Final (unicode)
Minjeongမှာ Karinaကို ပြန်ပို့ပေးပြီးနောက် အိမ်သို့ ပြန်လာသည်
"Ning အိပ်ပြီလား "
NingNing ရဲ့ အခန်းရှေ့ကို သွားပြီး Winter တံခါးခေါက်ကာ မေးလိုက်သည်
အစကတော့ NingNingကို ပြောဖို့ သတ္တိမရှိခဲ့ဘူးလေ
Karina က NingNingရဲ့ အကြိုက်ဆုံး မင်းသမီး မဟုတ်လား
သူ့မင်းသမီးကို ဒုက္ခပေးမယ့်အလုပ်ကို Winter လက်ခံပြီး လုပ်ခဲ့တယ်ဆိုတာ NingNing သိရင် စိတ်ဆိုးမှာ သေချာတယ်
ဒါပေမယ့် Karina တစ်ယောက်တည်း ဆွဲချခံရပြီး တိုက်ခိုက်ခံနေရတာကိုတော့ Winter မကြည့်ရက်ပေ
သတ္တိမွေးပြီး NingNingကို အကူအညီအကြံဥာဏ်တောင်းရခြင်း ဖြစ်သည်
တစ်ဖက်က Aeriမှာလည်း Karinaက တိုက်ခန်းတံခါးဖွင့်ပြီး ဝင်လာလို့ အံ့သြနေတယ်
"နင် အထဲမှာရှိနေတာ မဟုတ်ဘူးလား "
"မဟုတ်ဘူး Winterက လာခေါ်လို့ ပြတင်းပေါက်ကနေ ခုန်ချပြီး ခိုးထွက်သွားတာ "
"ဘာ ဘာ ဘယ်လို "
"Unnieကို ခွင့်တောင်းရင် မလွှတ်ဘူးဆိုတာ သိနေလို့လေ "
"မင်းကို စိတ်ပူလို့လေ....အခုကြည့် ...Unnieကို မပြောဘဲ ထွက်သွားလို့ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ပြီးတော့ Lesbianဆိုပြီး အပြစ်ပြောခံနေရတာကို ကောင်မလေးတစ်ယောက်နဲ့ ညကြီးမိုးချုပ်အချိိန်မှ အပြင်မှာရှိနေတော့ ပိုပြောခံရမှာလေ "
"Unnie စိတ်ပူတာကို သိပါတယ် ဒါပေမယ့် Winterက လူကောင်းပါ Unnieရဲ့ "
Karinaမှာ Winterက သူ့ကို အမှန်တိုင်းပြောပြခဲ့တဲ့ ကိစ္စကို Aeriကို မပြောပြဘဲ နေလိုက်သည်
ပြောပြလိုက်ရင် မိုးမီးလောင်မှာလေ အစကတည်းက Aeriက Winter ကို အမြင်သိပ်မကြည်ဘူး မဟုတ်လား
"မပြောတော့ဘူး စိတ်ထင်တိုင်းသာ လုပ်တော့ "
Aeriက စိတ်ဆိုးသွားပုံပေါ်သည် ဘာမှဆက်မပြောဘဲ သူ့အခန်းထဲ ဝင်သွားပြီး တံခါးကို ဝုန်းခနဲ ပိတ်ချသည်
"Unnieကလည်း "
Karinaက တံခါးခေါက်ပြီး သွားချော့ပေမယ့် Aeriက ထွက်မလာပေ
"အသည်းမာလိုက်တာနော် ဒီက လက်နာခံပြီး ခေါက်နေတာကို လက်ချောင်းလေးတွေတောင် နီရဲနေပြီ ဟွန့် "
Karinaမှာ Aeri ထွက်လာအောင် ချွဲပြောသော်လည်း Aeri က ထွက်မလာပေ
Karina လက်လျော့ပြီး လှည့်ထွက်သွားမှ Aeri အခန်းတံခါးက ပွင့်လာတယ်
Karina တံခါးဖွင့်သံကြားလို့ လှည့်ကြည့်တော့ ဆေးသေတ္တာပုံးကို ကိုင်ပြီး သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်နေတဲ့ Aeriကို တွေ့ရသည်
"လက်က ဘာဖြစ်တာလဲ "
"ဘာမှမဖြစ်ပါဘူး Unnie ထွက်လာအောင် လျှောက်ပြောလိုက်တာ "
"ပြစမ်းပါ "
Aeriက Karinaဆီ လျှောက်လာပြီး Karina လက်ကို ဆွဲယူကြည့်လိုက်တယ်
