Truyen3h.Co

Ghost

Part 10 (Z+U)

KimFany059


#zawgyi

Lisa ေရေသာက္ဖုိ႔ အခန္းထဲက ထြက္လာစဥ္ တံခါးေခါက္သံေၾကာင့္ သြားဖြင့္လုိက္ေတာ့

"Chaeyoung ရဲ႕ အိမ္လား မသိဘူး"

"Park Chaeyoung....."

Lisa မ်က္ေမွာင္ၾကဳတ္ၿပီး Chaeyoungကို ေအာ္ေခၚလုိက္သည္

Chaeyoung လည္း Lisa အသံေၾကာင့္ အခန္းထဲက ထြက္လာေတာ့ Lisaလည္း သူ႔အခန္းထဲ ျပန္ဝင္သြားသည္

"Oh Mino shii....ဘယ္လုိလုပ္ေရာက္လာတာလည္း Chaw အိမ္ကုိ ဘယ္လုိသိတာလည္း"

"အာ....ေကာ္ဖီဆုိင္က ဝန္ထမ္းေတြနဲ႔ ကြၽန္ေတာ္ ရင္းႏွီးတယ္ေလ သူတို႔ကိုေမးၾကည့္လုိက္တာ"

Mino ႐ွက္ၿပီး သူ႔လည္ပင္းကုိ ကုတ္ေနတာေလး ၾကည့္ၿပီး ခ်စ္စရာေကာင္းတယ္လုိ႔ Chaeyoung စိတ္ထဲေတြးမိသည္

Lisaကုိ အားနာေပမယ့္လည္း အိမ္ေ႐ွ႕ရပ္ေနတဲ့ Minoကို ပုိအားနာေသာေၾကာင့္

"Mino shii အိမ္ထဲဝင္ထုိင္ပါအုံး chaw အဝတ္အစားသြားလဲအုံးမယ္ "

Chaeyoung ေျပာၿပီး သူ႔အခန္းထဲ ေျပးဝင္သြားသည္

ထုိ႔ေနာက္ အဝတ္အစားလဲၿပီး ထြက္လာေတာ့

"Mino shii ေစာင့္ရတာ ၾကာသြားလား အားနာလုိက္တာ "

Mino ဖုန္းေဆာ့ေနရာကေန Chaeyoungကို ေမာ့ၾကည့္ေတာ့ အရမ္းလွေနတဲ့ Chaeyoungကို ၾကည့္ၿပီး အသက္႐ွဴဖု႔ိေမ့ေန၏

"Mino shii"

"အာ..... ဟုတ္....Chaeက အရမ္းလွလုိ႔ စကားေျပာဖုိ႔ေတာင္ ေမ့သြားၿပီ"

Mino စကားေၾကာင့္ Chaeyoung ႐ွက္ၿပီး မ်က္ႏွာေလး နီရဲေနသည္

"ဘယ္သြားမွာလဲ "

"ဒီအနီးအနားက စားေသာက္ဆုိင္ တစ္ဆုိင္ဆုိင္ေပါ့ ကြၽန္ေတာ္လည္း ေကာင္မေလးေတြနဲ႔ တစ္ခါမွ မဒိတ္ဖူးေတာ့ ဘယ္ေနရာေတြေကာင္းလည္းဆုိတာ မသိဘူး"

Chaeyoung ကားေပၚတက္လုိက္ၿပီး ကားတစ္ခါမွ မစီးဖူးလုိ႔ စိတ္လႈပ္႐ွားေနသည္

ခါးပတ္ပတ္ေနတဲ့ Minoကုိ Chaeyoung ေငးၾကည့္ရင္း

"ေခ်ာလိုက္တာ Idol တစ္ေယာက္လုိဘဲ သန္႔ျပန္႔လုိ႔ 💭💭"

"Chaeyoung shii ဘာေတြေငးေနတာလည္း ခါးပတ္ပတ္ေလ"

Mino စကားေၾကာင့္ Chaeyoung အသိျပန္ဝင္လာသည္ သုိ႔ေသာ္ ခါးပတ္ဘယ္လုိပတ္ရမယ္ဆုိတာ မသိေသာေၾကာင့္ ဒုကၡေရာက္ေနသည္

