Truyen3h.Co

Her Devil Hero

Part 1

KimFany059

#Unicode

"Hi Girls and Boys, I'm called Roseanne. ...."

Seoulမြို့မှ မူလတန်းကျောင်း တစ်ခုတွင် အသက် 10 နှစ်အရွယ် ကလေးမလေးမှာ သူမကိုယ်သူမ မိတ်ဆက်နေသည်

"ကဲ သမီးလေးက Roseanne ပေါ့ "

"ဟုတ်ပါတယ် ဆရာမ "

"ဟုတ်ပါပြီ နောက်တစ်ယောက် သမီးလေး ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါအုံး "

"Hi ငါ့နာမည်က Ruby Jane ပါ နင်တို့နဲ့ခင်ချင်ပါတယ် "

အသားညိုညို ပါးဖောင်းဖောင်းလေးနဲ့ ကလေးမလေးမှာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်

"ကဲ ဒါဆို Ruby Janeက Roseanneလေးနဲ့ တူတူထိုင်လိုက်နော် "

"ဟုတ်...."

ဆရာမက စာတွေသင်ပေးနေချိန် Ruby Janeက တက်ကြွစွာ အားပါးတရလိုက်ဆိုပေမယ့် Roseanneကတော့ သူ့စာအုပ်ထဲ ပုံတွေ ခိုးဆွဲနေသည်

"Roseanne... သမီးလေး ဆရာမနဲ့ အတူ ကဗျာလိုက်ဆိုလေ "

ဆရာမ စကားကြောင့် Runy Janeမှာ သူမဘေးနားက Roseanneကို လက်တို့လိုက်သည်

Roseanneလည်း စာအုပ်ပိတ်ပြီး ကဗျာလိုက်ဆိုလေသည်

မုန့်စားဆင်းချိန်တွင် Ruby Janeတို့ ကျောင်းထဲက ကစားကွင်းတွင် ဆော့နေကြသည်

Ruby Janeတို့ကို စောင့်ကြည့်နေတဲ့ အတန်းပိုင်ဆရာမ အိမ်သာခဏသွားစဥ် ဒန်းစီးနေတဲ့ Ruby Janeကို အနောက်ကနေ ကောင်လေး တစ်ယောက်က ဒန်းပေါ်ကတွန်းချလေသည်

"အား "

Runy Jane ပေါက်စလေးမှာ ဒန်းပေါ်ကနေ မြေပြင်ပေါ် အရှိန်နဲ့ ပြုတ်ကျပြီး သွားကျိူးသွားလေသည်

ပါးစပ်ထဲက သွေးတွေထွက်လာတဲ့ Ruby Janeကို ကြည့်ပြီး ဒန်းပေါ်ကနေ ကောင်လေးက ရယ်နေတော့ မုန့်စားနေတဲ့ Roseanne မှာ စားလက်စ မုန့်ကို ပစ်ချလိုက်သည်

ထို့နောက် Ruby Janeဆီ သွားကာ Ruby Janeကို ထူလိုက်သည်

"သူငယ်ချင်း အဆင်ပြေလား "

Ruby Jane လေးမှာ ငိုနေတော့ Roseanne မှာ သူ့ဘောင်းဘီအိတ်ထဲက ချောကလက်လေး ထုတ်ပေးလေသည်

"ရော့ ဒါစားလိုက် မငိုနဲ့တော့နော် "

Ruby Janeကို ပြုံးပြပြီး Roseanne ပေါက်စလေးမှာ ဒန်းပေါ်က ကောင်လေးဆီ သွားလိုက်သည်

"ဘာလည်း နင်က ငါနဲ့ချချင်လို့...."

ကောင်လေးစကားမဆုံးသေး Roseanneမှာ ထိုကောင်လေးကို ဒန်းပေါ်ကနေ ပြုတ်ကျအောင် ဆောင့်တွန်းလိုက်သည်

"အား...."

