Intro
*** 𝐇𝐞𝐥𝐥𝐨!!
အားလုံးကို 𝙇𝙪𝙣𝙖 ဆီမှာ ပြောစရာလေးရှိလို့ပါ။ 🌙
𝙇𝙪𝙣𝙖 က 𝘾𝙝𝙞𝙣𝙚𝙨𝙚 𝙛𝙖𝙣𝙛𝙞𝙘 ကို ပထမဆုံးအကြိမ် စရေးဖြစ်တာကြောင့် လိုအပ်ချက်တွေလည်း ရှိနိုင်ပါတယ်။
𝙇𝙪𝙣𝙖 ရဲ့ စာနဲ့ပတ်သက်ပြီး အမြင်ဖလှယ်ဖို့၊ မှတ်ချက်ပေးဖို့လည်း လက်ခံပါတယ်။ ***
Hate Turns To Love
Intro
"အလုပ်ထွက်မှာသေချာပြီလားချိုးတင်းကျယ်" "အခုချိန်မှာအလုပ်တစ်ခုကနေထွက်ပြီးနောက်ထပ်အလုပ်သစ်တစ်ခုရဖို့ကမလွယ်ဘူးဆိုတာသိတယ်မလား "
သူဌေးဖြစ်သူဉီးလေးဝူရဲ့အမေးကြောင့်ချိုးတင်းကျယ်လက်ကလေးတွေကိုအချင်းချင်းကုပ်ကာ ဉီးလေးဝူအားကြည့်၍ခေါင်းအားညိမ့်ပြလိုက်သည်
ချိုးတင်းကျယ်၏အဖြေကြောင့်ဉီးလေးဝူသက်ပြင်းသာချသည်။
"သေချာတယ်ဆိုလည်းပြီးတာဘဲကွာ ဒီနေ့တစ်ရက်တော့အလုပ်ကိုပြီးအောင်ဆင်းပေးသွားပါချိုးတင်းကျယ်"
ဉီးလေးဝူထွက်သွားသည်နှင့်ချိုးတင်းကျယ်သက်ပြင်းကိုချကာအသစ်ရောက်လာသောစာအုပ်များကိုစာအုပ်စင်တွင်သေသေချာချာစီနေသည်။
အမှန်ဆိုချိုးတင်းကျယ်ဉီးလေးဝူဆိုင်မှအလုပ်မထွက်ချင်ပါ။ ချိုးတင်းကျယ်အလုပ်လုပ်သည့်ဆိုင်က coffee ကဖေးတစ်ခုသာဖြစ်ပြီး နံဘေးတွင်စာအုပ်ဆိုင်သေးသေးလေးကိုပါတွဲလျက်ဖွင့်ထားတာမို့ချိုးတင်းကျယ်ကစာအုပ်ဆိုင်ကိုတာဝန်ယူရသည်။
အလုပ်ကသက်တောင့်သက်သာရှိသည့်အပြင် သူဌေးဖြစ်တဲ့ဉီးလေးဝူသည်လည်းစိတ်ထားကောင်းတဲ့သူတစ်ယောက်ဖြစ်လို့ လစာကိုလည်းတစ်လနှင့်တစ်လမတူညီစွာအပိုဆုထည့်ပေးတတ်ပါသေးသည်။
ခေတ်အခြေနေအရ ချိုးတင်းကျယ်လိုအထက်တန်းပြီးအောင်ထိမတက်ရောက်ရတဲ့သူတွေအတွက်ကတော့အခုလိုသက်တောင့်သက်သာရှိသည့်အလုပ်မျိုးက မလွယ်။