"Chaeyoung shii ခါးပတ္မပတ္ဘူးလား"

"အာ... chaw တစ္ခါမွ ကားမစီးဖူးလု႔ိ မပတ္တတ္ဘူး"

"Arr ကေလးေလးက်ေနတာဘဲ "

Mino ေျပာၿပီး ခါးပတ္ပတ္ေပးဖုိ႔ ေ႐ွ႕ကုိ တုိးလာသည္

Chaeyoungမွာ တစ္ခါမွ ေယာကၤ်ားေလးနဲ႔ ပူးကပ္မေနဖူးေသာေၾကာင့္ ရင္ေတြခုန္ေနသည္

Lisaမွာ ျပတင္းေပါက္ကေန အိမ္ေ႐ွ႕က Chaeတို႔ကုိ လွမ္းၾကည့္ေနမိသည္

Flashback

"အယ္ မမ ဘာလို႔ ငုိေနတာလည္း "

ကေလးကစားကြင္းထဲ ထုိင္ငုိေနတဲ့ ကေလးမေလးရဲ႕အနား တျခား ကေလးမေလးတစ္ေယာက္ေရာက္လာသည္

"ဟုိေ႐ွ႕မွာ ေခြးႀကီး႐ွိေနတာ ျဖတ္မသြားရဲလုိ႔"

"လာ လာ Lisa လုိက္ပုိ႔ေပးမယ္ မေၾကာက္နဲ့ Lisa႐ွိတယ္ေနာ္ "

"နင္က ငါ့ကို ကာကြယ္ေပးမလုိ႔လား "

"ဒါေပါ့ မမကို Lisa ကာကြယ္ေပးမယ္.....ဒါနဲ႔ မမ နာမည္က....."

"Chaeyoung....."

Flashback End

"ဒါဆုိ မင္းေျပာခ်င္တာက........သူက မင္းရဲ႕ ငယ္သူငယ္ခ်င္းေပါ့ သူက မမွတ္မိဘူးလား"

"အဲ့တုံးက ငယ္ေသးေတာ့ ဘယ္မွတ္မိမွာလည္း"

"မင္းက် ဘယ္လုိမွတ္မိတာလည္း"

"မသိဘူး"

"ထားလုိက္ေတာ့......Lee ေဆးရံုက ေက်ာက္ကပ္တစ္ခုလုိေနလုိ႔တဲ့ မင္း သြားပုိ႔ေပးလုိက္အုံး Lisa....."

"ေက်ာက္ကပ္ေတြ........မ႐ွိ"

"ေမ့ေနတာလား Lisa......ငါတုိ႔ ဟုိတခါ မေလး႐ွားက လာတဲ့ ေကာင္ေလးတစ္ေယာက္ကုိ ဖမ္းထားတယ္ေလ သူ႔ထဲက ယူၾကတာေပါ့"

"Boss သူက ငယ္ေသးတယ္ေလ"

"ငယ္ေသးေပမယ့္ တစ္ေကာင္ႂကြက္ေလ သ့ူကုိ လုိက္႐ွာမယ့္သူေတာင္မ႐ွိေတာ့ သူ ေသသြားလည္း ဘာမွမျဖစ္ဘူး"

"Boss...."

"ဘာလည္း မင္းက ၿငိဳျငင္ေနၿပီလား Chaeyoungနား မေနခ်င္ေတာ့ဘူးလား "

"Ok....."

Lisa သူ လုပ္ေနတဲ့အလုပ္က မွားယြင္းေနတာ သိေပမယ့္လည္း
Chaeyoung လုံျခံဳေရးအတြက္ သက္ျပင္းခ်ကာ ကူညီေပးဖုိ႔ ဆုံးျဖတ္လုိက္ျပန္သည္

Note.  Lisaက Ghostဆုိေပမယ့္ ကုိယ္ေဖ်ာက္ႏုိင္စြမ္း ႐ွိေတာ့ တရားမဝင္ေက်ာက္ကပ္ေတြေရာင္းတာကို ရဲေတြမသိေအာင္ ကူညီေပးေနတာပါ အဲ့လုိလုပ္မွ ပုိက္ဆံေတြအမ်ားႀကီးရၿပီး Chaeyoungကို ေစာင့္ေ႐ွာက္ႏုိင္မွာေလ

