Truyen3h.Co

My Little Kitty

Part 15

KimFany059

#Unicode

SBSကို ရောက်တော့ ၀န်ထမ်းတွေ ပြင်ပေးထားတဲ့ နေ့လည်စာကို Lisaတို့  နားနေခန်းထဲမှာ အတူစားနေကြတယ်

Chaeyoung ဘေးနား Lisa  ထိုင်လိုက်ပြီး အသားတွေကို သေးသေးလေး လှီးပေးကာ Chaeyoung ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

ထို့နောက် Chaeyoung  အနားသို့ ကပ်ပြီး
"ခက်ရင်းနဲ့ ဇွန်းကို သေချာသုံးပြီး စားနော်......"

Chaeyoung ခေါင်းညိတ်ပြပြီး ဇွန်းနဲ့ ခက်ရင်းကို ကောက်ကိုင်လိုက်သည်။

Jensooတို့ကတော့ တိုးတိုးနဲ့ Chaelisa တို့ကို ကြည့်ကာ စနောက်နေ၏ ..........

Lisa ကတော့ မသိချင်ယောင်ဆောင်က အသားတွေ ထိုင်လှီးနေ၏

Chaeyoung ကြိုးစားပြီး ခက်ရင်းနဲ့ စားပေမယ့် မရချေ။

ထို့ကြောင့် သူ့ဘေးက Lisaကို  ကြည့်လိုက်သည်။

"Lili ....Chae  မစားတတ်ဘူး.........."

Lisa နားကပ်ပြီး Chaeyoung တိုးတိုးလေး ပြောလိုက်သည်။

Lisa သက်ပြင်းချလိုက်ပြီး ခက်ရင်းနဲ့ အသားကို ထိုးကာ Chaeyoung ကို ခွံ့ကျွေးလိုက်သည်။

"Wow......sweetလိုက်တာ.......Jiji.........Jenကိုလည်း ခွံ့ကျွေးစမ်းပါ အာ......"

Jennie  ပြုံးပြီး Jisooကို ခွံ့ကျွေးခိုင်းသည်။

Jisoo ကလည်း Lisa လို ပုံစံဖြင့် Jennie ကို အသားတွေ ခွံ့ကျွေးလိုက်သည်။

Lisa က မျက်မှောင်ကြုတ်ကာ သူတို့ကို ကြည့်လိုက်တော့ Jensooတို့ နှစ်ယောက် လျှာထုတ်ပြီး Lisaကို  ပြောင်ပြကြ၏

နေ့လည်စာ စားပြီးနောက် Lisaတို့ မိတ်ကပ်ပြင်နေကြ၏.....

Chaeyoung ကတော့ အနှောင့်အယှက် မပေးဘဲ ထိုင်ခုံတစ်ခုံမှာ ထိုင်ပြီး Lisa ကို စိုက်ကြည့်နေ၏

မိတ်ကပ်တွေ ပြင်ပြီးနောက် Chaeyoungဆီ Lisa  လျှောက်သွားပြီး Chaeyoungရှေ့ ဆောင့်ကြောင့်ထိုင်ကာ

"ဘယ်လိုလည်း ငါ ကြည့််ကောင်းတယ်မလား....."

Lisa ပြုံးပြီး မေးလိုက်သည်။

"Lili.....မျက်လုံးက ဘာတွေလည်း......."

Lisaရဲ့ eyelinerကို လက်ညှိုးထိုးပြပြီး Chaeyoung မေးလိုက်သည်။

"Liliနဲ့လည်း မတူတော့ဘူး........ပြီးတော့ နှုတ်ခမ်းပေါ်က ဘာကြီးလည်း....."

Chaeyoung ငုံ့ကာ Lisaရဲ့ နှုတ်ခမ်းပေါ်က နှုတ်ခမ်းနီကို လျှာနဲ့ရက်လိုက်သည်။

"Chae..အဲ့လိုမလုပ်ရဘူးလေ....."

