Part 20
"Shit.. ..Jessica Jungရေ fake wedding လုပ်တယ် ဟုတ်လား အဘိုးသာသိလို့ကတော့....ကျွတ်"
Krystalမှာ သူ့အမက ဟန်ဆောင်ပြီး လက်ထပ်တာကို Hyoyeonဆီက သိပြီး စိတ်တိုနေ၏
Sica အလုပ်မှာ အလုပ်လုပ်နေရင်း သူ့ညီမဆီက ဖုန်းလာလို့ကိုင်လိုက်သည်
"Hello Kry...."
"What the hell Jessica....Fake Wedding ဟုတ်လား"
"ဟင် နင် ဘယ်လိုသိတာလည်း"
"ဘယ်လိုသိတာလည်းက အရေးမကြီးဘူး ဘာလို့ အဲ့လိုလုပ်ရက်တာလည်း"
"ငါမှ လက်မထပ်ချင်တာ"
"အဘိုးသိသွားရင် ဘယ်လိုလုပ်မလည်း.... "
"နင်သာ ပါးစပ်ပိတ်ထားရင် အဘိုးက မသိဘူး Krystal"
"Chawကို လာမပြောနဲ့..... အဘိုးကို ပြောပြဖို့ အစီအစဉ် မရှိဘူးဆိုပေမယ့် "
"ဘာဖြစ်လည်း"
"Sunmiနဲ့အလုပ်လုပ်ရမယ် ....Unnie Fany Unnieကို မချစ်ဘူးမလား Unnie ချစ်တာ Sunmi လေ"
"ချစ်ခဲ့တာပါ သူက ငါ့ကိုထားသွားတာလေ"
"Whatever အဆက်ဟောင်းကြီးနဲ့ အချိန်တိုင်း တွေ့ရမှာမို့ ပျော်လိုက်တော့"
"ဘာ....ဘာပြောချင်တာလည်း"
"Sunmi မနက်ဖြန်ကစပြီး Unnieရဲ့ အတွင်းရေးမှူးဖြစ်သွားပြီ"
"ဘာ ဘယ်လို ဘယ်လို ငါ့အတွင်းရေးမှူးဟုတ်လား ငါ့သဘောတူညီချက်လည်းး မရဘဲ"
"Unnie သိပါတယ် သူက chawရဲ့ ကျောင်းတုန်းက Dance clubရဲ့ စီနီယာလေ... နိုင်ငံခြားက ပြန်လာတော့ အလုပ်မရှိလို့ဆိုပြီး chawကို လာပြောလို့"
"ကွာ နင် နင် ငါ့ကိုမပြောဘဲ"
"Bye"
Krystal သူ့အမ မအော်ခင် ဖုန်းကို အမြန်ချလိုက်သည်
"Shit ဘဲ "
Sica စိတ်ရှုပ်ပြီး ဖုန်းကိုလွှင့်ပစ်လိုက်သည်
Sunmiမှာ Sicaရဲ့ ရုံးခန်းထဲ မဝင်ခင် သူ့အင်္ကျီပုံစံကို သေချာလုပ်လိုက်သည်
"ခုနှစ်နှစ် ကြာပြီး နောက်ဆုံးတော့...... "
Sunmi styleကျကျနဲ့ တံခါးဖွင့်ပြီး ရုံးခန်းထဲ ဝင်ပေမယ့် Sicaက သူမကို တချက်လေးတောင် မော့မကြည့်သောကြောင့် နှုတ်ခမ်းစူကာ သူ့ထိုင်ခုံမှာ ထိုင်လိုက်သည်
"Daebak....ခုနှစ်နှစ်အတွင်းမှာ နင် အခုလို အောင်မြင်လာမယ်လို့ ဘယ်သူက တွေးမိမှာလည်းး"
Sunmi စကားစပေမယ့် Sica ဘက်က ဘာမှပြန်မပြောပေ.. .
