Part-12
ဟိုတနေ့က ကိစ္စဖြစ်ပြီးနောက် Fanyနဲ့ Sicaတို့ စကားမပြောဘဲ တစ်ယောက်နဲ့တစ်ယောက် တွေ့လျှင် ရှောင်ထွက်သွားကြသည်
Sicaကလည်း အလုပ်ပိုများချင်ယောင်ဆောင်သလို Fanyကလည်း Taeyeon ဆီ ဖုန်းအမြဲခေါ်ပြီး Sica အကြောင်းတွေ မတွေးမိအောင် အာရုံလွှဲထားသည်
Fany မနက်စာစားဖို့ အခန်းထဲက ထွက်လာစဉ် အိမ်ပေါ်က ဆင်းလာတဲ့ Fanyကို တွေ့လေသည်
Fanyလည်း အလုပ်သွားတော့မယ့် Sicaကို မနက်စာစားရန် ခေါ်ဖို့ စဉ်းစားလိုက်သည် လွန်ခဲ့တဲ့ သုံးရက်က Sica မနက်စာ လုံးဝမစားခဲ့ဘူးလေ
"Humm...Jung Jessica.......နင် မနက်စာ စားမလား "
Fany အရဲစွန့်ပြီး မေးပေမယ့် Sica ကတော့ Fanyကို တချက်လေးတောင်မကြည့်ဘဲ သွေးအေးအေးနဲ့ ပြောလိုက်သည်
"စားချင်စိတ် မရှိဘူး "
"Ash ငါက နင့်ကို စားစေချင်လို့ စေတနာနဲ့ခေါ်တာ မစားလည်းနေပေါ့...."
Sica ပခုံးတွန့်ပြီး တံခါးကိုဆောင့်ပိတ်ကာ အပြင်ထွက်သွားသည်
အိမ်ရှေ့ရောက်မှ Sica သက်ပြင်းချပြီး
"မနက်စာ မစားချင်ဘူး fany yah နင့်ကိုဘဲ စားချင်တာ...."
Sica ထိုသို့ရေရွတ်ကာ ကားပေါ်တက်ပြီး ဂရိမှာ လုပ်တဲ့ Shareရှင်များ meetingသို့ သွားလေသည်
Meetingထဲမှာသာ Sica ထိုင်ပေမယ့် စိတ်ကတော့ Meeting ထဲ မရှိပေ....အလုပ်လုပ်ရတာလည်း စိတ်မပါ...စိတ်မပါတပါနဲ့ အလုပ်လုပ်ရင်း ညနေ ခြောက်နာရီ ထိုးသွားချေပြီ.. .
အိမ်လည်း မပြန်ချင်သော်ကြောင့် "Athens"လို့ခေါ်တဲ့ ဂရိမှာ နာမည် အကြီးဆုံး night clubကို သွားဖို့ ဆုံးဖြတ်လိုက်သည်
ကလပ်ထဲတွင် Sica ချောင်ကျတဲ့ဘက်တွင် ထိုင်ကာ အရက်သောက်ရင်း Dancing floorမှာ ကနေတဲ့ ကောင်မလေးတွေကို တစ်ချက်ရှိုးလိုက်သည်
Dancing floorမှာ သူမကို ကျောပေးကာ အနက်ရောင် ကြိုးတကိုင်းအင်္ကျီနဲ့ ဘောင်းဘီတိုလေးဝတ်ထားပြီး sexyဆန်ဆန်ကနေသော ကောင်မလေးတစ်ယောက်ရဲ့  နောက်ကျောကို ကြည့်ပြီး Sica ရင်းနှီးသလို ခံစားရသည်
ထိုကောင်မလေး သူ့ဘက်လှည့်လာပြီး သူနဲ့ အကြည့်ချင်းဆုံသောအခါမှ
"ဟင် Tiffany....သူက ဒီကို ဘာလာလုပ်တာလည်း "
Fanyမှန်း သိတော့ Sica မှာ ဆက်စီကျကျ ကပြီး သူမ စိတ်ကို ဆွဲဆောင်နေတဲ့ Fanyကို ဒီကလပ်ကနေ ဆွဲခေါ်ပြီး နီးစပ်ရာ ဟိုတယ်သို့ သွားကာ သူမ နာမည်ကို အော်အောင် Sica လုပ်ပစ်ချင်လာသည်
