Truyen3h.Co

Into J

Part 4 (Unicode)

KimFany059

စနေနေ့တရက်တော့ အားလပ်ရက်မို့ အလုပ်လက်မဲ့ Minjeong အိမ်မှာ Karina ဆုရသွားတဲ့ Movieကို ထိုင်ကြည့်ဖြစ်သည် ။

ကြည့်နေရင်း ဇာတ်လမ်းရဲ့အချစ်ခန်းတခန်းဖြစ်တဲ့ Karinaနှင့် တဖက်မင်းသမီး နမ်းတော့မဲ့ အခန်း လာသည်။ Minjeongစိတ်မကြည်စွာနဲ့ စုတ် တချက်သပ်ပီး အနီးနားက မီးခလုတ်ကိုလှမ်းပိတ်လိုက်သည် ။ ချက်ချင်းဆိုသလို စားပွဲပေါ်တင်ထားသည့် ဖုန်းနှင့်ကဒ်ကို ကောက်ကာ အပြင်ထွက်ဖို့ပြင်သည်။

Karina နောက်ကို သူမ လိုက် Stalkနေတာ တစ်လနီးပါးရှိပြီမို့ Karina အခုချိန်ဆို ဘယ်ကိုသွားလေ့ရှိတယ်ဆိုတာ Minjeong သတိထားမှတ်မိနေပြီလေ ။

ဘတ်စ်ကားဂိတ်တွင် ဘတ်စ်ကားကို စောင့်နေရင်း ခုနက ကြည့်မိတဲ့ ဇာတ်ခန်းက ခေါင်းထဲ ဖျတ်ခနဲ့ပေါ်လာပြန်သည်။ အာရုံလွှဲသည့် အနေနဲ့ လမ်းတဖက်တချက်ဆီအကြည့်တို့ ပို့တော့ တစ်ဖက် အဆောက်အဦးမှ LEDက ပြသနေတဲ့ Karinaရဲ့ ခေါင်းလျှော်ရည် ကြော်ငြာဆီ မျက်လုံးတို့က ရောက်သွားသည် ။

Karinaရဲ့ အနက်ရောင်ဆံပင်ရှည်တွေက အစ ဆွဲဆောင်မှုရှိကြောင်းတွေးနေရင်း ရုတ်တရက် ရောက်လာတဲ့ Bus ကားကြောင့် လန့်သွားရသေးသည်။

Bus ကားပေါ် တက်ပြီး ပိုက်ဆံရှင်းပြီးနောက် ထိုင်ခုံအလွတ်ကို လိုက်ရှာရင်း ဦးထုပ်ကို ငိုက်ငိုက်ဆောင်းကာ အပြင်ဘက်ကို ငေးနေတဲ့ အမျိုးသမီး တစ်ယောက်ကို Minjeong သတိထားမိသွားသည်။

"Oh ...သူပဲ "

Minjeong ရေရွတ်ပြီး Karinaရဲ့ နောက်နှစ်ခုစာမှာ လွတ်နေတဲ့ ခုံသို့ ဝင်ထိုင်လိုက်သည်။

သူမရှေ့က Karinaကို တစိမ့်စိမ့်ကြည့်နေရင်း သူ့လို နာမည်ကြီးတစ်ယောက်က ဘာလို့ခုလို လျှောက်သွားနေ သလဲ ဆိုတာ Minjeong တွေးမရ

မှတ်တိုင်တခုရောက်တော့ Karinaက ဆင်းသွားတာမို့ Minjeong အမြန်ထပြီး တံခါးပိတ်တော့မည့် ကားဆရာကို တားကာ ကားပေါ်က ဆင်းပြေးရသေးသည်။

လမ်းလျှောက်မြန်တဲ့ သူ့နောက် Minjeong ခြေလှမ်းခပ်သွက်သွက်လှမ်းကာ လိုက်ရသည် ။ တွေ့ပါပြီ.....လူရှင်းတဲ့ တိုက်ခန်းနှစ်ခုကြားမှာ ဆေးလိပ်မီးညှိနေတဲ့ Karina

သူ့ကို ဆေးလိပ်ဘူး ကိုယ်နဲ့မကွာ‌ယူလာတာအမြဲတွေ့နေရသည်။ Minjeong အဲ့လိုတွေ သဘောမကျပါဘူး ။

ဆေးလိပ်မီးညှိနေဆဲဖြစ်တဲ့ Rinaလက်ချောင်းသွယ်တွေ ကြားထဲက ဆေးလိပ်ကို တစ်ယောက်ယောက်က ဆွဲလုပြီး လွှင့်ပစ်လိုက်သောကြောင့် Rina ထိုလူကိုမျက်လုံး ပင့်ကြည့်လိုက်သည် ။