ဉီးလေးဝူရဲ့ဆိုင်မို့အခုလိုအလုပ်ရနိုင်ခဲ့တာဟာချိုးတင်းကျယ်အတွက်အတော်ကံကောင်းခဲ့တာ။
24/7 supermarket တွေကအစအထက်တန်းအောင်ထားတဲ့သူတွေကိုသာဉီးစားပေးအလုပ်ပေးကြသည်။ ချိုးတင်းကျယ်အလုပ်မထွက်ချင်ပါဒီလိုလစာကောင်းပြီးသက်တောင့်သက်သာရှိသည့်အလုပ်မျိုးက နောက်ထပ်ဘယ်နေရာမှထပ်ရနိုင်မည်မဟုတ်ပေ။
ချိုးတင်းကျယ်အတွေးများနေစဉ်ဖုန်းဆီမှတင်ခနဲမြည်သံကြောင့်Wechat ထဲသို့ဝင်ကြည့်လိုက်ရာ
" ချိုးတင်းကျယ်ဒီနေ့အလုပ်ကိုသေချာပေါက်ထွက်လာခဲ့"
ထိုစာအားပို့လာသူကားတခြားသူမဟုတ်ချိုးတင်းကျယ်၏အမေဖြစ်သူဆီမှဝင်လာသောစာသာဖြစ်သည်။ ဘာအကြောင်းအရင်းကြောင့်အလုပ်ထွက်ခိုင်းစေချင်လည်းမသိပေမဲ့သေချာတာကချိုးတင်းကျယ်အတွက်ကောင်းမယ့်အရာတစ်ခုခုမဟုတ်တာသေချာသည်။ သက်ပြင်းသာသဲ့သဲ့ချကာဒီနေ့အလုပ်ဝင်တာနောက်ဆုံးနေ့ဖြစ်သည်မို့စာအုပ်များကိုသာဆက်စီနေလိုက်တော့သည်။
_____
Mrs.ချိုးကအလုပ်ထွက်လိုက်ရင်Mrs.ချိုးနေရာမှာလစ်လပ်သွားမယ့်နေရာအစားကိုဘယ်သူကတာဝန်ယူရှာပေးမှာလဲ""အိမ်အကူရှာရတာလွယ်တယ်ဆိုပေမဲ့သိတဲ့အတိုင်းအိမ်ကသားဟွမ်ရှင်းနဲ့သင့်တော်ပါ့မလား"
Mrs.ဟွမ်ရဲ့အပြောကြောင့်အိမ်အကူဖြစ်သူMrs.ချိုးဟာမျက်နှာချိုသွေးလျက်
"စိတ်ချပါMrs.ဟွမ် ကျွန်မကအလုပ်ထွက်မယ်လို့ရည်ရွယ်လိုက်ကတည်းကကျွန်မနေရာမှာလွတ်သွားတဲ့အိမ်အကူနေရာအတွက်လိုအပ်တဲ့သူကိုပါတခါတည်းMrs.ဟွမ်နဲ့ချိတ်ဆက်ပေးမလို့ကြံရွယ်ထားပြီးသာူပါ။ နောက်ပြီးတော့....."
