Part 5 Unicode
Minjeong ကားကို ပုံမှန်မောင်းနှုန်းဖြင့် ဂရုတစိုက်မောင်းနေရင်း မှန်ကို ချလိုက်သည် မို့ အပြင်လေအေးအအေး အချို့က မျက်နှာနား ဝေ့ဝဲလာသည်။
Rinaဘက်ကို ခေါင်းငဲ့ကြည့်တော့ သူကလည်း မှန်ပြတင်းအပြင်ကို ခပ်တွေတွေ ငေးနေသည် ။ သူ့ဘက်ကမှန်ကိုပါချသင့်ရဲ့လားပဲ။
အတန်ကြာတိတ်ဆိတ်နေတာကြောင့် သီချင်းဖွင့်ဖို့ radioခလုတ်ဆီ လက်လှမ်းဖို့ပြင်တော့မှ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ အသံတခု
" ဂွီ "
Karina ဗိုက်ထဲက ထွက်လာတဲ့ အသံ ။ Karinaရော Minjeongပါ ရယ်လိုက်ကြသည် ။
" Sorry "
Rinaဘက်ကတောင်းပန်စကားဆိုလာတော့ Minjeongခေါင်းအသာခါပြရင်း
"မဟုတ်တာ ကြည့်ရတာ ခင်ဗျား ဗိုက်ဆာနေပီထင်တယ် "
"အင်း ဟုတ်တယ် rest roomသုံးပြီးမှ စားဖို့လုပ်ထားတာ သိတဲ့တိုင်း ပြဿနာသေးသေးလေးကဖြစ်သွားတယ် "
"စားသောက်ဆိုင်ကြီးတွေ သွားမလား "
Minjeon ကားကို အရှိန်တင်ရင်းမေးလာသည်။
"No... ပိုလို့တောင်မသွားချင်ဘူး လူရှင်းတဲ့ဆိုင်မှ အဆင်ပြေမှာ "
Rinaစကားဆုံးသည်နှင့် သူမ ကားကို ဟန်မြစ်ဘက်ဦးတည်လိုက်သည် ။
ဟန်မြစ်ဘေး ကားထိုးရပ်ရင်း Minjeong သူမရဲ့မျက်လုံးတွေကို လူရှင်းတဲ့အကင်တဲရှာဖို့ အလုပ်ပေးလိုက်သည် ။ သူမတို့ကားရပ်ထားသည့် နေရာနှင့်မလှမ်းမကမ်း တဲတခုကိုတွေ့သည် ။ စားပွဲဝိုင်းတခုမှာ မိသားစုတစုသာ ရှိတယ် ။
" ဟိုတဲမှာတော့ လူရှင်းတယ်။ ဒါနဲ့ ခင်များ အဝတ်လဲချင်သေးလား ။ မနက်ကမှ သူငယ်ချင်းနဲ့ အတူဝယ်ထားတာရှိတယ် "
Save belt ချွတ်ရင်း Minjeong သူ့ကိုမေးလိုက်တော့
" ဟို အကျီပဲ လဲလိုက်တော့မယ် "
Rinaကားနောက်ခန်းဘက် ကျော်ခွသွားလိုက်သည်။ ကားနောက်ခန်းထဲမှ shopping bagsတွေကို အတန်ကြာမွှေနှောက်ပြီးနောက်မှာတော့ သူ့ရဲ့ ကုတ်အနီကို ချွတ်လိုက်ပြီး ခဲရောင် hoodieကိုကောက်စွပ်လိုက်သည် ။
ဖုန်းvibrationကြောင့် ဘယ်သူဖုန်းခေါ်လဲဆိုတာ သူ မကြည့်တောင်သိသည် ။ ပွဲထဲမှာ မန်နေဂျာကို တယောက်ထဲ ထားခဲ့တဲ့ သူပဲလေ ။ဖုန်းမကိုင်ရဲတာ အဆန်းမဟုတ်ဘူး ။ ဖုန်းနှင့် သူမရဲ့ကုတ် အနီကို ကားနောက်ခန်းထဲ ပစ်ထားခဲ့ပြီး သူ့ကို ကူညီတဲ့ ထိုကောင်မလေးရာ ရှိရာ အကင်တဲဘက် ပြေးထွက်သွားလိုက်သည် ။
