Part 11 (Unicode)
တို့ကို ခုချက်ချင်း လာခေါ်ပေးပါ Winter
Winter ချက်ချင်းဘဲ Ning Ningရဲ့ ကားကို ငှားပြီး Karinaဆီ ထွက်လာလိုက်သည်
စိတ်ပူနေတဲ့စိတ်ကြောင့်ရယ်လား မသိ Winterမှာ Karinaရဲ့ တိုက်ခန်းကို ဘယ်လိုရောက်သွားမှန်းမသိ
အောက်မှာ ရောက်နေပြီ Karina...
Winterရဲ့ messageလည်း ဝင်လာရော Karinaမှာ သူ့အိပ်ရာခင်းနဲ့စောင်တွေကို ထုံးနေအောင် ချည်ပြီး ပြတင်းပေါက်ကနေ တိုက်ခန်းအောက်ကို ပစ်ချလိုက်သည် ....
Winter မှာ ကားပေါ်က စောင့်နေရင်း ဘုတ်ခနဲဲပြုတ်ကျလာသံကြားလို့ကြည့်လိုက်တော့ Karinaက သူ့အိပ်ခန်းပြတင်းပေါက်ကနေ တွယ်ဆင်းလာတာကို တွေ့ရသည်
"အယ် Karina shii "
Winter ကားပေါ်ကနေ အမြန်ဆင်းပြီး Karina တွယ်ဆင်းလာတဲ့ အိပ်ရာခင်းစတွေကို ကိုင်ကာ ကူညီပေးလိုက်သည်
"ဘာလို့ အဲ့ကနေတွယ်ဆင်းလာတာလည်း အန္တရာယ်များအောင်...ရိုးရိုးတံခါးက ဆင်းလည်းရသားနဲ့ "
အောက်ကိုရောက်တော့ Karinaက သူ့ဘောင်းဘီကဖုန်တွေခါလိုက်ပြီး Winter ကို ပြုံးပြတယ်
"လာခေါ်ပေးလို့ ကျေးဇူးတင်ပါတယ် Winter....ကားလျှောက်စီးကြစို့ Come on "
Karinaက သူ့ကိုပြုံးပြနေပေမယ့်လည်း သူ့အပြုံးတွေက အရင်လို မလန်းဆန်းဘဲ အသက်မပါနေဘူးဆိုတာ Winter သတိထားမိသည်
Winterက Karina အနောက် အတော်ကြာတဲ့အထိ လိုက်နေခဲ့တဲ့သူမဟုတ်လား ဒီလောက်တော့ သတိထားမိပါတယ်
Winter ကားပေါ်တက်ပြီးနောက် ကားခါးပတ်ပတ်နေတဲ့ Karinaကို တစ်ချက်ကြည့်လိုက်သည်
"Karina shii...."
"shiii ဆိုတာကြီး ထည့်မပြောပါနဲ့ သူစိမ်းဆန်သလို ခံစားရတယ် Winter...မင်းနဲ့တို့က အခုမှ ပထမဆုံးတွေ့ဖူးတဲ့သူတွေမှ မဟုတ်တာ "
"ဟုတ်ပြီ Karina ဟန်မြစ်ဘက်ကို သွားမယ်နော် "
"Ok Winter မင်းသွားချင်တဲ့နေရာကိုသွား တို့က မင်းခေါ်သွားရာနောက် လိုက်ဖို့အသင့်ဘဲ "
Winterလည်း ခေါင်းညိတ်ပြပြီး ကားစက်နှိုးလိုက်သည်
ဟန်မြစ်ဘက်ကို သွားရင်း Karinaကို တစ်ချက်တစ်ချက် ခိုးကြည့်မိရင်း အပြစ်ရှိတဲ့စိတ် အားနာတဲ့စိတ်က ဝင်လာမိပြန်သည်
Karinaကို ဟန်မြစ်ဘက်ရောက်ရင် သူလုပ်ခဲ့တာတွေ ပြောပြပြီး တောင်းပန်ဖို့ စဥ်းစားလိုက်သည်
ပြီးတော့.........Winter သူ့ကိုယ်သူ သတိထားမိတာ တစ်ခုရှိသေးတယ် အဲ့တစ်ခုကတော့.....Yu Jiminဆိုတဲ့ Jအပေါ် Winter ခံစားချက်ရှိနေတာပါ
အဲ့ခံစားချက်ကြောင့်ဘဲ Winter အလုပ်ထွက်လာခဲ့တာ မဟုတ်လား သူ့ကိုယ်သူ အစက ငြင်းဆန်နေခဲ့ပေမယ့် တကယ်တမ်းတော့ Karinaကို သူသဘောကျသည် စိတ်ပူသည် ကာကွယ်ပေးချင်သည်
ဟန်မြစ်ဘက်ကို ရောက်တော့ လူရှင်းတဲ့နေရာကို Winter ရွေးရင်း ကားရပ်လိုက်သည်
ဒီတစ်ခါတော့ မြစ်ဘက်ကို ကားဖင်ထိုးပြီး ရပ်ထားလို့ Winterတို့ ကားနောက်ဖုံးကိုလှန်ကာ ကားနောက်ခန်းထဲတွင် ထိုင်လိုက်ကြသည်
"ရော့ စိတ်ပြေလက်ပျောက် ဒါလေးသောက်လိုက် "
Winterပေးတဲ့ ဘီယာဘူးကို Karina ကြည့်ပြီး ခေါင်းခါပြသည်
"တို့သောက်ထားတာ များနေပြီ Winter.... "
