Truyen3h.Co

Marriage

Part 19

KimFany059

Sica ရုံးခန်းထဲ အလုပ်လုပ်နေတုံး တံခါးမခေါက်ဘဲ ဝင်လာတဲ့ အသံကြားလို့ ပြောဖို့ လှမ်းကြည့်တော့ သူမရဲ့ ရည်းစားဟောင်း Sunmi ကို တွေ့ရသည်

Sicaလည်း Sunmiရောက်လာတာ သူ့ကိုမပြောဘဲ ဒီအတိုင်း လွှတ်လိုက်လို့ သူ့ဝန်ထမ်းတွေဆီ ဖုန်းဆက်လိုက်သည်

"Nae......"

"ဘာ Naeလည်း မင်းတို့ အလုပ်ကို ဘယ်လိုလုပ်နေတာလည်း လူတစ်ယောက်လုံး အပေါ်တက်လာတာကို ငါ့ကို မပြောဘဲ မဟုတ်သေးပါဘူး အဲ့မိန်းမကို ငါ့ခွင့်ပြုချက်မရဘဲ ဘာလို့ အပေါ်လွှတ်လိုက်တာလည်း "

"ဟို ဟို သူက CEOနဲ့ သိတယ် ပြောစရာမလိုဘူး ပြောလို့"

"ငါနဲ့ သိတယ် ဆိုတိုင်း ဒီတိုင်းလွှတ်ပေးလို့ရလား ငါ့ကို လာသတ်တဲ့သူဆို ဘယ်လိုလုပ်မလည်း"

"တောင်း တောင်းပန်ပါတယ်"

"စောက်သုံးမကျလိုက်တာ"

Sica သူ့ဝန်ထမ်းတွေကို ဆူပြီးနောက် မျက်နှာထား တင်းတင်းနဲ့ Sunmiကို စိုက်ကြည့်ကာ

"ဘာလာလုပ်တာလည်း ထွက်သွား"

Sica မတ်တပ်ရပ်ပြီး မျက်နှာထားတင်းတင်းနဲ့ နှင်ထုတ်ပေမယ့် Sicaကို Sunmi ပြေးဖက်သည်

"ငါ နင့်ကို အရမ်းလွမ်းနေတာ"

"နင့်လက်ကို ငါ့ကိုယ်ပေါ်က ဖယ်စမ်း"

"ဘာလို့လည်း ငါ့ကိုမလွမ်းဘူးလား"

"နင်က ဘာမို့လို့ ငါက လွမ်းရမှာလည်း"

တစ်ဖက်မှာလည်း Fanyမှာ Sicaအတွက် နေ့လည်စာပြင်ပေးပြီး company ကို လာပို့ပေးနေသည်

"Excuse me....Jessicaရဲ့ ရုံးခန်းက ဘယ်ဘက်မှာလည်း မသိဘူး"

"သူနဲ့ ချိန်းထားတာ ရှိလား "

"မရှိပါဘူး ဒါပေမယ့် ကျွန်မက ...."

ဝန်ထမ်းကောင်မလေးမှာ Fanyကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်

ဒီတိုင်း အပေါ်ကို လွှတ်ပြန်ရင်လည်း CEOက အလုပ်ထုတ်တော့မှာဆိုပေမယ့် CEOဆီလည်း ဖုန်းမဆက်ရဲ ခုနမှ ဟောက်ခံထိထားတာဆိုတော့ ဘာလုပ်ရမှန်းမသိပေ

"နာမည်လေး ပြောပြပါလား "

"Tiffany Hwangပါ သူ့ရဲ့ မိန်းမ"

ထိုအခါမှ ဝန်ထမ်းကောင်မလေးလည်း လန့်သွားပြီး

"တောင်းပန်ပါတယ်ရှင် မမှတ်မိလို့ပါ ငါးထပ်မှာပါရှင်"

"ရပါတယ်...... "

Fany ဝန်ထမ်းကောင်မလေးကို နှုတ်ဆက်ပြီး ငါးထပ်သို့ တက်သွားလေသည်

Sicaကို Suprise လုပ်ပေးချင်လို့ တံခါးမခေါက်ဘဲ ရုံးခန်းထဲဝင်သွားမှ Fany suprise လုပ်ခံလိုက်ရသည်

ကောင်မလေးတစ်ယောက်နဲ့ kissing ဆွဲနေတဲ့ Sicaကို မြင်တော့ Fanyလက်က ထမင်းဘူးလေး ပြုတ်ကျသွားသည်

Sicaမှာ Sunmiက ရုတ်တရက်လာနမ်းသောကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားစဉ် အသံတစ်သံကြောင့် လှမ်းကြည့်တော့ မှောက်ကျနေတဲ့ ထမင်းဗူးရယ် မျက်ရည်အဝိုင်းသားနဲ့ သူမကို ကြည့်နေတဲ့ Fanyကို တွေ့ရလေသည်

"Fan Fany....."

