Part 1 (unicode)
တဖြတ်ဖြတ်ရိုက်နေတဲ့ ကင်မရာမီးရောင်တွေ သတင်းသမားတွေ ကြားကနေ ဘယ်လိုလွှတ်လာနိုင်ခဲ့သည်မသိ။
ဒီညတော့ အိမ်ပြန်မရောက်တော့ဘူးလို့ မှတ်ထားတာ ။
ဇိမ်ခံကားပေါ်ရောက်ပြီးသည်နှင့် ခြေပစ်လက်ပစ် နောက်ခုံကို မှီချပြီး သက်ပြင်းရှည်ကြီးတခု ချမိသည် ။
ဘေးမှာ ဖြစ်သလို ပစ်တင်ထားတဲ့ ဆု ရုပ်ထု တခု ။
ကြည့်ရင်း မဲ့ပြုံးပြုံးမိသည် ။
ဒီလမ်းကို ဘာကြောင့်ရွေးချယ်မိတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ ကားမှန်ကိုချဖို့ပြင်တော့ ကားမောင်းနေတဲ့ Unnieက နောက်ကြည့်မှန်ကနေ သူမကို အကြည့်နဲ့ လှမ်းဟန့်တယ် ။
အရေးလုပ်လို့ Unnieဖြစ်သူကို သူမက ပုခုံးတချက်တွန့်ပြပြီး မှန်ကို ချဖြစ်အောင်ချလိုက်သည် ။
" ခြစ်! "
မီးခြစ်သံကြောင့် ကားမောင်းနေတဲ့ Unnieရဲ့အကြည့်တွေဟာ နောက်ကြည့်မှန်ကနေ တစ်ဆင့် သူမဆီရောက်လာပြန်သည် ။
Unnieကို ဂရုမစိုက်အား စီးကရက်ကို ပါးစပ်မှာခဲရင်း မီးခပ်မြန်မြန်ညှိလိုက်သည်။
ခပ်ပြင်းပြင်း တချက်ရှိုက်ကာ အငွေ့တွေ မှုတ်ထုတ်လိုက်ရင်း လမ်းတဖက်တချက်က မီးရောင်အချို့ဆီ အကြည့်တို့ပို့သည် ။
"Karina ဆေးလိပ်တွေ သောက်ပြန်ပြီ နင့် fanတွေ မြင်သွားရင် မကောင်းဘူးနော် "
Karinaက ရယ်တယ် ။ စီးကရက်ကို နောက်တကြိမ်ထပ်ရှိုက်ပြီးသည်နှင့် လမ်းပေါ်ပစ်ချလိုက်တယ် ။ ဒါက သူလုပ်နေကြပဲ ။
"ညီမ မကောင်းတာ သူတို့သိသားပဲ ။ ဘာလို့ ကြိုက်နေကြတယ်မသိဘူး "
ငိုသံစွက်ရင်းပြောလာတဲ့သူ့ကို ဒီunnieကပဲ ကြည့်ရင်း စိတ်မကောင်းဖြစ်ရပြန်တယ်။
အခုလည်း တရှုံ့ ရှုံ့နဲ့ ငိုနေပြန်ပီ ။ ပြီးရင် အနီးနားကအရက်ဆိုင်တဲမှာ ရပ်ခိုင်းပြီး အရက်သောက်မယ် ။မနက်ရောက်ရင် သတင်းခေါင်းကြီးပိုင်းကနေပါလာမယ် ။
"2022ရဲ့ Baeksang Arts Awards For Most Popular Female Actress In Femaleဆုကို Neverland ဇာတ်ကားဖြင့် Karina မှ ဆွတ်ခူးရရှိသွားပါတယ်...."
