Truyen3h.Co

Ghost

Part 7 (Z+U)

KimFany059

#zawgyi

"Ouch.....'"



"သတိထားအုံး "







"Park Chaeyoungပါ "




















"ဒါဆို ညီမလေးပေါ့ "

"အဲ့တော့ ဘာဖြစ်လဲ "



"Hahaha"

"Shit နားညီးလိုက်တာ🤕"



"Good night Lisa"













"ကတဲ့နေရာမလား"



"သိချင်လို့ ဟုတ်လား"



"Lisa ah please....... '


"စိတ်ပုတ်ကောင်ကြီး "

"Hey ငါကြားတယ်နော် '


"I don't care'


#Tbc

#Unicode

"Ouch.....'"

Chaeyoung မုန့်တွေထည့်ထားတဲ့ ဗန်းကို သယ်လာရင်း ချော်လဲမလို ဖြစ်သွားတယ်

ထိုစဉ် ဧည့်သည်တစ်ယောက် ရောက်လာပြီး Chaeyoungရဲ့ ဗန်းကို ကူသယ်ပေးသည်

"သတိထားအုံး "

Chaeyoungလည်း ဧည့်သည်နောက်က လိုက်သွားပြီး

"ကျေးးဇူးတင်ပါတယ် ပြီးတော့ တောင်းပန်ပါတယ် "

ဧည့်သည် သူ့ထိုင်ခုံကိုရောက်တော့ Chaeyoung ခေါင်းငုံ့ပြီး တောင်းပန်လေသည်

"ရပါတယ် မင်းပုံစံကြည့်ရတာ ကျွမ်းကျင်တဲ့ပုံမပေါ်သေးဘူးဆိုတော့ ဝန်ထမ်းအသစ်ထင်တယ်"

"ဟုတ်ပါတယ် chawက အခုမှ အလုပ်စဝင်တာပါ "

"နာမည်က ဘယ်လိုခေါ်လည်း "

"Park Chaeyoungပါ "

"Aww ကိုယ့်နာမည်က Song Minoပါ တွေ့ရတာ ဝမ်းသာပါတယ်"

Mino လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းသောလည်း Chaeyoungက ဒီတိုင်း ရပ်ကြည့်နေသောကြောင့် ရှက်ပြီး သူ့လက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်သည်

"Aww လက်ဆွဲမနှုတ်ချင်ဘူးပေါ့ ရပါတယ် "

"မဟုတ်ပါဘူး chaw လက်မှာ ကော်ဖီတွေမှောက်ကျထားတာ မသုတ်ရသေးလို့ အေးအေးဆေးဆေး သုံးဆောင်ပါအုံးရှင် chaw လုပ်စရာလေးတွေ ရှိလို့ပါ "

Chaeyoung မှာ ဧည့်သည်ကို နှုတ်ဆက်ပြီး အနောက်ထဲသို့ ပြန်ဝင်သွားသည်

"ဘယ်လိုမိန်းကလေးလည်း အသုံးမကျလိုက်တာ အလုပ်စ ဝင်ဝင်ချင်း အပူလောင်ပြီး ထိခိုက်မိရတယ်လို့"

Lisa ဆေးပုလင်းယူရင်း Chaeyoungကို ဆူလိုက်သည်

"မင်းကို ကူညီပေးတဲ့ ဟိုကောင်လေးကို ကျေးဇူးတင်ရမှာ သူ့ကျေးဇူးကြောင့် မင်း ဘာမှမဖြစ်တာ "

Lisa ပွစိပွစိနဲ့ ပြောရင်း Chaeyong လက်ကို ဆေးထည့်ပေးလေသည်

"နင် မသေခင်က ဘယ်လိုမျိုးဘဝမှာ နေခဲ့လည်း"

"ငါ ဆယ်ကျော်သက်ဘဝတုံးက တော်တော်ဆိုးတယ် ငါ့မိဘ ပြေစကားလည်း သိပ်နားမထောင်ဘူး အဲ့အတွက် အမြဲ အပြစ်ပေးခံရတယ် "

Lisa ပြောနေတာကို Chaeyoungက စိုက်ကြည့်နေတော့ Lisa မျက်မှောင်ကြုတ်ပြီး

"ဘာလို့ ငါ့ကို အဲ့လိုစိုက်ကြည့်နေတာလည်း"