"အဘိုးရော ဘယ်လိုလည်း သူ့ကိုမတွေ့တာ အတော်ကြာပြီ "
Sica ထိုင်ရာကနေ ထပြီး Sunmi လက်ကို ဆောင့်ဆွဲခေါ်ကာ နံရံဘက်တွန်းပြီး
"မင်း ဘာလို့ပြန်လာတာလည်း...ငါ့ဘဝကို ထပ်ပြီး ရှုပ်မလို့လား"
Sicaရဲ့ ရုတ်တရက် အပြုအမူကြောင့် Sunmi လန့်ပြီး မျက်ရည်တွေဝဲလာသည်
"ငါ တောင်းပန်ပါတယ် Jessica "
"တောင်းပန်ပါတယ် ဟုတ်လား ဒါဆို ဘာလို့ မင်း ပြန်လာသေးလည်း"
Sica စိတ်တိုပြီး အော်လိုက်သည်
"ငါ ငါ နင့်ကို သတိရလို့ လွမ်းလို့ ချစ်လို့ ပြန်လာတာပါ"
"ချစ်တယ် ဟုတ်လား ချစ်တယ်ဆို ဘာလို့ထားသွားရတာလည်း ဟမ်"
"ထွက်သွားရတဲ့အချိန်တုံးက ငါက ငယ်သေးတယ်လေ ပြန်လာလို့ ဘယ်အခွင့်အရေးရမလည်း"
"ထွက်သွား "
Fany ရုပ်ရှင်ကြည့်ရင်း အန်ချင်လာလို့ ရေချိုးခန်းဘက် ပြေးအန်လိုက်သည်
ထို့နောက် ရေသောက်ချင်လို့ မီးဖိုခန်းဘက် ရေဝင်သောက်ရင်း အရင်က ငါးဟင်းမုန်းတဲ့ Fanyမှာ Sicaအတွက် ကြော်ထားတဲ့ ငါးကြော်ကိုကြည့်ပြီး စားချင်လာလို့ ထိုင်စားလိုက်သည်
ကားစက်သံကြားလို့ Fany ဧည့်ခန်းဘက် ထွက်လာတော့ အလုပ်ကပြန်လာတဲ့ Sicaကိုတွေ့ရလေသည်
"ညစာစားတော့မလား Jessi ဒါမှမဟုတ် တခုခုစားချင်လား"
Sicaကို Fany ပြုံးပြပြီး မေးလိုက်သည်
"မစားချင်ဘူး "
Fanyကို ရုပ်တည်နဲ့ကြည့်ပြီး လေသံမာမာနဲ့ပြောကာ အခန်းထဲကို ဝင်သွားလေသည်
"Sica ဘာဖြစ်နေတာလည်းမသိဘူး အလုပ်မှာ ပင်ပန်းလာလို့နေမှာပါလေ.."
Krystal မျက်နှာကြက်ကို စိုက်ကြည့်ရင်း
"Sunmi Unnieအတွက် လုပ်ပေးပေမယ့် Fany Unnieကို အားနာလိုက်တာ.....ဘယ်လိုလုပ်ရမလည်း Unnieက ခုထိ Sunmi Unnieကို ချစ်နေတုံးထင်တယ်"
Krystal အတွေးလွန်နေစဉ် ဖုန်းမြည်သံကြောင့် လန့်သွားသည်
ဖုန်းခေါ်တဲ့သူကို ကြည့်လိုက်သော Sunmiဖြစ်နေသည်
"Nae Unnie "
"Krystal....သူ ဘာလို့ Unnieအပေါ် အရမ်းသွေးအေးပြီး စိတ်ဆိုးနေရတာလည်း"
"Chawကို မမေးနဲ့လေ Unnie ကိုယ့်ကို မေးကြည့် Sica Unnieကို ထားသွားတာ ဘယ်သူလည်း '
" ငါ့အမှားအတွက် ပြင်ဆင်ဖို့ ငါပြန်လာပြီလေ....ဒါနဲ့ သူက Tiffanyဆိုတဲ့ သူ့မိန်းမကို သဘောကျတာလား"
"မသိဘူးလေ ဘာလို့မေးတာလည်း"
"ငါတို့နမ်းနေတာကို အဲ့မိန်းကလေး မြင်သွားတော့ Sica အရမ်းလန့်သွားပြီ ငါ့ကိုအော်လွှတ်တာ"
"မသိဘူးလေ သူတို့ relationship အကြောင်း.... . ဒါပေမယ့် Unnie.. .Sica unnieက စိတ်မပါဘူးဆို ဆက်မနှောင့်ယှက်ပါနဲ့ chawက အလုပ်ကိစ္စဘဲ ကူညီမှာ Sica Unnieနဲ့ပတ်သက်ရင် အကူအညီမပေးနိုင်ဘူး ဒါဘဲနော် ညနက်နေပြီမို့"
Krystal အမြန်ဘဲ စကားစဖြတ်ပြီး ဖုန်းချလိုက်သည်
One week later...