"အဒေါ်ကြီး ဒီကို ဆိုဂျူတစ်ပုလင်းလောက် "
Karinaက ဆိုဂျူမှာတော့ Minjeong ဝက်သားသုံးထပ်သား အထူကို ကပ်ကြေးဖြင့် ညှပ်နေရင်းက သူ့ကို ကြည့်လိုက်သည်။
" Hey အဲ့လို မကြည့်နဲ့ တို့ limit နဲ့တို့ သောက်မှာပါ "
"ပြီးရော "
Karina ဆိုဂျူ တခွက်သောက်လိုက် Minjeongညှပ်ပေးထားတဲ့ သုံးထပ်သားကို ဆလပ်ရွက်နဲ့လိပ်ပြီး ဝါးလိုက်နှင့် အတော့်ကို အဆင်ပြေနေတာ ။soju ၁လုံးနှင့်တဝက်ကျိုးလောက် သောက်အပြီး Rinaက တဲအပြင်ဘက်ကို ထွက်သွားသည် ။
Minjeongလည်း ပိုက်ဆံရှင်းပြီး Karinaနောက် လိုက်သွားတော့ ဟန်မြစ်ကမ်းစပ် လေညှင်းခံနေတဲ့ Karinaကို တွေ့ရသည်
သူမတို့ မြစ်ကမ်းဘေး အတန်ကြာရပ်ရင်း လေညှင်းခံပြီးနောက်မှာတော့ Rinaမှ သူမကို စကားဆိုလာသည်။
"ဒီကတစ်ယောက်....တို့ကို ခုနက အကျဉ်းအကြပ်ကြားထဲကနေ ခေါ်လာပေးလို့ ကျေးဇူးတင်ပါတယ်.... "
"ရပါတယ်...."
Minjeong ခေါင်းငုံ့ပြီး ကျောက်ခဲသေးသေးလေးကို ခြေထောက်နဲ့ကန်ကာ ပြောလိုက်သည်
"ထပ်ပြီး ဒီနေရာနဲ့ဝေးရာကိုခေါ်သွားပေးရင်ကောင်းမယ်'
Karina ပြောတာကို လေတိုက်သံတွေကြား Minjeong မကြားလိုက်။
"ဟမ် ... ဘာပြောလိုက်တာလဲ "
" လေတွေ တအားတိုက်နေလို့ အေးတယ်ပြန်ကြရအောင်လို့ပြောတာ "
"အာ ...ကောင်းပြီလေ ပြန်ကြတာပေါ့ ခင်ဗျားရဲ့ လိပ်စာကိုပြောပြလို့ဖြစ်တယ်မလား "
....
အိမ်ပြန်လမ်းမှာတော့ နှစ်ယောက်သား တိတ်ဆိတ်နေကြသည်။
တိုက်ခန်းရှေ့ရောက်တော့ Rina ကားပေါ်မှာ မဆင်းခင် Minjeongကို နှုတ်ဆက်သည် ။
"ပြန်လိုက်ပို့ပေးတာရော ဒီနေ့ကိစ္စအတွက်ပါ ကျေးဇူးတင်ပါတယ် နောက်တခေါက် ထပ်တွေ့ရင် ထမင်းဝယ်ကျွေးချင်ပါတယ် "
"ဟုတ်ကဲ့ ထပ်တွေ့ကြရင်ပေါ့ "
.....
Karina အခန်း passwordရိုက်နှိပ်ကာ တံခါးဖွင့် ပြီးပြီးချင်း တွေ့လိုက်ရသည်က သူ့ကို လက်ပိုက်ရပ်ကြည့်နေတဲ့ သူမ မန်နေဂျာ Aeri ။
"Rina. ... အိမ်ပြန်လိုက်ပို့တာ ဘယ်သူလဲ ။ ပြီးတော့ ဘယ်ပျောက်သွားတာလဲ ငါရှာလိုက်ရတာ ခေါင်းမီးတောက်နေတာပဲ ဖုန်းကလည်း မကိုင်ဘူး ။ အကျိုးအကြောင်းလေးပြောမှပေါ့ "
"နောက်မှပြောပြမယ် အခုက ဖုန်း...အယ် ဖုန်းရော ..."
Rina စီးထားတဲ့ ဒေါက်ကို ဖြစ်သလို ချွတ်ကာ ဆိုဖာပေါ် ပစ်တင်ထားတဲ့ အိတ်ဆီ ပြေးရတော့သည် ။
....
