Truyen3h.Co

Living Doll

Final

KimFany059

#Zawgyi










'







"ဟေး ဟေး မင်း ...ကွာ..."


"ဘာဖြစ်လို့လည်း "


"ဘာ...."











နင် သူ့ကို နာကျင်အောင် ထပ်လုပ်တာမျိုး ငါ လက်မခံနိုင်ဘူး ငါက အရုပ်မ ဆိုပေမယ့် ငါချစ်တဲ့သူကို အဆုံးထိ ကာကွယ်မယ်💭💭"













"Honeyကို လွမ်းနေတာ "


"ဖယ်စမ်းပါ....."



"သူ ဘယ်မှာလည်း "


"ရူးနေလား"



"Tiffany...."

"Tae Tae....."






"လုပ်ငန်းစတော့......"



"Hyoyeon ပြေး....."



Bang Bang Bang


အား!!!




"ဘာလုပ်တာလည်း ဖွင့် "


"Taeyeon...."


















ဝုန်း........


~~~~~~~~~~~~~~~~~~~~~~
After Three days







"ငါ သေချင်တယ်ဟေး '




ထို့နောက် ဆေးရုံခေါင်မိုးပေါ်သို့ တက်သွားပြီး ကောင်းကင်ကြီးကို မော့ကြည့်လေသည်







Taeyeon ခေါင်းညိတ်ပြပြီး မြေပြင်ပေါ် ဇတ်ကျိုးသေနေတဲ့ သူ့ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်သည်


The End



#Unicode

Taeyeon CCTVကို ကြည့်ပြီး Tiffanyကို ဖမ်းခေါ်သွားတာ သိရတော့ ချက်ချင်း ရဲစခန်းကို CCTVမှတ်တမ်းများနဲ့ သွားတိုင်လိုက်သည်

Taeyeon ဖုန်းဆက်အကြောင်းကြားမှုကြောင့် Hyoyeonတို့လည်း Taeyeonနဲ့ အတူ Tiffany ကို လိုက်ရှာပေးနေသည်

"ဖုန်းကိုင်စမ်းပါ Tiffanyရ......"

Tiffany ရဲ့ ဖုန်းကို Taeyeonဆက်တိုက် ခေါ်နေပေမယ့် ခေါ်မရပေ......

"စိတ်လျော့ Tae....Tiffany ဘာမှမဖြစ်လောက်ပါဘူး Sooyoungတို့လည်း CCTVတွေကနေ ရဲတွေနဲ့အတူ အဲ့ကားကို လိုက်ရှာနေတယ်လေ "

Hyoyeon သူ့သူငယ်ချင်း အရမ်းစိတ်လှုပ်ရှားနေလို့ သူကိုယ်တိုင် ကားလိုက်မောင်းပေးပြီး လိုက်ရှာပေးနေသည်

Taeyeon ထပ်ပြီး Tiffanyဆီ ဖုန်းခေါ်လိုက်သည်

တစ်ဖက်က ရုတ်တရက် ဖုန်းကိုင်လိုက်သောကြောင့် Taeyeon ပျော်သွားသည်

"Tiffany လား....Hello Tiffany ကြားလား အခု မင်း ဘယ်မှာလဲ "

"Tiffany ကို ဖုန်းခေါ်တာ ရပ်လိုက်စမ်းပါ ဖုန်းသံကြောင့် တို့ နားငြီးပြီး အာရုံနောက်လွန်းလို့ပါ
'

Seolhyun အသံကြောင့် Taeyeon ဒေါသတွေ ဆူပွက်လာသည်

"ပြီးတော့ လောလောဆယ် သူက အိပ်ပျော်နေတော့ ဖုန်းပြန်ပြောနိုင်မှာ မဟုတ်ဘူး "

"Seolhyun မင်း Tiffanyကို တစ်ခုခု လုပ်ရဲလုပ်ကြည့် "

"Tae....Tiffany က အိပ်နေရင် အရမ်းလှတာနော်....တို့ သူ့ကို ထာဝရ အိပ်စက်သွားအောင် လုပ်ချင်လိုက်တာ"

