Part 1
အဲ့ဒီအရာက Winter အတွက် ဘယ်တော့မှ ရပ်တန့်မသွားဘူး...Winter ကို အမြဲ အမဲလိုက်ပြီး စုတ်ဖြဲနေသလိုပင်
Mr.Yu ရဲ့ အော်သံ....သွေးအိုင်ထဲက Mrs.Yuရဲ့ ပုံရိပ်တွေကို စိတ်ထဲကနေ လုံးဝဖျောက်ဖျက်ထားလို့ မရဖြစ်နေတယ်
အိပ်မက်ဆိုးတွေ ခဏခဏမက်လွန်းလို့ တစ်နေ့ကို သုံးလေးနာရီတောင် အိပ်ဖို့ အနိုင်နိုင်ရယ်
Winter zombie တစ်ကောင်လို အသက်မပါဘဲ လမ်းလျှောက်နေမိတယ်
အခု သူက Yizhuoနဲ့အတူနေနေတာလေ
Karinaက ကလဲ့စားချေတဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေချိန် Yizhuoက ဘဏ်ထဲက ပိုက်ဆံတွေ ခိုးထုတ်ပြီး Winterကိုခေါ်ထုတ်လာခဲ့တာ
သူတို့ပုန်းခိုနေတာကို မတွေ့ဖို့အတွက် အလွယ်တကူရှာမတွေ့ဖို့ လိုအပ်မှ ငွေသားနဲ့ ပစ္စည်းဝယ်တယ် cellphoneတွေ သုံးတာမျိုး မလုပ်ဘဲ နေသည်
ဒီတစ်ခါတော့ အခင်ဆုံးသူငယ်ချင်း Yizhuo အနားမှာရှိနေလို့ အရင်ကလို အထီးကျန်မှုကို Winter သိပ်မခံစားရတော့ဘူးလေ
အရင်ကလိုသာ တစ်ယောက်တည်းထပ်လုပ်ရမယ်ဆိုရင် ပုန်းနေရမယ်ဆိုရင် Winter အထီးကျန်လို့ သေချင်နေမိမှာ
Colorado ဆိုတဲ့နေရာလေးမှာ Winterတို့ အရင်မြို့နယ်ပြည်နယ်ကထက် ပိုပြီး ကြာကြာလေးပုန်းနေမိတယ် ဘာလို့လည်းဆိုတော့ တစ်ခြားနေရာတွေထက် လုံခြုံသလို Winter ခံစားရလို့လေ
Winter ကျောက်ပြားပေါ်မှာ ထိုင်ရင်း ကောင်းကင်ကနေမင်းကြီးကို ငေးကြည့်နေမိသည်
ငှက်ကလေးတွေ တေးသီဆိုတာ နားထောင်ရင်း သီချင်းလေးကလည်း လိုက်ညည်းမိသေးသည်
ဒီတစ်ချိန်ဘဲ Winter အတိတ်ကိုသတိမရမိဘဲ စိတ်အေးချမ်းသလို နေနိုင်တာ
မနက်မိုးလင်းတာနဲ့ ပေါက်တက်ကရ မတွေးမိအောင် Winter နိုးတာနဲ့ လေ့ကျင့်ခန်းလုပ်တယ် ကောင်းကင်ကနေမင်းကို အကြာကြီး ငေးကြည့်ဖြစ်တယ် ပြီးတော့ ကျောက်ပြားပေါ် မတ်တပ်ရပ်ပြီး ပုံမှန်ဖြစ်တဲ့ နေ့တစ်နေ့လေး အစပြုနိုင်ပါစေလို့ ဆုတောင်းဖြစ်တယ်
"နေကြီးကို သဘောကျနေတာလား အချစ်လေး "
Winter သူရင်းနှီးတဲ့အသံကြောင့် လန့်ပြီး အနောက်ကို လှည့်ကြည့်မိသည်
Karina....Karina က သူ့ကို မဲ့ပြုံးပြုံးပြပြီး ကြည့်နေတယ်
"Ka...Ka "
Winter ကြောက်လွန်းလို့ စကားတွေတောင် ဆက်မပြောနိုင်ပေ
"မင်းကို တော်တော်လေးရှာလိုက်ရတာဘဲ Minjeong "
Karina စိတ်ပျက်နေတဲ့ပုံနဲ့ခေါင်းခါယမ်းပြီး Minjeongဆီ နီးကပ်အောင် ခြေလှမ်းတွေ တိုးလာသည်
Winter ကျောက်ပြားပေါ်ကနေ အောက်ကို ခုန်ချရမလား စဥ်းစားနေမိသည်
ကျောက်ပြားပေါ်က ခုန်ချမိရင် ခြေချင်းဝတ်ခိုက်မိပြီး သူပြေးနိုင်မှာမဟုတ်ဘဲ Karinaရဲ့ လက်မှာဘဲ ဖမ်းခံရမယ်ဆိုတာလည်း Winter တွေးမိသည်
Karinaက ရှေ့ကို တိုးလာလေ Winter အနောက်ကို ခြေတစ်လှမ်းဆုတ်မိသည်
"အချစ်လေး မင်း ဥာဏ်ကောင်းတယ်ဆိုတာ တို့သိပါတယ်ကွယ် မင်း အဲ့အပေါ်ကနေ ခုန်ချရင် ကိုယ့်ကိုကိုယ် နာအောင်လုပ်တာနဲ့ အတူတူဘဲနော် ပြီးတော့ ခုန်ချလည်း တို့က မင်းကို ဖမ်းမိမှာဘဲ "
Karina ရဲ့ စကားလည်းဆုံးရော Winter အသက်ပြင်းပြင်းရှုပြီး ခုန်ချလိုက်သည်
ဟား.....