"Roseanne သမီး ဘာလုပ်လိုက်တာလည်း "

မူကြိုဆရာမမှာ အိမ်သာကပြန်လာရင်း Roseanne က ကောင်လေးကို ဒန်းပေါ်က တွန်းချတာ မြင်ပြီး လန့်သွားတယ်

"Ruby ကို သူက အရင်လုပ်တာလေ "

"ပြန်မလုပ်ဘဲ ဆရာမကို လာတိုင်ရမယ်လေ "

"Ruby ပါးစပ်မှာ သွေးထွက်နေတယ်"

Roseanne လက်ညိုးထိုးပြတော့ ဆရာမမှာ ပြာပြာသလဲနဲ့ Rubyကိုရော ကောင်လေးကိုရော ခေါ်ကာ ကျောင်းမှ ဆေးခန်းထဲသို့ ခေါ်သွားလေသည်

"ဟိတ် ခုနက ငါ့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ် "

"ရပါတယ်..."

"နင့်နာမည်က ..."

"Roseanne.... "

"Ruby Janeပါ..Rubyလို့ ခေါ်လို့ရတယ် ခုက စပြီး ငါတို့ သူငယ်ချင်း ဖြစ်သွားပြီနော် "

"Ok. ..."

Ruby Jane နဲ့ Roseanne တို့ ဒီလိုနဲ့  သူငယ်ချင်း ဖြစ်သွားကြသည်

Ruby Janeက မျက်နှာကသာ ခပ်ချေချေပုံစံ ဖြစ်နေပေမယ့် အရမ်းကြောက်တတ်သည်

တစ်ခုခုဆို ပြန်မပြောရဲလို့ ကျောင်းသူ ဘဝမှာလည်း အမြဲ အနိုင်ကျင့်ခံရသည်.....

ထိုသို့ အနိုင်ကျင့်ခံရတိုင်း Roseanne က အမြဲ ရောက်လာပြီး Ruby Jane ဘက်က ကာကွယ်ပေးခဲ့သည်

Ruby Jane  အလယ်တန်းကျောင်းသူ ဘဝကိုရောက်တော့ ကျောင်းပြောင်းသွားလေသည်

Roseanne မှာ Ruby Jane နဲ့ မတွေ့ရတော့ဘူး တွေးခဲ့ပေမယ့် Roseanne အထက်တန်းကျောင်းသူ ဘဝရောက်တော့ ကျောင်းတွင် ကောင်မလေး တစ်ယောက်နဲ့ ရန်ဖြစ်ပြီး ကောင်မလေးရဲ့ ခေါင်းကို ဘောပင်နဲ့ ထိုးခဲ့လို့ Roseanne ကျောင်းပြောင်းခဲ့ရသည်

********

"Yah Ruby Jane နင် ဆရာမပေးတဲ့ အိမ်စာတွေ ပြီးပြီလား "

Ruby Jane အတန်းထဲ ဝင်ဝင်ချင်း သူမကို အမြဲ အနိုင်ကျင့်တဲ့ ကျောင်းသူနဲ့ တွေ့လေသည်

"ပြီး ပြီးသွားပြီ Ji Yoon "

"ပေးစမ်း နင့်စာအုပ် "

"ဟို "

Ji Yoonမှာ Ruby Jane ကျောပိုးအိတ်ကို ဆောင့်ဆွဲယူပြီး ကျောပိုးအိတ်ထဲက စာအုပ်ကို ထုတ်ယူလိုက်သည်

ထို့နောက် Ruby Jane ရေးထားတဲ့ အိမ်စာတွေကို တစ်ရွက်မကျန် ဆွဲဆုတ်ပစ်သည်

"Ji Yoon ဒါ ဘာလုပ်တာလည်း "

"ငါလည်း အိမ်စာမပြီးသေးဘူးလေ အတူတူရိုက်ခံကြတာပေါ့ "

"ဘာ..."

"ဘာလည်း နင်က မကျေနပ်တာလည်း "

Ruby Jane ရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီး Ji Yoon မေးလိုက်သည်

Ruby Janeလည်း ပြဿနာမဖြစ်ချင်လို့ အလျော့ပေးပြီး သူမ ထိုင်ခုံဘက်သာ ထွက်လာခဲ့သည်

"Roseanne ဆိုတဲ့ ကောင်မလေးကို အခုလိုအနိုင်ကျင့်ခံရတဲ့ အချိန်တိုင်း သတိရလိုက်တာ ငါ ငယ်ငယ်ကဆို အနိုင်ကျင့်ခံရတိုင်း သူဘဲ အမြဲ ကာကွယ်ပေးတာ "

