Truyen3h.Co

Lies

Part 25

KimFany059

#unicode

Jisoo တစ်ယောက် ခုတလော သူ့အိမ်မပြန်ဘဲ Jennie အိမ်မှာဘဲနေနေတော့သည်

Dalgomကိုလည်း Jennie အိမ်ခေါ်လာပြီး Dalgomမှာ Kuma နဲ့ အဆင်ပြေပြီး ရန်မဖြစ်ဘဲ တည့်နေကြသည်

"ဘာတွေ ကြည့်နေတာလည်း Jendeukie "

Laptopနဲ့ actionကားကို မှောက်ရက်ကြည့်နေတဲ့ Jennie ဖင်လေးပေါ် Jisoo ခေါင်းအုံးအိပ်ပြီး မေးလိုက်သည်

"Action ကားကြည့်နေတာ "

"Oh Disney Movie တွေ ကာတွန်းကားတွေ မကြိုက်ဘူးလား Jendeukie လေးက "

"ကြိုက်ပါတယ်နော် ဟွန့်..."

Jennieက နှုတ်ခမ်းလေးစူကာ ရန်လုပ်တော့ Jisoo သဘောကျပြီး ရယ်ကာ Jennieရဲ့ ဖင်လုံးလေးကို ကိုက်လိုက်သည်

ထိုစဥ် တံခါး bell သံကြောင့် Jisoo တစ်ယောက် Mood ပျောက်သွားလို့ ထထိုင်လေသည်

"Jen. .ဧည့်သည်တွေ ခေါ်ထားသေးလား "

"ဟင့်အင်း ဘယ်သူ့မှ မခေါ်ထားပါဘူး Lisa ဘဲ နေမှာကို "

တံခါး bellကို အဆက်မပြတ်နှိပ်ပြီး တံခါးကို တဖုန်းဖုန်းတဒိုင်းဒိုင်းကန်နေသောကြောင့် Lisaမှန်း Jennie သိနေပြီလေ

"အဲ့မျောက်မူးလဲကလေ တအားအနှောင့်အယှက်ပေးတာဘဲ သူ့ Park Chaeyoungနဲ့ အချိန်ဖြုန်းနေတာ မဟုတ်ဘူး "

"ကဲပါ တံခါးသွားဖွင့်ပေးလိုက်ပါ Jiရယ်...."

"ဖွင့်ဘူးကွာ သူ မောပြီး ပင်ပန်းတဲ့အခါ ပြန်သွားလိမ့်မယ် "

Jisoo ပြောပြီး Jennieရဲ့ ဖင်လုံးလုံးလေးပေါ် ပြန်အိပ်ပြန်သည်

"သွားဖွင့်ပေးလိုက်ပါ Jiရယ် မဟုတ်ရင် Lisaက လွှတွေ တူတွေနဲ့ တံခါးဖွင့်ပြီး ဝင်လာလိမ့်မယ်..."

Jennieက ရယ်ပြီး ပြောသောကြောင့် Jisoo ထထိုင်လိုက်ပြန်သည်

"Jenရဲ့ သေနတ်အတုရော ဘယ်မှာလည်း "

"အံဆွဲထဲမှာ ရှိတယ် ဘာလို့လည်း "

Jennieက ပြောတော့ Jisoo မဲ့ပြုံးပြုံးပြီး ထရပ်လိုက်သည်

"ဘာမှမဟုတ်ပါဘူး Jenရဲ့ သေနတ်လေး ခဏငှားမယ်နော် "

Jisoo တစ်ယောက် အံဆွဲကို ဖွင့်ပြီး သေနတ်ကို ယူကာ အခန်းထဲက ပြေးထွက်သွားသည်

Jennieမှာ ကြည့်လိုက်စ action ကားကို ပိတ်ပြီး Jisooနောက် လိုက်ကြည့်တော့ Jisooမှာ စုံထောက်ကားထဲကလို လက်တစ်ဖက်က သေနတ်ကို ကိုင်ပြီး နောက်တစ်ဖက်ကတော့ တံခါးလက်ကိုင်ဘုကို ကိုင်ထားသည်