Karina သက်ပြင်းချပြီး သူကပါ ကျောက်ဆောင်ပေါ်ကနေ ခုန်ဆင်းလိုက်သည်
"အရမ်း လွယ်လွန်းနေတယ် အသည်းရယ်"
Karinaက အနောက်ကလိုက်လာတော့ Winter ထော့နင်းထော့နင်းနဲ့ ပြေးရာက ရပ်လိုက်တယ်
မဟုတ်ရင်လည်း သူ ခြေထောက်နာနေလို့ ပြေးလို့လွတ်မှာ မဟုတ်ဘူးလေ
Winter သူ့ဘောင်းဘီအိတ်ကို နှိုက်ပြီး လေ၏လျှင်မြန်ခြင်းနဲ့အတူ အိတ်ထဲက သေနတ်ကို ဆွဲထုတ်ကာ Karina ဘက်လှည့်ပြီး သေနတ်နဲ့ ချိန်လေသည်
ဒါပေမယ့် Winter ဘယ်လောက်ထိကြောက်နေလည်းဆိုတာ Karina မြင်နေရတယ် ဘာလို့လည်းဆို သေနတ်ကိုင်ထားတဲ့ Winterရဲ့ လက်တွေက တုန်ရီနေတယ်လေ
ပြီးတော့ Winter ဘာတွေးနေလည်းဆိုတာ Karina သိတယ် သူ့ကို Winter မပစ်ရဲဘူး.....
Winterက Karinaနဲ့မတူဘူး...သူ့ကိုယ်သူ ကာကွယ်ဖို့ဆိုရင်တောင် သူတစ်ပါးကို မပစ်ရက်ဘူး
သစ်ကိုင်းခြောက်တွေ နင်းတဲ့အသံကြောင့် Winter တစ်ဖက်ကို လှည့်ကြည့်တော့ သူ့ကို သေနတ်နဲ့ ချိန်ထားတဲ့ အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားကို တွေ့ရသည်
Winter ချက်ချင်းဘဲ Karina ကို ချိန်ထားရာကနေ ထိုအမျိုးသားကို သေနတ်နဲ့ ပြောင်းချိန်လိုက်သည်
"Minjeong တို့ကိုဘဲ ကြည့်....."
Karinaက ပြောသော်လည်း Minjeong နားမဝင် Mr.Yuတို့ အသတ်ခံရတဲ့နေ့ကို ပြန်သတိရမြင်ယောင်လာပြီး အော်လေသည်
"Minjeong.....စိတ်လျော့ ဟေး တို့ကို ကြည့် "
Karinaမှာ သေနတ်ကို လွှတ်ချပြီး မြေကြီးပေါ် လဲကျသွားတဲ့ Minjeongကို အမြန်ပွေ့ချီလေသည်
Bang....