Ruby Jane ငယ်ငယ်က သူမကို အမြဲ ကာကွယ်ပေးတဲ့ ကောင်မလေးကို သတိရလို့ ရေရွတ်မိလိုက်သည်

"ကဲ ကဲ အားလုံးဘဲ Good Morning "

အတန်းပိုင်ဆရာမ ရောက်လာလို့ Ruby Jane အတွေးတွေ ပျောက်ပြီး တစ်ခြားသူတွေနဲ့အတူ ထနှုတ်ဆက်လေသည်

"ကဲ ဒီနေ့ သင်ခန်းစာအသစ် မစခင် ဆရာမတို့ အတန်းကို တစ်ခြားကျောင်းက ပြောင်းလာတဲ့ ကျောင်းသူ အသစ်နဲ့ မိတ်ဆက်ပေးမယ် ကျောင်းသူအသစ် သမီး ဝင်လာခဲ့ပါ "

အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ဆံပင်ပန်းရောင်နဲ့ ကောင်မလေး အတန်းထဲ ဝင်လာတော့ ကျောင်းသားတွေမှာ သဘောကျပြီး ထအော်ကြလေသည်

Ruby Janeကတော့ သူမ အရိုက်ခံရမယ့် ကိစ္စကို တွေးပူနေသည်

"Hi Girls and Boys, I'm called Roseanne. ...."

Ruby Jane သူမ ရင်းနှီးတဲ့ အသံနဲ့ နာမည်ကို ကြားရတော့ ပျော်ပြီး မော့ကြည့်မိလိုက်တော့ Roseanne နဲ့ အကြည့်ချင်းဆုံသွားလေသည်

Roseanneမှာလည်း Ruby Jane ကို မှတ်မိပုံရသည်

Ruby Janeနဲ့ အကြည့်ချင်းဆုံတော့ ပြုံးပြနေသည်

"Roseanne သမီး "

"ဆရာမ ဟိုကောင်မလေး ဘေးနား သွားထိုင်လို့ ရတယ်မလား "

ဆရာမ ဘာမှမပြောခင် Roseanne မှာ Ruby Janeကို လက်ညိုးထိုးပြီး ပြောလေသည်

"ရပါတယ် သူ့ဘေးနား ဘယ်သူမှမရှိတော့ သမီးထိုင်လို့ရတယ် "

"ဟုတ် "

Roseanne ဆရာမဆီက ခွင့်ပြုချက် ရပြီးနောက် Ruby Janeဘေးနား ဝင်ထိုင်လိုက်သည်

"Hey ပြန်တွေ့ရတာ ဝမ်းသာပါတယ် Ruby Jane "

"ငါ့ကို မှတ်မိတယ်ပေါ့...."

"ဘယ်တော့မှ မမေ့ပါဘူး...Ruby "

"ကဲ ဆရာမ စာသင်မယ် စာအုပ်ထုတ်...Roseanne သမီးက ဒီသင်ခန်းစာတွေ မမှီဘူးဆို အတန်းပြီးရင် Ruby Janeကို ရှင်းပြခိုင်းလိုက်နော် ခုတော့ ဆရာမ ရှင်းပြတာကိုဘဲ လိုက်နားထောင်ပေါ့ "

"Nae "

Roseanne ခေါင်းညိတ်ပြပြီး စာအုပ်ထုတ်လိုက်သည်

Ruby Janeကတော့ သူမဘေးနား အမြဲတမ်း သူမကို ကာကွယ်ပေးတဲ့ Roseanne ပြန်ရောက်လာလို့ ပျော်နေသည်...

ထိုအပျော်တွေက ကြာရှည်ခံမလားဆိုတာ....................

#Tbc

#Zawgyi

"Hi Girls and Boys, I'm called Roseanne. ...."