"ဘာလို့ ဘာမှမဖြစ်ရမှာလဲ လက်ကလေးတွေက နီရဲနေတာကို လာ ဆေးလိမ်းပေးမယ် ထိုင် "
Aeriက Karinaကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ဆေးသေတ္တာဗူးကို ဖွင့်လိုက်သည်
ပြီးတော့ ဆေးတွေထုတ်ပြီး Karina လက်ကို သေချာကိုင်ကာ ဆေးလိမ်းပေးလေသည်
"Unnieက မင်းကို စိတ်ပူလို့ Harleenလို မိန်းကလေးမျိုးနဲ့ထပ်တွေ့မှာ စိတ်ပူလို့ မင်းက အတိုက်အခိုက်တွေခံခဲ့ရတာ အထိအခိုက်ခံရဆုံးသူမို့လို့ မင်းထပ်ပြီး စိတ်ပင်ပန်းမှာကို Unnie မဖြစ်စေချင်ဘူး "
"ညီမ နားလည်ပါတယ် Unnie စေတနာကိုလည်း သိပါတယ် Winterက လူကောင်းတစ်ယောက်မို့လို့ Unnie ယုံကြည်လို့ ရပါတယ် "
Aeriက Karinaလက်ကို ဆေးလိမ်းပေးရာကနေ Karinaကို မျက်လုံးပင့်ကာ ကြည့်လိုက်သည်
"Winter ကို အရမ်း ကာကွယ် ပေးနေတာနော် မင်း သူ့ကို သဘောကျနေတာလား မင်းတို့ ဘယ်အဆင့်ထိရောက်နေပြီလည်း ..."
Aeriရဲ့ စကားကြောင့် Karina ရှက်သွားတယ်
"ဟို...ဒီအတိုင်း ညီမဘက်ကဘဲ သူ့ကို ခံစားချက်ရှိနေတာထင်တယ် သူကတော့....ဘာမှမပြောဘူး ဒီအတိုင်းလေးဘဲထင်တာဘဲ "
"ဒီတစ်ခါတော့ မင်းကို လူရွေးမှန်စေချင်တယ် "
Aeriရဲ့ အသံက ဝမ်းနည်းနေမှုတွေ ပါဝင်နေတယ်
ဟုတ်တယ်လေ ကိုယ်သဘောကျနေရတဲ့ ကောင်မလေးက တစ်ခြားတစ်ယောက်ကို သဘောကျနေမှန်း သိရတော့ ဝမ်းနည်းမိတာပေါ့
"လူရွေးမှန်မှာပါ.... "
"ဒီတော့ မင်း ဘာဆက်မလုပ်မလဲ "
"သူတို့က ဒီအနုပညာလောကထဲမှာမှ ရှိမနေစေချင်တာ ထွက်လိုက်ရုံပေါ့ "
"ထွက်ပြီး ဘာဆက်လုပ်မှာလဲ "
"လောလောဆယ်တော့ အဘွားတို့ဆီ ပြန်မသွားချင်လို့ အဖေ့ဆီ သွားနေမယ် "
"ငါလည်း ပိုက်ဆံတွေ ဘယ်မှာရှယ်ယာဝင်ရမလဲတွေးနေတာ ကွက်တိဖြစ်သွားတာပေါ့ "
"Unnieက အဖေ့ဆိုင်ထိ လိုက်လာမလို့လား "
"မင်း ဘယ်သွားသွား လိုက်မှာ.....Unnieမှာက ခင်တွယ်စရာဆိုလို့ မင်းဘဲရှိတယ်လေ မခွဲနိုင်ပါဘူး "
Aeriက ပြောပြီး သက်ပြင်းချလိုက်သည်
"Gomawo Unnie.....Chaw ဘေးနားမှာ အခုထိ ရှိနေပေးလို့ "
Karinaက ကျေးဇူးတင်စကားပြောပြီး Aeriကို ဖက်လိုက်သည်
"Minjeong....ဒီလိုလုပ်ကြမယ်....."
Winterမှာ မနက်စာစားနေချိန် NingNingက ရောက်လာပြီး စကားစပြောလို့ ပျော်သွားတယ်
ဘာလို့လဲဆိုတော့ အရင်နေ့က Winter အမှန်တိုင်းပြောပြလိုက်တော့ NingNingက သူ့ကို စိတ်ဆိုးသွားတာလေ
Winter က ချော့ပေမယ့် နှစ်ရက်လောက်ထိ NingNingက သူနဲ့ မျက်နှာချင်းမဆိုင်ခဲ့ဘူးလေ
"နောက်ဆုံးတော့ နင်ငါ့ကို စကားပြောပြီပေါ့ "
"ဟွန့် ငါ့idolကို အဲ့လိုလုပ်လို့ သိပ်ကြည်တာ မဟုတ်ဘူးနော် "
"အယ် ငါမလုပ်ခဲ့ပါဘူးနော် သူ့ကိုတောင် ကာကွယ်ပေးခဲ့ပါတယ်ဆိုနေ....."
