Part-1
Sica တစ်ညလုံး clubမှာ ကဲနေခဲ့ပြီး မနက်ကျမှ သူ့အိမ်ကို ပြန်လာခဲ့ပြီး သူ့အခန်းထဲသို့ ၀င်ကာ ရေချိုးလိုက်သည်.....
ဧည့်ခန်းရှေ့က ဖြတ်သွားတုံးက သူ့ညီမနဲ့ သူ့အဘိုးက မနေ့ညက သူသောင်းကျန်းခဲ့တဲ့ အကြောင်းတွေကို ပြောနေတာတွေ Sica ကြားခဲ့သည်....
ထို့ကြောင့် ရေချိုးပြီးတာနဲ့ သူတို့မသိအောင် တိတ်တိတ်လေး အပြင်ပြန်ထွက်ဖို့ Sica တွေးလိုက်သည်....မဟုတ်လျှင် ဆုံးမသြ၀ါဒတွေ တ၀ကြီး နားထောင်နေရအုံးမယ်.....
Sica အခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန် သူ့ညီမက အခန်းရှေ့ရပ်ကာ သူ့ကို ကြည့်နေတာကို တွေ့လိုက်ရသည်
"အမလေး လန့်လိုက်တာ....."
"Unnie ဘယ်သွားမလို့လဲ.. ..."
Krystal မေးလိုက်သည်
"အလုပ်သွားမလို့လေ ဘာဖြစ်လို့လဲ.. .."
Sica ခပ်တည်တည် ဖြေလိုက်ပေမယ့် စိတ်ထဲမှာတော့ သူ့ညီမကို ကျိန်ဆဲနေ၏
"Ah ဘာလို့ သူ့လို ညီမမျိုးရနေတာလည်း မသိ💭"
"မနေ့ညက Unnie လုပ်ခဲ့တာတွေ သိတယ်နော်....ဒီတခါ ဘယ်သူလား Clubက အဖော်အချွတ်မယ်လား Unnie သတင်းတွေ ထပ်ထွက်လာတာ သိလား...."
Sica မသိချင်ယောင်ဆောင်ပြီး ထွက်သွားမယ်အလုပ်
"Unnie မိန်းကလေးတွေကို အဲ့လောက်ချစ်နေရင် မပွေမရှုပ်တော့ဘဲ တည်ငြိမ်တဲ့ မိန်းကလေးကို ကောက်ယူလိုက်ပါလား အကြံပေးတာနော် ဟင်းဟင်း...Unnieမှာ HIVပိုးမရှိတာဘဲ ကံကောင်းတယ်မှတ်......"
Sica သူ့ညီမရဲ့ နောက်ဆုံးစကားကို သဘောကျလို့ ရယ်လိုက်မိသည်
"Kry.....Unnieကလေ လက်ထပ်ဖို့ထက် တောင်ကိုရီးယားနိုင်ငံရဲ့ မိန်းကလေးတွေကို fuckရတာ ပိုသဘောကျတယ်....."
Sica ပြောင်ချော်ချော်လုပ်ပြီး ပြောလိုက်တော့ Krystal ဒေါသထွက်ပြီး အော်လိုက်သည်
"Yah Unnie...ash......"
Sicaကတော့ သူ့ညီမ အော်တာကို ဂရုမစိုက်ဘဲ ထွက်သွားလေသည်
"Sicaကတော့ အခုထိ တစ်ကိုယ်ကောင်းဆန်နေတုံးဘဲ....."
Krystal သူ့အဘိုးအသံကြားလို့
"အဘိုး နိုးပြီလား ...."
"ငါ့မြေးတို့ ဒီလောက်ဆူညံနေမှတော့ နိုးပြီပေါ့....."
"ဟီး တောင်းပန်ပါတယ်နော် အဘိုး....."
Krystal ရယ်ပြပြီး သူ့အဘိုးကို တောင်းပန်စကားပြောလိုက်သည်
Fanyရဲ့ ရှေးဟောင်းပစ္စည်းဆိုင်တွင်.....
"နောက်တခါ ထပ်လာခဲ့ပါအုံးနော် အမ.... "
Fany သူ့ဆိုင်က ရှေးဟောင်းမှန်ကို လာဝယ်သွားတဲ့ အမကို ပြောလိုက်သည်
Fany ရောက်လာတဲ့ ပစ္စည်းတွေကို ထုတ်ခင်းနေတုံး သူ့ခါးကို အနောက်က တစ်စုံတစ်ယောက်က သိုင်းဖက်တာ ခံလိုက်ရသည်
"Taeng...ထပ်ပြီး ခါးကို ခိုးဖက်ပြန်ပြီလား..."
(D ficထဲ Taeက ယောင်္ကျားလေးပါ)
"Haha ကိုယ့်ဝါသနာလိုတောင် ဖြစ်နေပြီ...."
"Pabo...."
"Wae...ကိုယ့် ၀ါသနာဆိုတာ ပြောပြတာလေ ဘာလို့ အရူးလို့ပြောရတာလည်း...."
Taeng နှုတ်ခမ်းစူပြီး စိတ်ကောက်တဲ့ပုံစံနဲ့ ပြောလိုက်သည်
"Aigoo အရူးလေး ...."
Taengရဲ့ ပါးလေးကို ဆွဲပြီး Fany ပြောလိုက်သည်
"Ah နာတယ်....."
Taeng သူ့ပါးကို ကိုင်ပြီး ပြောလိုက်သည်
"Apk ဒါလေးလုပ်တာကို ယောင်္ကျားလေးမဟုတ်တာကျရော...."
"😒😒မင်းကသာ ကိုယ့်ကို ယောင်္ကျားမပီသဘူးထင်နေ Seolhyun က ကမ္ဘာပေါ်မှာ ကိုယ်က ဆွဲဆောင်မှု အရှိဆုံးသူတဲ့😌😏😏"
"အဲ့ကောင်မလေး သနားပါတယ် မျက်လုံးမကောင်းဘူးထင်တယ်...."
"Pany yah မင်း တမနက်လုံး ကိုယ့်ကို လိုက်ပြီး ဘုကလန့်လုပ်နေတာလား😭"
"Aigoo ချစ်လို့ စတာပါ ဂျစ်တူးလေးရဲ့ ......"
Taeng ရဲ့ စူနေတဲ့ နှုတ်ခမ်းကို နမ်းပြီး Pany ပြောလိုက်သည်
Taengနဲ့ Fanyဆိုတာ ကျောင်းသားဘ၀ကတည်းက ဘွဲ့ရတဲ့အထိ လက်တွဲခဲ့ကြသော ချစ်သူတွေပင် ဖြစ်သည်.....
အကြာကြီး စောင့်ခိုင်းရလို့ အားနာပါတယ် 😁D ficထဲ အစစ်ကောင်ကို မထည့်ချင်လို့ Taeကို ယောင်္ကျားလေးအဖြစ် အစားထိုးလိုက်တာပါ😁 Gomawo ❤
Bạn đang đọc truyện trên: Truyen3h.Co