" ဝိုးးး ငါ့လူ ဆုရသွားတယ်ဟ Min jeong နင် Karinaရဲ့ဇာတ်ကားကြည့်တယ်မလား "
ခေါက်ဆွဲပြုတ်စားရင်း သတင်းကြည့်နေတဲ့ Ning Ning က အခန်းဖော် တဖြစ်လဲ သူငယ်ချင်းဖြစ်သူကို ဝမ်းသားအားရလှမ်းမေးသည်။
" မကြည့်ဖြစ်ဘူးရယ် ... ခု ရက်ပိုင်း မအားနေဘူးလေ "
"ဟာ .... နင် အဲ့ဒါမကြည့်တော့ ခု ဆုပေးပွဲက ဘယ်ရင်ခုန်စရာကောင်းတော့မလဲ "
တိုက်ခန်းငှားခ အတွက် ငါ ရှာရအုံးမယ် Ningningရ "
Min Jeong သတင်းစာထဲက အလုပ်ခေါ်စာတွေ လိုက်ဖတ်ရင်း ပြန်ဖြေလိုက်သည်။
"Coffeeဆိုင်မှာ အဆင်မပြေဘူးလား "
ဂျင်ဆင်းမြစ်ကို ကိုက်ရင်း သတင်းစာထဲ အလုပ်လိုက်ရှာပေမယ့် သူနဲ့ သင့်တော်တဲ့ အလုပ်ကရှာမတွေ့။ ဖတ်လက်စ သတင်းစာကို ပိတ်ပြီး စားပွဲပေါ် အသာတင်ရင်း ခေါက်ဆွဲဘူးထဲက အရည်ကို မော့နေတဲ့ Ning Ningကိုကြည့်လိုက်သည် ။
"အေး ဆိုင်ရှင်က ဇီဇာကြောင်လွန်းတော့ ငါ သည်းမခံနိုင်လို့ အလုပ်ထွက်ခဲ့လိုက်တာ "
Min Jeong က တကယ် စိတ်လက်တဆစ်လေးပါဘဲ ။
Min Jeong သူမရဲ့ ဂုတ်ပိုးကို နှိပ်ရင်း ဆိုဖာပေါ်တွင် ပစ်လှဲလိုက်တယ် ။
"ငါတကယ် အားနာတာပါ Min Jeongရယ် ။ Mamaတို့က တရုတ်ပြည် ပြန်ခေါ်နေလို့ အလည်ဖြစ်ဖြစ်ပြန်မှရမယ် ။ covidကြောင့် ၂နှစ်နီးပါး မပြန်ခဲ့ရဘူးလေ "
Ning Ningပြောတာတွေက စိတ်ရင်းနဲ့ဆိုတာ သူမ သဘောပေါက်ကြောင်း ခေါင်းသာငြိမ့်ပြလိုက်ပြီး ဖုန်းကို ယူကာ ဆိုရှယ်မီဒီယာ ခဏသုံးရင်း Twitterကအလုပ်ခေါ်စာ တစ်ခုကို တွေ့တော့ Min Jeong စိတ်ဝင်စားသွားသည်။
အလုပ်အကြောင်းသေသေချာချာရေးသားထားတာမျိုးမရှိပဲ မက်လောက်စရာပမာဏ နဲ့ လစာနှုန်းထားသာဖော်ပြထားသည်။
သူမ Mailပို့ သင့်ရဲ့လား ။ stripperလုပ်ရမှာတော့ မဟုတ်ဘူးမလား ။ Ahh! Barမှာတောင် ညပိုင်း Bartenderလုပ်ဖူးခဲ့သေးတာပဲ ကိစ္စမရှိပါဘူး ။ နောက်ဆုံး သူမရဲ့ ကိုယ်ရေးအကျဥ်းတချို့ကို ရေးကား mailပို့လိုက်သည် ။
mailပို့ပြီး ၅မိနစ်တောင် မကြာလိုက် တဖက်မှ mailပြန်စာရောက်လာသည် ။ ပြန်စာ၏ ခေါင်းစဥ်ကြောင့် သူမ ခေါင်းထဲ သွေးပြောင်းပြန်စီးသွားသလိုပါခံစားလိုက်ရတယ် ။ လူချင်းတွေ့ဖို့ လိပ်စာပါ ပါသေးတာ ။
