Truyen3h.Co

Into J

Part 3 Unicode

KimFany059

Karina နောက်ကို လိုက်နေရတာ တစ်ပတ်ပြည့်သွားခဲ့ပြီ။
ကိုယ့်ကိုယ်ကိုယ်တောင် stalkerလို့ ခံစားသွားရတဲ့အထိ။
သူ့နောက်လျှောက်လိုက်ရတာ လွယ်တယ်။ ကားအကောင်းစားကြီးစီးပြီး လျှောက်သွားနေတဲ့သူ မဟုတ်တော့လေ။

သူက Bus carစီးတယ် ။ တခါတလေ ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့နေရာမှာမှ ဆေးလိပ်သောက်တယ် ။

ဒီနေ့တော့ Sundayမို့ Minjeong အလုပ်နားရမယ်ထင်ပြီး အိပ်ရာကို နောက်ကျမှထဖို့ စိတ်ကူးထားသည်။

သို့သော် Harleenကြောင့် အိပ်မှုန်စုံမွှားဖြင့် သူမ ပေးတဲ့ coffeeဆိုင် လိပ်စာသို့ သွားရပြန်သည် ။

" သူ့လို နာမည်ကြီးက ဒီလို လူမသိသူမသိဂျောင်ကျတဲ့ ဆိုင်ငယ်တွေဆီဘဲ ဘာလို့ အမြဲသွားနေလည်းမသိဘူး....Aww နာမည်ကြီးဆိုတော့လည်း လူရှင်းတဲ့ နေရာတွေ နေရတာ ကြိုက်လို့နေမှာပါ "

Bus ကား လက်တန်းကို ကိုင်ပြီး Karinaရဲ့ အကြောင်းကို တွေးရင်း ဆင်းရမယ့် မှတ်တိုင်ကို ကျော်သွားလို့ Minjeong လမ်းလျှောက်လာရသေးသည်။

Coffeeဆိုင်‌ရှေ့‌ ရောက်တော့ မှန်တွေကာထားသည်မို့ အထဲကို သေချာမြင်ရသည် ။ လူကတော်တော်လေးရှင်း‌နေသည် ။ မျက်လုံးက နေရာအစုံဖြန့်ကျက်ကာ Karinaကို ရှာသော်လည်း ချောင်ကျတဲ့နေရာလေးမှာတောင် မတွေ့

Karina ပြန်သွားတာလား မရောက်လာသေးတာလား.....

နေပါအုန်း Harleenက ဒီလောက်သူ့ကို သိနေတာ ဘာလို့ ငါ့ကို လိုက်ခိုင်းနေရတာလဲ ။ခုတော့ သူ ပြောတဲ့ ဘုရားကျောင်းကိုသွားရတော့မယ် ။

"ဟော နောက်ဆုံးတော့ ဘုရားကျောင်းကို တွေ့ပြီဘဲ..."

ခါးကို ကိုင်းညွှတ်ကာ အမောဖြေရင်း Minjeong ဝမ်းသာအားရ ပြောလိုက်သည် ။

အိပ်ရေးကမဝပါဘူးဆို လျှောက်လိုက်ရသည့် လမ်း...ခြေတောင်တိုတော့မည်။

Minjeong ဘုရားကျောင်းထဲ ဝင်လိုက်တော့ ဘုရားကျောင်းထဲတွင် လက်အုပ်ချီကာ ငိုနေတဲ့ အမျိုးသမီးရယ်....မျက်စိမှိတ်ကာ ဆုတောင်းနေတဲ့ သက်လတ်ပိုင်းအတွဲရယ်....  ဟော တွေ့ပါပြီ သူမ လိုက်ရှာနေတဲ့ Karina. ...နောက်ဆုံးမှာ ဦးထုပ်ငိုက်ငိုက် ဆောင်းပြီး လက်အုပ်ချီကာ ဝတ်ပြုနေသည်....

နောက်ကျောလေးကို ကြည့်ရင်တောင် Karinaက တကယ်လှသည်......

