Part 2 Unicode
Breaking New: ရုပ်ရှင် သရုပ်ဆောင် မင်းသမီးဖြစ်သူ Navis ဟာ Neverland movie ရိုက်ကူးပြီးနောက် အနုပညာလောကကနေ ခေတ္တအနားယူမည်ဖြစ်ကြောင်း သူမ၏ Agency မှ ထုတ်ပြန်ကြော်ငြာခြင်း။
မန်နေဂျာ Unnieမှာ Karinaအတွက် မနက်စာပြင်ပေးရင်း TVမှလာတဲ့ သတင်းကြောင့် သက်ပြင်းချလိုက်မိသည်။ Unnieက Karinaမတော်တဆ တခုဖြစ်ပြီးကတည်းက တယောက်ထဲ လွှတ်မထားတော့ပဲ အတူလာနေပေးသည်မှာ ၃လကျော်ကျော်သာရှိသေးသည် ။
"ဒီတခေါက်လည်း Karinaကို ပြောကြအုန်းမှာပဲ ။ ဘယ်လိုသတင်းခေါင်းစဥ် အကြီးကြီးတပ်ပြီး ပြဿနာရှာကြမလဲပဲ ။ သူ စိတ်ညစ်တာလဲ မပြောနဲ့ "
Unnieမှာ ပြင်လက်စ မနက်စာကို စားပွဲပေါ် တင်ခဲ့ပြီး Karinaကို နှိုးဖို့ အိပ်ခန်းဘက်သို့ ထွက်လာသည် ။
Rinaရဲ့ အိပ်ခန်းတံခါးကို ၂ချက်ဆင့်ခေါက်ပြီးသည်ထိ တဖက်မှ ထူးသံပြန်မလာသည်ကြောင့် မနိုးသေးတာသေချာသည် ။
အိပ်ခန်းတံခါးဖွင့်ဝင်ဝင်ချင်း ပထမဆုံး မြင်လိုက်ရတာက ကြမ်းပြင်မှာ ဖြစ်သလို ချွတ်ထားတဲ့ Rinaရဲ့ အဝတ်တွေနဲ့ ဘီယာဘူးခွံတွေသာ ။
" အဝတ်တွေ ချွတ်အိပ်ပြန်ပြီ "
မန်နေဂျာUnnieက ကြမ်းပြင်ပေါ်မှ အဝတ်တွေကို ခြင်းထဲကောက်ထည့်ရင်းပြောသည် ။ ဘီယာဘူးခွံအချို့ကိုလိုက်ကောက်တော့ တချို့ဘူးခွံတွေဟာ ဒေါသကြောင့် ဖျစ်ညှစ်ထားသလို ပိန်လှိန်နေသေးသည် ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် Rinaအိပ်ယာဘေး ဝင်ထိုင်ပြီး ပေါ်နေတဲ့ ပုခုံးသားတို့ကို ကိုင်လှုပ်နိုးလိုက်သည် ။
"Rina .... ဒီနေ့ အလုပ်နည်းနည်းရှိတယ် ၁နာရီ အချိန်ရမယ် ထတော့နော် "
"အွန်း " ဆိုတဲ့ အသံပဲ ပေးပြီး တဖက်သို့ လှည့်ကာပြန်အိပ်သွားသည် ။
" Rina မင်းကိုပြောစရာရှိတယ် ... Navis က အနုပညာလောက ကနေ ခဏ အနားယူတယ်ဆိုပြီး သူ့entက စာထုတ်တယ် ။ မင်းနဲ့ ပြဿနာဖြစ်ခဲ့သေးလား "
Rina ရေချိုးပြီးရင် ဝတ်ဖို့ အဝတ်အစားထုတ်ပေးရင်း မေးလိုက်တော့ သူအိပ်နေရာက ဝုန်းခနဲထထိုင်တယ်
"ဟမ် .... Navisက ဘာဖြစ်တယ် ။ အဲ့ဒါ သူ့ကိစ္စ ညီမနဲ့ ဘာမှမဖြစ်ခဲ့ဘူး "
အကာအကွယ် မပါပဲ မန်နေဂျာ Unnieရှေ့ ထရပ်လိုက်တဲ့ သူ ။
" ဟိတ် တခုခုတော့ ဝတ်လိုက်လေကွာ တွေ့နေကြဆိုပေမဲ့ ခုထိ ကျင့်သားမရသေးဘူး ။ ပြီးတော့ အဲ့အကျင့်တွေပြင်နော် ။ ငါ အပြင်မှာစောင့်နေမယ် "
Rinaဝတ်ဖို့ အဝတ်တွေ ကုတင်ခြေရင်းပေါ် တင်ပေးပြီးအမြန်ထွက်သွားတဲ့ Unnieကို သူကြည့်ရင်း ရယ်လိုက်သည် ။
