Truyen3h.Co

Into J

Part 6 Unicode

KimFany059

တံခါးဖွင့်သံကြောင့် ဧည့်ခန်းမှာ ထိုင်ရင်း ရှူးဖိနပ်လေးကို ဆေးရောင်ခြယ်နေတဲ့ Ningning က အသံလာရာကိုကြည့်တော့ အထုပ်ကြီးငယ်အချို့ကို သယ်ပြီး ဝင်လာတဲ့ Minjeongကို တွေ့လိုက်ရတယ်

"Oh! ပြန်ရောက်လာပြီပဲ "

အထုပ်ထဲက ပစ္စည်းအချို့ကို စားပွဲပေါ် တခုချင်းချနေတဲ့ Minjeongကို Ning Ningကဆေးရောင်ဆက်မခြယ်သေးပဲ ထိုင်ကြည့်နေဆဲ ။

"ရော့ နင့်အတွက် လက်ဆောင်."

Ningning အရောင်ခြယ်စုတ်တံကို ဆေးခွက်ထဲ ထည့်လိုက်ပြီး Minjeongကမ်းပေးလာတဲ့ posterလိပ်ကိုယူလိုက်သည်

"ဘာမ်ားလဲ "

Ningning သိချင်စိတ်နဲ့ ပိုစတာလေးဖြည်ကြည့်တော့

"What that ... Karina ပုံပဲ ပြီးတော့ ငါ့နာမည်နဲ့ သူလက်မှတ်ထိုးပေးထားတယ် "

Ningning ဟာ သူမနာမည်နဲ့ Karinaရဲ့ လက်မှတ်လေးကို တွေ့တော့ အရမ်းပျော်ပြီး ခုန်ပေါက်နေတာ ။

"Karinaဆီက လက်မှတ်ရပြီကွ Yes ...Minejong သူ့လက်မှတ်နဲ့ပိုစတာ ဘယ္လိုရခဲ့တာလဲ ။ေစ်းထဲမွာ သူနဲ့တွေ့တာလား "

Ningningက စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းထုတ်လာသည် ။ Minjeongမှာတော့ သူမ shirt အနက္ကြက္ကို ချွတ်ပြီး ဆိုဖာပေါ် တင်လိုက်ပြီး ရေခဲသေတ္တာ ရှိရာဘက်သို့သွားသည် ။

"Minjeong ရာ ပြောပြစမ်းပါ သူနဲ့တွေ့ခဲ့တာလားလို့ "

Minjeong ရေခဲရေကို ခပ်ဖြေးဖြေးမော့နေဆဲပဲ ။ Ning Ning အေမးကို မဖြေအားသေး ။

Minjeong ရေဘူးကို သူမနဲ့အတူ Ning Ningထိုင်နေတဲ့ နေရာထိ ယူလာခဲ့ပြီး စားပွဲပေါ်တင်လိုက်သည် ။ ရေဘူးခွံပေါ်က ရေခဲငွေ့ပြန်ပြီး က်လာတဲ့ ရေစက်တွေကို ငေးကြည့်လိုက်သည် ။ ရေခဲတွေလည်း အပူနဲ့ထိတွေ့ရင် အရည်ပျော်ရတာပါပဲ ။

Ningningကို အမှန်တိုင်းပြောပြဖို့ Minjeongတွေးနေတာ။ သူငယ်ချင်းဖြစ်သူက Karinaရဲ့ အကြီးစားပရိတ်သတ် ။ သူမက Karinaကို ဒုက္ခပေးမဲ့သူ ။ သူငယ်ချင်းဆိုပေမဲ့ မကောင်းဘူးလေ ။

"ဟဲ့ Minjeong ... ပြောပါဆို"

Ning Ningက အတွေးလွန်နေတဲ့ Minjeongရဲ့ လက်မောင်းကို ရိုက်ပြီး သတိပေးလာသည်။
ထို့ကြောင့် Minjeong အမှန်တိုင်းမပြောဖို့ ဆုံးဖြတ်လိုက်သည်။ တောင်းပန်ပါတယ် သူငယ်ချင်းရဲ့ ။

"ဪ .... ငါဈေးကနေအပြန်ကားရပ်ထားတဲ့နေရာမှာ Karinaကိုတွေ့တာ အဲ့ဒါ နင့်အတွက် သူ့ဆီက လက်မှတ်တောင်းလို့ရလောက်မဲ့ထိ သူ့ကို လူတွေ သတိမထားမိသေးတော့ အဆင်ပြေပြေနဲ့ရခဲ့တာပဲ ။သူ့မန်နေဂျာကတော့ အပေါက်ဆိုးတယ် ဟ"

Minjeongရဲ့ အစစ်အမှန်မဟုတ်တဲ့ ဇာတ်လမ်းအသေးလေးကို Ningningက သူမပြောသမျှကို မျက်လုံးအဝိုင်းသားနဲ့ တကယ်ထင်ပြီး နားထောင်နေရှာသည်။

မနက္က အဖြစ်အပျက်ကိုလည်း Minjeongသတိတရထည့်ပြောဖြစ်လိုက်သေးသည် ။ တကယ် အဲ့မန်နေဂျာက ပထမတကြိမ်ဆုံကတည်းက ဖုန်းစစ်လား ဆေးလား လုပ္တာ ။

"ဆိုတော့ ငါ အခန်းထဲ ဝင်လို့ရပီလား Yizhuo "

" Of course လက်မှတ်အတွက် ကျေးဇူးပဲ အများကြီးချစ်တယ်နော် Kim "

Ningning က finger heart signလုပ်ပြပြီး ပြောတော့ Minjeong ရယ်ရင်း အခန်းထဲဝင်သွားသည်။

