Truyen3h.Co

Mine

Part 1

KimFany059

#Unicode

"Winter... "

Winter အပြင်က ပြန်လာလို့ အိမ်တံခါးဖွင့်မလို့ရှိသေး သူမနာမည်ခေါ်သံကြားလို့ တံခါးလက်ကိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်

အနောက်ကို လှည့်ကြည့်တော့ အနက်ရောင် အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်

လေးနှစ်တောင် ကြာသွားပြီလေ မဖြစ်နိုင်တာ

"John......"

Johnကိုလည်း မြင်လိုက်ရော Winter ကြောက်လန့်ပြီး လည်ချောင်းတွေပါ ခြောက်ကပ်လာသည်

"လုံလုံခြုံခြုံ ပုန်းနိုင်ခဲ့သားဘဲ....ဒီလောက် ဥာဏ်ကောင်းတယ်ဆိုရင် ထွက်ပြေးဖို့ မစဥ်းစားသင့်ဘူးနော့် "

Johnပြောတာ မှန်သည် Winter ထွက်ပြေးလည်း စက္ကန့်ပိုင်းအတွင်း Winterကို Johnဖမ်းနိုင်တယ်လေ

ဒီတော့ Johnကို အိမ်ထဲဝင်ဖို့ဘဲ Winter ဖိတ်ခေါ်လိုက်သည်

"ရှင် ဘာလို့ ဒီကိုရောက်နေတာလည်း "

Johnမှာ သစ်သားထိုင်ခုံတွင်ထိုင်ပြီး လက်နှစ်ဖက်ကို ပွတ်လိုက်သည်

"အင်း Karinaက မင်းကို လိုက်ရှာနေတာ...."

Karina နာမည်ကြားတော့ Winter မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်သည် Karinaကြောင့်ဘဲ သူမ ဒီမှာ အကြာကြီး ပုန်းနေခဲ့တာလေ

Karinaဆီကနေ ထွက်ပြေးလာပြီး လုံလုံခြုံခြုံ ပုန်းနေနိုင်ပြီ ထင်ခဲ့ပေမယ့် အထင်နဲ့အမြင် လွဲသွားတယ် နေရာတိုင်းမှာ Karina လူတွေပြည့်နေပါ့လား

"ငါ သူ့ကိိုထားခဲ့တာလေ.... သူ့ သူ့ဆီက ထွက်ပြေးလာခဲ့တာမို့လို့ ပြန်လည်းမသွားချင်ဘူး "

Johnမှာ မတ်တပ်ထရပ်ပြီး ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ Winterရဲ့အိမ်လေးကို လိုက်ကြည့်နေသည်

"အိမ်လေးက ချစ်စရာကောင်းသားဘဲ "

"ငါ့အိမ်လေ "

Johnက Winter ကို ကြည့်ပြီး သူ့ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ယူသည်

ထို့နောက် နံပါတ်တွေကို နှိပ်ပြီး တစ်စုံတစ်ယောက် ဖုန်းကိုင်မှာကို စောင့်နေသည်

"ကျွန်တော် သူ့ကို ရှာတွေ့ပြီ ....လာပါအုံး Winter....Karinaကို Hi လို့ နှုတ်ဆက်လိုက်ပါအုံး "

"မနှုတ်ဆက်ချင်ဘူး "

"Winter မင်းကို ငါလေးစားသမှုလေးထားလို့ နူးနူးညံ့ညံ့ဆက်ဆံပေးနေတာ ငါပြောတာယုံ Karina ကြောင့်သာမဟုတ်ရင် မင်းကို ငါ ဆိုးဆိုးဝါးဝါး လုပ်လို့ရတယ် ...Karinaက မင်း ခေါင်းမာတတ်လို့ ချော့ခေါ်ခဲ့ပါလို့ မှာထားလို့ ငါ ကောင်းကောင်းမွန်မွန်ပြောနေတာ ငါ့ကို လာမစမ်းနဲ့ Winter "

Winterမှာ John စကားကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်

Johnက Karinaရဲ့ လူယုံတစ်ယောက် Karinaအပေါ် သစ္စာရှိပြီး အရည်အချင်းလည်း ရှိလို့ Karinaက သူ့ကို လိုအပ်တယ်လေ ပြီးတော့ ပြောရရင် Johnက Karinaရဲ့ မိသားစုလိုပင်

Johnရဲ့ ဖုန်းကိုကြည့်လိုက်တော့ စူးရှတဲ့ အကြည့်တွေနဲ့ သူမကို ကြည့်နေတဲ့ Karinaကို တွေ့ရသည်

Karinaကို မတွေ့ရတာ လေးနှစ်တောင်ရှိရောပေါ့ သူမ Karinaဆီက ထွက်ပြေးလာတာမို့လို့ ဘယ်လိုနေနေ ပြန်သွားဖို့ အစီအစဥ် မရှိဘူးလေ

