Part 7 Unicode
တီတီ....
Minjeong ဆီက ဖုန်းနံပါတ်ခိုးထားလို့ ဖုန်းဆက်ပြီး တောင်းပန်ဖို့ Karina တွေးလိုက်သည်
ဟုတ်ပါတယ် နာမည်ကြီး မင်းသမီး Karinaက Minjeong ဆီက ဖုန်းနံပါတ်တောင်းရင် မပေးမှာ သိနေလို့ Minjeong ပန်းကန်ဆေးနေချိန်တုံးက မသိမသာဖုန်းနံပါတ်ခိုးခဲ့ ခြင်း ဖြစ်သည်
နှုတ်ခမ်းကို ကိုက်ရင်း ရင်တထိတ်ထိတ်နဲ့ Minjeong ဖုန်းကိုင်မှာကို Karina စောင့်နေတယ်
"Minjeong ဖုန်းလာနေတယ် "
ရေသောက်ရင်း ထမင်းစားပွဲပေါ်ကျန်ခဲ့တဲ့ Minjeongရဲ့ ဖုန်းက မြည်နေလို့ Ningning လှမ်းအော်ပြောလိုက်သည်
"ဘယ်သူခေါ်တာလည်း "
Minjeong ရေချိုးရင်း လှမ်းမေးလိုက်သည်
"မသိဘူး နာမည်မပါဘူး "
"မကိုင်နဲ့နော် ငါထွက်လာခဲ့မယ် "
"ဘာလို့လည်း နင့်ရည်းစားမို့လို့လား"
"မဟုတ်ဘူး "
Minjeong သဘတ်ကိုအမြန်ပတ်ပြီး အခန်းထဲက ပြေးထွက်လာကာ Ningning လက်ထဲက ဖုန်းကိုဆွဲယူလိုက်သည်
Minjeong ဖုန်းကိုယူပြီး အခန်းထဲကို ပြန်ဝင်လာသည်
ဖုန်းစိမ်းမို့ Minjeong ဖုန်းမကိုင်ဘဲ ချပစ်ကာ ခေါင်းလျှော်ထားလို့ စိုရွဲနေတဲ့ ဆံပင်ကို တဘတ်နဲ့သုတ်နေသည်
တီတီ....
Minjeongက ဖုန်းမကိုင်သောကြောင့် Karina သက်ပြင်းချပြီး ဖုန်းကို စားပွဲခုံပေါ် တင်လိုက်သည်
ထို့နောက် စားပွဲခုံပေါ်က ဆေးလိပ်ဘူးနဲ့ မီးခြစ်ကို ကောက်ယူလိုက်သည်
ခြစ်....
ဆေးလိပ်ကို ဖွာရင်း ပြတင်းပေါက်ကနေ ဖြတ်သွားဖြတ်လာ မော်တော်ယာဥ်တွေကို Karina ငေးကြည့်ရင်း....
Karina တစ်ယောက် CF တစ်ခုရိုက်စရာရှိတယ်လို့ Herleen က ပြောလို့ Minjeong ရိုက်ကွင်းကို ရောက်လာသည်
ပန်းခြံထဲ ရိုက်ကူးနေတာမို့ Minjeong ရိုက်ကူးရေးနဲ့မလှမ်းမကမ်းနေရာက ရေခဲမုန့်ဆိုင်ဘေးနား Minjeong ကွယ်ပြီး ကြည့်နေသည်
ရိုက်ကူးရေးမစခင် Karinaနဲ့ တစ်ဖက်က မင်းသား Seung Yoonနဲ့ ရင်းရင်းနှီးနှီး ရယ်မောနေတာကြည့်ပြီး Minjeong စိတ်ထဲသိပ်တော့ ဘဝင်မကျပေ
"Ready Action "
"Honey စောင့်နေတာကြာပြီလား "
Seung Yoonက အနားကိုရောက်လာတော့ ခုံတန်းရှည်ကနေ Seung Yoonကို ကြည့်ပြီး Karina မျက်စောင်းထိုးလိုက်သည်