သူမရဲ့ရပ်တန့်လိုက်စကားကြောင့် Mrs.ဟွမ်ထိုင်နေရာမှမျက်ခုံးပင့်ကာဆက်ပြောရန်ဟုသောအကြည့်ဖြင့်ကြည့်လာသည်။
"နောက်ပြီးတော့သူကတခြားလူမဟုတ်ပါဘူးMrs.ဟွမ်ကျွန်မရဲ့ဆုံးသွားပြီဖြစ်တဲ့ခင်ပွန်းကနေပါလာတဲ့သားပါ"
ခင်ပွန်းပါသားဆိုသောအပြောကြောင့်Mrs.ဟွမ်ကသူ့အားစိုက်ကြည့်လာကာ
"ရူးနေသလားMrs.ချိုး ယောက်ျားလေးတစ်ယောက်ကိုအိမ်အကူအဖြစ်ခန့်ဖို့က ထားပါတော့ကျွန်မကခန့်လိုက်တယ်ဘဲထားပါ ဟွမ်ရှင်းကကောအဆင်ပြေပါ့မလား တစ်အိမ်လုံးမှာ၂ယောက်ထဲရှိတဲ့ခြံစောင့်ဉီးလေးကြီးနဲ့ Mrs.ချိုးတို့နဲ့တောင်အဆင်မပြေတာ အခုလိုယောက်ျားတစ်ယောက်ဆိုပိုပြီးတောင်အဆင်ပြေပါ့မလားစဉ်းစားပြီးမှပြောစမ်းပါMrs.ချိုး"
Mrs.ဟွမ်၏အပြောကြောင့်ချိုးရှုယွီရဲ့မျက်နှာဟာခနဲပျက်ရင်းချက်ချင်းပင်ဟန်ဆောင်ပြုံးကာ
"စိတ်ချပါMrs.ဟွမ် ကျွန်မသားကအနေအေးပါသလိုအိမ်မှုကိစ္စတွေအကုန်လုံးကိုလည်းမိန်းကလေးတစ်ယောက်လိုနိုင်နင်းပါတယ်ပြီးတော့ သခင်လေးဟွမ်နဲ့လည်းအဆင်ပြေမယ်ဆိုတာကျွန်မအာမခံပါတယ် ပြီးတော့သူကလည်းအလုပ်မရှိလို့ပါ"
"ဟွမ်ရှင်းနဲ့အဆင်ပြေမယ်ဆိုတာသေချာလားMrs.ချိုး"
"သေချာပါတယ်Mrs.ဟွမ်"
"ကောင်းပြီလေဒါဆိုမနက်ဖြန်ကစပြီးMrs.ချိုးအလုပ်ထွက်တာနဲ့ရှင့်သားကိုပါတစ်ခါတည်းအလုပ်တန်းဝင်ခိုင်းဖို့ပြင်ဆင်ပါသားအတွက်အိမ်အကူလစ်လပ်သွားတာမျိုးမဖြစ်ချင်ဘူး ပြီးတော့Mrs.ချိုးထက်လစာကို၂ဆပိုပေးမှာမို့အိမ်မှာလုပ်သင့်တာတွေ၊အလုပ်တွေနဲ့ ဟွမ်ရှင်းနဲ့ပါအဆင်ပြေအောင်နေဖို့ကိုဘဲကိုယ်တိုင်မှာလိုက်ပါ"
ပြောစရာရှိတာတွေကိုပြောပြီးနောက်ဒေါက်ဖိနပ်သံအား တဒေါက်ဒေါက်ဖြင့်ကျယ်လောင်စွာစီးထွက်သွားတဲ့Mrs.ဟွမ်ရဲ့ကျောပြင်အားကြည့်ကာနှုတ်ခမ်းပါးထက်အမည်ဖော်မရသောအပြုံးအားဆင်ကာ
" စီးပွားရေးနဲ့သားအကြောင်းကလွဲလိုဘာမှစိတ်ဝင်စားမှုမရှိတဲ့တုံးအလွန်းတဲ့Mrs.ဟွမ်ဘဲဒါကြောင့်လည်း ဥက္ကဋ္ဌဟွမ်ကငါ့ဆီရောက်လာတာတောင်မသိတာတော်တော်တုံးတာဘဲMrs.ဟွမ် "