Minjeong ကားစက်သတ်ပြီး ကားပေါ်ကဆင်းမယ်လုပ်တော့ သူမ မရင်းနှီးတဲ့ Ringtone အသံကြောင့် လန့်သွားသည်
အသံလာရာ ကြည့်လိုက်တော့ ကားနောက်ခန်းထဲမှာ Karinaရဲ့ ကုတ်နှင့် ဖုန်းကို တွေ့လိုက်ရသည် ။
အဆက်မပြတ်မြည်နေတာကြောင့် ဖုန်းကို Minjeong ကောက်ကိုင်လိုက်သည်။
"Hello "
"Hey တို့ပါ Karina. ...တို့ coatနဲ့ ဖုန်း မင်းကားပေါ်ကျန်ခဲ့တယ် ။ အဲ့တာ မနက်ဖြန် ဒီကိုလာပို့ပေးလို့ရမလား "
"ဟမ် လာပို့ရမှာလား "
"ဟုတ်တယ် လာပို့မှဖြစ်မယ်။ တို့မန်နေဂျာက တို့ကို စိတ်ဆိုးနေတော့ အပြင်ထပ်ထွက်လို့မရဘူး ။ မင်း အဆင်မပြေရင်deli serviceနဲ့ပို့လည်းရတယ် "
Minjeong တခဏလောက်ငြိမ်ပြီး စဉ်းစားလိုက်သည် ။
"ဆိုတော့ လာပို့လိုက်မယ် ။ "
တဖက်က ဖုန်းကို တီ ခနဲ ချသွားတော့ Minjeongလည်း ဖုန်းကိုစက်ပိတ်လိုက်ကာ သူ့ရဲ့ coatနဲ့အတူ shopping bags ထဲ သေချာထည့်ပြီး ကားထဲထားခဲ့လိုက်သည် ။
...
ကားသံကြားလို့ထင်ပါရဲ့ Ning Ningက တိုက်အောက်ထိဆင်းလာပြီး သူမကို စောင့်နေတာ ။ ကိုယ်က အပြစ်လုပ်ထားတော့ အတတ်နိုင်ဆုံး ပြုံးထားရတယ် ။ သူကြိုက်တတ်တဲ့ ပဲနို့ဘူးပါ ဝင်ဝယ်ခဲ့သေးတယ်။
"Kim Minjeong shii ရှင် ကျမကို မပြောမဆိုနဲ့ ထားခဲ့ပြီး ဘယ်ပျောက်သွားတာလဲ "
"အာ အဲ့ဒါထက် နင်ဘယ်လိုအိမ်ပြန်လာတာလဲ နင့်အိတ်ကငါ့ဆီပါလာတော့ "
Minejongတို့က အခန်းကို အပေါ်ဆုံးထပ် ငှားထားသည်မို့ viewကောင်းသလို လေကောင်းလေသန့်လည်း ရသည်။
"အစက busစီးပြန်မလို့ကို ငါ့ဆီကားခကမရှိဘူးလေ နင့်ဆီအကုန်ပါသွားတာလေ ။ နင်ကငါ့ကို အသိမပေးပဲ ဘယ်ပျောက်သွားတာလဲ "
"ဟို ငါ့အလုပ်က အရေးကြီးတယ်ဆိုပြီး ဖုန်းဆက်လာလို့ နင့်ကိုတောင် အသိမပေးနိုင်ဘူး အမြန်ပြေးရတယ် sorry ပါ Ningရယ် "
Minjeong မှာ ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို Ningningကို အမှန်တိုင်းမပြောလိုက်ချေ ။
"တော်သေးတာပေါ့ Papaရဲ့ အသိက ငါ့ကိုပြန်လိုက်ပို့ပေးလို့ "
"ဟီး တကယ်ငါဖုန်းဆက်ပြောမယ်ဆိုတော့မှ နင့်ဖုန်းငါ့ဆီပါလာမှန်းသိတယ် ။ အခုတော့ ငါဝယ်လာတဲ့ ပဲနို့ပဲ အရင်သောက်နော် ။ နောက်ရက်ကျအကင်လုပ်စားကြမယ် "