100 ရာခိုင်နှုန်း ပေါကြောင်ကြောင် Jisooကို ကြည့်ပြီး သူမကို Jennie ဘာလို့ အရမ်း ချစ်မိနေမှန်း တွေးလို့ကိုမရပေ

"Yah ဖောင်းဒိုင်းလုပ်နေလို့ ခုထိ တံခါးလာမဖွင့်တာလား "

Lisa အော်ပြီး တံခါးကို ပိတ်ကန်ပြန်သည်

"Jiရေ တံခါးမြန်မြန်ဖွင့်ပေးလိုက်ပါ မဟုတ်ရင် Jen အိမ်တံခါးပျက်လိမ့်မယ်....."

Jennie အော်သံကြောင့် Jisoo ရယ်ပြီး တံခါးဖွင့်ပေးလိုက်သည်

"Lisaရယ် တိုးတိုးပြောပါ "

Chaeyoungမှာလည်း Lisaကို ထိန်းနေရသည် တကယ်ပါ Chaennieမှာ ရည်းစားထားရတာလား ကလေးထိန်းရတာလား မသဲကွဲတော့ပေ

"Freeze မလှုပ်နဲ့ "

Jisoo တံခါးဖွင့်ပေးပြီး သေနတ်နဲ့ Lisaကို ချိန်လေသည်

"အေး နင်လည်း မလှုပ်နဲ့ freeze "

Lisa မှာ သူမလက်ကို သေနတ်လို လုပ်ပြီး Jisooကို ပြန်ချိန်သောကြောင့် Chaeyoungမှာ သူ့ရည်းစားကို ခေါင်းတခါခါနဲ့ ကြည့်နေသည်

"Hey Jen. ..Jisoo ဘာလုပ်တာလည်း လွှတ် "

အိမ်ထဲဝင်မယ့် Chaeyoungရဲ့ လက်ကို Jisoo လှမ်းဆွဲလိုက်သည်

"အခု မင်းက ငါ့ရဲ့ ဓားစာခံဘဲ Chaeyoung "

Jisooမှာ Chaeyoung ရဲ့ ခေါင်းကို သေနတ်နဲ့ ချိန်ပြီး ပြောလိုက်သည်

အခုတော့ ပုံမှန်လူတစ်ယောက် ဖြစ်တဲ့ Park Chaeyoungမှာလည်း Lisooတို့ရဲ့ Action Dramaထဲ မင်းသမီး ဖြစ်သွားရပြန်သည်

"သူ့ကို လွှတ်လိုက်စမ်း Jisoo "

"မလွှတ်ဘူးကွ မလွှတ်ဘူး Jennieရဲ့ ဖင်လုံးလုံးပေါ် အိပ်နေတာကို မင်းက လာအနှောင့်ယှက်ပေးတာ မင်းက ငါ့ရဲ့သာယာတဲ့ အချိန်လေးကို ဖျက်စီးပစ်တာ Lisa. ..အဲ့အတွက် မင်းကို လက်စားပြန်ချေရမယ် "

Chaennieမှာတော့ ဘာမှမပြောချင်တော့ဘူးဆိုတဲ့ မျက်နှာထားနဲ့ သူတို့ချစ်သူနှစ်ယောက်ကို ကြည့်နေလိုက်သည်

"သူ့ကို လွှတ်ပေးလိုက်ပါ "

Lisaက ရှေ့တိုးလာလို့ Jisooမှာ ပါးစပ်ကနေ ဒိုင်းဆိုပြီး အော်လိုက်သည်

"နင့်ကို ငါ သေနတ်နဲ့ ပစ်လိုက်ပြီမို့ နင်က သေသွားပြီ Chae ကြမ်းပြင်ပေါ် လှဲအိပ်လိုက် "

Jisooမှာ Chaeyoung နားလေးကပ်ပြောပြီး တွန်းလွှတ်လိုက်သည်

Chaeyoungမှာ ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်လေးထိုင်ပြီး Lisooတို့ကို မော့ကြည့်ပြီး

"Yah နင်တို့ရဲ့ ရူးကြောင်ကြောင်ဇာတ်လမ်းထဲ ငါ့ကိုဆွဲမထည့်နဲ့ "