By author _ Della Luna
Zawgyi
*** 𝐇𝐞𝐥𝐥𝐨!!
အားလုံးကို 𝙇𝙪𝙣𝙖 ဆီမွာ ေျပာစရာေလးရွိလို႔ပါ။ 🌙
𝙇𝙪𝙣𝙖 က 𝘾𝙝𝙞𝙣𝙚𝙨𝙚 𝙛𝙖𝙣𝙛𝙞𝙘 ကို ပထမဆုံးအႀကိမ္ စေရးျဖစ္တာေၾကာင့္ လိုအပ္ခ်က္ေတြလည္း ရွိႏိုင္ပါတယ္။
𝙇𝙪𝙣𝙖 ရဲ႕ စာနဲ႔ပတ္သက္ၿပီး အျမင္ဖလွယ္ဖို႔၊ မွတ္ခ်က္ေပးဖို႔လည္း လက္ခံပါတယ္။ ***
Hate Turns To Love
Intro
"အလုပ္ထြက္မွာေသခ်ာၿပီလားခ်ိဳးတင္းက်ယ္" "အခုခ်ိန္မွာအလုပ္တစ္ခုကေနထြက္ၿပီးေနာက္ထပ္အလုပ္သစ္တစ္ခုရဖို႔ကမလြယ္ဘူးဆိုတာသိတယ္မလား "
သူေဌးျဖစ္သူဉီးေလးဝူရဲ႕အေမးေၾကာင့္ခ်ိဳးတင္းက်ယ္လက္ကေလးေတြကိုအခ်င္းခ်င္းကုပ္ကာ ဉီးေလးဝူအားၾကည့္၍ေခါင္းအားညိမ့္ျပလိုက္သည္
ခ်ိဳးတင္းက်ယ္၏အေျဖေၾကာင့္ဉီးေလးဝူသက္ျပင္းသာခ်သည္။
"ေသခ်ာတယ္ဆိုလည္းၿပီးတာဘဲကြာ ဒီေန႔တစ္ရက္ေတာ့အလုပ္ကိုၿပီးေအာင္ဆင္းေပးသြားပါခ်ိဳးတင္းက်ယ္"
ဉီးေလးဝူထြက္သြားသည္ႏွင့္ခ်ိဳးတင္းက်ယ္သက္ျပင္းကိုခ်ကာအသစ္ေရာက္လာေသာစာအုပ္မ်ားကိုစာအုပ္စင္တြင္ေသေသခ်ာခ်ာစီေနသည္။
အမွန္ဆိုခ်ိဳးတင္းက်ယ္ဉီးေလးဝူဆိုင္မွအလုပ္မထြက္ခ်င္ပါ။ ခ်ိဳးတင္းက်ယ္အလုပ္လုပ္သည့္ဆိုင္က coffee ကေဖးတစ္ခုသာျဖစ္ၿပီး နံေဘးတြင္စာအုပ္ဆိုင္ေသးေသးေလးကိုပါတြဲလ်က္ဖြင့္ထားတာမို႔ခ်ိဳးတင္းက်ယ္ကစာအုပ္ဆိုင္ကိုတာဝန္ယူရသည္။
အလုပ္ကသက္ေတာင့္သက္သာရွိသည့္အျပင္ သူေဌးျဖစ္တဲ့ဉီးေလးဝူသည္လည္းစိတ္ထားေကာင္းတဲ့သူတစ္ေယာက္ျဖစ္လို႔ လစာကိုလည္းတစ္လႏွင့္တစ္လမတူညီစြာအပိုဆုထည့္ေပးတတ္ပါေသးသည္။