"Tiffanyကို ထိရဲထိကြည့် ငါ မင်းကို လာသတ်မှာနော်.....အေး မသတ်ရဲဘူး မထင်နဲ့ "

"လာသတ်မယ်ဆို အခု တို့ရှိတဲ့ နေရာလေးဘဲ ရောက်အောင်လာပါအုံး ဒါဘဲနော် Tiffany ကို နှိပ်စက်ရအုံးမယ် bye...."

"ဟေး ဟေး မင်း ...ကွာ..."

Seolhyun phချသွားသောကြောင့် Taeyeon စိတ်တိုပြီး ကားမှန်ကို လက်သီးတွေနဲ့ ပိတ်ထိုးသည်

"ဘာဖြစ်လို့လည်း "

"Seolhyunလေ Tiffanyကို ပြန်ပေးဆွဲထားတာ "

"ဘာ...."

"ဟိုတစ်နေ့က ငါ့ကို ခြိမ်းခြောက်ထားတာ ငါက မလုပ်ရဲဘူးထင်လို့ ပေါ့ဆမိသွားတာ......အခု ငါ့ကြောင့်.... ငါ့ကြောင့် "

"စိတ်လျော့ပါ Taeရ....Tiffany ဘာမှမဖြစ်လောက်ပါဘူး အခု သူ့ဖုန်းကို ခြေရာခံပြီး လိုက်ရှာကြည့်မလား '

"အေး ကောင်းတယ် ရဲစခန်းက Sooyoung တို့ကို လှမ်းပြောလိုက်မယ်....."

Tiffany သတိမေ့နေရာက သတိရလာသည်

"သတိရလာပြီလား ပလက်စတစ်မ....."

Tiffanyရဲ့ လက်မောင်းကို ဓားနဲ့ခြစ်ရင်း Seolhyun မဲ့ပြုံးပြုံးပြီး မေးလိုက်သည်

"Oh နင့်လက်မောင်းမှာ သွေးတွေထွက်လာတယ်.....အရုပ်မဆိုတော့ သွေးမထွက်လောက်ဘူးထင်နေတာ "

Seolhyun ဓားကို Tiffany မျက်နှာနားထိ တိုးလာပြီး

"အခု မင်းမျက်နှာကို ဓားနဲ့မလှီးသေးပါဘူး....နောက်ဆုံး အခွင့်အရေးပေးမယ် Tiffany.....အခု Taeyeon ဘေးနားက ထွက်သွားပေးပါ "

Seolhyun ပြောပေမယ့် Tiffany ဘာမှမပြောဘဲ Seolhyun ကို စိုက်ကြည့်နေပေမယ့် စိတ်ထဲမှာတော့

"No ငါ အပိုင်းပိုင်းအစစ ဖြစ်သွားရင်တောင် Taeyeonဘေးကနေ ငါ ထွက်သွားမှာ မဟုတ်ဘူး  Taeyeonကို ထိတွေ့နိုင်ဖို့ အခွင့်အရေး Seolhyun နင့်လို လူမျိုးလက်ထဲ ငါ မပေးနိုင်ဘူး
နင် သူ့ကို နာကျင်အောင် ထပ်လုပ်တာမျိူး ငါ လက်မခံနိုင်ဘူး ငါက အရုပ်မ ဆိုပေမယ့် ငါချစ်တဲ့သူကို အဆုံးထိ ကာကွယ်မယ်💭💭"

"Aww နင်က အကြောတင်းနေတယ်ပေါ့လေ ဟုတ်လား "

Tiffany ဘာမှပြန်မပြောလို့ Seolhyun စိတ်တိုပြီး လက်မောင်းကို ဓားနဲ့ထပ်ခြစ်လိုက်သည်

"Ugh....နင်က အော်တောင်မအော်တော့ ငါ နှိပ်စက်ရတာ ပျင်းလာပြီ ဟုတ်သားဘဲ နင်က ပလက်စတစ်မဆိုတော့ နာကျင်မှုကို ဘယ်သိမလည်း နင့်လို ပလက်စတစ်မက လူတစ်ယောက်ကို ချစ်ခွင့်ရှိလား ဟမ် ကောင်မ "

Seolhyun စိတ်တိုပြီး Tiffany မျက်နှာကို ဓားနဲ့မွှန်းလေသည်။

"Taeyeon....Tiffany phကို ခြေရာခံမိပြီ.....သူ ရှိတဲ့နေရာ ငါတို့သိပြီ အခု ရဲတွေနဲ့အတူ သွားနေပြီ....."