"ရှူး နင်က သေသွားပြီ Chaeyoung စကားပြောလို့ မရဘူးမို့ ပါးစပ်ပိတ်ပြီး ကြမ်းပြင်ပေါ် လှဲအိပ်လိုက်တော့ အား.... "

Lisaမှာ သူမ ခါးကြားထဲက မရှိတဲ့ ကိုယ်ပျောက် ဓားကိုထုတ်ယူပြီး Jisooကို ဓားနဲ့ထိုးဟန်ဆောင်သည်

"အား "

Jisooမှာ သေနတ်ကို ပစ်ချပြီး သူမရင်ဘတ်ကို ကိုင်ကာ Dramaကားထဲကလို ဒူးထောက်ချလိုက်သည်

"Chae ခဏဘဲ သီးခံပေးနော် ဆေးရုံကားခေါ်ထားတယ် "

Lisaမှာ ဒူးထောက်ချပြီး Chaeyoungကို ပွေ့ဖက်ကာ ပြောလိုက်သည်

"Jendeukie.... ဆရာဝန်ကို ခေါ်ပေးပါ "

Jisooမှာ နာကျင်နေတဲ့ မျက်နှာနဲ့ Jennie ဘက်လှည့်ပြီး ပြောလိုက်သည်

"စိတ်ရောဂါကုတဲ့ ဆရာဝန်ကို ခေါ်ပေးရမှာလား "

Jennieရဲ့ စကားကြောင့် Chaeyoung တို့ ထရယ်ကြလေသည်

"ကျစ် Jendeukie လေးကတော့ ငါ့ actingကို ဖျက်စီးလိုက်ပါပြီ "

***********

"ပန်းလေးတွေက လှလိုက်တာ "

Chaeyoung ဒီနေ့ ဘာ schedule မှ မရှိလို့ Jensoolisaတို့နဲ့ အတူ Jennie အိမ်နားက ပန်းခြံသို့ ရောက်နေသည်

"Baby ကိုယ်လည်း ပန်းလေးဘဲလေ မလှဘူးလား "

ပန်းတွေ ဘေးနားငုတ်တုတ်ကောက်ထိုင်တဲ့ Lisaကို Chaeyoung ဆွဲထူလိုက်သည်

"Lisaက လူလေ ဘယ်နဲ့ကြောင့် ပန်းဖြစ်သွားရတာတုံး "

"ရော့ Chae အတွက် ပန်းလေး "

"ဟောတော် ပန်းမခူးရဘူးလို့ စာရေးထားတာကို Lisa က ဘာလို့ ခူးတာလည်း "

"တကယ်တော့ Chaeလို မိန်းမလှလေးရဲ့ ခေါင်းပေါ်...ဒီပန်းလှလှလေး ရောက်စေချင်လို့ ကိုယ်က လူဆိုးအဖြစ်ခံပြီး ပန်းခူးပစ်လိုက်တာပါ "

Lisa ပြောပြီး Chaeyoungကို ပန်းပေးလေသည်

"Lisa အကြည့်တွေနဲ့တင် Chaeyoungက ဗိုက်ကြီးတော့မယ် "

Jisoo စကားကြောင့် Jennieမှာ Jisoo ပါးစပ်ကို အမြန်လှမ်းပိတ်ရသည်

"Public ကြီးမှာ ဘယ်လိုဖြစ်နေ "

"အဲ့တာဆို အာဘွာပေး "

Jisooက အာဘွားတောင်းနေလို့ Jennie လည်း သက်ပြင်းချပြီး Jisoo ကို နမ်းလိုက်ရသည်

#Tbc

#zawgyi

Jisoo တစ္ေယာက္ ခုတေလာ သူ႕အိမ္မျပန္ဘဲ Jennie အိမ္မွာဘဲေနေနေတာ့သည္

Dalgomကိုလည္း Jennie အိမ္ေခၚလာၿပီး Dalgomမွာ Kuma နဲ႕ အဆင္ေျပၿပီး ရန္မျဖစ္ဘဲ တည့္ေနၾကသည္

"ဘာေတြ ၾကည့္ေနတာလည္း Jendeukie "

Laptopနဲ႕ actionကားကို ေမွာက္ရက္ၾကည့္ေနတဲ့ Jennie ဖင္ေလးေပၚ Jisoo ေခါင္းအုံးအိပ္ၿပီး ေမးလိုက္သည္

"Action ကားၾကည့္ေနတာ "

"Oh Disney Movie ေတြ ကာတြန္းကားေတြ မႀကိဳက္ဘူးလား Jendeukie ေလးက "

"ႀကိဳက္ပါတယ္ေနာ္ ဟြန့္..."