သေနတ်သံကြားလို့ Minjeong ခေါင်းထောင်ကြည့်တော့ သူ့ကို သေနတ်နဲ့ ချိန်ခဲ့တဲ့ တစ်ယောက် လက်က သေနတ်နဲ့ ပစ်ခံရတာကို တွေ့လိုက်ရသည်
"Hey မင်းက လူသစ်ဖြစ်နေလို့ Warningဘဲ ပေးလိုက်မယ် နောက်တစ်ခါ Kim Minjeongကို သေနတ်နဲ့ချိန်ထားတာ ထပ်တွေ့ရရင် မင်း အသက်နဲ့အိုးစား ကွဲပြီတာမှတ် မင်းကို အသေသတ်ပစ်မယ် "
Karina သူ့တပည့်အသစ်ကို သတိပေးပြီး Minjeongကို ပွေ့ချီကာ Minjeong အိမ်ဘက်သို့ သွားလေသည်
အိမ်ထဲဝင်ဝင်ချင်း Mikeက Yizhuoကို ကြိုးနဲ့တုပ်ထားပြီး သေနတ်နဲ့ချိန်ထားတာကို Winter မြင်ပြီး ဒေါသထွက်လို့ ရုန်းလေသည်
"ဘာမှလုပ်ဖို့ မကြိုးစားပါနဲ့ Minjeong "
"Karina...."
Winter မျက်ရည်တွေနဲ့ Karinaကို ကြည့်လိုက်ပေမယ့် Karinaက အရင်ကထက် အေးစက်လွန်းနေသည်
Winter ကို Karina အောက်ချပေးပြီးပြီးချင်း အသက်ကြီးတဲ့ အမျိုးသားတစ်ဦးက ကျမ်းစာအုပ်ကို ကိုင်ပြီး သူတို့ဆီ လျှောက်လာတာကို Winter တွေ့လိုက်ရသည်
"မင်းရဲ့ အခင်ဆုံး သူငယ်ချင်းကို ဘာမှမဖြစ်စေချင်ဘူး မဟုတ်လား "
"နင် ဘာတွေပြောနေတာလည်း Karina......Mike....Yizhuoကို ကြိုးဖြေပေးလိုက် နင် သူ့ကို နာအောင်လုပ်နေတာဘဲ "
Yizhuoဆီသွားဖို့ Winter ကြိုးစားပေမယ့် Karinaက သူ့ကိုဆွဲထားသည်
"Hey...မင်း သူငယ်ချင်းကို မသေစေချင်ဘူး မဟုတ်လား "
Karina ပြောပြီး သူ့ဘောင်းဘီအိတ်ထဲက Winter လွှင့်ပစ်ခဲ့တဲ့ လက်စွပ်ကို ထုတ်လေသည်
"နင် ဘာဖြစ်နေတာလည်း ဘာလို့ ဒီကိုရောက်နေတာလည်း Karina "
"ဘာလို့လည်းဆိုတော့ မင်းကြောင့် ရောက်နေတာလေ Minjeong တို့ မင်းကို လိုက်ရှာနေတာ ၆လ ကျော်နေပြီဆိုတာသိလား "
"ငါနင့်ဆီမှာ မနေချင်တော့လို့ ထွက်ပြေးလာတာကို ဘာလို့လိုက်ရှာနေတာလည်း "
Winterက ပြောတော့ Karinaပြုံးပြီး Winterရဲ့ မျက်နှာကို ကိုင်လိုက်သည်
"Hey ....တို့ Ning Yizhuoကို ပစ်လိုက်ရမလား "
Karinaပြောပြီး လက်တစ်ဖက်က Yizhuoကို သေနတ်နဲ့ချိန်လိုက်သည်
#tbc
Hello Mine season 2လေး စတင်ပါပြီနော် 1ကို မဖတ်ရသေးတဲ့သူတွေလည်း wallထဲမှာရှိပါတယ် 1ကနေ ပြန်ဖတ်ကြည့်ကြမှ ဒီ 2ကိုနားလည်မှာပါ ကျေးဇူးပါ။
#zawgyi
အဲ့ဒီအရာက Winter အတြက္ ဘယ္ေတာ့မွ ရပ္တန့္မသြားဘူး...Winter ကို အၿမဲ အမဲလိုက္ၿပီး စုတ္ၿဖဲေနသလိုပင္
Mr.Yu ရဲ႕ ေအာ္သံ....ေသြးအိုင္ထဲက Mrs.Yuရဲ႕ ပုံရိပ္ေတြကို စိတ္ထဲကေန လုံးဝေဖ်ာက္ဖ်က္ထားလို႔ မရျဖစ္ေနတယ္
အိပ္မက္ဆိုးေတြ ခဏခဏမက္လြန္းလို႔ တစ္ေန႕ကို သုံးေလးနာရီေတာင္ အိပ္ဖို႔ အနိုင္နိုင္ရယ္