"ဟွန်း ငါးမိနစ်တောင် နောက်ကျတယ် ဘာလို့နောက်ကျနေရတာလည်း "
နှုတ်ခမ်းစူပြီး Seung Yoonကို ရန်လုပ်နေတဲ့ Karinaကို Minjeong မျက်တောင်မခတ် ငေးကြည့်နေမိသည်
"Miyanhae.... Honey အတွက် လက်ဆောင်လေး ဝင်ဝယ်နေလို့ ဒီမှာ "
"Omo ဒီနှုတ်ခမ်းနီက "
"ဟုတ်တယ် Ella ရဲ့ အသစ်ထွက်တဲ့ နှုတ်ခမ်းနီလေ Honeyနဲ့လိုက်မှာ သေချာလို့ ဝယ်လာတာ "
Seung Yoonက နှုတ်ခမ်းနီအကြောင်းရှင်းပြပြီးနောက် Karinaကို နှုတ်ခမ်းနီ ဆိုးပေးနေသည်
Minjeong ကြည့်ရင်း စိတ်ထဲမတင်မကျဖြစ်လာလို့ မျက်နှာလွှဲလိုက်မိသည်
Karina ရိုက်ကူးရေးလုပ်နေစဥ် သူမအနား Minjeong ရှိနေသလို ခံစားရသည်
တစ်ချက်တစ်ချက် ရှာကြည့်လို့ မတွေ့ပေမယ့် စိတ်ထဲမှာတော့ ခံစားမိသည်
ရိုက်ကူးရေးပြီးတာနဲ့ Minjeong ထိုနေရာက တန်းထွက်လာခဲ့သည်
စတိုးဆိုင်ထဲ ခေါက်ဆွဲပြုတ် ဝင်စားရင်း Minjeong ဖုန်းကင်မရာထဲက Rinaနဲ့ မင်းသားပုံတွေကို Harleen ဆီ ပို့ပြီးတာနဲ့ တန်းဖျက်ပစ်လိုက်သည်
တကယ် စိတ်ရှုပ်စရာကောင်းတာဘဲ။
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ....
Minjeongဆီ တောင်းပန်စကားပြောဖို့ Karina ဖုန်းထပ်ဆက်သည်
သို့သော် Minjeongက ဖုန်းမကိုင်ပေ
ကျစ်!
Karina ကျစ်စုတ်ပြီး ရေခဲသေတ္တာထဲက ဆိုဂျူပုလင်းကို ယူဖောက်လိုက်သည်
ဒီနေ့ ဆိုဂျူသောက်ရတဲ့ အကြောင်းအရင်းကတော့ အင်း! သူမကို အဖက်မလုပ်တဲ့ Winterကြောင့်လို့ Karina ခေါင်းစဥ်တပ်ပစ်လိုက်မိသည်။
Minjeong ခေါက်ဆွဲပြုတ် စားရင်း ဖုန်းမြည်သံကြောင့် ကြည့်လိုက်မိသည်
တစ်နေ့က သူမကို ခေါ်တဲ့ ဖုန်းစိမ်းနံပါတ်ဘဲ
"Oppaများလား....မဟုတ်တာ Oppa
က ဖုန်းနံပါတ်အသစ်နဲ့ခေါ်မှာ မဟုတ်ပါဘူးလေ..... Omarထင်တယ်...ဘာနေနေကွာ မကိုင်ဘူး "
Minjeong တစ်ယောက်တည်းတွေးရင်း စိတ်ရှုပ်လာလို့ ဖုန်းကို Silent လုပ်ပစ်လိုက်သည်
"Karina ကြော်ငြာတဲ့ Coffee မရှိတော့ဘူးလား "
"မရှိတော့ဘူး ကျောင်းသူလေး ဒီနေ့ရောက်ရောက်ချင်း sold outသွားပြီ..."