"ထားပါတော့ လာ ငါ အစီအစဥ်တစ်ခု စဥ်းစားထားတယ် "
WinNingမှာ Karinaကို ကူညီဖို့ စီစဥ်နေစဥ် Karinaကတော့ အနုပညာလောကကနေ အနားယူပြီး သူ့အဖေရဲ့ ဆိုင်မှာ Aeriနဲ့အတူ အလုပ်လုပ်နေတယ်
"ဒီမှာရှင့် ဒီကို မုန်လာဥဂင်ချီချပေးပါအုံး "
"ဟုတ်ကဲ့ပါ Jimin ရေ မုန်လာဥဂင်ချီ ထည့်ပေးပါအုံး "
Aeriက လှမ်းအော်တော့ Karinaလည်း မီးဖိုခန်းထဲကနေ ပြန်ဖြေသည်
Karinaရဲ့ အဖေမှာ သူ့သမီးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတယ်
ဆက်လက်ပြီး အနုပညာသတင်းများကို ဆက်လက်ကြော်ငြာပါမယ်ရှင်
အနုပညာလောကကနေ အနားယူသွားတဲ့ Karinaကို သူ့ရည်းစားဟောင်းက ငွေပေးပြီး ချောက်တွန်းဖို့ စီစဥ်ခဲ့တဲ့အကြောင်း ငွေပေးခံသူမှ အမှန်တိုင်း ဖွင့်ပြောလာပါတယ်
ရည်းစားဟောင်းဖြစ်သူမှာ ရက်ပေါင်းများစွာ Karinaအနောက်ကို Stalkနေပြီး ဘယ်လိုအပြစ်ရှာ ဆွဲချရမလဲဆိုတာ အစီအစဥ်ဆွဲနေခဲ့သူလည်း ဖြစ်ပါတယ်
ငွေပေးခံသူမှာ Karinaနောက် ဆက်မလိုက်နိုင်တော့ကြောင်း ပြောပြီး အလုပ်ထွက်ပြီးနောက် ရည်းစားဟောင်းမှာ Karinaနဲ့ သူ့ရဲ့ ဓာတ်ပုံတွေ တင်ပြီး ဆွဲချခဲ့ခြင်း ဖြစ်ပါတယ်
ငွေပေးခံသူမှ ဆက်လက်ပြီး ဒီစကားလည်း ပြောကြားခဲ့ပါသေးတယ်
တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူကိုလူလိုဘဲ မြင်ကြပေးဖို့ တောင်းဆိုပါတယ်.....
Karinaမှာ ဂင်ချီလှီးနေရင်း Tvက လွှင့်တဲ့ သတင်းကြားပြီး Winterရဲ့ လက်ချက်မှန်း သိလိုက်ရသည်
Aeriကတော့ Tvက သတင်းကို ကြည့်ပြီး အင်တာနက်ကို ဖွင့်ကြည့်တော့ တော်တော်များများက Karinaဘက်ကနေ ဝင်ပြောပေးနေကြတာတွေကို တွေ့လိုက်ရသည်
အခုဆိုရင် Karinaကို အနုပညာလောကထဲ ပြန်လာစေချင်သူကလည်း ရှိသေးသည်
"Appa...Aeri ခဏနော် "
Karinaမှာ ဦးထုပ်ဆောင်းပြီး ဆိုင်ထဲက ထွက်လာသည်
တို့ အခုဘဲ မင်းဆီ ဖုန်းခေါ်တော့မလို့ "
"Karina အခု ဘယ်မှာလဲ "
"တို့ အဖေရဲ့ဆိုင်မှာ အခု မင်းဆီလာတွေ့မလို့ "
"ငါလည်း Karinaကို ပြောစရာရှိလို့ တွေ့ချင်တယ် "
"ဟန်မြစ်ဘက်က တွေ့နေကြနေရာမှာ တွေ့ကြမယ် တို့စောင့်နေမယ်နော် "
"ဟုတ်ပြီ ငါအခုချက်ချင်းလာခဲ့မယ် "
Winterလည်း NingNing ဆီက ကားငှားပြီး ဟန်မြစ်ဘက်ကို ထွက်လာသည်
ဟန်မြစ်ဘက်ကို ရောက်တော့ ဦးထုပ်လေးဆောင်းပြီး ထိုင်နေတဲ့ Karinaကို တွေ့ရသည်
Winterမှာ မုန့်လေးတွေသယ်လာပြီး Karinaဆီ သွားလေသည်
"စောင့်ရတာ ကြာသွားလား မုန့်ဝင်ဝယ်နေလို့ နည်းနည်းနောက်ကျသွားတယ် ဟီး "
Karina ဘေးနား ဝင်ထိုင်ပြီး Winter ပြောလိုက်သည်
"မကြာသေးပါဘူး တို့လည်း ခုနမှရောက်တာ "
"တော်သေးတာပေါ့ Karinaနဲ့စကားပြောရင်း စားဖို့ မုန့်ဝယ်လာတာ ငါးပေါင်မုန့်လေးတွေလေ ပူတုံးစားလိုက်အုံး ရော့ "
Winterမှာ ငါးပေါင်မုန့်ကို ထုတ်ပေးပြီး Karinaကို ပေးလိုက်သည်
Karinaမှာ ငါးပေါင်မုန့်လေးစားပြီး Winterကို ကြည့်လိုက်သည်
"မင်းလက်ချက် မဟုတ်လား Winter..."