"နင့်အကြောင်းက စိတ်ဝင်စားစရာကောင်းလို့"

"အင်း အဲ့ဒါဘဲ ဆက်မပြောတော့ဘူး "

"ဟာ လုပ်ပါ ဆက်ပြောပါ နင့်အကြောင်းက စိတ်ဝင်စားစရာကောင်းတယ်"

"ငါနဲ့အတူ ရှိနေပြီဘဲ မလုံလောက်သေးဘူးလား"

"နင့်အသက်က ဘယ်လောက်လည်း"

"မင်းထက် သုံးနှစ်ငယ်တယ် '

"ဒါဆို ညီမလေးပေါ့ "

"အဲ့တော့ ဘာဖြစ်လဲ "

"သေတဲ့အခါကျ ဘာတွေပြောင်းလဲသွားလည်း"

"တော်တော် ပြောင်းလဲတယ် ငါ တခါမှ မင့်လို စကားများတဲ့သူကို စိတ်ရှည်ရှည်ထားပြီး ပြန်မပြောဖူးဘူး"

"Hahaha"

Lisa စကားကြောင့် Chaeyoung ရယ်တော့ Lisa စိတ်ထဲကနေ
"Shit နားညီးလိုက်တာ🤕"

"Hey ငါ အကုန်ကြားတယ်နော်"

"ကြားရင် အိပ်တော့ အလုပ်မှာ ပင်ပန်းလာတာမလား"

"Good night Lisa"

Chaeyoungလည်း Lisaကို နှုတ်ဆက်ပြီး သူ့အခန်းထဲဝင်သွားလေသည်

နောက်တစ်နေ့ Chaeyoung သူ့အလုပ်မှာ သန့်ရှင်းရေးလုပ်နေစဉ်

"Chaeyoung ah ညကျ Partyပွဲရှိတယ် လာမလား"

"Partyက ဘယ်လိုမျိုးလည်း"

"ငါ့ကို မနောက်ပါနဲ့ဟယ်.....Partyတောင် မသိရင်တော့...."

"လာဖို့ဆိုတာ မသေချာဘူးဟ"

"မရဘူး လာရမယ် မလာဘူးဆိုရင် ငါ နင့်ကို မခေါ်တော့ဘူး chaeyoung "

"Ok ok ငါ ကြိုးစားကြည့်မယ်"

Chaeyoung အိမ်ပြန်ရောက်သောအခါ

"No ဘယ်ပါတီမှ မသွားရဘူး '

"Shit အဖြေသိပြီးသားကို ငါကလည်း မေးမိသေး....လုပ်ပါ Lisaရယ် သူတို့က ငါ့ကို ကြိုဆိုတဲ့အနေနဲ့ ကလပ်မှာလုပ်မှာတဲ့"

"Clubက ဘယ်လိုပုံစံလည်းဆိုတာ မင်းသိလို့လား "

"ကတဲ့နေရာမလား"

"မင်း သေသေချာချာမသိဘဲနဲ့ သွားချင်နေတာလား"

"အဲ့တာကြောင့် ဘယ်လိုနေရာလည်းဆိုတာ သိချင်လို့ သွားတာလေ "

"သိချင်လ့ို ဟုတ်လား"

"နင်လည်း လိုက်လာလို့ရတာဘဲကို "

"လိုက်လာပြီး ငါက ဘာပြောရမှာလဲ Hi ငါက Lalisaပါ Park Chaeyoungကို စောင့်ရှောက်ပေးတဲ့ အစောင့်ပါလို့ ပြောရမှာလား"

"Lisa ah please....... '

Chaeyoung နှုတ်ခမ်းစူပြီးပြောပေမယ့် lisa ဂရုမစိုက်ဘဲ သူ့အခန်းထဲ ဝင်သွားလေသည်

"စိတ်ပုတ်ကောင်ကြီး "

"Hey ငါကြားတယ်နော် '

Lisa အခန်းထဲကအော်လိုက်တော့

"I don't care'

Chaeyoung ပြန်အော်ပြီး သူ့အခန်းတံခါးကိုဆောင့်ပိတ်လိုက်သည်

#TBC

Bạn đang đọc truyện trên: Truyen3h.Co