စတိုးဆိုင်က ဝန်ထမ်းနဲ့ ကျောင်းသူလေးတွေပြောတဲ့ စကားကို Minjeong ကြားပြီး ခေါက်ဆွဲစားနေရာကရပ်လိုက်သည်
Minjeong သက်ပြင်းတစ်ချက်သာ ချပြီး စားလက်စခေါက်ဆွဲကို ထားခဲ့ပြီး ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်
ညရောက်တော့ Minjeong laptopဖွင့်ပြီး အက်ရှင်ကားခပ်ကြမ်းကြမ်းတစ်ကား ကြည့်နေသည်
Minjeong action ဇာတ်လမ်းတွေ အရမ်းသဘောကျတာ အဖေ့ကြောင့်လို့လည်းပြောလို့ရမည်
အဖေနဲ့ငယ်ငယ်ကဆို actionကားတွေ ကြည့်နေကြလေ
ရုပ်ရှင်ကြည့်ရင်း ဖုန်းမြည်သံကြေဖုန်းမြည်သံကြောင့် Minjeong ကြည့်လိုက်တော့ သူမကို တစ်နေ့ကတည်းက ဆက်တိုက်ခေါ်နေတဲ့ ဖုန်းစိမ်းဖြစ်နေပြန်သည်
Minjeong မကိုင်ဘဲ ပစ်ထားတော့ သုံးလေးခါလောက်ဝင်ပြီးနောက် ဖုန်းထပ်ဝင်မလာတော့ပေ
"ထပ်ပြီး ဖုန်းခေါ်ရင် Blacklist ထဲထည့်ထားအုံးမယ်..."
Minjeong ရေရွတ်နေတုံးရှိသေး ဖုန်းထဲ Message တစ်စောင်ဝင်လာလို့ ကြည့်လိုက်သည်
"Winter ..တို့ပါ Rina. ..တို့ အရမ်းမူးနေလို့ ဟန်မြစ်တံတားအောက် လာခေါ်ပေးပါလားဟင် "
ရှောင်နေပါတယ်ဆိုမှ Karinaက သူမကိုလှမ်းခေါ်ပြန်သည်
"မူးရင် သူ့မန်နေဂျာဆီ ဖုန်းဆက်ပါလား ဘာလို့ ငါ့ဆီဆက်နေရတာလည်း "
Minjeong ဖုန်းကို စားပွဲပေါ်တင်မလို့ရှိသေး Message ထပ်ဝင်လာသည်
"တောင်းပန်စရာလည်းရှိလို့ လာခဲ့ပါ Winterရယ် မလာရင်ခုန်ချမှာနော် "
"ကျစ် ဒီကောင်မလေးကတော့ "
Winter laptopကို ပိတ်ပြီး ဘီဒိုထဲက ဂျာကင်ကို ဆွဲယူကာ အခန်းထဲက ထွက်လာခဲ့သည်
"Ning ကားခဏငှား "
Ningning ဆီက အဖြေကိုမစောင့် နံရံမှာချိတ်ထားတဲ့ ကားသော့ကိုယူပြီး Minjeong ထွက်လာခဲ့သည်
ဟန်မြစ်ဘက်ရောက်တော့ သိပ်မရှာလိုက်ရ တံတားအောက်က ထိုင်ခုံတန်းလေးပေါ်မှာ ဆိုဂျူပုလင်းကိုင်သောက်နေတဲ့ Rinaကို တွေ့လိုက်ရသည်
"နာမည်ကြီး မင်းသမီးတစ်ယောက်က အခုလို publicမှာ အရက်သောက်နေလို့ရလား "
Winter အသံကြောင့် ဟန်မြစ်ကို ငေးကြည့်နေတဲ့ Rinaမှာ ချက်ချင်းအနောက်ကိုလှည့်ကြည့်လာသည်
"Winter နောက်ဆုံးတော့ ရောက်လာပြီဘဲ.....ဘာလို့ဖုန်းမကိုင်တာလည်း တို့ မင်းကို တောင်းပန်ချင်လို့ဆက်တိုက် ဖုန်းဆက်နေခဲ့တာကို "
Karinaမှာ ထိုင်နေရာကထပြီး Winterဆီ ပြေးလာသည်
"တိုက်ခန်းကိုလိုက်ပို့ပေးမယ် ပြန်ကြစို့ "
"ခဏ.....ခဏလေး Winter "