" Hey .... Ningie "
Min jeong ဆိုဖာပေါ်မှအမြန်ထပြီး ရေခဲသေတ္တာဖွင့်ကာ နို့ဘူးဖောက်နေတဲ့ သူငယ်ချင်းဖြစ်သူကို လှမ်းခေါ်သည်
" Karina ဆု ရသွားတဲ့ ဇာတ်ကားနာမည်က ဘာလဲ "
"Neverland တဲ့ Min Jeong ငါ့ laptopထဲမှာ ရှိတယ် "
Oh ! Title က Neverlandပေါ့ သူမ ဇာတ်ကားမကြည့်အားသေး ။ Googleမှာ ဇာတ်လမ်း အကျဥ်း ဖတ်ဖို့တော့လိုမယ်မလား ။ သူမရဲ့ လက်ချောင်းသွယ်တွေကို ဖုန်းမှန်သားပြင်ပေါ် ပြေးလွှားစေလိုက်သည် ။ Wait what ?
" Ningie နင့်ဟာက Lesbian လား "
ဟုတ်တယ် Min Jeongရဲ့ အာ့ကြောင့် ကြည့်ဖို့ အတင်းမတိုက်တွန်းတာ "
Ningning ပြောစကားများကို Min Jeong နားထဲမဝင်
Googleက ဖော်ပြထားတဲ့ Karinaဆိုသော အမျိုးသမီးရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိတ်ထဲစွဲနေအောင် ဖတ်သည် ။ ဘယ်ဘက် မေးစေ့နားက ထင်းနေတဲ့ မှဲ့နက်ကိုအရင်သတိပြုမိသည် ။ သူ့အလှကို ပိုထင်ပေါ်စေတာ ဒီမှဲ့အပြစ်လဲ မကင်းဘူးထင်တယ် ။
နာမည်အရင်းက "Yoo Jimin " တဲ့လား ။ မညာတမ်းဝန်ခံရရင် သူက တကယ်လှတာပါ
Karinaနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို Min jeongလေ့လာပြီးနောက် အိပ်ရာဝင်ဖို့ ပြင်ရသည် ။ Ning Ningက ဘယ်ချိန်ကတည်းက အိပ်သွားသလဲ သူမ သတိမထားမိ ။
မနက်ဖြန် အလုပ်ကလည်း ဘာမှန်းမသိ အင်တာဗျူးမှာလား ။ ဘာလုပ်ရမယ်ဆိုတာ သေချာ မရေးထားသလို အလုပ်ခေါ်စာအကြောင်း Ning Ningကိုတောင်မပြောပြရသေးဘူး။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်သွားကြည့်လိုက်မယ် ရသွားတော့လည်း အမြတ်ပေါ့ ။
ဖြူလွလွ ၂ထပ် တိုက် ရှေ့မှာ Min jeong ရပ်နေတာ ၁၅မိနစ်လောက်ရှိနေပီ ။ မနက် အစောကြီးနိုးလာလို့ အိမ်ကနေ အစောကြီးထွက်လာခဲ့တာ ။ တကယ်က ဘယ်ချိန်လာရမယ်ဆိုတာလည်း မရေးထားဘူးလေ ။
လမ်း တွေဆီ ငေးနေရင်း ကားတစ်စီးက သူမရှေ့လာရပ်တယ် ။