ေခတ္အေျခေနအရ ခ်ိဳးတင္းက်ယ္လိုအထက္တန္းၿပီးေအာင္ထိမတက္ေရာက္ရတဲ့သူေတြအတြက္ကေတာ့အခုလိုသက္ေတာင့္သက္သာရွိသည့္အလုပ္မ်ိဳးက မလြယ္။
ဉီးေလးဝူရဲ႕ဆိုင္မို႔အခုလိုအလုပ္ရႏိုင္ခဲ့တာဟာခ်ိဳးတင္းက်ယ္အတြက္အေတာ္ကံေကာင္းခဲ့တာ။
24/7 supermarket ေတြကအစအထက္တန္းေအာင္ထားတဲ့သူေတြကိုသာဉီးစားေပးအလုပ္ေပးၾကသည္။ ခ်ိဳးတင္းက်ယ္အလုပ္မထြက္ခ်င္ပါဒီလိုလစာေကာင္းၿပီးသက္ေတာင့္သက္သာရွိသည့္အလုပ္မ်ိဳးက ေနာက္ထပ္ဘယ္ေနရာမွထပ္ရႏိုင္မည္မဟုတ္ေပ။
ခ်ိဳးတင္းက်ယ္အေတြးမ်ားေနစဥ္ဖုန္းဆီမွတင္ခနဲျမည္သံေၾကာင့္Wechat ထဲသို႔ဝင္ၾကည့္လိုက္ရာ
" ခ်ိဳးတင္းက်ယ္ဒီေန႔အလုပ္ကိုေသခ်ာေပါက္ထြက္လာခဲ့"
ထိုစာအားပို႔လာသူကားတျခားသူမဟုတ္ခ်ိဳးတင္းက်ယ္၏အေမျဖစ္သူဆီမွဝင္လာေသာစာသာျဖစ္သည္။ ဘာအေၾကာင္းအရင္းေၾကာင့္အလုပ္ထြက္ခိုင္းေစခ်င္လည္းမသိေပမဲ့ေသခ်ာတာကခ်ိဳးတင္းက်ယ္အတြက္ေကာင္းမယ့္အရာတစ္ခုခုမဟုတ္တာေသခ်ာသည္။ သက္ျပင္းသာသဲ့သဲ့ခ်ကာဒီေန႔အလုပ္ဝင္တာေနာက္ဆုံးေန႔ျဖစ္သည္မို႔စာအုပ္မ်ားကိုသာဆက္စီေနလိုက္ေတာ့သည္။
_
Mrs.ခ်ိဳးကအလုပ္ထြက္လိုက္ရင္Mrs.ခ်ိဳးေနရာမွာလစ္လပ္သြားမယ့္ေနရာအစားကိုဘယ္သူကတာဝန္ယူရွာေပးမွာလဲ""အိမ္အကူရွာရတာလြယ္တယ္ဆိုေပမဲ့သိတဲ့အတိုင္းအိမ္ကသားဟြမ္ရွင္းနဲ႔သင့္ေတာ္ပါ့မလား"
Mrs.ဟြမ္ရဲ႕အေျပာေၾကာင့္အိမ္အကူျဖစ္သူMrs.ခ်ိဳးဟာမ်က္ႏွာခ်ိဳေသြးလ်က္
"စိတ္ခ်ပါMrs.ဟြမ္ ကြၽန္မကအလုပ္ထြက္မယ္လို႔ရည္႐ြယ္လိုက္ကတည္းကကြၽန္မေနရာမွာလြတ္သြားတဲ့အိမ္အကူေနရာအတြက္လိုအပ္တဲ့သူကိုပါတခါတည္းMrs.ဟြမ္နဲ႔ခ်ိတ္ဆက္ေပးမလို႔ႀကံ႐ြယ္ထားၿပီးသာူပါ။ ေနာက္ၿပီးေတာ့....."