Seoulၿမိဳ႕မွ မူလတန္းေက်ာင္း တစ္ခုတြင္ အသက္ 10 ႏွစ္အ႐ြယ္ ကေလးမေလးမွာ သူမကိုယ္သူမ မိတ္ဆက္ေနသည္

"ကဲ သမီးေလးက Roseanne ေပါ့ "

"ဟုတ္ပါတယ္ ဆရာမ "

"ဟုတ္ပါၿပီ ေနာက္တစ္ေယာက္ သမီးေလး ကိုယ့္ကိုကိုယ္ မိတ္ဆက္ေပးပါအုံး "

"Hi ငါ့နာမည္က Ruby Jane ပါ နင္တို႔နဲ႕ခင္ခ်င္ပါတယ္ "

အသားညိုညို ပါးေဖာင္းေဖာင္းေလးနဲ႕ ကေလးမေလးမွာ သူမကိုယ္သူမ မိတ္ဆက္လိုက္သည္

"ကဲ ဒါဆို Ruby Janeက Roseanneေလးနဲ႕ တူတူထိုင္လိုက္ေနာ္ "

"ဟုတ္...."

ဆရာမက စာေတြသင္ေပးေနခ်ိန္ Ruby Janeက တက္ႂကြစြာ အားပါးတရလိုက္ဆိုေပမယ့္ Roseanneကေတာ့ သူ႕စာအုပ္ထဲ ပုံေတြ ခိုးဆြဲေနသည္

"Roseanne... သမီးေလး ဆရာမနဲ႕ အတူ ကဗ်ာလိုက္ဆိုေလ "

ဆရာမ စကားေၾကာင့္ Runy Janeမွာ သူမေဘးနားက Roseanneကို လက္တို႔လိုက္သည္

Roseanneလည္း စာအုပ္ပိတ္ၿပီး ကဗ်ာလိုက္ဆိုေလသည္

မုန့္စားဆင္းခ်ိန္တြင္ Ruby Janeတို႔ ေက်ာင္းထဲက ကစားကြင္းတြင္ ေဆာ့ေနၾကသည္

Ruby Janeတို႔ကို ေစာင့္ၾကည့္ေနတဲ့ အတန္းပိုင္ဆရာမ အိမ္သာခဏသြားစဥ္ ဒန္းစီးေနတဲ့ Ruby Janeကို အေနာက္ကေန ေကာင္ေလး တစ္ေယာက္က ဒန္းေပၚကတြန္းခ်ေလသည္

"အား "

Runy Jane ေပါက္စေလးမွာ ဒန္းေပၚကေန ေျမျပင္ေပၚ အရွိန္နဲ႕ ျပဳတ္က်ၿပီး သြားက်ိဴးသြားေလသည္

ပါးစပ္ထဲက ေသြးေတြထြက္လာတဲ့ Ruby Janeကို ၾကည့္ၿပီး ဒန္းေပၚကေန ေကာင္ေလးက ရယ္ေနေတာ့ မုန႔္စားေနတဲ့ Roseanne မွာ စားလက္စ မုန့္ကို ပစ္ခ်လိဳက္သည္

ထို႔ေနာက္ Ruby Janeဆီ သြားကာ Ruby Janeကို ထူလိုက္သည္

"သူငယ္ခ်င္း အဆင္ေျပလား "

Ruby Jane ေလးမွာ ငိုေနေတာ့ Roseanne မွာ သူ႕ေဘာင္းဘီအိတ္ထဲက ေခ်ာကလက္ေလး ထုတ္ေပးေလသည္

"ေရာ့ ဒါစားလိုက္ မငိုနဲ႕ေတာ့ေနာ္ "

Ruby Janeကို ၿပဳံးျပၿပီး Roseanne ေပါက္စေလးမွာ ဒန္းေပၚက ေကာင္ေလးဆီ သြားလိုက္သည္

"ဘာလည္း နင္က ငါနဲ႕ခ်ခ်င္လို႔...."

ေကာင္ေလးစကားမဆုံးေသး Roseanneမွာ ထိုေကာင္ေလးကို ဒန္းေပၚကေန ျပဳတ္က်ေအာင္ ေဆာင့္တြန္းလိုက္သည္

"အား...."

"Roseanne သမီး ဘာလုပ္လိုက္တာလည္း "

မူႀကိဳဆရာမမွာ အိမ္သာကျပန္လာရင္း Roseanne က ေကာင္ေလးကို ဒန္းေပၚက တြန္းခ်တာ ျမင္ၿပီး လန့္သြားတယ္

"Ruby ကို သူက အရင္လုပ္တာေလ "

"ျပန္မလုပ္ဘဲ ဆရာမကို လာတိုင္ရမယ္ေလ "

"Ruby ပါးစပ္မွာ ေသြးထြက္ေနတယ္"

Roseanne လက္ညိုးထိုးျပေတာ့ ဆရာမမွာ ျပာျပာသလဲနဲ႕ Rubyကိုေရာ ေကာင္ေလးကိုေရာ ေခၚကာ ေက်ာင္းမွ ေဆးခန္းထဲသို႔ ေခၚသြားေလသည္

"ဟိတ္ ခုနက ငါ့ကို ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္ "

"ရပါတယ္..."

