Part 12 Unicode
"Karina....ငါ့ကို ကြည့်ပါအုံး.... "
Karinaက သူ့ကို မျက်နှာလွှဲသွားလို့ Winter စိတ်မကောင်းဖြစ်သွားတယ် ဒါမျိုး ဖြစ်လာမယ်ဆိုတာ Winter သိနှင့်ပြီးသားဘဲ ကြာကြာဖုံးကွယ်ထားရင် အပြစ်ရှိတဲ့ စိတ်က ပိုကြီးထွားလာလို့ အမှန်တိုင်း ပြောပြလိုက်တာ
"ငါ ရှင်းပြတာ အရင်နားထောင်ပေးပါ Karina နားထောင်လို့ပြီးမှ ငါ့ကို ခင်ဗျား မုန်းချင်မုန်း ဆဲချင်ရင်ဆဲ ရိုက်ချင်ရင် ရိုက်ပါ ငါ ခင်ဗျားပေးမယ့် အပြစ်ဒဏ်ကို ခံယူဖို့ အသင့်ပါဘဲ "
Winterက ပြောနေပေမယ့် Karinaက သူ့ကို မျက်နှာလွှဲထားဆဲပင်
"Karina... "
"အင်း တို့ နားထောင်နေတယ် မင်း ပြောစရာရှိတာ ပြောပါ "
"ငါ....ငါ့မိသားစုက ငါ့ကို ငါမသိတဲ့လူတစ်ယောက်နဲ့ ပေးစားလို့ ငါ့သူငယ်ချင်းဆီ ထွက်ပြေးလာခဲ့တယ် သူက သူ့အိမ်မှာ ငါ့ကိုခေါ်တင်ထားတဲ့အပြင် ထမင်းဟင်းပါကျွေးသေးတာ ကြာတော့ ငါအားနာလာပြီး သူပေးမယ့် အိမ်ငှားခကို ငါပေးချင်လာမိတယ် အဲ့တာကြောင့် ငါအလုပ်ရှာရင်း ပိုက်ဆံအများကြီးပေးမယ့် အလုပ်ခေါ်စာတစ်ခုကို တွေ့ခဲ့တယ် အလုပ်က ဘာမှန်းမသိသေးပေမယ့် ငါအလုပ်လျှောက်ကြည့်လိုက်တာ ချက်ချင်းရသွားခဲ့တယ် .....နောက်မှ ငါသိခဲ့ရတာက ခင်ဗျားအနောက်ကို လိုက်stalkပြီး ခင်ဗျားလုပ်သမျှ record ယူရမှာတဲ့ "
"သြော် ဒါကြောင့် မင်း ဘုရားကျောင်းမှာ တို့ကို ဓာတ်ပုံခိုးရိုက်ခဲ့တာဘဲ... အဟက် တို့မှာတော့ တို့ကို ဖျက်စီးမယ့်သူဆိုတာ မသိဘဲ အပြုံးအစစ်တွေ ပေးခဲ့လိုက်ရတာ "
"ငါ မကောင်းခဲ့ဘူးဆိုတာ သိပေမယ့် ငါပြောတာ ဆုံးအောင်နားထောင်ပေးပါလား...."
"အင်းအင်း ဆက်ပြော "
"ငါက ခင်ဗျား အနုပညာလောကထဲ ဆက်ရှိမနေအောင်လုပ်ရမှာဆိုပေမယ့် ခင်ဗျားအနောက်လိုက်ရင်း ခင်ဗျားအကြောင်းတွေ သိလာသလို ခံစားရပြီး ခင်ဗျားအပေါ် ခင်တွယ်မိလာတယ် ခင်ဗျားကို ကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာတယ် ဒါကြောင့် ငါ အဲ့အလုပ်ကနေ ထွက်လာခဲ့လိုက်တာ ငါ အဲ့အလုပ်ကို လက်ခံခဲ့ပေမယ့် ခင်ဗျားကို ဒုက္ခပေးရမယ်ဆိုတာ မသိခဲ့ပါဘူး လက်ခံပြီးမှသိတာ ပြီးတော့ ဂုဏ်ဖော်ပြောတာ မဟုတ်ပေမယ့် ခင်ဗျားကို ကာကွယ်ပေးခဲ့တာတွေက တကယ် ငါ့ရဲ့စေတနာပါ ငါ ဒီကိစ္စကို ခင်ဗျားကို မပြောပြလည်း ဖြစ်တယ် မပြောပြဘဲ နေလို့ရတယ် ဒါပေမယ့် ငါ့ရင်ဘတ်ထဲ လေးလံနေလို့ ခင်ဗျားအခုလိုဖြစ်နေရတာ ငါ့ကြောင့်ဆိုတဲ့ အပြစ်ရှိစိတ် ဖြစ်လာလို့ ငါ အမှန်တိုင်းပြောပြီး ဝန်ချတောင်းပန်တာပါ ငါတောင်းပန်ပါတယ် Karina "
"တို့ အခုလိုဖြစ်နေတာ မင်းကြောင့် မဟုတ်ပါဘူး တို့ကြောင့်ဖြစ်ရတာပါ မင်းနဲ့မဆိုင်တာမို့လို့ အပြစ်ရှိတဲ့စိတ်မဖြစ်ပါနဲ့ ပြီးတော့ တို့ အပေါ် ရိုးသားပေးပြီး အမှန်တိုင်းပြောပြပေးလို့လည်း တို့ လက်ခံပါတယ် "