Ningningရဲ့ ပခုံးကိုဖက်လိုက်ပြီး Minjeong ပြောတော့ Ning Ningက သူမနားကပ်ကာ အနံ့တခုခုရသလို တရှုံ့ရှုံ့ဖြင့်လုပ်နေသည်။
" ဘာဖြစ်တာလဲ အနံ့ဆိုးနေတာလား "
Ning Ningရဲ့အပြုအမှုကြောင့် သူမကိုယ်သူမ အနံ့အသက်ကောင်းမကောင်း အကျီကို ငုံ့ရှူမိသည်။
"ငါမီးခိုးညှော်နံ့ရလို့ .... နင် အကင်ဆိုင်သွားခဲ့တာလား "
Ning Ningအမေးကိုသူမ ဘယ်လိုဖြေရမယ် မသိ ။ သူမ ခေါင်းကို အလုပ်ပေးနေရသည် ။ Ahh လိမ်ရတာမကောင်းဘူး ။
" အကင်ဆိုင်တော့ မဟုတ်ဘူး ငါ တော့ပိုကီဆိုင်ခဏဝင်ခဲ့တာ ။ စုံထောက်ကျနေတာပဲ စစ်လားဆေးလားနဲ့ ။ လာပါ ၁၁ထိုးတော့မယ် အိပ်ရအောင်"
Minjeongချော့မော့ပြီးစကားစဖြတ်ကာ အခန်းထဲ အမြန် ဝင်လိုက်သည်။
Ning Ning မနိုးခင် Minjeon အိမ်မှခိုးထွက်ခဲ့သည်။ ခိုးထွက်တာ ဟုတ်တယ်။ မနက်စာပြင်ပေးခဲ့ပြီး ဈေးသွားမည်ဖြစ်ကြောင်းစာတိုလေး ချန်ခဲ့ရသေးသည် ။
သူမက မနက်၆နာရီကတည်းက နိုးနေတာ Karinaဆီ သွားဖို့အတွက် အဝတ်အစားရွေးနေရသေးသည်လေ
အဝတ်ဗီဒိုထဲကြည့်လိုက်တော့ Tshirt အကွက်တွေချည်း။
Minjeong ကြိုက်လို့ ဝယ်တာမဟုတ်ပေမဲ့ ဝယ်လိုက်တာတွေက ရှပ်ကွက်တွေ ဖြစ်နေတာ ။
Ningningကတော့ ဆိုင်တောင်ဖွင့်လို့ရပြီဆိုပြီး စနောက်နေသေးသည်။
ဒီနေ့လည်း ထပ်ပြီးတော့ Ningieကားကို ချောဆွဲလာသည်။ သူဌေးရပ်ကွက်သွားရမှာဆိုတော့ busကားက မရောက်သလို Taxiတွေကလည်း အဲ့ဘက်ဆိုဈေးကြီးတယ်။
Karinaရဲ့ တိုက်ခန်းရှေ့ရောက်တော့ Minjeongမှာ shopping bagsထဲက သူ့ရဲ့ ဖုန်းကိုထုတ်ကာ စက်ဖွင့်လိုက်သည် ။ Lockချထားမယ်ထင်ခဲ့ပေမဲ့ သူကlockမချထားပေ။
"Oh .. lockမချထားလို့ တော်သေးတယ် "
မနေ့ကအဝင်calledကိုသာ Minjeongပြန်ဆက်လိုက်သည် ။ တဖက်မှာ ဖုန်းကို ချက်ချင်းဆိုသလိုကိုင်သည် ။
"Hello "
" တိုက်အောက်မှာ ရောက်နေပြီ အဲ့ဒါ ....."
"ဟို တို့ ခေါင်းလျှော်ပြီးခါစမို့ မင်းက အပေါ်တက်လာခဲ့ပေးပါလား 9လွှာ တိုက်ခန်းနံပါတ် 17...တို့လှုံခြုံရေးကို အသိပေးပြီးသားမလို့ ကားမောင်းဝင်ခဲ့လိုက်နော် "
"ဟင် ဟို...."