သူမရဲ႕ရပ္တန္႔လိုက္စကားေၾကာင့္ Mrs.ဟြမ္ထိုင္ေနရာမွမ်က္ခုံးပင့္ကာဆက္ေျပာရန္ဟုေသာအၾကည့္ျဖင့္ၾကည့္လာသည္။
"ေနာက္ၿပီးေတာ့သူကတျခားလူမဟုတ္ပါဘူးMrs.ဟြမ္ကြၽန္မရဲ႕ဆုံးသြားၿပီျဖစ္တဲ့ခင္ပြန္းကေနပါလာတဲ့သားပါ"
ခင္ပြန္းပါသားဆိုေသာအေျပာေၾကာင့္Mrs.ဟြမ္ကသူ႔အားစိုက္ၾကည့္လာကာ
"႐ူးေနသလားMrs.ခ်ိဳး ေယာက္်ားေလးတစ္ေယာက္ကိုအိမ္အကူအျဖစ္ခန္႔ဖို႔က ထားပါေတာ့ကြၽန္မကခန္႔လိုက္တယ္ဘဲထားပါ ဟြမ္ရွင္းကေကာအဆင္ေျပပါ့မလား တစ္အိမ္လုံးမွာ၂ေယာက္ထဲရွိတဲ့ၿခံေစာင့္ဉီးေလးႀကီးနဲ႔ Mrs.ခ်ိဳးတို႔နဲ႔ေတာင္အဆင္မေျပတာ အခုလိုေယာက္်ားတစ္ေယာက္ဆိုပိုၿပီးေတာင္အဆင္ေျပပါ့မလားစဥ္းစားၿပီးမွေျပာစမ္းပါMrs.ခ်ိဳး"
Mrs.ဟြမ္၏အေျပာေၾကာင့္ခ်ိဳးရႈယြီရဲ႕မ်က္ႏွာဟာခနဲပ်က္ရင္းခ်က္ခ်င္းပင္ဟန္ေဆာင္ၿပဳံးကာ
"စိတ္ခ်ပါMrs.ဟြမ္ ကြၽန္မသားကအေနေအးပါသလိုအိမ္မႈကိစၥေတြအကုန္လုံးကိုလည္းမိန္းကေလးတစ္ေယာက္လိုႏိုင္နင္းပါတယ္ၿပီးေတာ့ သခင္ေလးဟြမ္နဲ႔လည္းအဆင္ေျပမယ္ဆိုတာကြၽန္မအာမခံပါတယ္ ၿပီးေတာ့သူကလည္းအလုပ္မရွိလို႔ပါ"
"ဟြမ္ရွင္းနဲ႔အဆင္ေျပမယ္ဆိုတာေသခ်ာလားMrs.ခ်ိဳး"
"ေသခ်ာပါတယ္Mrs.ဟြမ္"
"ေကာင္းၿပီေလဒါဆိုမနက္ျဖန္ကစၿပီးMrs.ခ်ိဳးအလုပ္ထြက္တာနဲ႔ရွင့္သားကိုပါတစ္ခါတည္းအလုပ္တန္းဝင္ခိုင္းဖို႔ျပင္ဆင္ပါသားအတြက္အိမ္အကူလစ္လပ္သြားတာမ်ိဳးမျဖစ္ခ်င္ဘူး ၿပီးေတာ့Mrs.ခ်ိဳးထက္လစာကို၂ဆပိုေပးမွာမို႔အိမ္မွာလုပ္သင့္တာေတြ၊အလုပ္ေတြနဲ႔ ဟြမ္ရွင္းနဲ႔ပါအဆင္ေျပေအာင္ေနဖို႔ကိုဘဲကိုယ္တိုင္မွာလိုက္ပါ"
ေျပာစရာရွိတာေတြကိုေျပာၿပီးေနာက္ေဒါက္ဖိနပ္သံအား တေဒါက္ေဒါက္ျဖင့္က်ယ္ေလာင္စြာစီးထြက္သြားတဲ့Mrs.ဟြမ္ရဲ႕ေက်ာျပင္အားၾကည့္ကာႏႈတ္ခမ္းပါးထက္အမည္ေဖာ္မရေသာအၿပဳံးအားဆင္ကာ
" စီးပြားေရးနဲ႔သားအေၾကာင္းကလြဲလိုဘာမွစိတ္ဝင္စားမႈမရွိတဲ့တုံးအလြန္းတဲ့Mrs.ဟြမ္ဘဲဒါေၾကာင့္လည္း ဥကၠ႒ဟြမ္ကငါ့ဆီေရာက္လာတာေတာင္မသိတာေတာ္ေတာ္တုံးတာဘဲMrs.ဟြမ္ "
By author _Della Luna
Bạn đang đọc truyện trên: Truyen3h.Co