Winterရဲ့ ဂျာကင်စလေးကို လှမ်းဆွဲပြီး Karina တားလိုက်သည်
"သီချင်းတစ်ပုဒ်လောက် နားထောင်ချင်လို့....ဒီတစ်ပုဒ်နားထောင်ပြီးရင် ပြန်ကြမယ်လေ နော် "
Winterလည်း ပြောမရမှာသိလို့ ဘာမှမပြောဘဲ သူမ ဂျာကင်အိတ်ကပ်ထဲ လက်ထည့်ကာ သက်ပြင်းချလိုက်သည်
Now I believe
La-la-la-la-la-la-la, အခုလို ဆိုမိတဲ့သီချင်းလေး
စိတ်ပြင်းပြစွာ လိုက်ရှာမိတဲ့သူနဲ့
My, oh my, oh my, oh my love
Be my only love
ဖုန်းထဲမှ နားထောင်နေကျ playlist ထဲက Lee Hiရဲ့ Only သီချင်းကို Rina ဖွင့်လိုက်ပြီး ဘဲလေးကချေသည်တစ်ယောက်လို ကခုန်နေသည်
ဖြတ်သွားဖြတ်လာ ကားမီးရောင်တစ်ချို့နဲ့ တစ်ဖက်ကမ်းက မီးအလင်းရောင်တစ်ချို့ဟာ ဟန်မြစ်တံတားအောက်မှာ ကခုန်နေတဲ့ Rina ရဲ့ အလှကို ပေါ်လွင်စေသည်
Minjeongမှာ သူမဘေးနား လှည့်ပတ်ကနေတဲ့ Rinaကို ကြည့်ရင်း ငြိမ်သက်နေသည်
တီ
တံတားပေါ်က ကားဟွန်းတီးသံကြောင့် Minjeong အသိပြန်ဝင်လာသည်
"အာ Karina အရမ်းမူးနေတာဘဲ ပြီးတော့ ညလည်းနက်နေပြီ ဘယ်သူမှမတွေ့ခင် ပြန်ကြစို့ ...."
My Only One
မင်းကိုတွေ့ရင် မှီခိုချင်ပြီး
ပိုင်ဆိုင်ချင်တယ်
Minjeongရဲ့ ပခုံးနှစ်ဖက်ပေါ် လက်တင်ပြီး Rinaမှာ သီချင်း စာသားလေးကို ညည်းတွားလိုက်သည်
"တို့နဲ့အတူတူတွဲကပေးပါလား Winter "
"Karina ...."
"ဒီသီချင်း ဆုံးတဲ့အထိဘဲလေ ဒီသီချင်းကလည်း ပြီးခါနီးပါပြီ ခဏဘဲလေ နော် "
Minjeong သက်ပြင်းချပြီး ခေါင်းညိတ်ပြတော့ Rinaမှာ Minjeongရဲ့ လက်နှစ်ဖက်ကိုယူပြီး သူမခါးပေါ်တင်လိုက်သည်
ထို့နောက် သီချင်းသံနဲ့ရေစီးသံနဲ့အတူ Minjeongတို့ တွဲကနေမိသည်
သီချင်းဆုံးခါနီးတွင် Karinaမှာ Minjeong မျက်ဝန်းကို စိုက်ကြည့်ရင်း တဖြည်းဖြည်း Minjeong မျက်နှာနားသို့ တိုးကပ်လာသည်
#tbc
Long time no see ပါ ဟီးဟီး တော်တော်ကို အချိန်တော်တော်ကြာနေမှ updateပေးနိုင်လို့ စောင့်ဖတ်နေသူတွေကို အားနာတောင်းပန်ပါတယ်ဗျာ့ တကယ်တော့ Author နှစ်ယောက်ပေါင်းရေးရင်း author တစ်ယောက်က အလုပ်များနေလို့ ကျွန်တော်ကဘဲ ဆက်ရေးလိုက်တာပါ။ author နို့ပေါင်းလောက် စာအရေးသားမကောင်းလို့ ပေါ့ပျက်ပျက်ဖြစ်မှာဆိုးမိပြီး ဆက်ရေးသင့်မရေးသင့်တွေးရင်း အချိန်ကြာသွားခဲ့ရခြင်း ဖြစ်ပါတယ်။
Bạn đang đọc truyện trên: Truyen3h.Co