Minjeong ဆုံးအောင်မပြောလိုက်ရ Karinaက ဖုန်းချသွားတယ် ။
Minjeongလည်း ပုခုံးတချက်တွန့်ရင်း ကားပါကင် ရှိရာ တိုက်ခန်း ဝင်းထဲ ကားမောင်းဝင်သွားလိုက်သည်။
အနုပညာရှင်အတော်များများ ဒီဘက်မှာ တိုက်ခန်းဝယ်ထားကြတာမျိုး ကြားဖူးသည် ။ Minjeong elevatorဆင်းအလာ စောင့်ရင်း မျက်လုံးကစားမိတော့ မင်းသား minhoကိုတွေ့လိုက်ရသေးသည် ။ Ning Ningသာ ပါရင် သူ့ဆီပြေးပီး လက်မှတ်တောင်းနေအုန်းမှာ ။
ခေါ်ထားတဲ့ elevator ရောက်လာတော့ သူမ အထဲကို ဝင်လိုက်ပီး 9လွှာကို နှိပ်လိုက်သည်။ အိ ခနဲ တချက်နိမ့်ကျသွားပြီး အပေါ်ဖြေးဖြေးတက်သွားသည် ။
သူမ ဒီလို Karinaနဲ့ သိနေတာ Harleen ကြားရင် ဘယ်လို မှတ်ချက်ပေးမလဲ မသိဘူး ။ မကောင်းသတင်းဖြန့်ဖို့ အလုပ်လက်ခံထားပေမဲ့ သူမက Rinaကို ကာကွယ်ပေးသလိုဖြစ်နေတယ် ။
ဒီတခါနောက်ဆုံးပါ ဟုတ်တယ် Minjeong အားတင်းထား ဒါပြီးရင် ထပ်ပတ်သက်စရာ မရှိတော့ဘူး ။
"Tin "
9လွှာရောက်တော့ ဓာတ်လှေကားရပ်ပြီး ပွင့်သွားသည် ။ အခန်း နံပါတ်17ကို Minjeongရှာလိုက်သည်။ အခန်းတွေ ၄ခန်းလောက်ရှိပေမဲ့ အခန်းနံပါတ်တွေတပ်မထား ။ လှေကား ရှိရာထိလျှောက်သွားတော့ ပန်းခြင်းအချို့ကိုတွေ့သည်။ သူ့ရဲ့ ပရိတ်သတ်တွေ ပေးတဲ့ လက်ဆောင်ဘူးခွံတွေ အခန်းရှေ့ပုံထားသေးတယ် ။
Minjeong ဘဲလ်ခလုတ်နှိပ်လိုက်တော့ တံခါးက ချက်ချင်းဆိုသလိုပွင့်လာသည် ။
"ဝင်ခဲ့လိုက်နော် တို့ ဆံပင်လေမှုတ်နေလို့ "
မထူးတော့ဘူးလေ ရောက်မှတော့ ဝင်လိုက်ရုံပေါ့ ။ တိုက်ခန်းထဲ ရောက်ရောက်ခြင်း သူ့ပုံ အကြီးကြီးတပုံချိတ်ထားသည်ကိုတွေ့ရသည် ။
Minjeong ဧည့်ခန်းဘက် လျှောက်လာပြီး အိတ်ကို စားပွဲပေါ်တင်ကာ sofaပေါ်ထိုင်လိုက်ပြီး karinaကိုစောင့်နေဖို့ ဆုံးဖြတ်လိုက်သည် ။ သိပ်တော့မကြာလိုက်ပါ karinaသူ့အခန်းထဲကပြန်ထွက်လာသည်။ မိတ်ကပ်တွေ မလိမ်းထားတဲ့ သူမျက်နှာကကြည့်လို့ကောင်းနေတုန်းပဲ ။ sweat pantနဲ့ shirtအနက်ကိုတွဲဝတ်ထားတာရောပေါ့ ။
" မနက်စာ မစားရသေးဘူးမလား ။ ဘာကြိုက်မှန်းမသိပေမဲ့ မှာတော့မှာထားတယ် ။ ရောက်တော့မယ် ထင်တယ် ။ "
နံရံမှာ တပ်ထားတဲ့ နာရီကိုလှမ်းကြည့်ရင်း သူမကိုပြောသည် ။ သူက ဒီလို ဖော်ရွေနေတာ တခါတလေတော့ အပြစ်မကင်းစိတ်ဖြစ်လာတယ် ။
"ဟို ... ဒီမှာ ဘာရှိလဲ "
"ဘာကိုမေးတာလဲ "
"ဒီအိမ်မှာလေ ချက်ဖို့ဘာရှိလဲလို့ ။ ငါ fast food တွေရှောင်တာမလို့ ။ "
Karina သူ့ နားထင်ကိုတချက်ကုတ်ရင်းငြိမ်နေသည် ။ အိမ်မှာဘာရှိလဲ သူမသိဘူး ။ မီးဖိုဘက် တခါမှကို မသွားဖူးတာ ။ ဪ ဘီယာဘူးတွေယူတာကလွဲလို့လေ ။
"အမ် ... တို့ မသိဘူး ... မင်း တို့နဲ့ လိုက်ကြည့်တာ ပိုကောင်းမယ်ထင်တယ် "
သူမတို့ စကားဝိုင်းက ဒီမှာတင် တခန်းရပ်သွားသည်။ သူက မင်းသမီးတယောက်ပဲ မသိတာက မဆန်းပါဘူး ။
..