Winter zombie တစ္ေကာင္လို အသက္မပါဘဲ လမ္းေလွ်ာက္ေနမိတယ္
အခု သူက Yizhuoနဲ႕အတူေနေနတာေလ
Karinaက ကလဲ့စားေခ်တဲ့ ကိစၥေတြနဲ႕ အလုပ္ရႈပ္ေနခ်ိန္ Yizhuoက ဘဏ္ထဲက ပိုက္ဆံေတြ ခိုးထုတ္ၿပီး Winterကိုေခၚထုတ္လာခဲ့တာ
သူတို႔ပုန္းခိုေနတာကို မေတြ႕ဖို႔အတြက္ အလြယ္တကူရွာမေတြ႕ဖို႔ လိုအပ္မွ ေငြသားနဲ႕ ပစၥည္းဝယ္တယ္ cellphoneေတြ သုံးတာမ်ိဳး မလုပ္ဘဲ ေနသည္
ဒီတစ္ခါေတာ့ အခင္ဆုံးသူငယ္ခ်င္း Yizhuo အနားမွာရွိေနလို႔ အရင္ကလို အထီးက်န္မႈကို Winter သိပ္မခံစားရေတာ့ဘူးေလ
အရင္ကလိုသာ တစ္ေယာက္တည္းထပ္လုပ္ရမယ္ဆိုရင္ ပုန္းေနရမယ္ဆိုရင္ Winter အထီးက်န္လို႔ ေသခ်င္ေနမိမွာ
Colorado ဆိုတဲ့ေနရာေလးမွာ Winterတို႔ အရင္ၿမိဳ႕နယ္ျပည္နယ္ကထက္ ပိုၿပီး ၾကာၾကာေလးပုန္းေနမိတယ္ ဘာလို႔လည္းဆိုေတာ့ တစ္ျခားေနရာေတြထက္ လုံၿခဳံသလို Winter ခံစားရလို႔ေလ
Winter ေက်ာက္ျပားေပၚမွာ ထိုင္ရင္း ေကာင္းကင္ကေနမင္းႀကီးကို ေငးၾကည့္ေနမိသည္
ငွက္ကေလးေတြ ေတးသီဆိုတာ နားေထာင္ရင္း သီခ်င္းေလးကလည္း လိုက္ညည္းမိေသးသည္
ဒီတစ္ခ်ိန္ဘဲ Winter အတိတ္ကိုသတိမရမိဘဲ စိတ္ေအးခ်မ္းသလို ေနနိုင္တာ
မနက္မိုးလင္းတာနဲ႕ ေပါက္တက္ကရ မေတြးမိေအာင္ Winter နိုးတာနဲ႕ ေလ့က်င့္ခန္းလုပ္တယ္ ေကာင္းကင္ကေနမင္းကို အၾကာႀကီး ေငးၾကည့္ျဖစ္တယ္ ၿပီးေတာ့ ေက်ာက္ျပားေပၚ မတ္တပ္ရပ္ၿပီး ပုံမွန္ျဖစ္တဲ့ ေန႕တစ္ေန႕ေလး အစျပဳနိုင္ပါေစလို႔ ဆုေတာင္းျဖစ္တယ္
"ေနႀကီးကို သေဘာက်ေနတာလား အခ်စ္ေလး "
Winter သူရင္းႏွီးတဲ့အသံေၾကာင့္ လန့္ၿပီး အေနာက္ကို လွည့္ၾကည့္မိသည္
Karina....Karina က သူ႕ကို မဲ့ၿပဳံးၿပဳံးျပၿပီး ၾကည့္ေနတယ္
"Ka...Ka "
Winter ေၾကာက္လြန္းလို႔ စကားေတြေတာင္ ဆက္မေျပာနိုင္ေပ
"မင္းကို ေတာ္ေတာ္ေလးရွာလိုက္ရတာဘဲ Minjeong "
Karina စိတ္ပ်က္ေနတဲ့ပုံနဲ႕ေခါင္းခါယမ္းၿပီး Minjeongဆီ နီးကပ္ေအာင္ ေျခလွမ္းေတြ တိုးလာသည္
Winter ေက်ာက္ျပားေပၚကေန ေအာက္ကို ခုန္ခ်ရမလား စဥ္းစားေနမိသည္
ေက်ာက္ျပားေပၚက ခုန္ခ်မိရင္ ေျခခ်င္းဝတ္ခိုက္မိၿပီး သူေျပးနိုင္မွာမဟုတ္ဘဲ Karinaရဲ႕ လက္မွာဘဲ ဖမ္းခံရမယ္ဆိုတာလည္း Winter ေတြးမိသည္
Karinaက ေရွ႕ကို တိုးလာေလ Winter အေနာက္ကို ေျခတစ္လွမ္းဆုတ္မိသည္
"အခ်စ္ေလး မင္း ဥာဏ္ေကာင္းတယ္ဆိုတာ တို႔သိပါတယ္ကြယ္ မင္း အဲ့အေပၚကေန ခုန္ခ်ရင္ ကိုယ့္ကိုကိုယ္ နာေအာင္လုပ္တာနဲ႕ အတူတူဘဲေနာ္ ၿပီးေတာ့ ခုန္ခ်လည္း တို႔က မင္းကို ဖမ္းမိမွာဘဲ "
Karina ရဲ႕ စကားလည္းဆုံးေရာ Winter အသက္ျပင္းျပင္းရႈၿပီး ခုန္ခ်လိဳက္သည္
ဟား.....