Karina ရေချိုးပြီး အခန်းထဲကထွက်လာတော့ ဧည့်ခန်းထဲ လက်ဆောင်ပစ္စည်းတွေနဲ့ ထိုင်နေတဲ့ မန်နေဂျာ Unnieကို တွေ့လိုက်ရသည် ။
"မနက်စာ ပြင်ပေးထားတယ်နော် .... ပြီးတော့ ဒီနေ့ဘာမှမရှိဘူး သိလား Unnieရဲ့နားရက်လေ ည၈နာရီမထိုးခင်ပြန်လာမယ် ချစ်တယ်နော် ငါ့ကလေးကြီး "
Unnieဟာ အဲ့လို ပြောပြီး အလောတကြီး ပြေးထွက်သွားတာ ။ သူကတော့ တနေ့လုံး တယောက်ထဲ ငုတ်တုတ်ဖြစ်တော့မှာ ။ အိပ်နေရမှာကို ။
❄️☃️
မနက်အစောလေယာဥ်ဖြင့် မွေးရပ်ပြန်မည့် Ning Ningကို လေဆိပ်လိုက်ပို့ပေးရသည်မို့ Min Jeong အိပ်ရေးမဝ ။ လေယာဥ်ထွက်သွားသည်ထိ သူမ လေဆိပ်မှာထိုင်နေခဲ့တာ ။
အိမ်ပြန်ရောက်တော့ တိုက်ခန်းပိုင်ရှင်က ဒီတလ အိမ်လခ ရှင်းပြီးသွားပြီဆိုတဲ့အကြောင်းဖုန်းဆက်လာတယ် ။
" Ningieပေးသွားတာပဲ "
Minjeong ဆိုဖာပေါ်ထိုင်ချရင်း တနေ့က ထိုအမျိုးသမီးပေးသွားတဲ့ fileတွဲကို ဖွင့်ကြည့်လိုက်တော့ ငွေကဒ်တခုတွေ့သည်။ကဒ်ရဲ့ကျောဘက်မှာ လျှို့ဝှက်နံပါတ်လို့ ထင်ရတဲ့ ဂဏန်း ၆လုံးပါသည် ။
" ဟင် ... ဒါက "
သူမကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ ငွေကြိုပေးရသလဲပဲ ။ တကယ်ဆို သူမ အဲ့အမျိုးသမီးနာမည်ကိုတောင် မသိချေ ။
ဖိုင်တွဲထဲက အလုပ်ကိစ္စတချို့ကို ဖတ်ကြည့်လိုက်တော့ တဖက်သူကိုထိခိုက်မဲ့ အကြောင်းတွေချည်းသာ ။ စားပွဲပေါ်တင်ထားတဲ့ သူမ ဖုန်းထံစာတစောင်ဝင်လာသည် ။ လိပ်စာတခုဖြစ်သည် ။ သူမက ယခု ချက်ချင်း သွားရမည်ဆိုပြီး စာထပ်ဝင်လာသည် ။
📩"hey ကိုယ် Harleenပါ ဟိုနေ့ကမင်းနဲ့တွေ့ခဲ့တယ်လေ ... ကိုယ်ပို့တဲ့လိပ်စာဆီ ခုချက်ချင်းသွားလိုက်နော်" 📩
❄️☃️
Min Jeong စားသောက်ဆိုင်တဆိုင်ရှေ့ကိုရောက်နေသည် ။ သိပ်မထင်မရှား စားသောက်ဆိုင်ကို သူ့လိုနာမည်ကြီးက ဘယ်လိုရှာတွေ့သနည်း။
မှန်နဲ့ဖွဲ့စည်းထားတဲ့ဆိုင်ငယ်လေးမို့ အပြင်ကနေဆိုင်တွင်းကိုသေချာမြင်ရသည် ။ ဆိုင်ရဲ့ ထောင့်ကျတဲ့နေရာမှာ Min Jeong သူ့ကိုတွေ့တယ် ။
Minjeong ဆိုင်ထဲဝင်သွားတော့ ဆိုင်ဝင်ပေါက်မှာချိတ်ထားတဲ့ ခေါင်းလောင်းလေးလှုပ်ခတ်ကာ အသံမြည်သည် ။ ခေါင်းလောင်းသံကြောင့် ဆိုင်နောက်ခန်းထဲမှာ အမျိုးသားတယောက်ပြေးထွက်လာသည် ။
Min Jeong သူနဲ့ မျက်စောင်းထိုးစားပွဲမှာ နေရာယူလိုက်သည် ။ သူ့မျက်နှာကို သေချာမမြင်ရဘူး ။ လျှာထိုးဦးထုပ်အနက်ရောက်ကို ခပ်ငိုက်ငိုက်စောင်းထားပြီး သူ့နက်ပြာရောင်ဆံပင်တွေက မျက်နှာဘေးတဖက်တချက်စီကို ဖုံးထားသည်လေ ။