Jennieက ႏႈတ္ခမ္းေလးစူကာ ရန္လုပ္ေတာ့ Jisoo သေဘာက်ၿပီး ရယ္ကာ Jennieရဲ႕ ဖင္လုံးေလးကို ကိုက္လိုက္သည္

ထိုစဥ္ တံခါး bell သံေၾကာင့္ Jisoo တစ္ေယာက္ Mood ေပ်ာက္သြားလို႔ ထထိုင္ေလသည္

"Jen. .ဧည့္သည္ေတြ ေခၚထားေသးလား "

"ဟင့္အင္း ဘယ္သူ႕မွ မေခၚထားပါဘူး Lisa ဘဲ ေနမွာကို "

တံခါး bellကို အဆက္မျပတ္ႏွိပ္ၿပီး တံခါးကို တဖုန္းဖုန္းတဒိုင္းဒိုင္းကန္ေနေသာေၾကာင့္ Lisaမွန္း Jennie သိေနၿပီေလ

"အဲ့ေမ်ာက္မူးလဲကေလ တအားအႏွောင့္အယွက္ေပးတာဘဲ သူ႕ Park Chaeyoungနဲ႕ အခ်ိန္ျဖဳန္းေနတာ မဟုတ္ဘူး "

"ကဲပါ တံခါးသြားဖြင့္ေပးလိုက္ပါ Jiရယ္...."

"ဖြင့္ဘူးကြာ သူ ေမာၿပီး ပင္ပန္းတဲ့အခါ ျပန္သြားလိမ့္မယ္ "

Jisoo ေျပာၿပီး Jennieရဲ႕ ဖင္လုံးလုံးေလးေပၚ ျပန္အိပ္ျပန္သည္

"သြားဖြင့္ေပးလိုက္ပါ Jiရယ္ မဟုတ္ရင္ Lisaက လႊေတြ တူေတြနဲ႕ တံခါးဖြင့္ၿပီး ဝင္လာလိမ့္မယ္..."

Jennieက ရယ္ၿပီး ေျပာေသာေၾကာင့္ Jisoo ထထိုင္လိုက္ျပန္သည္

"Jenရဲ႕ ေသနတ္အတုေရာ ဘယ္မွာလည္း "

"အံဆြဲထဲမွာ ရွိတယ္ ဘာလို႔လည္း "

Jennieက ေျပာေတာ့ Jisoo မဲ့ၿပဳံးၿပဳံးၿပီး ထရပ္လိုက္သည္

"ဘာမွမဟုတ္ပါဘူး Jenရဲ႕ ေသနတ္ေလး ခဏငွားမယ္ေနာ္ "

Jisoo တစ္ေယာက္ အံဆြဲကို ဖြင့္ၿပီး ေသနတ္ကို ယူကာ အခန္းထဲက ေျပးထြက္သြားသည္

Jennieမွာ ၾကည့္လိုက္စ action ကားကို ပိတ္ၿပီး Jisooေနာက္ လိုက္ၾကည့္ေတာ့ Jisooမွာ စုံေထာက္ကားထဲကလို လက္တစ္ဖက္က ေသနတ္ကို ကိုင္ၿပီး ေနာက္တစ္ဖက္ကေတာ့ တံခါးလက္ကိုင္ဘုကို ကိုင္ထားသည္

100 ရာခိုင္ႏႈန္း ေပါေၾကာင္ေၾကာင္ Jisooကို ၾကည့္ၿပီး သူမကို Jennie ဘာလို႔ အရမ္း ခ်စ္မိေနမွန္း ေတြးလို႔ကိုမရေပ

"Yah ေဖာင္းဒိုင္းလုပ္ေနလို႔ ခုထိ တံခါးလာမဖြင့္တာလား "

Lisa ေအာ္ၿပီး တံခါးကို ပိတ္ကန္ျပန္သည္

"Jiေရ တံခါးျမန္ျမန္ဖြင့္ေပးလိုက္ပါ မဟုတ္ရင္ Jen အိမ္တံခါးပ်က္လိမ့္မယ္....."