"Hyoyeon...Sooyoung ပေးတဲ့ လိပ်စာကိုမောင်း "

Taeyeon တို့ မြို့အစွန်က ဂိုထောင်ပျက်ကြီးဘက် ရောက်လာတယ်

ဂိုထောင်အပျက်ကြီးရှေ့ Hyoyeon ကားရပ်တုံးရှိသေး Taeyeon ကားပေါ်က ဆင်းပြေးပြီး ဂိုထောင်ဘက်ပြေးသွားသည်

"Seolhyun တံခါးဖွင့်စမ်း "

Taeyeon ဂိုထောင်တံခါးကို တဘုန်းဘုန်းထုပြီး အော်လိုက်သည်

"Aww Tae လာပြီဘဲ သွားတံခါးဖွင့်ပေးအုံးမှ "

Seolhyun မှာ Fanyကို နှိပ်စက်ရာကနေ ရပ်ပြီး Taeyeonကို တံခါးသွားဖွင့်ပေးလေသည်

"Honeyကို လွမ်းနေတာ "

Taeyeon သူမကိုလာဖက်တဲ့ Seolhyun ကို တွန်းလိုက်သည်

"ဖယ်စမ်းပါ....."

Seolhyun လက်ထဲက သွေးတွေပေနေတဲ့ ဓားကို Taeyeon မြင်တော့ စိတ်တိုလာပြီး ရိုက်ဖို့ ရွယ်လေသည်

"ငါ့ကို ရိုက်ရဲရိုက်ကြည့်လေ Tae....နင့်အရုပ်မကို ထာဝရမတွေ့ရအောင် ငါလုပ်ပစ်မယ်နော် "

"သူ ဘယ်မှာလည်း "

"Tiffanyလား တစ်နေရာရာမှာပေါ့ လာပါ နင်ရဲတွေကို တိုင်ထားပြီးသားမလား မကြာခင် သူတို့ရောက်လာပြီး Tiffany ကို ရှာတွေ့မှာပါ အခု နင်လုပ်ရမှာက ငါနဲ့ပြန်ပေါင်းပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေး ပြန်လည်တည်ဆောက်ရမှာ "

"ရူးနေလား"

Seolhyun ကို Taeyeon ဆောင့်တွန်းပြီး ဂိုထောင်ထဲ ဝင်သွားသည်

ထိုင်ခုံမှာ ကြိုးနဲ့တုပ်ခံရပြီး မျက်နှာတစ်ခုလုံး ဓားဒဏ်ရာတွေနဲ့ စုတ်ပြတ်သတ်နေတဲ့ Tiffany ကို မြင်တော့ Taeyeon မျက်ရည်တွေကျလာသည်

"Tiffany...."

"Tae Tae....."

"ကိုယ် တောင်းပန်ပါတယ် ကိုယ် မင်းကို တစ်ယောက်တည်း မထားခဲ့သင့်ဘူး "

"Hey hey Drama လာမရိုက်နဲ့ Drama ကြည့်ရတာလောက် ရွံတာမရှိဘူး Kim Taeyeon ငါ့ကိုရွေးမှာလား သူ့ကိုရွေးမှာလား ဖြေ....သူ့ကိုရွေးရင်တော့ ဒီသေနတ်က ကျည်ဆံကလည်း သူ့ဆီရောက်သွားလိမ့်မယ် "

Seolhyun သူ့ခါးကြားထဲက သေနတ်ကို ထုတ်ယူလိုက်ပြီး Tiffanyကို ချိန်စဉ် Hyoyeon အနောက်ကနေ ရောက်လာပြီး Seolhyun ကို ခုန်အုပ်လေသည်

Taeyeonလည်း Tiffany ခန္ဓာကိုယ်ပေါ်က ကြိုးတွေ ဖြည်ပေးနေသည်

Seolhyun လည်း သူ့ကိုခုန်အုပ်တဲ့ Hyoyeonကို ပြန်ချရင်း

"လုပ်ငန်းစတော့......"

Seolhyun အသံကြောင့် အပြင်မှာပုန်းနေတဲ့ သူမငှါးထားတဲ့လူတစ်ချို့က ဂိုထောင်ပတ်ပတ်လည်ကို ဓာတ်ဆီနဲ့ ပတ်ကြသည်

ထို့နောက် မီးရှို့တော့ ဂိုထောင်တစ်ခုလုံးမီးစ လောင်လာသည်

"Hyoyeon ပြေး....."