Karina Yuက အရင်ကထက် ရင့်ကျက်လာတဲ့ ပုံစံရှိသည် ပြီးတော့ သူမရဲ့ အသွင်အပြင်ဟာလည်း အရင်ကထက် အမှောင်ဖုံးလွှမ်းနေတာကို ဖုန်းကနေ တစ်ဆင့် Winter မြင်နေရသည်

"Minjeong "

Karinaမှာ သေဆုံးသွားတဲ့ Winter မိဘတွေကလွဲလို့ ဘယ်သူမှမခေါ်တဲ့ Winterရဲ့ နာမည်ကို ခေါ်နေသည်

"တို့ သတိရနေတာထက်ပိုပြီး မင်းက အရမ်းလှနေပါ့လား "

"Karina ကျေးဇူးပြုပြီး တော်ပါတော့ဟာ "

"Jimin...တို့က မင်းအတွက် Jiminပါ ကလေးရဲ့ "

Karinaရဲ့ မိဘတွေခေါ်တဲ့ နာမည်ကို Karina ချစ်တဲ့လူ Winterက လွဲပြီး ဘယ်သူမှ မခေါ်ရဲပေ

"တို့ဆီ ပြန်လာပါ Minjeongရ "

Karinaရဲ့ နူးညံ့သွားတဲ့ မျက်ဝန်းတွေနဲ့ မရင်ဆိုင်ချင်လို့ Winterအကြည့်လွှဲလိုက်သည်

"ဟင့်အင်း ငါ ထားခဲ့တဲ့ သူဆီ ပြန်မလာနိုင်ဘူး "

"ဟောတော့ ဘာလို့ တို့ကို ထားခဲ့တာလည်း ပြောပါအုံး Minjeongရဲ့ ဘာလို့လည်း "

"John ကျေးဇူးပြုပြီး ငါ့ကို ငါ့ဘဝနဲ့ငါ နေခွင့်ပြုပါ "

"မင်းစကားကို ငါမနာခံဘူး Winter "

"တို့ဆီ ပြန်လာပါ တို့ မင်းကို လိုအပ်တယ် "

"နင်က ရူးနေတာဘဲ Karina "

"တို့ကလား အဟက် ကောင်းပြီလေ တို့ ဘယ်လောက်ရူးကြောင်း မင်းကို ပြရတာပေါ့ အချစ်ကလေး"

Karinaမှာ ဖုန်းကင်မရာကို တစ်ဖက်လှည့်လိုက်တော့ Winter ရင်းနှီးတဲ့ ဆံပင်အရောင်ကို တွေ့လိုက်ရသည်

"Wen...Wendy..."

သူ့အမကြောင့် Johnဆီက ဖုန်းကို Winter ဆွဲလုပေမယ့် Johnမှာ Winter မလုနိုင်အောင် ဖုန်းကို ခပ်မြင့်မြင့်မြှောက်ထားသည်

"clam down Winter "

Johnကိုင်ထားတဲ့ ဖုန်း screenကနေ Karinaက Seulgiရဲ့ ခေါင်းကို သေနတ်နဲ့ချိန်ထားတာကို Winter ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်

"Karina ကျေးဇူးပြုပြီး မလုပ်ပါနဲ့ ငါတောင်းပန်ပါတယ် "

Winter သူ့အမကို  စိတ်ပူလို့  ငိုကာ Karinaကို တောင်းပန်လေသည်

"မင်း သူ့ကို ဂရုစိုက်တယ်ပေါ့ Minjeong "

Seulgiရဲ့ နားထင်ကို သေနတ်နဲ့ တင်းတင်းကြပ်ကြပ်ထောက်ပြီး မေးလေသည်

"Karina "

Winter အသံက ကြမ်းတမ်းလာသည်

"Jiminပါဆို အချစ်ကလေးရေ Jimin "

"Ji..Jimin "

"သူ့ချစ်သူ က ငါ့ဆီ အကြွေးယူထားတယ် ပြန်မဆပ်တဲ့အပြင် ငွေဖြူနဲ့ငွေမည်းလဲပြီး ညစ်ထားသေးတယ် "

"အဲ့တာ သူနဲ့ရှင်းလေ ဘာလို့ ငါ့အမကိုဖမ်းထားရတာလည်း "

Winter ရဲ့ စကားကြောင့် Karina ရယ်လိုက်တယ်

"မင်းက သူ့ကို ဂရုမစိုက်ဘူးလေ မင်းအမကိုဘဲ ဂရုစိုက်တာ မဟုတ်လား မင်းအမကိုဘဲချစ်တာလေ ပြီးတော့ သူက မင်းမိသားစုထဲ ကျန်ခဲ့တဲ့တစ်ယောက်တည်းသောသူ မဟုတ်လား Minjeong ပြီးတော့ တို့ အံ့သြမိသေးတယ် သိလား မင်း ဘယ်မှာပုန်းနေမယ်ဆိုတာ မင်းချစ်ရတဲ့အမကို ဘာလို့မပြောလည်းဆိုတာ...."