Lisa တစ်ယောက် Chaeyoung ကို ဆူပြီး ဘေးနားကို လှည့်ကြည့်တော့ Jisooက သူတို့ကို စိုက်ကြည့်နေတာ တွေ့ရသည်။

Jisooကို မျက်စောင်းထိုးပြီး Chaeyoung  ဘက်ကို ပြန်လှည့်တော့ Chaeyoung  နောက်တစ်ခေါက် Lisa နှုတ်ခမ်းကို လျှာနဲ့ ရက်လိုက်သည်။

"ချိုလိုက်တာ ....."

"Yah ....မနမ်းနဲ့တော့ သူတို့ ကြည့်နေတယ်လေ......"

Lisa ပြောလို့ Chaeyoung ကြည့်လိုက်တော့ JenSooနှစ်ယောက်က သူတို့ကို ကြည့်နေ၏

"သူတို့ကြည့်နေရင် နမ်းလို့ မရဘူးပေါ့........"

Lisa နားလေးသို့ ကပ်ကာ တိုးတိုးလေး Chaeyoung မေးလိုက်သည်။

Lisa ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

"Guys...နင်တို့ အလှည့်ရောက်ပြီ......"

မန်နေဂျာ ရောက်လာပြီး သတိပေးလိုက်သည်။

"Chae.....ဒီမှာဘဲ ထိုင်ပြီး Tvကနေ ငါ့ကို ကြည့်နေနော် ....ဘယ်မှမသွားနဲ့နော် ကြားလား ငါပြန်လာမယ်...."

Chaeyoung ခေါင်းညိတ်ပြတော့ Chaeyoungရဲ့ ခေါင်းကို Lisa
ပွတ်လိုက်ပြီး နဖူးကို နမ်းလိုက်သည်။

"Good girl...."

"ကဲ ချစ်ကြည်နူးနေတာ ရပ်ပြီး စတိတ်စင်ပေါ်ကို ကြွပါ ဟိုအမ......."

Jennie တံခါးကို မှီပြီး လက်ပိုက်ကာ ပြောလိုက်သည်။

Lisaမှာ စပ်ဖြီဖြီးဖြင့်

"အေးပါ သွားကြစို့.. .....Unnie ......သူ့ကို ဂရုစိုက်ပေးပါအုံး....."

Stylist ကို အကူအညီတောင်းပြီး Lisa ထွက်လာခဲ့သည်။

"Lia...သူက ကလေး မဟုတ်တော့ပါဘူးကွာ....."

"အခုထိ ကလေးဘဲ ရှိသေးတယ်ဟ......"

Jennie မကြားအောင် Lisa  တိုးတိုးလေး ပြောရင်း စင်ပေါ်သို့ တက်သွားလိုက်သည်။

Chaeyoung ကတော့ Tvကနေ Lisa  သီချင်းဆိုနေတာကို စိတ်၀င်တစားကြည့်နေ၏

"Chaeyoung shii.....ငါ အိမ်သာ ခဏသွားလိုက်အုံးမယ်....."

Stylistက ပြောတော့ Chaeyoung ခေါင်းညိတ်ပြပြီး Tvကို ဆက်ကြည့်နေလိုက်သည်။

Stylist ထွက်ပြီ ခဏကြာတော့ ကောင်မလေးတစ်ယောက် အခန်းထဲကို ၀င်လာသည်။

Chaeyoungကို စိုက်ကြည့်ပြီး
"Yah စကားပြောရအောင်.........."

Chaeyoungမှာ အူကြောင်ကြောင်ဖြင့် သူ့ကိုယ်သူ လက်ညှိုးထိုးပြီး

"Chaeနဲ့လား ......"

"ရူးနေတာလား ဒီမှာ နင်တစ်ယောက်ဘဲ ရှိတာ နင်နဲ့မပြောလို့ ငါဘယ်သူနဲ့ ပြောရမှာလည်း....."