Sica အတွေးထဲ Fanyကို ပြစ်မှားနေရင်း Fanyနားကို ကောင်လေးတယောက်ရောက်လာပြီး Fany လက်ကို လှမ်းဆွဲတာကို Sica မြင်တော့ ဒေါသထွက်သွားလေသည်
Fanyကတော့ လူအများကြားမှာ စိတ်လွတ်ကိုယ်လွတ် ကနေသည်......အရင်ကတည်းက club သွားပြီး စိတ်လွတ်ကိုယ်လွတ် ကချင်ခဲ့တာ Kim Taeyeonက မိန်းကလေးဆိုတာ club မတတ်ကောင်းဘူးဆိုပြီး တရားဟောဆုံးမခဲ့လို့ Fany စိတ်ထိန်းခဲ့တာ ခုတော့ Taeyeonလည်း မသိပါဘူးဆိုပြီး clubကို လာကာ ကဲနေသည်
Fany ကနေရင်း ချောင်ကျတဲ့ ထောင့်နားက လူတယောက်က သူမကို စိုက်ကြည့်နေတာ တွေ့ပေမယ့် ဘယ်သူမှန်းသေချာမမြင်ရလို့ ကိုယ့်ဘာသာကိုယ် ကစရာရှိတာကိုသာ ဆက်ကနေသည်
ထိုစဉ် ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်က Fany လက်ကို လာဆွဲလေသည်
"Annyeong beautiful lady"
ကောင်လေးက ချောပေမယ့်လည်း Fanyမှာ ထိုကောင်ကလေးနဲ့ အီစီကလီလုပ်ဖို့ စိတ်မပါသောကြောင့် Dancing floorကနေ ထွက်လာလိုက်သည်
သို့သော်လည်း ထိုကောင်လေးမှာ Fany နောက် လိုက်ပြီး လက်ကို အတင်းလိုက်ဆွဲသည်
"ဘာလို့ ထွက်သွားတာလည်း "
Fany ပခုံးကို လှမ်းဆွဲပြီး ပြောတော့
"What the fuck ငါ့ကို လွှတ်စမ်း "
"မလွှတ်နိုင်ပါဘူး ဒီလောက် လန်းတဲ့ စကီလေးကို ငါက ဘာလို့ ...."
"ဘာလို့ လွှတ်ရမှာလည်းဆိုတော့ သူက လွှတ်ခိုင်းလို့ပေါ့ ခွေးကောင်ရ "
Sica ရောက်လာပြီ ထိုကောင်လေးကို ဆောင့်တွန်းလိုက်သည်
"Yah ကောင်မ နင်နဲ့ ဘာဆိုင်လို့ ငါ့ကို လာတွန်းရတာလည်း"
"သူက ငါ့မိန်းမ...."
Sicaပြောပြီး ကောင်လေးမျက်နှာကို ထိုးပြီး Fany လက်ကို ဆွဲကာ ကလပ်ထဲက ထွက်လာခဲ့သည်
"ကားထဲဝင်...."
Fanyလည်း ဒေါသအရမ်းထွက်နေတဲ့ Sicaကို ကြောက်လို့ ဘာမှ အထွန့်မတက်ဘဲ ကားထဲကို ၀င်လိုက်သည်...
တစ်လမ်းလုံး Fanyမှာ Sicaကို ကျေးဇူးတင်စကားပြောချင်ပေမယ့် မျက်နှာထားတင်းတင်းနဲ့ ကားမောင်းနေတဲ့ Sicaကို ကြောက်လို့ ပါးစပ်ပိတ်ကာ ငြိမ်ငြိမ်လေး လိုက်လာခဲ့သည်
Hello...တိုင်ပင်စရာလေးရှိလို့ ကျွန်တော် နောက်ပိုင်း ဇာတ်ပိုနာချင်လို့လေ Sicaကို ကောင်လေးလုပ်ခိုင်းရင်ကောင်းမလား ဒီ ficထဲ Taeyeonက boyဆိုတော့.....မိန်းကလေး ဖြစ်တဲ့ Sicaနဲ့ အတူနေပြီး ကိုယ်ဝန်ရတာ သိပ်ပြီး အဆင်မပြေလို့လေ ဒီတိုင်းဘဲ Sicaကို မိန်းကလေးပုံစံထားပြီး ရေးရမလား....ပြောပြပေးကြပါအုံး
Bạn đang đọc truyện trên: Truyen3h.Co