Karinaကို ရှာတွေ့ကြောင်း Harleenကို ပြောဖို့ ဓာတ်ပုံရိုက်ရန် Minjeong ဖုန်းကို ထုတ်လိုက်သည်

"Hey ဒါဘာလုပ်တာလဲ... "

အနောက်က ရုတ်တရက်ရောက်လာတဲ့အသံကြောင့် Minjeong လန့်သွားသည် ။

"ဟို ညီမက ဘုရားကျောင်းထဲက လူတွေဝတ်ပြုနေကြတာကို  ရိုက်မလို့ပါ "

Karinaရဲ့ မန်နေဂျာ Aeriမှာ မယုံသက်ာနဲ့ Minjeongကို ကြည့်ကာ

"စိတ်မရှိဘူးဆိုရင် မင်းရဲ့ဖုန်း ခဏပြ လို့ရမလား "

"အာ ဟုတ် "

Karina ဆုတောင်းနေရင်း သူ့ရဲ့ မန်နေဂျာအသံကြားလို့ လှည့်ကြည့်တော့ အသားဖြူဖြူနဲ့ ကောင်မလေးတစ်ယောက်ဆီက ဖုန်းကို ယူပြီးစစ်နေတာကို တွေ့ရသည်။

သူမလည်း ဘုရားဝတ်ပြု ပြီးပြီမို့ ဖုန်းယူစစ်နေတဲ့ Aeri Unnieဆီသွားဖို့ပြင်ရသည် ။ Unnieကဖုန်းတခုလုံး မွှေပြီး စစ်ဆေးနေတာ ။ သူ့ရှေ့က နှင်းလုံးလေးလို ဖြူဖွေးနေတဲ့ကောင်မလေးကတော့ ဘုရားကျောင်းထဲကို ပတ်ငေးနေသည် ။

Rinaက မန်နေဂျာအနားကပ်ပီး ခပ်တိုးတိုး စကားဆိုသည် ။

"Unnie .. သူက ညီမရဲ့ Fanဟုတ်မယ်လို့ မထင်ဘူး ။ ပြီးတော့ ညီမကို သိတောင်သိရဲ့လားပဲ "

Rinaအပြောကြောင့် Aeriက Minjeongကို တချက်ကြည့်ကာဖုန်း‌ပြန်ပေးလိုက်သည် ။

" ဘာပုံမှမရှိဘူးပဲ "

"ဟုတ်....."

"အထင်လွဲမိလို့ sorryပါ "

မန်နေဂျာက တောင်းပန်တော့ Minjeong လည်း ဘာမှမဖြစ်ကြောင်း ပြောပြီး ဘုရားကျောင်းထဲက ထွက်လာသည် ။

Harleenဆီ ပို့ဖို့ ပုံလေးတစ်ပုံတော့ ရအောင်ရိုက်ရမယ် တွေးမိပြီး Minjeong သစ်ပင်တစ်ပင်ကို အကာအကွယ်ယူကာနေလိုက်သည် ။

Karinaလည်း ဘုရားကျောင်းက ထွက်လာရော Minjeong မှာ ဖုန်းကင်မရာ အမြန်ဖွင့်ပြီး ဆက်တိုက် ဓာတ်ပုံ ရိုက်လေသည်

Karinaတို့ရဲ့ ကား ထွက်သွားမှ  Minjeong သစ်ပင်အကွယ်ကနေ ထွက်လာခဲ့သည်

ဘုရားကျောင်းနားက ခုံတန်းရှည်ပေါ် ထိုင်ကာ Harleenဆီ ပို့ဖို့ ပုံတွေရွေးနေရင်း ရုတ်တရက် Minjeong လန့်သွားသည်

လေးပုံ မြောက်မှာ Karinaက သူမကို ကြည့်နေပြီး ငါးပုံ
မြောက်မှာတော့ Karina က သူမကို ပြုံးပြနေသည် ။

"shit ... သိသွားတာလား မသိဘူး
အဲ့ဒါ Harleenကြောင့်ပဲ ကိုယ့်ဘာသာ လုပ်တုန်းက တခါမှ မမိဘူး "

🤍🐋

ဖုန်းကြည့်ရင်းပြုံးနေတဲ့ Rinaကို နောက်ကြည့်မှန်‌ကနေလှမ်းမြင်နေရသည့် Aeri က မနေနိုင်စွာ မေးခွန်းထုတ်လာသည် ။

"နင် ရည်းစားရနေတာလား "

Aeri အမေးကြောင့် Rinaမှာ ပါးစပ်အဟောင်းသားဖြစ်ကာဆွံ့အသွားရတဲ့အထိ

"Unnieရဲ့မေးခွန်းက နည်းနည်းများတယ် မထင်ဘူးလား "