Hyoyeon လည်း Seolhyunကို ဆောင့်တွန်းပြီး တံခါးပေါက်သို့ ပြေးလေသည်

Taeyeonလည်း Tiffanyကို ကုန်းပိုးပြီး မီးထဲကပြေးစဉ် Seolhyunမှာ သေနတ်နဲ့ Taeyeonကို ပစ်လေသည်

Bang Bang Bang

ကျည်ဆံနှစ်တောင့်လုံး Taeyeonရဲ့ ခြေထောက်နဲ့ နောက်ကျောကို ထိုးဖောက်သွားလေသည်

အား!!!

Taeyeon လဲကျသွားတော့ Seolhyun တဟားဟားရယ်လေသည်

"တံခါးပိတ်ခိုင်းလိုက်တော့ "

Seolhyun အမိန့်ကြောင့် အပြင်ကလူတွေလည်း ဂိုထောင်တံခါးကို ပိတ်ပစ်လေသည်

"ဘာလုပ်တာလည်း ဖွင့် "

Hyoyeon တံခါးပိတ်တဲ့ သူတွေကို ဆွဲပေမယ့် မရပေ........

"Taeyeon...."

Hyoyeon စိတ်ပူပြီး သော့ကို ဖျက်ဖို့ကြိုးစားလေသည်...Seolhyun ခိုင်းထားတဲ့သူတွေကတော့ ဂိုထောင်သော့ကိုပိတ်ပြီး ထွက်ပြေးသွားသည်

"Taeyeon ရေ တောင့်ခံထားနော် ငါသော့ဖျက်နေတယ် "

Hyoyeon အနားက ခဲနဲ့ သော့ကို ဖျက်နေစဉ် ဂိုထောင်ထဲတွင်

"Kim Taeyeon....နင့်ကို ငါ မပိုင်ရဘူးဆို နင်နဲ့အတူ ငါ ဒီထဲမှာ သေပစ်မယ် "

Seolhyun နောက်ဆုံးကျန်တဲ့ ကျည်နဲ့ သူ့ခေါင်းသူပစ်ပြီး သတ်သေသွားသည်

Tiffanyမှာ မီးထဲကနေ ကုန်းရုန်းထပြီး ဂိုထောင်က ပြတင်းပေါက်မှန်ကို သူ့လက်နဲ့ခွဲလေသည်.......

"Hyoyeon ပြတင်းပေါက်လာခွဲပေးပါ ဒီကနေ Taeyeonကို ကယ်လို့ရတယ် "

အထဲက Tiffany အော်သံကြောင့် Hyoyeon ပြတင်းပေါက်ကို လာခွဲပေးလေသည်

ပြတင်းပေါက်လည်း ကွဲသွားရော သေနတ်ဒဏ်ရာတွေနဲ့ သတိလစ်နေတဲ့ Taeyeonကို ပွေ့ချီပြီး ပြတင်းပေါက်ကနေ Hyoyeonဆီသို့ ပေးလိုက်သည်

"Tae Taeကို chaw မရှိလည်း ပျော်အောင်နေပေးပါ နှုတ်ဆက်ပါတယ်လို့ ပြောပေးပါ..."

"Tiffany မင်းကရော ထွက်မလာဘူးလား"

"Chaw ကို မီးစွဲနေပြီလေ......မကြာခင် ပြာဖြစ်တော့မှာ.....Taeyeonကိုသာ ဆေးရုံအမြန်ခေါ်သွားပေးပါ......"

"Tiffany....ကျေးဇူးတင်ပါတယ်"

Hyoyeon သွေးထွက်လွန်နေတဲ့ Taeyeon ကို စိတ်ပူပြီး လှည့်ထွက်သွားစဉ်

"ခဏ........မခွဲခင် နောက်ဆုံးအနေနဲ့ Taeyeonကို chaw နှုတ်ဆက်အနမ်းလေးပေးချင်လို့ပါ....."

Tiffany သူမ ပါးပြင်က မျက်ရည်တွေသုတ်ပြီး ပြောတော့ Hyoyeonပါ စိတ်မကောင်းဖြစ်လာပြီး မျက်ရည်တွေကျလာသည်

Tiffany ဖြစ်စေချင်တဲ့အတိုင်း Taeyeonကို နမ်းခိုင်းပြီး Hyoyeon သူ့ကားဆီပြေးလာသည်

ဝုန်း........

ပေါက်ကွဲထွက်လာတဲ့ မီးတွေနဲ့အတူ Taeyeonကို လက်ပြနှုတ်ဆက်နေတဲ့ အရုပ်မလေး တစ်စစီ ဖြစ်သွားလေသည်