Rinaတယောက် ဧည့်ခန်းထဲထိုင်နေရင်း စဉ်းစားခန်းဖွင့်နေသည် ။ တကယ် ကိုယ့်အိမ်က မီးဖိုခန်းပေးသုံးရလောက်တဲ့ထိ ရင်းနှီးနေတာတော့ မဟုတ်ဘူး နာမည်လည်း မသိဘူးလေ ။ တကယ်ဆို သူ့အကြောင်း ဘာဆိုဘာမှသိတာမဟုတ်ဘူး ။ သိုပေမဲ့ သူ့ကို သိနေတယ် ။ အင်း ရှုပ်သွားတယ်မလား ။
Rina မှာ တယောက်ထဲ အမေးအဖြေလုပ်နေရင်း အနံ့တခုကဆွဲဆောင်လာတယ် ။ ကိုယ့်ရှေ့ကနေ ၁၅မိနစ်လောက် ပျောက်သွားပြီး သူရှိတဲ့ ထမင်းစားခန်းထဲကပဲ ။
ကိုယ့်ခြေလှမ်းတွေကို ထမင်းစားခန်းဘက် ဦးတည်ပြီး အပြေးလေးသွားလိုက်သည် ။
"ဝိုး .... ဘာလေးလဲဟင် "
ထမင်းဝိုင်းပြင်နေတဲ့ သူ့ဘေး မသိမသာသွားရပ်ရင်း Rinaကမေးခွန်းထုတ်လိုက်သည် ။
" အမဲသား stakeနဲ့ ကင်မ်ချီ ထမင်းကြော် ။ပြီးတော့ ရေညှိဟင်းရည် "
Minjeon ဟင်းရည် ပန်းကန်လုံးထဲ ဟင်းရည် ထည့်ပေးရင်းဖြေလိုက်သည် ။ stakeကို ဇွန်း ခက်ရင်း မသုံးပဲ လက်နဲ့ကိုင်စားနေတဲ့ Rinaကြည့်ရင်းနဲ့ပေါ့ ။
"ဝိုး..... သူ့အရသာကလေ ဆိုင်ကြီးတွေကလိုပဲ ထောပတ်က အသားထဲ စိမ့်ဝင်နေတာ "
Rinaရဲ့ပလုတ်ပလောင်းသံ မှတ်ချက်ကြောင့် သူ့ရှေ့ အရယ်အပြုံးနည်းတဲ့ Minjeongက ပြုံးလိုက်မိသည် ။
"အယ် ... မင်းအပြုံးက နေပါအုန်း တို့ ရင်းနှီးနေတယ် ။ ဒါနဲ့လေ မင်းနာမည် ပြောပြလို့ဖြစ်တယ်မလား ။ အတင်းမမေးဘူးဆိုပေမဲ့ သိချင်နေတာ "
တော်တော်စကားတတ်တဲ့ မင်းသမီး။ Minjeongထပ်ပြုံးဖြစ်ခဲ့သည်။
"Winter "
"ဟင် ဆောင်းတွင်းကြိုက်တာလား ။ တို့ မင်းရဲ့နာမည်ကို အရင်မေးတာပါနော် "
"အင်းလေ Winter ပါဆို "
Minjeong ရေနွေးကို ခွက်ထဲငှဲ့ပေးပြီး Rinaဘေးသို့ ချပေးလိုက်သည်။
တယောက်နဲ့တယောက်မိတ်ဆက်ရင်း တရင်းတနှီးရှိလာတဲ့ ဆက်ဆံရေးနှင့်အတူ ထမင်းဝိုင်းလေးက အဆင်ပြေပြေပြီးသွားသည်။
Minjeongကမနက်စာချက်ကျွေးထားသည်မို့ ကိုယ်ကပဲ ပန်းကန်ဆေးပါ့မယ် စကားဆိုနေရင်းက လက်ထဲကနေ ဖန်ခွက်ကလွတ်ကျပြီးကွဲသွားသေးတယ် ။ အဲ့မှာ ဖန် အကွဲအရှ တွေသိမ်းလည်း သူပဲ ပန်းကန်ဆေးတာဝန်လည်း သူပဲယူလိုက်တယ် ။ ကိုယ်ကတော့ ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေရတယ် ။