"ဟို...ဒါဆို ငါ့ကို စိတ်မဆိုးဘူးပေါ့ "
"နည်းနည်းတော့ စိတ်ဆိုးမိတာပေါ့ တို့က မင်းအပေါ် ဘယ်လောက်တောင် ခင်တွယ်နေလည်းဆိုတာ မင်းမှမသိတာ မင်းက အဲ့လိုလုပ်ခဲ့တယ်ဆိုတာ သိတော့ စိတ်တော့နည်းနည်းမကောင်းဘူး "
"တောင်းပန်ပါတယ်နော် ဟို ဒါနဲ့လေ စိတ်တော့မဆိုးနဲ့နော် Harleen နဲ့က... "
"တို့ နာမည်မကြီးခင် Trainee ဘဝလောက်က သူနဲ့တွဲခဲ့ဖူးတယ် နောက်တော့ တို့နာမည်ရလာတော့ သူက publicချပြစေချင်တယ် တို့အတွက်ကျလည်း အဆင်မပြေဘူးလေ ဒီကြားထဲ တို့အမေကိစ္စတွေက တစ်မျိုးနဲ့ ပရိတ်သတ်တွေကြား အမုန်းခံနေရချိန်မှာ သူ့ကိုချပြဖို့က အဆင်မပြေသေးဘူး အဲ့တာ နည်းနည်းလောက် အချိန်ပေးပြီး စောင့်ပေးဖို့ ပြောတာကို သူကမကျေနပ်နိုင်ဘဲ တို့နဲ့လမ်းခွဲခဲ့တာ......အင်း အဲ့တာကို သူကမကျေနပ်နိုင်တဲ့ ပုံစံပါဘဲ တို့နဲ့အတူ ရုပ်ရှင်ရိုက်ခဲ့တဲ့ nævisကိုရော သွားပြီး ပြဿနာရှာခဲ့တာ အဲ့တာကြောင့် nævisက ရုပ်ရှင်လောကကနေ အနားယူသွားတာ "
"အာ သူတော်တော်ဆိုးရွားတာဘဲ အခုလို သူဖော်ရတာလည်းလေ ငါက သူ့ကို အလုပ်ဆက်မလုပ်နိုင်တော့ဘူးလို့ ပြောခဲ့ပြီး ထွက်ခဲ့လို့ဖြစ်ရမယ် "
"ဘာဘဲဖြစ်ဖြစ်ပါလေ တို့လည်း အဲ့အနုပညာလောကကနေ အနားယူဖို့ စဥ်းစားနေတာ ကြာပြီ အခုလိုဖြစ်လာတော့လည်း တိုးတိုးလေးပျောက်ကွယ်ရတော့မှာပေါ့ ကွက်တိပါဘဲ "
"ဟာ မဟုတ်တာ Karinaကလည်း အနားယူမယ်ဆိုရင်တောင် ကောင်းသောအနားယူခြင်းနဲ့ အနားယူသင့်တယ်လေ အာ ငါပြောတာက နာမည်ကောင်းနဲ့အနားယူသင့်တာကို ပြောတာ အခုထိ Karinaကို ဘာဖြစ်နေနေ ယုံကြည်ပြီး ချစ်ပေးနေတဲ့ ပရိတ်သတ်တွေ အများကြီးရှိတာဘဲလေ ငါတော့ Karinaကို Harleenက ချောက်တွန်းတဲ့အကြောင်း publicမှာ ရှင်းစေချင်တာဘဲ အနားမယူခင် သူမကောင်းတဲ့အကြောင်း တစ်လောကလုံးသိသွားသင့်တယ် မဟုတ်လား "
"လောလောဆယ်တော့ တို့ပင်ပန်းနေလို့ အနားယူချင်နေတယ် Winter...မင်းရဲ့ ပေါင်ပေါ်မှာ ခဏလဲအိပ်ချင်တယ်ကွယ် "
Karina ပြောပြီး Winterရဲ့ ပေါင်ပေါ်တွင် လှဲအိပ်လိုက်သည်
"အယ် သူများတွေ မြင်ကုန်ရင် တစ်မျိုးထင်ကုန်လိမ့်မယ် "
"ထင်ကြပါစေ တို့ lesbianမှန်းလည်း သူတို့သိနေပြီ မဟုတ်လား "
Karinaက ပြောပြီး မျက်လုံးမှိတ်ထားလိုက်သည်
Winterလည်း ဘာမှဆက်မပြောတော့ဘဲ သူ့ shirt အင်္ကျီ အကွက်ကို ချွတ်ပြီး Karinaကို ခြုံပေးလိုက်သည်
ပြီးတော့ စိတ်ထဲကလည်း Karinaအပေါ် အကျင့်ယုတ်ခဲ့တဲ့ Harleenကို လက်စားချေဖို့ စဥ်းစားနေသည်
Karina အနုပညာလောကကနေ အနားယူမယ်ဆိုရင် နာမည်ပျက်မရှိဘဲ အနားယူသွားတာမျိုးဘဲဲ ဖြစ်စေချင်တယ် ငါ NingNingနဲ့ တိုင်ပင်ပြီး တစ်ခုခုလုပ်သင့်တယ်
#tbc
Bạn đang đọc truyện trên: Truyen3h.Co