Karina သက္ျပင္းခ်ၿပီး သူကပါ ေက်ာက္ေဆာင္ေပၚကေန ခုန္ဆင္းလိုက္သည္
"အရမ္း လြယ္လြန္းေနတယ္ အသည္းရယ္"
Karinaက အေနာက္ကလိုက္လာေတာ့ Winter ေထာ့နင္းေထာ့နင္းနဲ႕ ေျပးရာက ရပ္လိုက္တယ္
မဟုတ္ရင္လည္း သူ ေျခေထာက္နာေနလို႔ ေျပးလို႔လြတ္မွာ မဟုတ္ဘူးေလ
Winter သူ႕ေဘာင္းဘီအိတ္ကို ႏွိုက္ၿပီး ေလ၏လွ်င္ျမန္ျခင္းနဲ႕အတူ အိတ္ထဲက ေသနတ္ကို ဆြဲထုတ္ကာ Karina ဘက္လွည့္ၿပီး ေသနတ္နဲ႕ ခ်ိန္ေလသည္
ဒါေပမယ့္ Winter ဘယ္ေလာက္ထိေၾကာက္ေနလည္းဆိုတာ Karina ျမင္ေနရတယ္ ဘာလို႔လည္းဆို ေသနတ္ကိုင္ထားတဲ့ Winterရဲ႕ လက္ေတြက တုန္ရီေနတယ္ေလ
ၿပီးေတာ့ Winter ဘာေတြးေနလည္းဆိုတာ Karina သိတယ္ သူ႕ကို Winter မပစ္ရဲဘူး.....
Winterက Karinaနဲ႕မတူဘူး...သူ႕ကိုယ္သူ ကာကြယ္ဖို႔ဆိုရင္ေတာင္ သူတစ္ပါးကို မပစ္ရက္ဘူး
သစ္ကိုင္းေျခာက္ေတြ နင္းတဲ့အသံေၾကာင့္ Winter တစ္ဖက္ကို လွည့္ၾကည့္ေတာ့ သူ႕ကို ေသနတ္နဲ႕ ခ်ိန္ထားတဲ့ အနက္ေရာင္ဝတ္စုံဝတ္ထားေသာ အမ်ိဳးသားကို ေတြ႕ရသည္
Winter ခ်က္ခ်င္းဘဲ Karina ကို ခ်ိန္ထားရာကေန ထိုအမ်ိဳးသားကို ေသနတ္နဲ႕ ေျပာင္းခ်ိန္လိုက္သည္
"Minjeong တို႔ကိုဘဲ ၾကည့္....."
Karinaက ေျပာေသာ္လည္း Minjeong နားမဝင္ Mr.Yuတို႔ အသတ္ခံရတဲ့ေန႕ကို ျပန္သတိရျမင္ေယာင္လာၿပီး ေအာ္ေလသည္
"Minjeong.....စိတ္ေလ်ာ့ ေဟး တို႔ကို ၾကည့္ "
Karinaမွာ ေသနတ္ကို လႊတ္ခ်ၿပီး ေျမႀကီးေပၚ လဲက်သြားတဲ့ Minjeongကို အျမန္ေပြ႕ခ်ီေလသည္
Bang....