"ဘာလုပ်တာလဲ "

"ဒီတိုင်း ငါရှိနေရင် မသောက်နဲ့ "

ပြောချင်တာပြောပြီး ထွက်သွားတဲ့ နှင်းလုံးဖြူလေးရဲ့ လက်မောင်းကို Karina လှမ်းဆွဲလိုက်ကာ

"ဆေးလိပ်မသောက်ရဘူးဆိုရင်.... တို့က ဘာလုပ်ရမှာလဲ "

Minjeong ဘာမှပြန်မပြောဘဲ သူမလက်ကို ဆွဲထားတဲ့ Karinaရဲ့ လက်ကို ဖြုတ်ချကာ ထွက်သွားသည်။

ဆေးလိပ်ဘူးနှင့်မီးခြစ်ကို ဝတ်ထားသည့် coatရဲ့အတွင်းအိတ်ကပ်ထဲထည့်ရင်း Minjeongရဲ့ ကျောပြင်သေးသေးလေးကို Karina ငေးကြည့်ကျန်ခဲ့သည် ။

ထိုနေ့က Karina ဆေးလိပ်ဆက်မသောက်ဖြစ်သလို မလှမ်းမကမ်းကနေ Karina ဆေးလိပ်ထုတ်သောက်အုံးမလားလို့ ချောင်းကြည့်နေတဲ့ Minjeongလည်း သူမကိုယ်တိုင် မသိလိုက်ဘဲ ပြုံးမိသွားသည်။

☃️❄️

"လုပ်ပြန်ပြီ Rinaရယ် ငါ ခဏလေး နင့်အနားမရှိတာနဲ့ အပြင်ခိုးထွက်ပြန်ပြီ ဒီလောက် အန္တရာယ် များတဲ့ ကိစ္စတွေ မလုပ်ဖို့ တားရတာလည်း ငါ အာပေါက်နေပြီ "

မန်နေဂျာအစ်မဖြစ်တဲ့ Aeriမှာ သူမ မသိအောင် အပြင်ခဏခဏခိုးထွက်နေတဲ့ Karinaကို ဓာတ်ပြားဟောင်းကြီး ဖွင့်ရပြန်သည်။

"ညီမ ရုပ်ဖျက်ထားလို့ ဘယ်သူမှန်းတောင် သိကြမှာမဟုတ်ပါဘူး ပြီးတော့ ဒီလိုမျိုးထွက်နေတာဖြင့် ခဏခဏ ရှိနေပြီ ဘာဖြစ်ခဲ့ဖူးလို့လဲ"

ရေခဲသေတ္တာကိုဖွင့်ကာ ဘီယာဘူးယူရင်း Rinaကပြောလာတော့

"မဖြစ်လာသေးလို့.....ဖြစ်လာတဲ့အခါ အကြီးကြီးတွေဖြစ်မှာဆိုးလို့ ငါတားနေတာ Rinaရဲ့ တကယ် နင့်ကို အဘိုးဆီပြန်အပ်မယ် "

"ပြန်လိုက်သွားရုံပဲ ထိုင်စားနေရမဲ့ဘဝကြီးကို "

ရေခဲစိမ်ထားတဲ့ ဘီယာကို တကျိုက်မျှ မော့ရင်းအဖြေပေးတော့ Aeriက သူ့ကို လက်မောင်းကို ခပ်ဆတ်ဆတ်တချက်ရိုက်သည်။

"နင်ဘာလို့ အဲ့လိုပြောထွက်ရတာလဲ ... ငါသာခေါ်မလာရင် နင် ဒီချိန် အိမ်ထောင်ကျနေလောက်ပီ လူဆိုးမ

ပြီးတော့ အခုလိုခိုးထွက်တာတွေ CEOကသိရင် အဖိုးတန်လေး ဖြစ်တဲ့ နင့်ကို မကြိတ်ဘူး ငါ့ကိုပဲ ကြိတ်မှာ "

Aeri ရဲ့ စကားကြောင့် Rina နှာခေါင်းလေးရှုံ့ကာ ပြုံးပြီး

"တောင်းပန်ပါတယ် ပြီးတော့ ဆိုးတဲ့ ညီမကို အခုထိ သည်းခံပေးလို့ ကျေးဇူးတင်ပါတယ် "

"ကျေးဇူးတင်ရင် မနက်ဖြန် ဘယ်မှထွက်မယ် မကြံနဲ့ သန်ဘက်ခါကျ Fashion ဖွင့်ပွဲတစ်ခု တက်စရာရှိတယ် အဲ့တာကြောင့် မနက်ဖြန် အိမ်မှာ ငြိမ်ငြိမ်လေးနေ "