"နင့္နာမည္က ..."

"Roseanne.... "

"Ruby Janeပါ..Rubyလို႔ ေခၚလို႔ရတယ္ ခုက စၿပီး ငါတို႔ သူငယ္ခ်င္း ျဖစ္သြားၿပီေနာ္ "

"Ok. ..."

Ruby Jane နဲ႕ Roseanne တို႔ ဒီလိုနဲ႕  သူငယ္ခ်င္း ျဖစ္သြားၾကသည္

Ruby Janeက မ်က္ႏွာကသာ ခပ္ေခ်ေခ်ပဳံစံ ျဖစ္ေနေပမယ့္ အရမ္းေၾကာက္တတ္သည္

တစ္ခုခုဆို ျပန္မေျပာရဲလို႔ ေက်ာင္းသူ ဘဝမွာလည္း အၿမဲ အနိုင္က်င့္ခံရသည္.....

ထိုသို႔ အနိုင္က်င့္ခံရတိုင္း Roseanne က အၿမဲ ေရာက္လာၿပီး Ruby Jane ဘက္က ကာကြယ္ေပးခဲ့သည္

Ruby Jane  အလယ္တန္းေက်ာင္းသူ ဘဝကိုေရာက္ေတာ့ ေက်ာင္းေျပာင္းသြားေလသည္

Roseanne မွာ Ruby Jane နဲ႕ မေတြ႕ရေတာ့ဘူး ေတြးခဲ့ေပမယ့္ Roseanne အထက္တန္းေက်ာင္းသူ ဘဝေရာက္ေတာ့ ေက်ာင္းတြင္ ေကာင္မေလး တစ္ေယာက္နဲ႕ ရန္ျဖစ္ၿပီး ေကာင္မေလးရဲ႕ ေခါင္းကို ေဘာပင္နဲ႕ ထိုးခဲ့လို႔ Roseanne ေက်ာင္းေျပာင္းခဲ့ရသည္

********

"Yah Ruby Jane နင္ ဆရာမေပးတဲ့ အိမ္စာေတြ ၿပီးၿပီလား "

Ruby Jane အတန္းထဲ ဝင္ဝင္ခ်င္း သူမကို အၿမဲ အနိုင္က်င့္တဲ့ ေက်ာင္းသူနဲ႕ ေတြ႕ေလသည္

"ၿပီး ၿပီးသြားၿပီ Ji Yoon "

"ေပးစမ္း နင့္စာအုပ္ "

"ဟို "

Ji Yoonမွာ Ruby Jane ေက်ာပိုးအိတ္ကို ေဆာင့္ဆြဲယူၿပီး ေက်ာပိုးအိတ္ထဲက စာအုပ္ကို ထုတ္ယူလိုက္သည္

ထို႔ေနာက္ Ruby Jane ေရးထားတဲ့ အိမ္စာေတြကို တစ္႐ြက္မက်န္ ဆြဲဆုတ္ပစ္သည္

"Ji Yoon ဒါ ဘာလုပ္တာလည္း "

"ငါလည္း အိမ္စာမၿပီးေသးဘူးေလ အတူတူရိုက္ခံၾကတာေပါ့ "

"ဘာ..."

"ဘာလည္း နင္က မေက်နပ္တာလည္း "

Ruby Jane ရဲ႕ ဆံပင္ကို ေဆာင့္ဆြဲၿပီး Ji Yoon ေမးလိုက္သည္

Ruby Janeလည္း ျပႆနာမျဖစ္ခ်င္လို႔ အေလ်ာ့ေပးၿပီး သူမ ထိုင္ခုံဘက္သာ ထြက္လာခဲ့သည္

"Roseanne ဆိုတဲ့ ေကာင္မေလးကို အခုလိုအနိုင္က်င့္ခံရတဲ့ အခ်ိန္တိုင္း သတိရလိုက္တာ ငါ ငယ္ငယ္ကဆို အနိုင္က်င့္ခံရတိုင္း သူဘဲ အၿမဲ ကာကြယ္ေပးတာ "