"Aww ဘာပြောမလို့လည်း......."

"တစ်နေရာသွားပြီး စကားပြောရအောင် "

"Lisa စိတ်ဆိုးလိမ့်မယ် ပြောချင်ရင် ဒီမှာ ပြောလေ"

ကောင်မလေးမှာ Tvကို လှမ်းကြည့်တော့ Lisa တို့ သီချင်းဆိုတာ ပြီးတော့မှာကို တွေ့လိုက်ရသည်။

ထို့ကြောင့် အချိန်မဆွဲတော့ဘဲ Chaeyoungရဲ့  လက်ကို ဆောင့်ဆွဲကာ အပြင်သို့ ခေါ်သွားလိုက်သည်။

Chaeyoung မှာ ရုန်းပြီး ကောင်မလေးရဲ့ လက်မောင်းကို လက်သည်းနဲ့ ကုတ်ခြစ်လိုက်သည်

ကောင်မလေးမှာ ဒေါသထွက်ပြီး Chaeyoungကို ပါးရိုက်ကာ ဆံပင်ကို ဆောင့်ဆွဲလိုက်တယ် .....

Chaeyoung လည်း နာလို့ ငိုရင်း ကောင်မလေးရဲ့ နောက်လက်မောင်းတစ်ဖက်ကို ကိုက်လိုက်သည်။

ကောင်မလေးမှာလည်း အံကိုကြိတ်ပြီး Chaeyoungရဲ့ ဆံပင်ကို အားပြင်းပြင်းနဲ့ ဆောင့်ဆွဲလိုက်သည်။

"Jeon Yeon. .... ................"

Jeon Yeonဆိုသည်မှာ SBSက PDတစ်ဦးရဲ့ သမီးဖြစ်သလို Lisa ရဲ့ Fangirlတစ်ယောက်လည်းဖြစ်သည်။

Lisa SBSကို ရောက်နေပြီလို့ သတင်းကြားသောကြောင့် အိမ်ကနေပြေးလာပြီး ကြည့်သော်လည်း chaeyoung နဲ့ ပျော်ရွှင်နေတာကို မြင်ပြီး ဒေါသထွက်သွားခဲ့သည်။

Lisa စင်ပေါ်မှာ သီချင်းဆိုနေစဉ် Chaeyoung ကို Lisa ဘေးနားက ထွက်သွားဖို့ လာပြောရင်း ရန်ဖြစ်ကြခြင်း ဖြစ်သည်။

Lisaရဲ့ အော်သံကြောင့် Jeon Yeon ဟန်ဆောင်ပြီး လှဲချလိုက်သည်။

"သူ chawကို ကုတ်ဆွဲတာ ဒီမှာကြည့်....."

Jeon Yeon သွေးတွေထွက်နေတဲ့ သူ့လက်ကို ကိုင်ပြီး ငိုရင်း ပြောလိုက်သည်။

"နင်ကသာ သူ့ကို ဘာမှမလုပ်ရင် သူက လုပ်မှာမဟုတ်ဘူး.....နင်အရင်လုပ်လို့ သူ ကုတ်ဆွဲတာ....."

Jisoo အဆင်ပြေလားမေးဖို့ Chaeyoungဆီ သွားတော့ Chaeyoung မှာ လက်သည်းနဲ့ Jisooကို ဆွဲကုတ်လိုက်သည်။

Jisoo လန့်ပြီး အနောက်ကို ဆုတ်သွားသည်။

"တွေ့လား.....သူက အကြောင်းပြချက် မရှိ လူတွေကို နာကျင်အောင် လုပ်နေတာ.......chawက သူ့ကို စကားပြောမလို့ လက်ဆွဲတာကို chaw ကို ကုတ်ဆွဲတာ....."

"လျှောက်ပြောမနေနဲ့ ကလေးမ..... Chae ငါပါ.....Lisa....."