ကားပေါ်မှ အမျိုးသမီးတယောက်ဆင်းလာသည် ။ ထို အမျိုးသမီးကို သူမ ရင်းနှီးနေသလို ခံစားရသည် ။ အညိုရောင် ဆံနွယ် တွေက ပုခုံးပေါ်မှာ ခပ်ဝဲဝဲကျနေပြီး ဒူးအထက် အတိုရှိတဲ့ စကပ်အနက်ရောင်နဲ့ Crop top ဆင်စွယ်ရောင် ဆွယ်တာကို လိုက်ဖက်စွာဝတ်ဆင်ထားသည် ။
ထို အမျိုးသမီးက သူမရှေ့လာရပ်ပြီး သူ့လက်ထဲမှာကိုင်ထားတဲ့ ဖိုင်တွဲတချို့ကို သူမဆီပေးတယ် ။
"မင်း တကယ်လာသားပဲ ကိုယ်ဒါတွေပြင်ဆင်လာတာ မှန်သွားတယ် "
"ဒါက "
သူဘာကိိုဆိုလိုမှန်း Min Jeongနားမလည်သည်မို့ မေးခွန်းထုတ်တော့ သူမကို ထိုအမျိုးသမီးက စိုက်ကြည့်လာတယ်
" မနေ့က ကိုယ့်ဆီ mailပို့တာ မင်းမဟုတ်ဘူးလား Kim Winter shi "
"သြော် အဲ့ဒါ ကျွန်မပါပဲ "
"အိုခေ ... ဒါက မင်းလုပ်ရမဲ့အလုပ်အကြောင်းတွေ ကိုယ်ရေးထားပေးတာ နက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ စိတ်ပါတယ်ဆို ဒီညကနေ စလည်းဖြစ်တယ် "
"ရှင် "
သူမလက်ထဲ ထည့်ပေးတဲ့ ဖိုင်ကိုပိုက်ရင်း ထပ်ပြီးနားမလည်ဖြစ်ရပြန်သည် ။
"မေးစရာရှိနေမှာသိတယ် ဒါပေမဲ့ ကိုယ်ပေးတာတွေဖတ်ပြီးရင် မင်းသဘောပေါက်မှာပါ ။ အကူအညီလိုလို့ ကိုယ်ဆီပြန်လာမယ်ဆို အခုလိုမျိုး တိုက်ရှေ့မှာ အကြာကြီးရပ်မနေပဲ လူခေါ်ဘဲလ်တီးလိုက် အထဲမှာကိုယ်ရှိတယ် "
ပြောချင်တာပြောပြီး ကားပေါ်တက်သွားတဲ့ အမျိုးသမီးကို Min Jeong အကြောင်သားငေးကျန်ခဲ့သည်။
"ဆိုတော့ ငါက အလုပ်ရသွားတာလား ။ ဘာပဲဖြစ်ဖြစ် အိမ်လခဖိုး ပိုရင် Ningieနဲ့ ဝက်သားကင် အဝစားလို့ရတာပေါ့ "
Min jeong တကိုယ်ထဲ တီးတိုးရေရွတ်ကာ ကားမှတ်တိုင်ဆီ ခပ်ဖြေးဖြေးလျှောက်နေရင်းက Karinaအကြောင်း ဖျတ်ခနဲခေါင်းထဲဝင်လာသေးသည်
#TbC
Hello everyone and MYတို့ အခု ဒီ Into Jဆိုတဲ့ Ficလေးကို ကျွန်တော်ရယ် ပြီးတော့ နို့ပေါင်း ဆိုတဲ့ တစ်ယောက် collaboration လုပ်ပြီး ဒီ ficလေးရေးထားခြင်း ဖြစ်ပါတယ်။
နှစ်ယောက်ပေါင်းပြီး ideaတွေပြော ရေးကြ ပြင်ကြတာဆိုတော့ Update အနည်းငယ်တော့ ကြာပါမယ်ဗျာ့ ဒါပေမယ့် အပိုင်းတိုင်း စောင့်ရကျိုးနပ်စေမယ့် အကောင်းဆုံး မြုပ်ကွက်တွေနဲ့ Update ပေးပါမယ်။
အရေးတော်ပုံ အောင်ရမည်။
Bạn đang đọc truyện trên: Truyen3h.Co