"ဟုတ်ကဲ့ပါ ဒါဆို ညီမ သွားနားတော့မယ်နော် "

Karina မှာ Aeriကို နှုတ်ဆက်ပြီး သူမအခန်းထဲ ဝင်သွားသည်။

☃️❄️

"Minjeong နင် မနက်ဖြန် အားလား"

"ဘာလို့လဲ Ningie .. အားမအားက မသိသေးဘူး အလုပ်ကလည်း ဘာမှ‌မပြောတော့လေ "

Minjeong တစ်ယောက် ဂိမ်းဆော့ရင်း Ningning မေးတာကို ပြန်ဖြေလိုက်သည်။

"မနက်ဖြန်ကျ Papaရဲ့ သူငယ်ချင်း ဒီဇိုင်နာတစ်ယောက်ရဲ့ Fashion ပွဲရှိလို့တဲ့ Papaက ဖုန်းဆက်ပြီး ငါ့ကိုသွားခိုင်းနေတာ "

"‌ဪ အဲ့တာမသွားချင်လို့လား "

"မဟုတ်တာ Karinaပွဲလာတက်မှာ မို့ သွားကိုသွားမှာ..."

Karinaရဲ့ နာမည်ကြားလိုက်ရလို့ Minjeong ဂိမ်းဆော့နေရာက Ningning ကိုလှမ်းကြည့်လိုက်သည်

"ငါတစ်ယောက်တည်းကျ လူအများရှိတဲ့ပွဲဆို အထီးကျန်နေမှာလေ "

Minjeong ဆော့လက်စ ဂိမ်းကိုရပ်ပြီး Ning Ningပုခုံးကိုလှမ်းဖက်ကာ

"အာ လိုက်မှာပေါ့ နင့်ကို လူအများကြီးကြား တယောက်ထဲဖြစ်နေမှာ ငါမလိုချင်လို့ လိုက်ခဲ့မယ်လေ "

Minjeong က ထိုပွဲကို လိုက်မယ် ပြောတော့ Ningning မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်

"ဟမ် နင်ကလူများတဲ့နေရာတွေမကြိုက်တာ ဖြစ်ရဲ့လား "

"နင်ရှိနေတာပဲ သူ့အလိုလိုဖြစ်သွားမှာပါ "

"ဒါဆို ညနေလေးနာရီ အမှီ သွားရမှာ အသင့်ပြင်ထားနော် "

"Ok Ningie "

☃️❄️

Fashion ပွဲက ညနေမှဆိုပေမယ့် Minjeong တစ်ယောက် မနက်ကတည်းက စိတ်လှုပ်ရှားနေမိသည် ။

ပြီးတော့ Karinaကို တွေ့ရင်လည်း ဟိုနေ့က ဆေးလိပ်ကိစ္စကြောင့် ဘယ်လိုနေရမလဲ ဆိုတာ တွေးနေမိတယ်။

"သူကငါ့ကိုမှတ်မိမှာ မဟုတ်ပါဘူး အေးဆေး ဘာမှ စိတ်လှုပ်ရှားစရာမလိုဘူး ငါလုပ်နိုင်ပါတယ် Fighting "

Minjeong စိတ်လှုပ်ရှားနေတဲ့ သူမကိုယ်သူမ ပြန်အားပေးစကားပြောလိုက်သည်

Ningning ရဲ့ အဖေဝယ်ပေးထားတဲ့ ကားနဲ့အတူ Fashion week ကျင်းပမယ့် နေရာကို Minjeongတို့ရောက်လာသည်။ Ning Ningနောက် လိုက်စီးရတာ အနည်းငယ် ရင်တုန်ရပေမဲ့ ချောချောမွေ့မွေ့နဲ့ရောက်ခဲ့ပြီ ။

Ningningရော Minjeongရော Karinaကို တွေ့ရမှာမို့လို့ စိတ်လှုပ်ရှားနေပေမယ့် Minjeong ကတော့ အရင်ကထက် ပိုစိတ်လှုပ်ရှားနေမိသည်

"Karinaလည်း မလာသေးဘူးနော် "

ခန်းမတံခါးကိုပဲ ကြည့်ပြီး Karinaကို စောင့်နေတဲ့ Ningning တစ်ယောက် ညည်းညူလိုက်သည်

.....