"ဟင် ဘာကိုလဲ "
"တို့ သတင်းတွေ့ပြီးပြီ.... "
"အာ အဲ့တာလား ဟုတ်တယ်.... ငါ Karinaအတွက် အားနာလို့ တစ်ခုခုလုပ်ပေးချင်တာ ဘာလုပ်ရမှန်း မသိတာနဲ့ သူငယ်ချင်းနဲ့တိုင်ပင်ပြီး သက်သေတွေကိုပါ သတင်းဌာနတွေဆီ သတင်းထောက်တွေဆီ ပို့ခဲ့လိုက်တာ "
Winterက ပြုံးပြီး ပြောလိုက်သည်
"ကျေးဇူးတင်ပါတယ် တို့အတွက် ကြိုးစားပေးခဲ့လို့ "
"ကျေးဇူးတင်စရာမလိုပါဘူး......"
"တို့ ကျေးဇူးတင်စကားပြောချင်လို့ မင်းကို ခေါ်လိုက်တာ ဒါနဲ့ မင်းကရော တို့ကို ပြောစရာရှိတယ်ဆို ဘာများလဲ "
"ဟုတ်တယ် ပြောစရာရှိတယ် Karinaကို ချစ်တဲ့အကြောင်း ပြောချင်တာ "
Winterရဲ့ စကားကြောင့် Karinaမှာ မုန့်နင်သွားလေသည်
"အဟွတ်...."
"အယ် ရလား Karina...ဖြည်းဖြည်းစားမှပေါ့ ကလေးလား "
"ရတယ် ရတယ် "
"ဒါဆို ဆက်ပြောမယ်နော် ငါ....Karinaကို ချစ်တယ်....အစကတော့ သဘောကျရုံဘဲထင်တာ ဟိုတစ်လောကမှ သိလိုက်ရတယ် ငါ Karinaကို ကာကွယ်ပေးချင်လွန်းလို့ ရူးမတတ်ဖြစ်ခဲ့ကာမှ ငါလေ...Karinaကို ချစ်မိနေမှန်း သိသွားတာ "
"Win...."
"Karina ငါ့ကို ချစ်လားဟင် "
"အင်း တို့လည်း မင်းလိုဘဲ .....တို့ မင်းကို ချစ်တယ် "
Karinaရဲ့ စကားကြောင့် Winter ပျော်ပြီး Karinaကို နမ်းလိုက်သည်
သူ့ကို ကာကွယ်ပေးမယ့် ပေါက်စလေး Winterရှိနေတော့ Karina တစ်ယောက် ပါပါရာဇီတွေလည်း မမှု ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ Winterရဲ့ လက်ကို တွဲပြီး ဟန်မြစ်ဘောင်ပေါ်တွင် သူတို့ရဲ့အချစ်ခရီးဆီသို့ လမ်းလျှောက်သွားလေသည်
the end
နောက်ဆုံးတော့ Into Jလေး အဆုံးသတ်သွားပါပြီ အဆုံးထိဖတ်ပေးသူများကို ကျေးဇူးတင်ပါတယ်❤ နောင်ဆက်ရေးမယ့် Jiminjeong ficတွေကိုလည်း စောင့်ပေးကြပါအုံး
Bạn đang đọc truyện trên: Truyen3h.Co