"များတော့လည်း ဘာဖြစ်လည်း ခင်ဗျားကို အိမ်သေချာပြန်လိုက်ပို့ပေးမှာပါ "
"Winter...မင်းရော သူတို့လိုမျိုး...တို့ကို မမုန်းဘူးလားဟင် "
Karinaက ခေါင်းငုံ့ပြီး မေးတော့ Winterက ဘီယာဗူးကို ဖောက်ရင်း Karinaကို ကြည့်သည်
"ခင်ဗျားကို ငါက ဘာလို့မုန်းရမှာလည်း ခင်ဗျားက ငါ့အပေါ်ဘာမှလုပ်ထားတာလည်း မရှိဘူးလေ "
"တို့က မိန်းမချင်းကြိုက်နေတဲ့သူလေ သူများတွေလို တို့ကို ရွံစရာလို့ မင်းမမြင်ဘူးလား မမုန်းဘူးလား "
Karinaကပြောတော့ Winterမှာ ဘီယာတစ်ငုံသောက်ပြီး
"မိန်းမချင်းကြိုက်တာ ရွံစရာမှမဟုတ်တာ ကုတင်ပေါ်ကအကြောင်းတွေဘဲ တွေးနေတဲ့ သူတို့ကမှ ရွံစရာလေ.... ဒီမိုကရေစီနိုင်ငံမှာ နေပြီး လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို လိုက်ကဲ့ရဲ့ပြီး ပိတ်ပင်ရှုံ့ချနေတဲ့ သူတို့ကမှ ရွံစရာကောင်းတာ "
Winterရဲ့ စကားကြောင့် Karina ပြုံးလိုက်မိသည်.... အင်း ဒီတစ်နေ့လုံး ဒီတစ်ခါဘဲ Karina ပြုံးမိတာ..... ..
Winterက Karinaကို ပြုံးအောင် လုပ်နိုင်တာဘဲ
"မင်းလိုစိတ်ထားလေး သူတို့ဆီမှာ ရှိရင် ကောင်းမှာဘဲ Winterရယ် "
"Karina...ခင်ဗျား ဒီအနုပညာလောကမှာ ဆက်နေချင်တယ်ဆိုရင် ဘယ်သူ့စကားမှနားမထောင်တာ အကောင်းဆုံးဘဲ "
"အရင်ကလည်း နားမထောင်ဘူး အခုလည်း နားမထောင်ဘူးလေ သူတို့ပြောတာတွေကို အသေးစိတ်နားထောင်နေခဲ့ရင် ခုချိန် တို့အသက်တောင်ရှင်နေမှာ မဟုတ်ဘူး "
Winter မှာ သူ့နှုတ်ခမ်းကို သူဖိကိုက်ပြီး Karinaကို တောင်းပန်ဖို့ အားမွေးနေတယ်
"Karina..."
Karinaမှာ မြစ်ထဲကရေတွေကို ငေးကြည့်ရင်း Winterက သူ့နာမည် ခေါ်တာကို ခေါင်းညိတ်ပြသည်
"ငါ ခင်ဗျားကို တောင်းပန်စရာရှိလို့ "
Winterရဲ့ စကားကြောင့် Karina အံ့သြသွားတယ်
Winterက သူ့အပေါ် ဘာတောင်းပန်စရာများ လုပ်ထားလို့လည်း
"တကယ်တော့ ....ငါက... ..."
Winter ပြောရင်း လက်တွေတုန်လာတယ် သူက Karinaနောက်ကို ရည်ရွယ်ချက်ရှိလို့ လိုက်ခဲ့တာ Karinaသိရင် သူ့ကိုမုန်းသွားမလားလို့ တွေးမိပြီး Winter ချွေးတွေ ထွက်လာတယ်
Karinaကတော့ Winter ပြောမယ့် စကားကို စိတ်ရှည်ရှည်နဲ့ စောင့်နေတယ်
"ငါ..ငါက ခင်ဗျားနောက်ကို ရည်ရွယ်ချက်ရှိရှိလိုက်ခဲ့တာ "
"အို တို့က idolတစ်ယောက်ပါ ဒီလောက်တော့ သိပါတယ် "
"မဟုတ်ဘူး ခင်ဗျားရဲ့ ပရိတ်သတ်အနေနဲ့ မဟုတ်ဘူး... ခင်ဗျား မဟုတ်တာတွေလုပ်ရင် မှတ်တမ်းယူပြီး နာမည်ဖျက်ဖို့ လိုက်ခဲ့တာ "
Winterရဲ့ စကားကြောင့် Karinaရဲ့ ရင်ထဲ ဒုန်းခနဲဲဖြစ်သွားတယ်
သူသံယောဇဥ်တွယ်နေတဲ့ ကလေးမလေးက သူ့ကိုနာမည်ဖျက် ဒုက္ခပေးဖို့တဲ့လား......
Karinaမှာ ရင်ထဲတစ်စို့လွန်းလို့ ဘာပြန်ပြောရမှန်းမသိဖြစ်နေလို့ Winter ကို မကြည့်ဘဲ ချက်ချင်း အကြည့်လွှဲလိုက်မိသည်
ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်ရမလည်း ထွက်ပြေးလိုက်ရမလား
#tbc
Bạn đang đọc truyện trên: Truyen3h.Co