Passwordနှိပ်ပြီး တံခါးဖွင့်ဝင်လာတဲ့ မန်နေဂျာ အစ်မAeriနဲ့ မီးဖိုထဲက ပန်းကန်ဆေးပြီးထွက်လာတဲ့ Minjeongတို့ မျက်နှာချင်းဆိုင်အနေအထားနဲ့ အကွာအဝေးခပ်လှမ်းလှမ်းမှာ ရပ်မိကြသည်။
Aeriက Rinaမှာထားတဲ့ food boxတွေဆွဲရင်း ဧည့်ခန်းအဝင်ကနေ ပန်းကန်ဆေးပြီးထွက်လာတဲ့ Minjeongကို ရပ်ကြည့်နေသည်။
"Hey မင်း .... "
Aeri ... သူ့လက်ထဲက အထုတ်တွေ ဧည့်ခန်းထဲ ထိုင်နေတဲ့ Rinaရှေ့က စားပွဲပေါ် အမြန်တင်ရင်းမေးသည် ။
"ငါ မင်းကို မှတ်မိတယ် ပြီးတော့ အဲ့ဆံပင်တွေ "
ဆံပင် ဟုတ်တယ် သူမက Rinaတို့နဲ့ဆုံတိုင်း Maskနဲ့ ဆိုပေမဲ့ ဆံပင်တိုကို highlightsလုပ်ထားတော့ ဖုံးမရခဲ့ ။
"Unnieတို့ကဆုံဖူးလို့လား "
Rinaကထိုင်နေရင်းပင် Aeriတလှည့် Minjeongကိုတလှည့်ကြည့်ရင်း မေးခွန်းထုတ်လာသည် ။
" မင်းဘာလိုချင်တာလဲ"
Rinaရဲ့ အမေးကို မဖြေပဲ သူက Minjeongကိုကျပ်နေသည်။
" ဘာမှမလိုချင်ပေမဲ့ အရမ်းတန်ဖိုးမကြီးမဲ့ ဟာတော့ တောင်းချင်တယ် "
"ဘာလဲ အဲ့ဒါယူပြီး နောက်လာမပက်သတ်နဲ့တော့ "
Aeriပြောစကားတွေက ရင့်ပေမဲ့ စိတ်ထဲတော့ သိပ်မထည့်ဖြစ်ခဲ့ပါဘူး ။ သူတို့ကို ပါးစပ်အဟောင်သားနဲ့ ထိုင်ကြည့်နေတဲ့ Rinaဘက်လှည့်ကာ
" သူငယ်ချင်း အတွက် Signလေးထိုးပေးနိုင်မလား ။သူက ဟောဒီက မင်းသမီးရဲ့ ပရိသတ်မို့ပါ "
ဘာလဲ ခုနကထိ အဆင်ပြေနေခဲ့တဲ့ ဆက်ဆံရေးက ရုတ်တရက် အေးစက်သွားသလို ခံစားရသည် ။
"သူ့နာမည်က Ning Yizhuo "
Rina signထိုးပေးထားတဲ့ posterလိပ်ကို ယူပြီး စားပွဲပေါ်က ကားသော့နှင့် ဖုန်းကို ကောက်က နှုတ်ဆက်စကားတောင်မဆိုပဲ ထွက်သွားခဲ့သည် ။ ကျောပြင်ငယ်ကိုငေးရင်း Rina ဝမ်းနည်းသလိုတောင်ဖြစ်လာသည် ။
သူ့ဖုန်းနံပါတ် သူမသိအောင် ယူထားမိလို့တော်သေးသည် ။ ပြီးမှ Aeri unnieအစား တောင်းပန်ရမည် ။
#Tbc
Bạn đang đọc truyện trên: Truyen3h.Co