ေသနတ္သံၾကားလို႔ Minjeong ေခါင္းေထာင္ၾကည့္ေတာ့ သူ႕ကို ေသနတ္နဲ႕ ခ်ိန္ခဲ့တဲ့ တစ္ေယာက္ လက္က ေသနတ္နဲ႕ ပစ္ခံရတာကို ေတြ႕လိုက္ရသည္
"Hey မင္းက လူသစ္ျဖစ္ေနလို႔ Warningဘဲ ေပးလိုက္မယ္ ေနာက္တစ္ခါ Kim Minjeongကို ေသနတ္နဲ႕ခ်ိန္ထားတာ ထပ္ေတြ႕ရရင္ မင္း အသက္နဲ႕အိုးစား ကြဲၿပီတာမွတ္ မင္းကို အေသသတ္ပစ္မယ္ "
Karina သူ႕တပည့္အသစ္ကို သတိေပးၿပီး Minjeongကို ေပြ႕ခ်ီကာ Minjeong အိမ္ဘက္သို႔ သြားေလသည္
အိမ္ထဲဝင္ဝင္ခ်င္း Mikeက Yizhuoကို ႀကိဳးနဲ႕တုပ္ထားၿပီး ေသနတ္နဲ႕ခ်ိန္ထားတာကို Winter ျမင္ၿပီး ေဒါသထြက္လို႔ ႐ုန္းေလသည္
"ဘာမွလုပ္ဖို႔ မႀကိဳးစားပါနဲ႕ Minjeong "
"Karina...."
Winter မ်က္ရည္ေတြနဲ႕ Karinaကို ၾကည့္လိုက္ေပမယ့္ Karinaက အရင္ကထက္ ေအးစက္လြန္းေနသည္
Winter ကို Karina ေအာက္ခ်ေပးၿပီးၿပီးခ်င္း အသက္ႀကီးတဲ့ အမ်ိဳးသားတစ္ဦးက က်မ္းစာအုပ္ကို ကိုင္ၿပီး သူတို႔ဆီ ေလွ်ာက္လာတာကို Winter ေတြ႕လိုက္ရသည္
"မင္းရဲ႕ အခင္ဆုံး သူငယ္ခ်င္းကို ဘာမွမျဖစ္ေစခ်င္ဘူး မဟုတ္လား "
"နင္ ဘာေတြေျပာေနတာလည္း Karina......Mike....Yizhuoကို ႀကိဳးေျဖေပးလိုက္ နင္ သူ႕ကို နာေအာင္လုပ္ေနတာဘဲ "
Yizhuoဆီသြားဖို႔ Winter ႀကိဳးစားေပမယ့္ Karinaက သူ႕ကိုဆြဲထားသည္
"Hey...မင္း သူငယ္ခ်င္းကို မေသေစခ်င္ဘူး မဟုတ္လား "
Karina ေျပာၿပီး သူ႕ေဘာင္းဘီအိတ္ထဲက Winter လႊင့္ပစ္ခဲ့တဲ့ လက္စြပ္ကို ထုတ္ေလသည္
"နင္ ဘာျဖစ္ေနတာလည္း ဘာလို႔ ဒီကိုေရာက္ေနတာလည္း Karina "
"ဘာလို႔လည္းဆိုေတာ့ မင္းေၾကာင့္ ေရာက္ေနတာေလ Minjeong တို႔ မင္းကို လိုက္ရွာေနတာ ၆လ ေက်ာ္ေနၿပီဆိုတာသိလား "
"ငါနင့္ဆီမွာ မေနခ်င္ေတာ့လို႔ ထြက္ေျပးလာတာကို ဘာလို႔လိုက္ရွာေနတာလည္း "
Winterက ေျပာေတာ့ Karinaၿပဳံးၿပီး Winterရဲ႕ မ်က္ႏွာကို ကိုင္လိုက္သည္
"Hey ....တို႔ Ning Yizhuoကို ပစ္လိုက္ရမလား "
Karinaေျပာၿပီး လက္တစ္ဖက္က Yizhuoကို ေသနတ္နဲ႕ခ်ိန္လိုက္သည္
#tbc
Hello Mine season 2ေလး စတင္ပါၿပီေနာ္ 1ကို မဖတ္ရေသးတဲ့သူေတြလည္း wallထဲမွာရွိပါတယ္ 1ကေန ျပန္ဖတ္ၾကည့္ၾကမွ ဒီ 2ကိုနားလည္မွာပါ ေက်းဇူးပါ။
Bạn đang đọc truyện trên: Truyen3h.Co