံ့သြပြီး ကြောင်လေးကို စိုက်ကြည့်နေစဉ်
"Chaeyoung မြန်မြန်လာ "
Mr.Park ခေါ်သံကြောင့် Chaeyoung ကြောင်ကို ဂရုမစိုက်တော့ဘဲ အခန်းထဲက ပြေးထွက်သွားလေသည်
ဧည့်ခန်းထဲက ဘောလုံးတွေနဲ့ ကိတ်မုန့်ကို မြင်တော့ Chaeyoung ပိုအံ့သြသွားသည်
"Happy birthday Chae...."
"ဒီနေ့က သမီးမွေးနေ့လား "
"ကိုယ့်မွေးနေ့တောင် ကိုယ် မသိဘူးလား "
"Gomawo Appa...."
Chaeyoung အရမ်းပျော်ပြီး သူ့Appaကို ကျေးဇူးတင်စကားပြောလိုက်သည်
#TBC
Bạn đang đọc truyện trên: Truyen3h.Co