Jennie ေအာ္သံေၾကာင့္ Jisoo ရယ္ၿပီး တံခါးဖြင့္ေပးလိုက္သည္

"Lisaရယ္ တိုးတိုးေျပာပါ "

Chaeyoungမွာလည္း Lisaကို ထိန္းေနရသည္ တကယ္ပါ Chaennieမွာ ရည္းစားထားရတာလား ကေလးထိန္းရတာလား မသဲကြဲေတာ့ေပ

"Freeze မလုပ္နဲ႕ "

Jisoo တံခါးဖြင့္ေပးၿပီး ေသနတ္နဲ႕ Lisaကို ခ်ိန္ေလသည္

"ေအး နင္လည္း မလႈပ္နဲ႕ freeze "

Lisa မွာ သူမလက္ကို ေသနတ္လို လုပ္ၿပီး Jisooကို ျပန္ခ်ိန္ေသာေၾကာင့္ Chaeyoungမွာ သူ႕ရည္းစားကို ေခါင္းတခါခါနဲ႕ ၾကည့္ေနသည္

"Hey Jen. ..Jisoo ဘာလုပ္တာလည္း လႊတ္ "

အိမ္ထဲဝင္မယ့္ Chaeyoungရဲ႕ လက္ကို Jisoo လွမ္းဆြဲလိုက္သည္

"အခု မင္းက ငါ့ရဲ႕ ဓားစာခံဘဲ Chaeyoung "

Jisooမွာ Chaeyoung ရဲ႕ ေခါင္းကို ေသနတ္နဲ႕ ခ်ိန္ၿပီး ေျပာလိုက္သည္

အခုေတာ့ ပုံမွန္လူတစ္ေယာက္ ျဖစ္တဲ့ Park Chaeyoungမွာလည္း Lisooတို႔ရဲ႕ Action Dramaထဲ မင္းသမီး ျဖစ္သြားရျပန္သည္

"သူ႕ကို လႊတ္လိုက္စမ္း Jisoo "

"မလႊတ္ဘူးကြ မလႊတ္ဘူး Jennieရဲ႕ ဖင္လုံးလုံးေပၚ အိပ္ေနတာကို မင္းက လာအႏွောင့္ယွက္ေပးတာ မင္းက ငါ့ရဲ႕သာယာတဲ့ အခ်ိန္ေလးကို ဖ်က္စီးပစ္တာ Lisa. ..အဲ့အတြက္ မင္းကို လက္စားျပန္ေခ်ရမယ္ "

Chaennieမွာေတာ့ ဘာမွမေျပာခ်င္ေတာ့ဘူးဆိုတဲ့ မ်က္ႏွာထားနဲ႕ သူတို႔ခ်စ္သူႏွစ္ေယာက္ကို ၾကည့္ေနလိုက္သည္

"သူ႕ကို လႊတ္ေပးလိုက္ပါ "

Lisaက ေရွ႕တိုးလာလို႔ Jisooမွာ ပါးစပ္ကေန ဒိုင္းဆိုၿပီး ေအာ္လိုက္သည္

"နင့္ကို ငါ ေသနတ္နဲ႕ ပစ္လိုက္ၿပီမို႔ နင္က ေသသြားၿပီ Chae ၾကမ္းျပင္ေပၚ လွဲအိပ္လိုက္ "

Jisooမွာ Chaeyoung နားေလးကပ္ေျပာၿပီး တြန္းလႊတ္လိုက္သည္

Chaeyoungမွာ ၾကမ္းျပင္ေပၚတြင္ ငုတ္တုတ္ေလးထိုင္ၿပီး Lisooတို႔ကို ေမာ့ၾကည့္ၿပီး

"Yah နင္တို႔ရဲ႕ ႐ူးေၾကာင္ေၾကာင္ဇာတ္လမ္းထဲ ငါ့ကိုဆြဲမထည့္နဲ႕ "