"မသိဘူးလေ ကြောက်စရာကောင်းအောင် ပြုံးနေတော့ စိုးရိမ်မိသွားတယ် "

"မနက်က ဘုရားကျောင်းမှာရိုက်ခံရတဲ့ ပုံလေးတွေ ဘယ်တော့တက်လာမလဲ စောင့်နေတာ ခုထိ တက်မလာသေးဘူးပဲ ။ သေချာပေါက် သူ့ကိုပြုံးပြလိုက်တာ "

Unnieက မှန်ထဲကနေတဆင့် သူ့ကိုမျက်လုံးချင်းဆုံအောင်ကြည့်လာသည် ။

"အဲ့လို မကြည့်နဲ့ ၊ ဟုတ်တယ် အဲ့တယောက်ပဲ သူကထူးခြားတယ်လို့ မထင်ဘူးလားဟင် "

"ဘယ်လို ထူးခြားတာလဲ Rinaရဲ့ပရိတ်သတ်ပါဆိုပြီး နားကွဲမတတ် မအော်လို့လား ဒါမှမဟုတ် နင်ကတကယ်မုန်းစရာကောင်းတယ်ဆိုပြီး ကြက်ဥနဲ့မပေါက်လို့လား "

Aeriစကားလဲဆုံး‌ရော Rinaကမျက်ရည်ထွက်လုမတတ်ရယ်တယ် ။ Unnieကတကယ်အဲ့လိုပါဆို

"အဲ့လို မဟုတ်ပဲ သူကထူးခြားနေတာသိလား ဒီတိုင်းခံစားမိတာပါ ဘာမှမဟုတ်ဘူးထားလိုက်တော့ ။ ခဏအိပ်အုန်းမယ် "

❄️☃️

"ဆိုတော့ ဒီပုံတွေက မင်းခိုးရိုက်ခဲ့တာတွေပေါ့ "

တဖက်ဖုန်းထဲက သံသယဝင်နေတဲ့အသံနဲ့မေးလာတဲ့ မေးခွန်း ။

" ဟုတ်တယ် ... အများကြီးတော့ မရခဲ့ဘူး သူ့မန်နေဂျာ မိသွားလို့ "

စာရွက်ပေါ်ကို ခဲခြစ်ရင်း စိတ်မရှည်စွာဖြင့် Min jeong တဖက်ကိုပြန်ဖြေသည်။

" သဘောကျနေလား သူ့ကို "

ဖုန်းထဲက Harleenအမေးကြောင့် သူမ ခဲခြစ်နေတဲ့လက်က ရပ်သွားသည်။ လူချင်းတွေ့မေးရင်တောင် အဖြေကဘာဆိုတာမရှိဘူး ။

" အမ် ဒီလိုပါပဲ အလုပ်လုပ်နေတာ ဘာအကန့်မှမပါဘူး "

" အင်းး ရှိလို့လဲ မရဘူး ၊ မရှိစေနဲ့ သူဒီအနုပညာလောကထဲ ပြန်မရောက်နိုင်ဖို့ပဲ မင်းကလုပ်ပေးရမှာ ။ ပြောစရာမရှိတော့ရင် ဒါပဲ ။"

တီ ခနဲ ကျသွားတဲ့ဖုန်းကို နား နှင့်ပုခုံးကြားမှာ ညှပ်ထားမိဆဲပဲ ။ Karina အပေါ် ဒီလိုလုပ်တာ များတယ် လို့ မထင်ဘူးလား ။ တကယ်ဆို သူ့အကြောင်းကို fileထဲရေးထားသလောက်ပဲသိရသည်လေ ။

သူမအတွေးမများချင်တော့ ၊ ဖုန်းပြောရင် လျှောက်ခြစ်ထားတဲ့ ခဲသားတွေက စာရွက်ပေါ်မှာ သူ့ပုံရိပ်ပြေးပေါ်နေသည် ။ min jeongထိုစာရွက်ကို ခေတ္တမျှ စိုက်ကြည့်ပြီး လုံးချေကာ အမှိုက်ပုံးထဲပစ်ခဲ့လိုက်သည် ။

" နောက်ပတ်သက်ရမဲ့ လူတွေမှ မဟုတ်တာ "

#TBC

အကြာကြီး စောင့်ခိုင်းရလို့ တောင်းပန်ပါတယ် Author တို့ အလုပ်များနေလို့ပါ😁 ❤

Bạn đang đọc truyện trên: Truyen3h.Co