Part-3
"မင်း လက်ထပ်ရတော့မယ် Sica......"
Mr.Jung ချောင်းဟန့်ပြီး ထပ်ပြောသည်
"ဘာလို့ ကျွန်တော်က လက်ထပ်ရမှာလည်း....."
Sica စိတ်တိုနေတဲ့ အသံနဲ့ အော်လိုက်သည်
"မင်းရဲ့ မိဘတွေက မင်းမမွေးခင်ကတည်းက ဒီဆုံးဖြတ်ချက်ကို ချထားကြတာ သမီး...."
Sica စကားကို ဆက်မပြောဘဲ အခန်းထဲက ထွက်သွားလိုက်သည်
"Unnie Unnie....."
Krystal သူ့အမနောက်ကို ပြေးလိုက်လေသည်
ခြံထဲက ပြေးထွက်လာပြီး သူ့အမနောက်ကို ပြေးလိုက်ပေမယ့် Sicaမှာ ကားနဲ့ ထွက်သွားခဲ့ပြီ ဖြစ်သည်
"Ash......"
Krystal စိတ်တိုတိုနဲ့ ခြေဆောင့်လိုက်သည်....သို့သော် ခြေချော်ပြီး လဲကျသွားသည်
"ရလားဗျာ့ အဆင်ပြေရဲ့လား....."
တစ်စုံတယောက် ရောက်လာပြီး Krystalကို ထူကာ ပြောလိုက်သည်
"Nae....အဆင်ပြေပါတယ်....."
Krystal သူ့ကို ထူပေးတဲ့သူကို မော့ကြည့်တော့
"Omo.....ချောလိုက်တာ........"
စိတ်ထဲကနေ ရေရွတ်လိုက်သည်
"ဟေး လမ်းလျှောက်နိုင်ရဲ့လား........"
"Nae လျှောက်နိုင်ပါတယ်....."
Krystal ပြောပြီး လမ်းလျှောက်ဖို့လုပ်သော်လည်း ခြေထောက်က တအားနာနေသောကြောင့် မလျှောက်နိုင်ပေ.....
"Ah fuck....."
"Come on....."
ထိုလူမှာ Krystalကို ကျောပိုးလိုက်သည်
"Yah yah အောက်ချ....ဘာလုပ်တာလည်း...."
"Ah လေးရတဲ့အထဲ မရုန်းပါနဲ့ဗျာ့....."
"....."
"ဟေး....မင်း နာမည်က ဘယ်လိုခေါ်လည်း.........."
"Krystal....."
"ရှင့်နာမည်ရော......"
ထိုလူမှာ ဘာမှမပြောဘဲ Krystalကို သူ့အိမ်ရှေ့ချပေးကာ ထွက်သွားလေသည်
"Wow Sica....ဒီနေ့တော့ clubကို အစောကြီး ရောက်နေပါလား ခါတိုင်းဆို ညနက်မှ လာတတ်တဲ့သူက....."
Sicaရဲ့ သူငယ်ချင်းဖြစ်သူ club ပိုင်ရှင်မှာ မေးလိုက်သည်
"Shut up Hyo....အဲ့အစား ၀ီစကီ တစ်ပုလင်း ချပေး....."
"ဘာဖြစ်လာလို့လည်းဟ..."
Hyoyeon ၀ီစကီ ငှဲ့ပေးရင်း မေးလိုက်သည်
"အဘိုးလေ ငါ့ကို ဆော်တစ်ယောက်နဲ့ အတင်း လက်ထပ်ခိုင်းနေတာ......"
Sica ပြောပြီး ၀ီစကီတစ်ခွက်ကို ကောက်မော့လိုက်သည်
ထိုစဉ် ကောင်မလေးတစ်ယောက် Sicaဆီသို့ လျှောက်လာလေသည်
"Hey Jess....တစ်ယောက်တည်းလား နင့်အဖော် လုပ်ပေးရမလား....."
"Shut up....ငါ စိတ်မပါသေးဘူး ထွက်သွား.. ..."
Sica အော်လိုက်သောကြောင့် ကောင်မလေးမှာ မျက်နှာငယ်လေးနဲ့ ထွက်သွားလေသည်
"Sica yah နင် အသေအော်တာဘဲ ကောင်မလေး သနားပါတယ်......"
Sicaကတော့ ဂရုမစိုက်ဘဲ ၀ီစကီသာ ထပ်မော့နေလိုက်သည်
"Taeng... နင် အပြင်မှာဘဲ စောင့်ပေးနော်......"
Fany ပြောတော့ Taengလည်း ခေါင်းညိတ်ပြလိုက်သည်
Fany သူ့မိသားစု အိမ်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်
သူရောက်နေတာသိတော့ Maid တွေမှာ အပြေးအလွှား လာကြိုကြသည်
"Omo ငါ့သမီးလေး မတွေ့တာတောင် မတော်ကြာပေါ့...."
Fanyရဲ့ အမေမှာ Fanyကို ဖက်ကာ ပြောလိုက်သည်
Fanyတို့ မိသားစု ညစာအတူစားနေကြစဉ် Mrs.Hwang ချောင်းဟန့်ကာ စကားစလိုက်သည်
"Fany သမီးကို ဘာလို့ ခေါ်ရလည်းဆိုတဲ့ အကြောင်းအရင်း သိချင်မှာပေါ့ ဒါကြောင့် လိုရင်းဘဲ ပြောတော့မယ်နော်......"
Fany ထမင်းစားရာက ရပ်ပြီး သူ့အမေကို ကြည့်လိုက်သည်
"Omarတို့ လုပ်ငန်းကလည်း တနေ့တခြား ဆိုးရွားလာတယ်....."
"အဲ့တာကို Chaw ဘာလုပ်ပေးရမှာလည်း........"
"သမီးကဘဲ Omarတို့ကို ကယ်တင်ပေးနိုင်တော့မှာ......."
"ဘယ်လိုကယ်တင်ပေးရမှာလည်း သမီးတောင် အဘိုးတို့အဘွားတို့ လုပ်ပေးတဲ့ဆိုင်လေးဘဲ ပိုင်တာလေ......Omarတို့ကိုလည်း ပေးတယ်လေ မလုံလောက်လို့လား....."
"အင်း.....Appa သူငယ်ချင်းရဲ့သမီးနဲ့ လက်ထပ်ပေးပြီး Appaတို့ကို ကယ်တင်ပေးပါ သမီးရယ်......"
Mr.Hwang စကားကြောင့် Fany ထမင်းတွေ သီးကုန်သည်
"ဘယ်လို လက်ထပ် ရမယ် ဟုတ်လား သမီးက ဘယ်သူနဲ့ လက်ထပ်ပေးရမှာလည်း.....မိန်းကလေး ဟုတ်လား Appaတို့ သမီးကို လုပ်ချင်သလိုလုပ်နေပြန်ပြီလား......"
Fany စိတ်ပျက်ပြီး ထမင်း ဆက်မစားဘဲ ထမင်းဝိုင်းကနေ ထပြန်ခဲ့လိုက်သည်
Bạn đang đọc truyện trên: Truyen3h.Co