Truyen3h.Co

Marriage

Part-5

KimFany059

Fanyမှာ စိတ်​ညစ်​ညစ်​နဲ့ သူ့သူငယ်​ချင်း Yuriကို ရင်​ဖွင့်​ကာ ငို​လေ၏

"မငိုပါနဲ့ Fanyရယ်​ ...."

Yuriမှာ Fanyကို ဖက်​ကာ နှစ်​သိမ့်​​လေ၏

ထိုစဉ်​ ဖုန်းမြည်​လာ​သော​ကြောင့်​ Fanyမှာ Yuri ကို ဖက်​ထားရာမှ ခွာပြီး Taeyeonဆက်​တယ်​ထင်​ပြီး ​ပျော်​လို့ ဖုန်းကိုကြည့်​လိုက်​​တော့ သူ့အ​မေဆီက ဖြစ်​​နေသည်

"Hello Omma....."

"သမီးရဲ့ အိမ်​​ထောင်​ဖက်​နဲ့ ညကျ ​တွေ့ဖို့ရှိတာမို့ လှလှပပ​လေး ၀တ်​စားခဲ့ပါ......"

"Nae Omar....."

Fany သက်​ပြင်းချပြီး ဂါဝန်​လှလှ​လေး ၀တ်​ကာ မှန်​ထဲကို ကြည့်​လိုက်​သည်

တ​ညလုံး ငိုထားရလို့ Fany မျက်​လုံးမှာ နီရဲပြီး ​ဖောင်းမို့​နေ၏

Fanyမှာ မိတ်​ကပ်​​တွေနဲ့ ဖုံးကာ သက်​ပြင်းချလိုက်​သည်

ထို့​နောက်​ ဖုန်းကို ဖွင့်​ကြည့်​လိုက်​သည်

သို့​သော်​ သူမ ​မျှော်​လင့်​ထားတဲ့ Taeyeon​ဆီက message ​မ​တွေ့ရလို့ ၀မ်းနည်းသွား​လေသည်

ကား​သော့ကို ​ကောက်​ယူပြီး အိမ်​တံခါးကို ​သော့ခတ်​လိုက်​သည်

"ကိုယ့်​ကို ဘယ်​သွားမယ်​ဆိုတာ မ​ပြောဘဲ ထွက်​သွား​တော့မလို့လား....."

Fanyမှာ Taeyeon ရဲ့ အသံကြားရ​တော့ အရမ်း​ပျော်​သွား​လေသည်

"Taeng....."

Fanyမှာ အရမ်း​ပျော်​လို့ Taeyeonကို ​ပြေးဖက်​​လေသည်

"မ​နေ့ကအတွက်​ ​တောင်းပန်​ပါတယ်​​နော်​ ငါတကယ်​​တောင်းပန်​ပါတယ်​"

"မဟုတ်​တာ ​တောင်းပန်​ရမယ့်​သူက ကိုယ်​ပါ​နော်​......မင်းကို ​အော်​မိတဲ့အတွက်​ ​တောင်းပန်​ပါတယ်​.....ကိုယ်​ မင်းနဲ့ ရန်​မဖြစ်​ချင်​​ဘူး မင်း လက်​ထပ်​ထပ်​ မထပ်​ထပ်​ ကိုယ်​ ဂရုမစိုက်​ပါဘူး မင်း ဘာဖြစ်​​နေ​နေ မင်းအနားမှာ ကိုယ်​အမြဲရှိတယ်​.....ဒါ​ကြောင့်​ မငိုနဲ့​တော့​နော်​ မိတ်​ကပ်​​တွေ ပျက်​ကုန်​မယ်​....."

Taeyeon​ပြောပြီး Fanyရဲ့ မျက်​ရည်​​တွေကို သုတ်​​ပေး​လေသည်

"​နေပါအုံး Dinner အ​ကြောင်း ဘယ်​လိုသိလည်း....."

"Yuri ​ပြောပြတယ်​​လေ "

Taeyeon ပြုံးပြီး ​ပြောလိုက်​သည်

"Unnie....Unnieရဲ့ သတိုးသမီးကို ​ပေါက်​ကရ​တွေ မ​ပြောနဲ့​နော်​ ​ပြောရင်​ chawနဲ့​တွေ့မယ်​....စားမယ့်​ဟင်းထဲ သခွား​သီး​တွေ ထည့်​ပစ်​မှာ...."

Krystal သူ့အမကို မျက်​​စောင်းထိုးကာ ​ပြောလိုက်​သည်

"Nae....."

Sica ရွဲ့ပြီး ​ပြောလိုက်​သည်

"ဒါနဲ့ Unnieရဲ့ သတို့သမီးက အရမ်း​ချောတာမို့ စိတ်​ပူမ​နေနဲ့....ရုပ်​ဆိုးမကြီးများ ဖြစ်​​နေမလားဆိုပြီး......အ​လောင်းအစားတခု လုပ်​ကြမလား....Unnieက သူ့ကို သ​ဘောကျမိသွားရင်​ chawကြိုက်​တာ ၀ယ်​​ပေး အကယ်​၍ chaw ရှုံးသွားရင်​ Unnir ခိုင်းသမျှ လုပ်​​ပေးမယ်​....."