~~~~~~~~~~~~~~~~~~~~~~
After Three days

"လွှတ် ငါ့ကိုလွှတ် Tiffany မရှိတဲ့ ဘဝမှာ ငါ မနေချင်ဘူး "

Taeyeon သတိရလာတော့ Hyoyeonမှာ ဖြစ်ကြောင်းကုန်စဉ် ပြောပြတာကို သိပြီး Taeyeon ပေါက်ကွဲနေသည်

"Taeyeon စိတ်ထိန်းစမ်း....Tiffanyက သူ့အသက်ကို အဆုံးရှုံးခံပြီး နင့်ကိုကယ်ခဲ့တာ.....အဲ့တာကို နင်က သူပေးတဲ့နင့်အသက်ကို တန်ဖိုးမထားတာလားဟာ '

Yuri စိတ်ဖောက်နေတဲ့ သူ့သူငယ်ချင်းကို နှစ်သိမ့်ပေးနေသည်

"ငါ ဂရုမစိုက်ဘူး..... ငါ...ငါမနေချင်ဘူး Yuriရ....ငါ့သမီးကိုလည်း မီးထဲမှာ ဆုံးရှုံးခဲ့ရတာ အခု ငါချစ်ရသူ....သူ့ကိုလည်း မီးထဲထပ်ဆုံးရှုံးရပြန်ပြီ.....ငါ ဘယ်စိတ်နဲ့ အားတင်းနိုင်မှာလည်း....."

"နင် ဆုံးရှုံးခဲ့ရတာတွေအတွက် ငါ စိတ်မကောင်းပါဘူးဟာ....ဒါပေမယ့်....."

"ငါ သေချင်တယ်ဟေး '

Taeyeon စိတ်ဖောက်ပြီး အော်ဟစ်နေသောကြောင့် ဆရာဝန်တွေရောက်လာပြီး စိတ်ငြိမ်ဆေးထိုးပေးကြသည်

ထိုအခါမှ Taeyeon ငြိမ်ပြီး အိပ်ပျော်သွားလေသည်

သို့သော်......ညအချိန်တွင် လူနာစောင့် Sooyoung အိပ်ပျော်နေစဉ် Taeyeon ဆေးပိုက်တွေ ဖြုတ်ပြီး အခန်းထဲက ထွက်လာသည်

ထိုု့နောက် ဆေးရုံခေါင်မိုးပေါ်သို့ တက်သွားပြီး ကောင်းကင်ကြီးကို မော့ကြည့်လေသည်

"Seoyeon....Tiffany မင်းတို့နှစ်ယောက်တည်း ကောင်းကင်ဘုံမှာ ပျော်ပါးနေတာ......ငါလည်း ပါချင်တာပေါ့ ငါလာပြီနော်....."

ကောင်းကင်ကြီးကို မော့ကြည့်ပြီး ဆေးရုံခေါင်မိုးပေါ်ကနေ Taeyeon ခုန်ချလေသည်

Taeyeon အောက်ကို ပြုတ်ကျသောအခါ ....Tiffanyနဲ့ Seoyeonက သူမကို ခါးထောက်ပြီး ကြည့်နေသည်

"Mommy.......Tiffany က Mommyကိုအသက်ရှင်စေချင်လို့ ကယ်ပေးတာကို ကိုယ့်ကိုကိုယ် သတ်သေလို့ဆိုပြီး စိတ်ဆိုးနေတယ် "

Seoyeon ပြောပြီး Tiffanyနဲ့အတူ Taeyeonကို ဆွဲထူလိုက်သည်

"Tae Tae....chawတို့နဲ့တကယ်လိုက်မှာလား...."

Taeyeon ခေါင်းညိတ်ပြပြီး မြေပြင်ပေါ် ဇတ်ကျိူ းသေနေတဲ့ သူ့ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်သည်

ထို့နောက် Tiffanyနဲ့ သူ့သမီးလက်ကိုတွဲပြီး အမှောင်ထဲသို့ ဝင်သွားလေသည်

The End

Sad Ending လုပ်လို့ စိတ်မဆိုးကြပါနဲ့လို့😁မကောင်းမကန်း ficလေးကို ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်🙆


Bạn đang đọc truyện trên: Truyen3h.Co