Part 9 Unicode
"Minjeong ရေခဲသေတ္တာထဲက ထောပတ်ခဲ ဘယ်ရောက်သွားလည်း "
NingNingက ရေခဲသေတ္တာထဲ ရှာဖွေရင်း မေးလိုက်ပေမယ့် Minjeongက ပြန်မဖြေ.....
Karinaရဲ့ အသက်ရှုသံကို ပြန်ကြားယောင်မိပြီး သူမအနား နီးကပ်လာခဲ့တဲ့ Karinaရဲ့ နှုတ်ခမ်းကို မြင်ယောင်နေမိသည်
ဒါမဖြစ်သင့်ဘူး ......Karinaဆိုတဲ့ နာမည်ကျော် မင်းသမီးက ငါ့ကို ငြိတွယ်နေတာ မဖြစ်သင့်ဘူး
ငါက ဘယ်သူလည်း ဘာအလုပ်လုပ်တာလည်း သေချာမသိဘဲနဲ့ Karinaက ငါ့ကို ခင်တွယ်ချင်နေတဲ့ပုံဘဲ
Harleen ပြောခဲ့သလို ငါက...သူ့ကို အနုပညာလောကထဲ ပြန်မရောက်နိုင်ဖို့ လုပ်ပေးရမှာ သူခေါ်တိုင်း သွားပြီး အနားမှာ ရှိနေပေးရမှာမဟုတ်ဘူး
လက်ခံထားတဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်ရမယ်မလား....လုပ်ရမယ်ထင်ပါတယ် ဒါပေမယ့် သူများဘဝပျက်တဲ့အထိ လုပ်ဖို့ လိုအပ်သလား
မင်းဘဝကို ဖျက်စီးမယ့် လက်နက်ဖြစ်တဲ့ ငါ့ကို အတွေးထဲမှာ စိတ်ကူးထဲမှာတောင် နေရာမပေးပါနဲ့လား
"Kim Minjeong ငုတ်တုတ်သေနေသလား "
NingNing လက်ဝါးဟာ အတွေးလွန်နေတဲ့ Minjeongရဲ့ ခေါင်းပေါ် ကျရောက်တော့ Minjeong လန့်သွားသည်
"အုချ် နာတယ်ဟ "
"နာရင် သေလေ ငါ နင့်ကို မေးနေရတာ အာတောင်ပေါက်နေပြီ စားပွဲခုံမှာထိုင်ပြီး ပြန်မဖြေဘူး အသက်ရှိသေးလို့ တော်သေးတာပေါ့ "
"ငါ အလုပ်ကိစ္စတွေးနေလို့ပါဟ "
"အလုပ်ကိစ္စကို နောက်မှတွေး ဗိုက်ဟောင်းလောင်းဖြစ်နေတာလေး အရင်ဖြည့်ရမယ် ထောပတ်ထမင်းကြော် စားချင်လို့ပါဆို ထောပတ်က မရှိဘူး မရဘူး ဒီအတိုင်း လက်မလျော့ဘူး ငါ ထောပတ်သွားဝယ်မယ် နင်လိုက်ခဲ့ "
"Ning ငါ "
"အလုပ်မရှိဘူးမဟုတ်လား လာစမ်းပါ သွားရအောင် "
Minjeong ဘာမှဆက်မပြောနိုင် NingNingက သူမကိုဆောင့်ဆွဲခေါ်သွားသည်
Karina နေ့လည်နိုးလာရင် စားဖို့အတွက် Aeri shopping mallတွင် လိုအပ်တာတွေ လာဝယ်သည်
Karinaကို ဟင်းချက်မကျွေးရတာ ကြာပြီ မဟုတ်လား
လိုအပ်တာတွေဝယ်ပြီး ကားပါကင်ဘက်ထွက်လာတော့ စျေးလာဝယ်တဲ့ Winterတို့ကို တွေ့လေသည်
"တစ်လောက Rina အနားမှာ ခဏခဏတွေ့ရတဲ့ကောင်မလေးဘဲ..... ဘေးနားကကောင်မလေးက သူ့ရည်းစားလား မသိဘူး အဲ့တာလည်း Rinaအတွက် ကောင်းပါတယ် စိတ်အေးရတာပေါ့... "
Winterကတော့ Aeriကို မမြင် သူမကို လမ်းထိပ်က စျေးဆိုင်တင်သွားမှာလို့ ပြောပြီး စူပါမာကတ်ထိပါ ခေါ်လာတဲ့ NingNingရဲ့ စကားတွေနားထောင်နေရသည်
စူပါမားကတ်ကို Karinaအကြောင်း တွေးဖို့ အချိန်မရှိလောက်ဘူးထင်ပြီး လိုက်လာတဲ့ Minjeongဟာ တစ်လမ်းလုံး NingNingပြောပြတဲ့ Karinaရဲ့ ရုပ်ရှင်အကြောင်းတွေ နားထောင်ရ စူပါမားကတ်က LED Boardတွေမှာ Karinaကြော်ငြာတွေ အပြိုင်အဆိုင်ပြသနေမှုတွေကြောင့် ငါးပါးတွေမှောက်ကုန်သည်
Karinaနဲ့ ကင်းလွတ်မယ့် နေရာမရှိပါလား
"Wow မွှေးကြိုင်နေတာဘဲ Unnie ဘာတွေချက်နေတာလည်း "