ဒိတ္ေပးလုိက္ၿပီေနာ္ 😁 ဇာတ္လမ္း စဥ္းစားေနတာ တစ္လေလာက္႐ွိေနႃပိီ ခုမွ စဥ္းစားရတယ္ 😁 အၾကာႀကီးေစာင့္ခုိင္းရလုိ႔ sorry prrr

#Tbc

#Unicode

Lisa ရေသောက်ဖို့ အခန်းထဲက ထွက်လာစဉ် တံခါးခေါက်သံကြောင့် သွားဖွင့်လိုက်တော့

"Chaeyoung ရဲ့ အိမ်လား မသိဘူး"

"Park Chaeyoung....."

Lisa မျက်မှောင်ကြုတ်ပြီး Chaeyoungကို အော်ခေါ်လိုက်သည်

Chaeyoung လည်း Lisa အသံကြောင့် အခန်းထဲက ထွက်လာတော့ Lisaလည်း သူ့အခန်းထဲ ပြန်ဝင်သွားသည်

"Oh Mino shii....ဘယ်လိုလုပ်ရောက်လာတာလည်း Chaw အိမ်ကို ဘယ်လိုသိတာလည်း"

"အာ....ကော်ဖီဆိုင်က ဝန်ထမ်းတွေနဲ့ ကျွန်တော် ရင်းနှီးတယ်လေ သူတို့ကိုမေးကြည့်လိုက်တာ"

Mino ရှက်ပြီး သူ့လည်ပင်းကို ကုတ်နေတာလေး ကြည့်ပြီး ချစ်စရာကောင်းတယ်လို့ Chaeyoung စိတ်ထဲတွေးမိသည်

Lisaကို အားနာပေမယ့်လည်း အိမ်ရှေ့ရပ်နေတဲ့ Minoကို ပိုအားနာသောကြောင့်

"Mino shii အိမ်ထဲဝင်ထိုင်ပါအုံး chaw အဝတ်အစားသွားလဲအုံးမယ် "

Chaeyoung ပြောပြီး သူ့အခန်းထဲ ပြေးဝင်သွားသည်

ထို့နောက် အဝတ်အစားလဲပြီး ထွက်လာတော့

"Mino shii စောင့်ရတာ ကြာသွားလား အားနာလိုက်တာ "

Mino ဖုန်းဆော့နေရာကနေ Chaeyoungကို မော့ကြည့်တော့ အရမ်းလှနေတဲ့ Chaeyoungကို ကြည့်ပြီး အသက်ရှူဖု့ိမေ့နေ၏

"Mino shii"

"အာ..... ဟုတ်....Chaeက အရမ်းလှလို့ စကားပြောဖို့တောင် မေ့သွားပြီ"

Mino စကားကြောင့် Chaeyoung ရှက်ပြီး မျက်နှာလေး နီရဲနေသည်

"ဘယ်သွားမှာလဲ "

"ဒီအနီးအနားက စားသောက်ဆိုင် တစ်ဆိုင်ဆိုင်ပေါ့ ကျွန်တော်လည်း ကောင်မလေးတွေနဲ့ တစ်ခါမှ မဒိတ်ဖူးတော့ ဘယ်နေရာတွေကောင်းလည်းဆိုတာ မသိဘူး"

Chaeyoung ကားပေါ်တက်လိုက်ပြီး ကားတစ်ခါမှ မစီးဖူးလို့ စိတ်လှုပ်ရှားနေသည်

ခါးပတ်ပတ်နေတဲ့ Minoကို Chaeyoung ငေးကြည့်ရင်း

"ချောလိုက်တာ Idol တစ်ယောက်လိုဘဲ သန့်ပြန့်လို့ 💭💭"

"Chaeyoung shii ဘာတွေငေးနေတာလည်း ခါးပတ်ပတ်လေ"

Mino စကားကြောင့် Chaeyoung အသိပြန်ဝင်လာသည် သို့သော် ခါးပတ်ဘယ်လိုပတ်ရမယ်ဆိုတာ မသိသောကြောင့် ဒုက္ခရောက်နေသည်