"အဆင်သင့် ဖြစ်ပြီလား pre red carpetမှာ မပြုံးချင်တောင်ဟန်ဆောင်ပြုံးနေနော် Rina နင်လုပ်နိုင်ပါတယ် "

"အင်း...လုပ်နေကြအတိုင်းပဲပေါ့ "

ကားပေါ်က မဆင်းခင် Aeri က အားပေးစကားပြောတော့ Karina ခေါင်းညိတ်ပြပြီး ကားပေါ်ကဆင်းလိုက်သည်။

"Karina ရောက်လာပြီ "

"Karina ဒီဘက်ကို ကြည့်ပေးပါဗျာ့ "

"Heartsign လေး လုပ်ပြပါအုံး "

ကားပေါ်က ဆင်းသည်နဲ့ တပြိုင်နက် သတင်းထောက် မီဒီယာများက အပြေးအလွှား ရောက်လာပြီး Karina ကို အလုအယက် ဓာတ်ပုံရိုက်ကြသည်။

"Karina လာပြီတဲ့ "

ခန်းမတံခါးဘက်ကို ပြေးသွားတဲ့ သတင်းထောက်တွေကြောင့် Ningningရော Minjeong ပါ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

Minjeongသူမကိုယ်သူမ ငုံ့ကြည့်ရင်း ထိုင်လို့တွန့်နေတဲ့ အင်္ကျီအဖျားစကို ကြည့်ကောင်းအောင် ဆွဲဆန့် နေရဲ့။ ဒီနေ့မနက်ကမှ လစာထဲကနေ အညိုရောင် suitကို ပြေးဝယ်ခဲ့တာ ။

Karina fashion show stageရှိရာဘက် ဝင်လာတော့ နေရာယူပြီးသားဖြစ်တဲ့ သတင်းသမားအချို့နှင့် လုပ်ငန်းရှင်အချို့က သူတို့ဆီပါလာတဲ့ ဖုန်း ,ကင်မရာအချို့နဲ့ပုံရိုက်ယူကြသည် ။

သူမက အနီရောင် suitကို ဝတ်ဆင်ထားပီး ဖြောင့်စင်းနေတဲ့ အနက်ရောင် ဆံနွယ်တွေနဲ့အတူ သူကအားလုံးထဲမှာထင်းနေသည် ။

Ning Ningကတော့ stage ရှိရာဘက် Karinaဝင်လာကတည်းက ဘယ်တုန်းကသယ်လာမှန်းမသိတဲ့ cameraနဲ့ တဖျတ်ဖျတ် ပုံရိုက်ယူနေတာ

ကံကောင်းတယ်ဆိုရမလား Karinaက သူမနှင့် မျက်နှာချင်းဆိုင်ကျတဲ့ stageတဖက်က ထိုင်ခုံမှာ နေရာယူသည်လေ ။

‌ခြေဖျား လက်ဖျားတွေ အေးစက်လာသည်ပါ ခံစားမိလာသည် ။ မှတ်မိသွားရင် ဒုက္ခ ။။

သိပ်မကြာခင်မှာပဲ presentorမှ ပွဲစတော့မည်ဖြစ်ကြောင်း ကြေငြာလာသည်နှင့်တပြိုင်နက် သူမတို့ ထိုင်နေတဲ့နေရာတွေ မီးမှိတ်လိုက်သည် မို့ Minjeongစိတ်သက်သာရာ ရသွားသည် ။

designer ဖန်တီးထားသည့် ဝတ်စုံတွေ ဝတ်ဆင်ထားသော modelများ တယောက်ချင်း ထွက်လာသည် ။ Ning Ningကတော့ ‌modelတွေ တယောက်ချင်းဆီတိုင်းကို ပုံတွေရိုက်နေတာ မနားတမ်း။

After partyမှာတော့ စားစရာများနှင့် သောက်စရာအချို့ဖြင့် ဧည့်ခံသည် ။ Ning ningကတော့ သူ့ပါးပါး မိတ်ဆွေနှင့် စကားလက်ဆုံ ကျနေသည်မို့ သူမ rest room ခဏသွားမည်ဖြစ်ကြောင်း အသိမပေးခဲ့ ။

☃️❄️

" နင် Navisနဲ့ ရုပ်ရှင်ရိုက်ရင်း တကယ်ကြိုက်ခဲ့တယ်ဆိုတာ ငါသိတယ် "

Minjeong Rest room ထဲဝင်ဖို့ အလုပ် သူမကြားလိုက်ရတဲ့စကားသံ ။

" သူ ရုပ်ရှင်လောကထဲက ‌ခဏအနားယူသွားတော့ ဒီကိစ္စကြောင့်ဆိုတာ ပိုသေချာသွားတယ်လေ "