Ruby Jane ငယ္ငယ္က သူမကို အၿမဲ ကာကြယ္ေပးတဲ့ ေကာင္မေလးကို သတိရလို႔ ေရ႐ြတ္မိလိုက္သည္

"ကဲ ကဲ အားလုံးဘဲ Good Morning "

အတန္းပိုင္ဆရာမ ေရာက္လာလို႔ Ruby Jane အေတြးေတြ ေပ်ာက္ၿပီး တစ္ျခားသူေတြနဲ႕အတူ ထႏႈတ္ဆက္ေလသည္

"ကဲ ဒီေန႕ သင္ခန္းစာအသစ္ မစခင္ ဆရာမတို႔ အတန္းကို တစ္ျခားေက်ာင္းက ေျပာင္းလာတဲ့ ေက်ာင္းသူ အသစ္နဲ႕ မိတ္ဆက္ေပးမယ္ ေက်ာင္းသူအသစ္ သမီး ဝင္လာခဲ့ပါ "

အသားျဖဴျဖဴ အရပ္ရွည္ရွည္နဲ႕ ဆံပင္ပန္းေရာင္နဲ႕ ေကာင္မေလး အတန္းထဲ ဝင္လာေတာ့ ေက်ာင္းသားေတြမွာ သေဘာက်ၿပီး ထေအာ္ၾကေလသည္

Ruby Janeကေတာ့ သူမ အရိုက္ခံရမယ့္ ကိစၥကို ေတြးပူေနသည္

"Hi Girls and Boys, I'm called Roseanne. ...."

Ruby Jane သူမ ရင္းႏွီးတဲ့ အသံနဲ႕ နာမည္ကို ၾကားရေတာ့ ေပ်ာ္ၿပီး ေမာ့ၾကည့္မိလိုက္ေတာ့ Roseanne နဲ႕ အၾကည့္ခ်င္းဆုံသြားေလသည္

Roseanneမွာလည္း Ruby Jane ကို မွတ္မိပုံရသည္

Ruby Janeနဲ႕ အၾကည့္ခ်င္းဆုံေတာ့ ၿပဳံးျပေနသည္

"Roseanne သမီး "

"ဆရာမ ဟိုေကာင္မေလး ေဘးနား သြားထိုင္လို႔ ရတယ္မလား "

ဆရာမ ဘာမွမေျပာခင္ Roseanne မွာ Ruby Janeကို လက္ညိုးထိုးၿပီး ေျပာေလသည္

"ရပါတယ္ သူ႕ေဘးနား ဘယ္သူမွမရွိေတာ့ သမီးထိုင္လို႔ရတယ္ "

"ဟုတ္ "

Roseanne ဆရာမဆီက ခြင့္ျပဳခ်က္ ရၿပီးေနာက္ Ruby Janeေဘးနား ဝင္ထိုင္လိုက္သည္

"Hey ျပန္ေတြ႕ရတာ ဝမ္းသာပါတယ္ Ruby Jane "

"ငါ့ကို မွတ္မိတယ္ေပါ့...."

"ဘယ္ေတာ့မွ မေမ့ပါဘူး ...Ruby"

"ကဲ ဆရာမ စာသင္မယ္ စာအုပ္ထုတ္...Roseanne သမီးက ဒီသင္ခန္းစာေတြ မမွီဘူးဆို အတန္းၿပီးရင္ Ruby Janeကို ရွင္းျပခိုင္းလိုက္ေနာ္ ခုေတာ့ ဆရာမ ရွင္းျပတာကိုဘဲ လိုက္နားေထာင္ေပါ့ "

"Nae "

Roseanne ေခါင္းညိတ္ျပၿပီး စာအုပ္ထုတ္လိုက္သည္

Ruby Janeကေတာ့ သူမေဘးနား အၿမဲတမ္း သူမကို ကာကြယ္ေပးတဲ့ Roseanne ျပန္ေရာက္လာလို႔ ေပ်ာ္ေနသည္...

ထိုအေပ်ာ္ေတြက ၾကာရွည္ခံမလားဆိုတာ....................

#Tbc

Bạn đang đọc truyện trên: Truyen3h.Co