"Unnie .... ဘာလို့ အဲ့လိုပြောလိုက်တာလဲ"

Winterကသူ့ကို တချက်တောင် နှုတ်မဆက်ပဲ ပြန်သွားခဲ့တာ ။

"သူက ညီမရဲ့ ဧည့်သည် Unnieအဲ့လိုမလုပ်သင့်တာ "

"Unnieကမင်းကိုစိတ်ပူလို့ပါ .... Naevisကိစ္စမှာ မင်းကို စွပ်စွဲချင်နေကြတဲ့သူတွေက stalkနေမှာလေ "

"Unnieကတကယ် ဘာမွမသိဘူး ။သူထင်ရာအမြဲလုပ်တယ် ။ "

Rinaစိတ်ရှုပ်ထွေးစွာ ဆံပင်တွေကို ထိုးဖွရင်းစကားဆိုလာတော့ Aeriက သူ့ဘေးဝင် ထိုင်ကာ မေးခွန်းတခုမေးသည် ။

"ဆိုတော့ နင်သူ့ကိုမမှတ်မိဘူးလား "

Rinaခေါင်းအသာခါရမ်းပြရင်း ခေါင်းကို အလုပ်ပေးရသည် ။ သို့သော် မှတ်မိဖို့ နေနေသာသာ သူနဲ့ဆုံဖူးတဲ့အကြောင်း သေးသေးလေးတောင်ပေါ်မလာခဲ့ ။

"ငါ ဘုရားကျောင်းမှာ ဖုန်းယူစစ်ခဲ့တဲ့တယောက်လေ ..... Maskတပ်ထားပေမဲ့ သူ့ဆံပင်တွေကို မှတ်မိနေတာ "

ကိုယ့်မှာ ပါးစပ်အဟောင်းသား ။Aeri unnieမှတ်ဉာဏ်ကောင်းတာ သိပေမဲ့ ဒီလောက် ချက်ချင်းကြီး မှတ်မိမယ်မထင်တာ ။

"ဖြစ်နိုင်ပါ့မလား ."

သူ ထိုသို့ မေးခွန်းထုတ်တော့ Aeriက ဂျိုပေးလာသည် ။

"မဟုတ်ဘူးလေ အဲ့လိုမကြည့်နဲ့ ညီမကမေးချင်တာ အဲ့သေဘာမဟုတ္ဘူး ။ သူ ဒီတိုင်း ဘုရားလာဝတ်ပြုတာလည်း ဖြစ်နိုင်တယ်လို့"

"ဒါနဲ့သူကဘယ်လိုလုပ်ပြီး နင်နဲ့ ဒီမွာ အတူရှိနေတာလဲ Rina "

Aeri unnieကေမးလာမွေတာ့ သူမရဲ့ ဖြစ်စဉ် အစအဆုံးကိုပြောပြဖို့ဆုံးဖြတ်လိုက်သည် ။

Unnieက စိတ်အရမ်းပူတတ်တာမို့ သိပ်ပြီး ကိုယ့်ကို မထိခိုက်မဲ့ကိစ္စတွေ မပြောပြဖြစ်တာ များသည်လေ ။ သူက မန်နေဂျာဆိုသည်ထက် ပိုပြီး ကိုယ့် အစ္မ အရင်း လိုကိုဖြစ်နေတာ ။

ပြဲမွာ သူမ ရုတ်တရက်ပျောက်သွားရတဲ့အကြောင်းအရင်းကို Unnieကို အသေးစိတ်ပြောပြတော့ သူက တရားစွဲမယ်လုပ်လို့ မနည်းတားလိုက်ရသေးတယ် ။

"သူ့ကို နင့်ဘေးမှာ တွေ့နေရတာ သေဘာမက်ပါဘူး ။မကောင်းတဲ့ အငွေ့အသက်တွေ မြင်နေရတယ် "

Aeriက အမြဲအဲ့လိုပဲ သူမကို လိုတာထက်ပိုပြီးကို စိုးရိမ္တာ ။ Rinaက Aeriရဲ့ရင်ခွင်ထဲ တိုးဝင်ပြီး ခါးကို ခပ်တင်းတင်းဖက်ကာ စကားဆိုသည်။

"စိတ်မပူပါနဲ့နော် ... သူကမကောင်းတဲ့သူဆိုရင် ညီမကို ခုလို ကူညီမွာ မဟုတ်ဘူးလေ "

Aeriကသူ့ကို တချက်တောင်ပြန်မဖက်ခဲ့ဘူး ။ တကယ္ကိုပဲ ဒီက သူ့ကို စိတ္တိုရမွာကို ။
Unnieလုပ်ရပ်ကနည်းနည်းလွန်သည် ။ သူ့ဆီ ဖုန်းဆက်တောင်းပန်သင့်တယ်မလား ။ Unnieကို ပြောပြနေရင် အဲ့လို လုပ်ခွင့်ပြုမှာမဟုတ်ဘူး။

#tbc

Hello အကြာကြီးစောင့်လိုက်ရရင် တောင်းပန်ပါတယ်ဗျာ့😁 ကျွန်တော်နဲ့အတူတူရေးတဲ့ authorက သင်တန်းတွေတက်ပြီး aespa comebackကြောင့်ရော မအားဖြစ်နေလို့ ခုမှရေးနိုင်လို့ပါ😁 အခုထိစောင့်ပေးကြသူများကို ကျေးဇူးတင်ပါတယ် authorတို့ Kwangyaက ပြန်လာပါပြီ🤧

Bạn đang đọc truyện trên: Truyen3h.Co