Minjeongနံရံကို မှီရင်း ငြိမ်ပီး နားထောင်မိသည် ။ သူမဝင်သွားလို့ ဖြစ်ရဲ့လား ။ အထဲမှာ Karinaရှိနေမှာက သေချာသလောက်ပဲ ။ သူမတွေးနေတုန်း Rinaစကားသံထွက်လာသည်။

"ဆိုတော့ ငါ့ကို Lesbianဆိုပြီး သတင်းတွေ ဖွနေတာ နင်ပေါ့ "

Minjeong သူတို့ပြောနေတာတွေ ဆက်နားထောင်နေသင့်ရဲ့လားပဲ ။ ရုတ်တရက် rest roomဘက် သတင်းသမားအချို့ ခပ်သွက်သွက်လျှောက်လာနေကြသည်ကို Minjeongမြင်လိုက်ရသည် ။ shit ! ဘယ်သူလဲမသိပေမဲ့ Karinaကို နာမည်ဖျက်ဖို့ အကွက်ကျ စီစဉ်ထားတာပဲ ။ rest roomထဲ ဝင်ဖို့ Minjeongဆုံးဖြတ်လိုက်သည် ။

တံခါးဖွင့်ဝင်လိုက်တော့ သူမဆီ နှစ်ယောက်လုံးရဲ့အကြည့်တို့ ရောက်လာသည်။ တဖက်သူရဲ့ အမြင်တွေက အခုချိန်မှာ အရေးကြီးမနေဘူး ။ သူမ Rinaရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ရင်း

"ငါ့ကို ယုံဖို့မပြောချင်ပေမဲ့ ပိုဆိုးတာတွေဖြစ်မလာခင် အခုသွားမှဖြစ်မယ် "

Karina သူ့လက်ကိုဆွဲကိုင်တဲ့ Minjeongကို ယုံကြည်ပြီး Minjeongနောက် လိုက်သွားသည်။

Rest roomကနေ ထွက်လာပြီး သတင်းထောက်တွေနဲ့ ဆန့်ကျင့်ဘက် ထောင့်ချိုးလေးဘက် သွားတော့ EXITလို့ကပ်ထားတဲ့ အရေးပေါ်ထွက်ပေါက်ကို တွေ့လိုက်ရလို့ Minjeong ဝမ်းသာသွားသည်။

"အရေးပေါ်ထွက်ပေါက်ပဲ လာ ဒီဘက်ကထွက်ရအောင် "

Karinaရဲ့ လက်ကို ဆွဲပြီး အရေးပေါ်ထွက်ပေါက်ကနေ ကားပါကင်ဘက် Minjeong ပြေးရင်း တစ်ဖက်ကလည်း လွယ်ထားတဲ့ Ningning အိတ်ထဲက ကားသော့ကို နှိုက်ယူနေသည်

တွီတွီ

ကား lockကို ဖွင့်ပြီးနောက် Karina ကို ကားထဲသို့ Minjeong ဝင်ခိုင်းပြီး သူမကလည်း ကားထဲဝင်ကာ ကားစက်နှိုးလိုက်သည်။

"Hey ... မင်းကားမောင်းတတ်တာ သေချာရဲ့လား "

Save balt ပတ်နေရင်းစိုးရိမ်တကြီးမေးလာတဲ့ Rinaကြောင့် Minjeong ခိုးပြုံးမိသည် ။

" ဒါကပထမဆုံးဆိုပေမဲ့ ငါ့ကိုယုံလို့ရတယ်နော် "

Karina မျက်ဝန်းတွေကို စိုက်ကြည့်ပြီး Minjeong ပြောလိုက်သည်။

" Ningieရေ ငါတောင်းပန်ပါတယ် ။ ဒီကိစ္စပြီးမှ နင့်ကို ငါ လာခေါ်မယ်...."

Minjeongတီးတိုးရွတ်ရင်း သတင်းထောက်တွေ သူမတို့ကားနားမရောက်ခင် ကားကိုဂရုတစိုက်မောင်းကာ Fashion event က ထွက်လာနိုင်ခဲ့သည်။

#Tbc

Long time no seeပါဗျာ့ အကြာကြီးစောင့်ခိုင်းထားရလို့ အားနာပါတယ်😁 နောက်တစ်ပိုင်းတော့ တတ်နိုင်သမျှ author တို့နှစ်ယောက် တိုင်ပင်ပြီး စောဒိတ်နိုင်အောင် ကြိုးစားပါမယ်နော် စောင့်ဖတ်ပေးကြသူများကို ကျေးဇူးအများကြီးတင်ပါတယ် ❤

Bạn đang đọc truyện trên: Truyen3h.Co