Sica အရင်ကလိုဘဲ club တက်လိုက် အင်္ကျီပေါ်မှာ နှုတ်ခမ်းနီရာတွေ နဲ့ အိမ်ပြန်လာသည်
Fany မှာ Sica သူ့အပေါ်သွေးအေးသွားပြီဆိုပြီး နေ့တိုင်း ငိုခဲ့ရသည်
Sicaကလည်း သူမက fanyကို ဟန်ဆောင်ပြီး လက်ထပ်တာကို Fanyသိရင် ပိုနာကျင်မှာဆိုးလို့ ခုကတည်းက သွေးအေးအေးဆက်ဆံမှဖြစ်မယ်ဆိုပြီး Fanyကို ရှောင်ဖယ်နေသည်....
ခုလည်း အိမ်ပြန်ရောက်ရောက်ချင်း Fanyက ဇွတ်ညစာစားဖို့ခေါ်နေတုံး Sunmiဆီက ကလပ်တက်ဖို့ ခေါ်နေတဲ့ Message ဝင်လာလို့ ထမင်းဝိုင်းက ထသွားလိုက်သည်
"Sunmiရဲ့ အဲ့လို ခပ်မိုက်မိုက်ပုံစံကို သဘောကျလိုက်တာ "
နောက်တနေ့ မနက် Fany တစ်ယောက်တည်း မနက်စာ စားရင်း အန်ချင်လာလို့ ဆေးရုံသွားပြရန် yuriဆီဖုန်းဆက်လိုက်သည်
Yuriက ဖုန်းမကိုင်သောကြောင့် Taeyeon ဆီ Fany phဆက်လိုက်သည်
"Hello Fany.. "
"Tae Taeလား ....Fany နေသိပ်မကောင်းလို့လေ ဆေးရုံသွားပြချင်လို့ လိုက်ပို့ပေးပါလား "
"Ok ကိုယ်လာခေါ်မယ်...."
ဆေးရုံတွင် ဆရာဝန်မှာ Fany ပြောတာတွေ နားထောင်ပြီး စမ်းသပ်ကြည့်လိုက်သောအခါ
"Congratulations Mr.Kim....Tiffanyမှာ ကိုယ်ဝန်သုံးပတ်ရှိနေပါပြီ....."
ဆရာဝန်ရဲ့ စကားကြောင့် နှစ်ယောက်လုံးအံ့သြပြီး လန့်သွားကြသည်
ဆေးရုံကအပြန်တွင်
"Tae ဘယ်လိုလုပ်ရမလည်း ငါ Jessi ကိုမပြောရဲဘူး"
"အေးအေးဆေးဆေးလေး ပြောကြည့်လိုက်ပါ ရမှာပါ
သို့သော်လည်း Sicaက သူမကို ဟန်ဆောင်ပြီး လက်ထပ်ထားမှန်း Krystalနဲ့ ဖုန်းပြောတုံးက Fany ကြားခဲ့ရသောကြောင့် ယခု ကိုယ်ဝန် ရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး Fany ဘာလုပ်ရမှန်းမသိတော့ပေ.
Author note : author ဟိုးတခါတုံးက အကြံတောင်းခဲ့ဖူးပါတယ် ဇာတ်လမ်းပုံစံပြောင်းပြီး ဇာတ်နာစရာလေးရှိလို့ Sicaကို ယောင်္ကျားလေး လုပ်ခိုင်းရမလား မိန်းကလေးအတိုင်း ထားရမလားမေးဖူးပါတယ် မိန်းကလေးအတိုင်း ဆက်ရေးဖို့ပြောလို့ မိန်းကလေးအတိုင်း ဆက်ရေးပေမယ့် အခု ကိုယ်ဝန်ကို Taeyeonနဲ့ရတယ်ထင်နေကြတယ် Authorရေးခဲ့တဲ့အပိုင်းတွေထဲ Taeyeon နဲ့ Fany အတူနေတဲ့ အပိုင်းလုံးဝမပါဘူးနော် ဒီကိုယ်ဝန်က Sicaနဲ့ ရတာပါ မိန်းကလေးချင်းဘယ်လိုရလည်း မဖြစ်နိုင်ဘူးလို့ တွက်ကပ်တွေးမယ်ဆိုလည်း ဒါက စိတ်ကူးယဉ် ရေးသားထားတဲ့ Fanficပါ အားလုံးကို ကျေးဇူးတင်ပါတယ်
Bạn đang đọc truyện trên: Truyen3h.Co