"ရႉး နင္က ေသသြားၿပီ Chaeyoung စကားေျပာလို႔ မရဘူးမို႔ ပါးစပ္ပိတ္ၿပီး ၾကမ္းျပင္ေပၚ လွဲအိပ္လိုက္ေတာ့ အား.... "

Lisaမွာ သူမ ခါးၾကားထဲက မရွိတဲ့ ကိုယ္ေပ်ာက္ ဓားကိုထုတ္ယူၿပီး Jisooကို ဓားနဲ႕ထိုးဟန္ေဆာင္သည္

"အား "

Jisooမွာ ေသနတ္ကို ပစ္ခ်ၿပီး သူမရင္ဘတ္ကို ကိုင္ကာ Dramaကားထဲကလို ဒူးေထာက္ခ်လိဳက္သည္

"Chae ခဏဘဲ သီးခံေပးေနာ္ ေဆး႐ုံကားေခၚထားတယ္ "

Lisaမွာ ဒူးေထာက္ခ်ၿပီး Chaeyoungကို ေပြ႕ဖက္ကာ ေျပာလိုက္သည္

"Jendeukie.... ဆရာဝန္ကို ေခၚေပးပါ "

Jisooမွာ နာက်င္ေနတဲ့ မ်က္ႏွာနဲ႕ Jennie ဘက္လွည့္ၿပီး ေျပာလိုက္သည္

"စိတ္ေရာဂါကုတဲ့ ဆရာဝန္ကို ေခၚေပးရမွာလား "

Jennieရဲ႕ စကားေၾကာင့္ Chaeyoung တို႔ ထရယ္ၾကေလသည္

"က်စ္ Jendeukie ေလးကေတာ့ ငါ့ actingကို ဖ်က္စီးလိုက္ပါၿပီ "

***********

"ပန္းေလးေတြက လွလိုက္တာ "

Chaeyoung ဒီေန႕ ဘာ schedule မွ မရွိလို႔ Jensoolisaတို႔နဲ႕ အတူ Jennie အိမ္နားက ပန္းၿခံသို႔ ေရာက္ေနသည္

"Baby ကိုယ္လည္း ပန္းေလးဘဲေလ မလွဘူးလား "

ပန္းေတြ ေဘးနားငုတ္တုတ္ေကာက္ထိုင္တဲ့ Lisaကို Chaeyoung ဆြဲထူလိုက္သည္

"Lisaက လူေလ ဘယ္နဲ႕ေၾကာင့္ ပန္းျဖစ္သြားရတာတုံး "

"ေရာ့ Chae အတြက္ ပန္းေလး "

"ေဟာေတာ္ ပန္းမခူးရဘူးလို႔ စာေရးထားတာကို Lisa က ဘာလို႔ ခူးတာလည္း "

"တကယ္ေတာ့ Chaeလို မိန္းမလွေလးရဲ႕ ေခါင္းေပၚ...ဒီပန္းလွလွေလး ေရာက္ေစခ်င္လို႔ ကိုယ္က လူဆိုးအျဖစ္ခံၿပီး ပန္းခူးပစ္လိုက္တာပါ "

Lisa ေျပာၿပီး Chaeyoungကို ပန္းေပးေလသည္

"Lisa အၾကည့္ေတြနဲ႕တင္ Chaeyoungက ဗိုက္ႀကီးေတာ့မယ္ "

Jisoo စကားေၾကာင့္ Jennieမွာ Jisoo ပါးစပ္ကို အျမန္လွမ္းပိတ္ရသည္

"Public ႀကီးမွာ ဘယ္လိုျဖစ္ေန "

"အဲ့တာဆို အာဘြာေပး "

Jisooက အာဘြားေတာင္းေနလို႔ Jennie လည္း သက္ျပင္းခ်ၿပီး Jisoo ကို နမ္းလိုက္ရသည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co