"Ok ငါ သူ့ကို လက်​ဖျားနဲ့​တောင်​ မထိဘူး....."

"Aigoo သူ့ကို မေ​တွ့ရ​သေးဘဲ စကားကြီးစကားကျယ်​​တွေ မ​ပြောပါနဲ့.. ..."

"ရှုံးဖို့ပြင်​ထားပါ Krystal......."

"Miss Jung....ဧည့်​သည်​​ရောက်​​နေပါပြီ...."

Maid ​လေးက လာ​ပြောလို့ Krystal အခန်းထဲက ထွက်လာကြသည်

"Annyeonghasayo.. ......."

Krystal ထွက်​လာပြီး ဧည့်​ခန်းထဲတွင်​ ထိုင်​​နေကြတဲ့ Kim မိသားစုကို နှုတ်​ဆက်​လိုက်​သည်

ထို့​နောက်​ ဂါဝန်​အနီ​ရောင်​​လေးနဲ့ ထိုင်​​နေတဲ့ Fanyကို ကြည့်​ပြီး
"Tiffany Unnieလားရှင့်​ ​တွေ့ရတာ ၀မ်းသာပါတယ်​ Krystal လို့​ခေါ်ပါတယ်​...."

Krystal မှာ Fany လက်​ကို ဆွဲပြီး နှုတ်​ဆက်​လိုက်​သည်

"​တွေ့ရတာ ၀မ်းသာပါတယ်​....."

"Unnie က ခဏ​နေရင်​ ထွက်​လာ​တော့မှာပါ ထိုင်​ကြပါအုံး​နော်​....."

Krystalနဲ့ Mr.Kimတို့ ​ဆေးရုံတက်​​နေရတဲ့ Mr.Jung အ​ကြောင်း​ပြော​နေကြစဉ်​ Fanyမှာ​တော့ Taeyeon အ​ကြောင်း​တွေး​နေ၏

"​စောင့်​ခိုင်းထားရလို့ အားနာပါတယ်​....."

"Unnieကို ​ခဏ​နေထွက်​လာပါလို့ ​ပြော​နေတဲ့ဟာကို......"

"ငါ လုပ်​စရာ​လေးရှိလို့ပါဟ ​တွေ့ရတာ ၀မ်းသာပါတယ်​​နော်​....."

Sica​ပြောပြီး Mr.Kimတို့ကို ​ခေါင်းငုံ့ကာ နှုတ်​ဆက်​လိုက်​သည်

Mr.Kimတို့နဲ့ Jung sistersတို့ ညစာအတူစား​နေကြသည်​....Fanyမှာ​တော့ မကြာခင်​ လက်​ထပ်​ရမယ့်​ မမအနားမှာ ထိုင်​​ရသည်

"Unnie....Fany Unnie ပျင်း​နေမှာ​ပေါ့ အိမ်​ကို လိုက်​ပြလိုက်​အုံး​လေ....."

"Ash....."

Jetiတို့ ထမင်းဝိုင်းက​နေ ထပြီး Sicaမှာ Fanyကို အိမ်​ခန်း​တွေလိုက်​ပြ​လေ၊း၊

"လက်​ထပ်​ပြီးတာနဲ့ဘဲ ငါ နင့်​ကို ငါ့ရဲ့ ​ဇနီးမိန်းမလို သ​ဘောထား မဆက်​ဆံဘူး​နော်​....."

"Awe....."

"ဘာ​ပြောတယ်​.. ..."

"Nothing...."

Fany ပခုံးတွန့်​ပြကာ ပြုံးလိုက်​သည်

"နင်​က​တော့ ငါနဲ့ လက်​ထပ်​ရလို့ ​ပျော်​ရင်​​ပျော်​​နေမှာ​ပေါ့......"

"အမှန်​တိုင်း ​ပြောရရင်​​လေ နင်​ ဘယ်​သူမှန်းကို ငါမသိဘူး စိတ်​လည်းမ၀င်​စားဘူး.....ငါမသိတဲ့လူ​နဲ့ တသက်​လုံး​နေသွားရမှာ စိတ်​ညစ်​တာ..."

"What the fuck...."

Sicaမှာ Fanyရဲ့ စကား​ကြောင့်​ စိတ်​တိုပြီး Fanyကို နံရံဘက်​သို့ တွန်းလိုက်​သည်

ထို့​နောက်​ Fany မျက်​နှာနားသို့ တဖြည်းဖြည်း နီးကပ်​လာရင်း
"နင့်​ဘ၀တစ်​​လျှောက်​လုံး ငရဲမှာ​နေ​နေရသလို ခံစားရ​အောင်​ လုပ်​ပြမယ်​....."

Sica ကြိမ်းဝါးပြီး မဲ့ပြုံးပြုံးပါ ထွက်​သွား​လေသည်

Bạn đang đọc truyện trên: Truyen3h.Co