"တောင်းပန်ပါတယ် ကျေးဇူးပြုပြီး "

"ဒါဆို သူ့ကို တို့ မသတ်ဖို့အရေး မင်း ဘာလုပ်ပေးမလည်း Minjeong "

"ဘာမဆိုလုပ်ပါမယ် ငါ ဘာမဆိုလုပ်ပါ့မယ် "

"Johnနောက် လိုက်လာခဲ့ "

"Karina ငါမလုပ်နိုင် "

"လိုက်လာခဲ့ "

Winter တကယ် အကူအညီမဲ့နေပြီ... Karinaရဲ့ အာဏာကို ဘယ်သူမှမလွန်ဆန်ရဲတာ Winter သိတယ်လေ

"တို့ဆီ ပြန်လာခဲ့ Minjeong မဟုတ်ရင်တော့ တို့က မင်းပိုင်ဆိုင်တဲ့  အရာအားလုံး ယူပြီး ဖျက်စီးပစ်မယ် "

Karina ပြောပြီး သေနတ်မောင်းကို ချိန်တော့ Winter ထအော်သည်

"တော်ပါတော့ ငါပြန်လိုက်လာပါမယ် ငါ့အမကို လွှတ်ပေးပါ "

ပြန်မလိုက်လို့ မရဘူးလေ Karinaက ပြောရင်ပြောတဲ့အတိုင်းလုပ်ရဲတဲ့ လက်ရဲဇက်ရဲကောင်မလေး

"Good Girl...Johnက မင်းကိုပြန်ခေါ်လာလိမ့်မယ် Minjeong သူ့ကို ခက်ခဲအောင် မလုပ်နဲ့ "

John ပြောတဲ့အတိုင်း အဝတ်အစားတွေထုပ်ပိုးပြီးနောက် Winterတို့ အိမ်ကနေ လေဆိပ်ကို ထွက်လာကြသည်

"Karinaက ငါ့ကိုသတ်ပစ်မယ်ထင်လား "

"မင်းရော ဘယ်လိုထင်လည်း Winter "

"သူ သတ်ပစ်မယ်ထင်တယ် သူ့မှာ ဘောင်တွေအထိန်းအကွပ်တွေမရှိသလို သူ့ကိုယ်သူလည်း မထိန်းနိုင်ဘူးလေ ပြီးတော့ ငါက သူ့ကို သစ္စာဖောက်ခဲ့တာ..."

"Karinaသာ မင်းကိုသတ်ချင်နေမယ်ဆိုရင် မင်း အခုလို ငါနဲ့စကားပြောနေရမှာ မဟုတ်ဘူး "

"သူ လူတစ်ယောက်ကို သေအောင်ထိ နှိပ်စက်ခဲ့တာ ငါမြင်ဖူးတယ် အဲ့တာ ငါချစ်ဖူးတဲ့Yu မဟုတ်ဘူး ငါနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ သူ မဟုတ်ဘူး John "

"မင်းသိတဲ့အတိုင်း Karina ဦးဆောင်နေတဲ့ လုပ်ငန်းစုက ကြီးတယ်လေ သူအခုလို သန်မာမနေဘူးဆိုရင်... ဘယ်ဖြစ်မှာလည်း "

"ဆိုးရွားတာဘဲ "

"ဟုတ်တယ် ငါတို့က ဆိုးရွားဖို့ မွေးဖွားလာတာဘဲ "

"ဒါက ငါ့ဘဝမဟုတ်ဘူးလေ ဒါမျိုး ဘဝမျိုး ငါလိုချင်တာမဟုတ်ဘူး...."

"အဲ့တာတော့ ငါ့ကိုမပြောနဲ့လေ Karinaကိုပြော...."

Johnပြောတော့ Winter သက်ပြင်းချပြီး ပြတင်းပေါက်အပြင်ဘက်ကိုဘဲဲ ကြည့်နေလိုက်သည်

#tbc

#Zawgyi

"Winter... "




"John......"










"ငါ သူ့ကိုထားခဲ့တာလေ.... သူ့ သူ့ဆီက ထွက်ပြေးလာခဲ့တာမို့လို့ ပြန်လည်းမသွားချင်ဘူး "



"ငါ့အိမ်လေ "




"မနှုတ်ဆက်ချင်ဘူး "







"Minjeong "













"နင်က ရူးနေတာဘဲ Karina "



"Wen..Wendy..."


"clam down Winter "






"Karina "



"Ji..Jimin "

"သူ့ချစ်သူ က က ငါ့ဆီ အကြွေးယူထားတယ် ပြန်မဆပ်တဲ့အပြင် ငွေဖြူနဲ့ငွေမည်းလဲပြီး ညစ်ထားသေးတယ် "







"Johnနောက် လိုက်လာခဲ့ "

"Karina ငါမလုပ်နိုင် "

"လိုက်လာခဲ့ "














"ဆိုးရွားတာဘဲ "




Johnပြောတော့ Winter သက်ပြင်းချပြီး ပြတင်းပေါက်အပြင်ဘက်ကိုဘဲ ကြည့်နေလိုက်သည်

Bạn đang đọc truyện trên: Truyen3h.Co