"နင့်အတွက် ဟင်းချက်မပေးရတာကြာလို့ ငါးသလောက်ပေါင်းနဲ့ အမူးပြေစေမယ့် ဟင်းချိုရည်ချက်ထားတယ် ငမူးမလေး "
"ဟီးဟီး အလုပ်တွေရှုပ်နေတာနဲ့ Unnie လက်ရာမစားရတာတောင် အတော်ကြာပေါ့ "
"ရေအရင်သွားချိုးလိုက်အုံး ဟင်းကျက်ရင် လှမ်းခေါ်လိုက်မယ် "
"Okay... "
ကလေးလေးတစ်ယောက်လို ခုန်ပေါက်ပြီး အထဲဝင်သွားတဲ့ Rinaကိုကြည့်ပြီး Aeri ပြုံးလိုက်မိသည်
ဆေးလိပ်အရက်တွေသောက်ပြီး ငိုကြွေးနေတဲ့ Rinaကို မြင်ရတာထက် ပျော်ရွှင်တက်ကြွနေတဲ့ Rinaကိုဘဲ Aeri အမြဲမြင်ချင်မိသည်
"Unnie လက်ရာက တကယ်ခုထိ မပြောင်းလဲဘူး ကျောင်းသူဘဝကတည်းက စားလာတာ ငြီးငွေ့ရိုးသွားတယ်ဆိုတာမရှိဘူး "
"အမလေး မြှောက်မနေပါနဲ့ စားစမ်းပါ "
"တကယ်ပြောတာ စားသောက်ဆိုင်ဖွင့်ပါ့လား ညီမ ရှယ်ယာဝင်မယ်လေ "
"တော်စမ်းပါ နင့်ကို လိုက်ထိန်းနေရတာနဲ့ စားသောက်ဆိုင်ဘက်တောင် ခြေဦးလှည့်နိုင်မယ်မထင်ဘူး "
Aeriရဲ့ စကားကြောင့် Rina နှာခေါင်းရှုံ့သွားသည်
"ဟွန့် ပြောပုံက မသိရင် ညီမက တစ်အားဆိုးနေတဲ့အတိုင်းဘဲ "
"မဟုတ်လို့လား "
"မဟုတ်ပါဘူးနော် "
"လာ ဒီ ဟင်းပန်းကန်တွေကို မစားခင်က ဓာတ်ပုံလှလှလေးရိုက်ထားတယ် ခဏနေ Snsမှာတင်လိုက် နင့်fanတွေက updateမျှော်နေကြတာ "
********
"အဲ့ဆိုင်က တစ်ခုခု ဒစ်စကောင့်တွေချနေတာထင်တယ် လူတွေစည်လို့ ငါတို့သွားကြည့်ရအောင် Ning ...."
"ဒစ်စကောင့်ချနေတာမဟုတ်ဘူး Karinaသုံးတဲ့ ရေမွှေးတံဆိပ်က အဲ့ဆိုင်မှာရောင်းလို့ လူတွေတိုးဝှေ့ဝယ်နေကြလေလေ "
Awww Karina ကို တိုက်ခိုက်ချင်တဲ့သူတွေရှိသလို ချစ်ကြတဲ့သူတွေလည်းရှိပါလား
Minjeong စိတ်ထဲတွေးလိုက်မိသည် NingNingကလည်း Karinaကို အရမ်းသဘောကျတာ မဟုတ်လား
အကယ်၍ Minjeong အလုပ်က ဘာမှန်းသိရင် NingNing သူမကို မုန်းသွားလောက်တယ်
စကားပြောဖို့ ဝေးစွ အဆက်အသွယ်တောင်ဖြတ်ပစ်ရင်ဖြတ်ပစ်နိုင်တယ် မဟုတ်လား
Karinaနဲ့မတွေ့ခင်က Minjeong သူ့အလုပ်ကို သေချာလုပ်နိုင်မယ်ထင်ခဲ့ပေမယ့် အခုတော့ Minjeong ဘာဆက်လုပ်ရမှန်းမသိတော့ပေ
Harleenကလည်း Karinaလိုကောင်မလေးကို ဘာကြောင့်တိုက်ခိုက်ချင်နေတာလည်း
Minjeong သူ့အလုပ်ကနေ ထွက်လိုက်သင့်လား
"Ning...ငါအလုပ်ထွက်ရမလား "
"ရုတ်တရက်ကြီး ဘာထဖြစ်တာလည်း "
"ဒီတိုင်း...စိတ်ပင်ပန်းလာလို့ "
"အလုပ်လုပ်ရတာ ပင်ပန်းရင်ထွက်သာပစ် အထူးသဖြင့် စိတ်ပင်ပန်းမခံနဲ့ "
"အင်းနော့် ဒါပေမယ့် "
"ဘောစိကတော့ ဒါပေမယ့်တွေလုပ်နေတယ် နင်အသုံးစရိတ်ပြတ်ရင် အိမ်ကိုဖုန်းဆက်တောင်းလိုက်လေ ဘာလို့အပင်ပန်းခံ အလုပ်လုပ်နေတာလည်း "
"ငါက အိမ်ကထွက်လာတာလေ Ningရ....နင်လည်း သိသားနဲ့ "
"နင့်နေရာကကြည့်ရင်လည်း ဟုတ်ပါတယ် ဘယ်သူမှန်းမသိတဲ့လူနဲ့ လက်ထပ်ရမှာ အဆင်မပြေပါဘူး "
"Ning ခဏ ငါအိမ်သာသွားအုံးမယ် "
"ok ok "
Minjeong သန့်စင်ခန်းဘက်သွားပြီး တံခါးလော့ချကာ ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်
#tbc
Bạn đang đọc truyện trên: Truyen3h.Co