Fanyမှာ ဘာမှမပြောဘဲ ရုံးခန်းထဲက ပြေးထွက်သွားလေသည်

"Jess"

"ဟာ ဖယ်စမ်းကွာ မင်းကြောင့် ငါ့မိန်းမ ငါ့ကို အထင်လွဲသွားပြီ"

Sunmiကို ဆောင့်တွန်းပြီး Fany နောက်သို့ Sica ပြေးလိုက်သွားသော်လည်း Companyထဲမှာ Fany မရှိတော့ပေ.....

အိမ်ကိုပြန်သွားလားဆိုပြီး အိမ်ကိုအမြန် လိုက်သွားသော်လည်း Fanyကို Sica မတွေ့ရပေ.....

"Yuri Yuri.....တံခါးဖွင့်​ "

ငိုသံကြီးနဲ့ တံခါးကို တဘုန်းဘုန်းထုနေတဲ့ သူ့သူငယ်ချင်းကြောင့် Yuri ဟင်းချက်နေရာကနေ အမြန် တံခါးကို ပြေးဖွင့်လေသည်

"Fany ah ဘာဖြစ်လာတာလည်း ဟယ် ငိုနေတာလား ဘာဖြစ်တာလည်း နင့်ကို နင့်မယားက နှိပ်စက်လို့လား"

Fanyလည်း ဆိုဖာပေါ် ထိုင်ချပြီး ခေါင်းအုံးသေးသေးလေးကို တဘုန်းဘုန်းရိုက်ကာ

"Jessiလေ မကောင်းတဲ့ မိန်းမ"

"ဟယ် ဘာဖြစ်လို့လည်း"

"ငါ သူ့ကို ထမင်းချိုင့်သွားပို့တော့ ကောင်မလေးတစ်ယောက်နဲ့ သူ့ရုံးခန်းထဲ နမ်းနေတာကို ငါတွေ့ခဲ့တယ်"

"အမလေးဟယ် Play girlက ကောင်မတွေနဲ့ နမ်းတာ ဘာဖြစ်​လို့လည်း"

"အရင်က မဖြစ်ပေမယ့် အခု ဖြစ်တယ် သူ သူ ငါ့အပျိုဘဝကို..... "

"ဘာ နင့်အပျိုဘဝကို ဘာ"

"ငါ့အပျိုဘဝကို သူပိုင်သွားပြီ"

Fany စကားကြောင့် Yuri အရမ်းအံ့သြသွားလေသည်

"Kim Taeyeon ကိုတောင် အထိမခံတဲ့ နင်က....ဘယ်လိုဖြစ်တာလည်း ရှင်းပြပါအုံး"

Fanyလည်း ဂရိမှာ Sicaနဲ့ ဖြစ်ခဲ့တာတွေအကုန်လုံး ပြောပြပြီး Taeyeon နဲ့ ပျက်သွားကြောင်းပါ ပြောပြလေသည်

Sicaလည်း Fany သူ့သူငယ်ချင်းအိမ်မှာ ရှိလောက်တယ်ဆိုပြီး တွေးကာ Yuri အိမ်လိပ်စာ ရှာပြီး ရောက်လာလေသည်

Knock Knock

"ဘယ်သူလဲ"

တံခါးခေါက်သံကြောင့် Yuriလည်း စကားပြောနေရာက ရပ်ပြီး လှမ်းမေးလိုက်သည်

"Jessicaပါ.....Tiffany ရှိတယ်မလား "

"မရှိပါဘူး"

"မလိမ်ပါနဲ့ Tiffany မှာ မင်းကလွဲပြီး သွားစရာမရှိဘူး"

Yuri အိမ်တံခါးကို ဖျက်ပြီး Sica အိမ်ထဲသို့ ဝင်လာလေသည်

ထို့နောက် Fanyကို ပွေ့ချီကာ

"အိမ်တံခါးကို ဖျက်လိုက်ရလို့ အားနာ ပါတယ် ခဏနေမှ လူလွှတ်ပေးလိုက်ပါမယ်"

Yuri ကို တောင်းပန်ပြီး Fanyကို ပွေ့ချီကာ သူ့ကားထဲခေါ်သွားလေသည်

"ဘာလုပ်တာလည်း လွှတ်"

"ကိုယ့်မိန်းမကို လာခေါ်တာ မခေါ်ရဘူးလား"

Fanyကို ကားခါးပတ်ပတ်ပေးရင်း Sicaပြန်ပြောလိုက်သည်

"မရဘူး ကိုယ့်ဘာသာကိုယ် တခြားကောင်မတွေနဲ့ နေစမ်းပါ"

"Come on Fany Jealous မဖြစ်ပါနဲ့ သူက ငါ့ရည်းစားဟောင်းပါ သူကအရင်လာနမ်းတာ ငါ တွန်းလွှတ်မလို့လုပ်ရင်း မင်းမြင်သွားတာ"

Fany ဘာမှပြန်မပြောဘဲ နှုတ်ခမ်းကိုစူထားတော့ Sicaလည်း အသည်းယားလာပြီး Fanyရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်

Fanyလည်း Sica အနမ်းကို မငြင်းဆန်နိုင်ဘဲ စိတ်ဆိုးနေရာကနေ ပြန်ပြီး နမ်းမိနေပြန်သည်

Bạn đang đọc truyện trên: Truyen3h.Co