" ဘာသုံးဆောင်မလဲ ဗျ"
ထိုအသံကြားမှ သူမရှေ့မှာ ရပ်နေတဲ့ အမျိုးသားဆီသို့ အကြည့်ရောက်သည် ။ ဘာတွေရသလဲဆိုတာ Minjeong menuမဖတ်မိဘူး ။ အယောင်ယောင်အမှားမှားနဲ့ မျက်စောင်းထိုးစားပွဲဆီက သူစားနေတဲ့အရာကို လက်ညိုးထိုးပြမိသည်။
ထိုအခါ သူမရှေ့မှာရပ်နေတဲ့ အမျိုးသားဆီက ရယ်သံ ခပ်လွှင့်လွှင့် ထွက်လာသည် ။
"Jiminnieကို သဘောကျတာလား "
" အာ ... ဟုတ် "
" ခဏစောင့်ပေးနော် ပြီးတော့ ဦးလေး သူ့ဆီက signတောင်းပေးမယ် "
ဆိုင်ရှင် ဦးလေးကြီးက သူမကို ထိုသို့ပြောပြီး မျက်စိတဖက်မှိတ်ပြကာ ထွက်သွားသည် ။
MinJeong စိတ်ထဲ ပထမဆုံးစိုးရိမ်စိတ်ဝင်လာသည် ။ သူမ ဒီအလုပ်ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုတာကိုလေ ။
တဖက်စားပွဲက Karinaကို Min Jeong မသိမသာလှမ်းအကဲခတ်တော့ ငြိမ်ငြိမ်လေးဖုန်းသုံးနေသည် ။ လက်ချောင်းလေးတွေပဲ မြင်ရတာတောင် Karinaကတကယ်လှသည် ။
❄️☃️
"oh သူစားတာ Bibimbapပဲ "
Min jeongတီးတိုးရွတ်လိုက်သည် ။ ထမင်းပန်းကန်လုံးထဲမှာ ခါချက်ဥ ခပ်ပါးပါးလှီးထားတာက တစ်ပုံ ၊အရွက် ၊ သခွားသီး ၊ပဲပင်ပေါက်ရယ် အသားဖတ်များများထည့်ပေးထားတာက ထို ဦးလေးရဲ့စေတနာ။
ထမင်းသုပ်က တကယ်အရသာရှိတယ် ။ သူမ ထမင်းသုပ်ကို တလုတ်ပြီး တလုတ်သွင်းနေရင်း Karinaရှိရာကိုကြည့်လိုက်တော့ သူက ထမင်းပန်းကန်လုံးကို ကိုင်ကာ ဆိုင်နောက်ဘက်ဝင်သွားသည် ။
" Jiminnieကလည်း ဒီတိုင်းထားလိုက်ပါဆို ပန်းကန်တွေဆေးနေပြန်ပီ "
" Appaကလည်း ဟောဒီက Yoo jimin ပြောတာကိုမှ လက်မခံတာ "
ဆိုင်နောက်ထဲကနေ ခပ်သဲ့သဲ့ထွက်လာတဲ့ အသံ။ အာ ....ဒါဆို ဆိုင်ရှင် ဦးလေးကြီးက Karinaအဖေပေါ့ ။
၅မိနစ်လောက်ကြာတော့ ဦးလေးကြီးဆိုင်နောက်ဘက်မှပြန်ထွက်လာသည် ။ ကျသင့်ငွေရှင်းပြီးတဲ့နောက်မှာတော့ သူမကို Karinaအဖေက ဓာတ်ပုံလေးတစ်ပုံပေးသည် ။
"ဒီပုံက ခုနကမှ ရိုက်ထားတာ signလည်းပါတယ် "
Min jeong ခေါင်းငြိမ့်ပြကာ ပုံလေးကို ယူလိုက်သည် ။
အင်းး သူက လှတယ် ။
"ကျေးဇူးတင်ပါတယ် ဦးလေး ....ဒါနဲ့ သူကရော "
သူမအရဲစွန့်ကာမေးကြည့်တော့ ပြန်သွားပြီတဲ့။ ဦးလေးကိုတော့ နောက်ထပ် ထပ်ပြီးလာခဲ့မည်ဖြစ်ကြောင်းပြောပြီး နှုတ်ဆက်ကာ ဆိုင်မှထွက်လာခဲ့သည်။
မိုးဖွဲလေးတွေ ကျနေတဲ့ကောင်းကင်ကို မော့ကြည့်ရင်း Min jeongစကားဆိုသည်က
" အင်းးး ... ဒီနေ့မှ အချိန်တွေကုန်တာ မြန်သလားပဲ " တဲ့
#TBC
Bạn đang đọc truyện trên: Truyen3h.Co