"Chaeyoung shii ခါးပတ်မပတ်ဘူးလား"

"အာ... chaw တစ်ခါမှ ကားမစီးဖူးလု့ိ မပတ်တတ်ဘူး"

"Arr ကလေးလေးကျနေတာဘဲ "

Mino ပြောပြီး ခါးပတ်ပတ်ပေးဖို့ ရှေ့ကို တိုးလာသည်

Chaeyoungမှာ တစ်ခါမှ ယောင်္ကျားလေးနဲ့ ပူးကပ်မနေဖူးသောကြောင့် ရင်တွေခုန်နေသည်

Lisaမှာ ပြတင်းပေါက်ကနေ အိမ်ရှေ့က Chaeတို့ကို လှမ်းကြည့်နေမိသည်

Flashback

"အယ် မမ ဘာလို့ ငိုနေတာလည်း "

ကလေးကစားကွင်းထဲ ထိုင်ငိုနေတဲ့ ကလေးမလေးရဲ့အနား တခြား ကလေးမလေးတစ်ယောက်ရောက်လာသည်

"ဟိုရှေ့မှာ ခွေးကြီးရှိနေတာ ဖြတ်မသွားရဲလို့"

"လာ လာ Lisa လိုက်ပို့ပေးမယ် မကြောက်နဲ့ Lisaရှိတယ်နော် "

"နင်က ငါ့ကို ကာကွယ်ပေးမလို့လား "

"ဒါပေါ့ မမကို Lisa ကာကွယ်ပေးမယ်.....ဒါနဲ့ မမ နာမည်က....."

"Chaeyoung....."

Flashback End

"ဒါဆို မင်းပြောချင်တာက........သူက မင်းရဲ့ ငယ်သူငယ်ချင်းပေါ့ သူက မမှတ်မိဘူးလား"

"အဲ့တုံးက ငယ်သေးတော့ ဘယ်မှတ်မိမှာလည်း"

"မင်းကျ ဘယ်လိုမှတ်မိတာလည်း"

"မသိဘူး"

"ထားလိုက်တော့......Lee ဆေးရုံက ကျောက်ကပ်တစ်ခုလိုနေလို့တဲ့ မင်း သွားပို့ပေးလိုက်အုံး Lisa....."

"ကျောက်ကပ်တွေ........မရှိ"

"မေ့နေတာလား Lisa......ငါတို့ ဟိုတခါ မလေးရှားက လာတဲ့ ကောင်လေးတစ်ယောက်ကို ဖမ်းထားတယ်လေ သူ့ထဲက ယူကြတာပေါ့"

"Boss သူက ငယ်သေးတယ်လေ"

"ငယ်သေးပေမယ့် တစ်ကောင်ကြွက်လေ သ့ူကို လိုက်ရှာမယ့်သူတောင်မရှိတော့ သူ သေသွားလည်း ဘာမှမဖြစ်ဘူး"

"Boss...."

"ဘာလည်း မင်းက ငြိုငြင်နေပြီလား Chaeyoungနား မနေချင်တော့ဘူးလား "

"Ok....."

Lisa သူ လုပ်နေတဲ့အလုပ်က မှားယွင်းနေတာ သိပေမယ့်လည်း
Chaeyoung လုံခြုံရေးအတွက် သက်ပြင်းချကာ ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပြန်သည်

Note.  Lisaက Ghostဆိုပေမယ့် ကိုယ်ဖျောက်နိုင်စွမ်း ရှိတော့ တရားမဝင်ကျောက်ကပ်တွေရောင်းတာကို ရဲတွေမသိအောင် ကူညီပေးနေတာပါ အဲ့လိုလုပ်မှ ပိုက်ဆံတွေအများကြီးရပြီး Chaeyoungကို စောင့်ရှောက်နိုင်မှာလေ

ဒိတ်ပေးလိုက်ပြီနော် 😁 ဇာတ်လမ်း စဉ်းစားနေတာ တစ်လလောက်ရှိနေပြီ ခုမှ စဉ်းစားရတယ် 😁 အကြာကြီးစောင့်ခိုင်းရလို့ sorry prrr

Bạn đang đọc truyện trên: Truyen3h.Co