Lisaရဲ့  နာမည်လည်းကြားရော Chaeyoung ငိုနေရာက မော့ကြည့်သညိ

Lisa မှန်းလည်း သိရော Lisaကို Chaeyoung ဖက်ထားလေသည်

"Chae....မငိုနဲ့တော့နော်.........."

Chaeyoungရဲ့ ကျောပြင်လေးကို ပွတ်ပေးပြီး Lisa ချော့နေ၏

"Chawက ခံရသူပါ ဒါပေမယ့် ဘာလို့ သူ့ကိုဘဲ ချော့ပြီး သူ့ဘက်ပါနေတာလည်း......."

"Jeon Yeon.. .....PDရဲ့ သမီးမကလို့ ဘာဖြစ်နေနေ ငါ ဂရုမစိုက်ဘူး.....ဘယ်သူခံရ မခံရသိရအောင်......ဟောဒီစင်ပေါ်က ဖုန်း record လေးကို ပြန်ကြည့်မလား......."

Lisa နားနေခန်းထဲ ၀င်ပြီး မိတ်ကပ်လိမ်းတဲ့ စားပွဲပေါ်မှာ ထောင်ထားတဲ့ ဖုန်းလေးကို ယူလိုက်သည်။

Chaeyoung ကို Lisa စိတ်မချလို့ ဖုန်းနဲ့ Chaeyoungကို တည့်တည့်ချိန်ပြီး video ရိုက်ထားခြင်းဖြစ်သည်။

"ကဲ ကြည့်ရအောင်....Chaeyoungက နင့်ကို အကြောင်းမဲ့ရန်ရှာလားဆိုတာ....."

Lisaလက်က ဖုန်းကို ဆွဲလုပြီး လွှင့်ပစ်ကာ Jeon Yeon တောက်ခေါက်ပြီး အခန်းထဲက ထွက်သွားတယ်

"Lili ....."

ငိုနေတဲ့ Chaeyoungလေးကို Lisa သူ့ရင်ခွင်ထဲ ထည့်ကာ  အငိုတိတ်အောင် ချော့နေသည်။

"အိမ်ပြန်ချင်ပြီ....."

"ခဏနေရင် ပြန်ရတော့မှာပါ........"

"Chae ကြောက်တယ်...."

"ငါ ရှိပါတယ် မကြောက်နဲ့တော့နော်....."

Lisaကို ဖက်ထားရာမှ Chaeyoung ခွာပြီး သူ့မျက်နှာသူ ကိုင်ပြကာ

"သူက Chaeရဲ့ မျက်နှာကို ရိုက်တာ .....ပြီးတော့ ဆံပင်တွေကို ဟော့ဒီလို ဟော့ဒီလို ဆောင့်ဆွဲတာ......"(ကြောင်ပေါက်လေး  ပြန်တိုင်နေတာ😂)

Jisooတို့မှာ အနိုင်ကျင့်ခံရတဲ့ သမီးက သူ့အဖေကို ပြန်တိုင်နေသလို အမူအရာတွေပါထည့်ပြီး တိုင်နေတဲ့ Chaeyoungကို ကြည့်ကာ အံ့သြနေကြ၏

Lisaမှာ Chaeyoung ရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း စိတ်မကောင်းဖြစ်နေ၏

"သူ့လက်မောင်းကို ကုတ်လိုက်လို့ Chaeကို စိတ်ဆိုးလားဟင်......"

"မဆိုးပါဘူး.....မျက်နှာရော....နာသေးလား....."

"Onn...နာသေးတယ် "

Chaeyoung ခေါင်းညိတ်ပြရင်း ထပ်ငိုပြန်သည်။

"Aigo......ကြောင်ပေါက်လေးရယ် မငိုပါနဲ့တော့.....ကလေးလေးကျနေတာဘဲ.. .."

Chaeyoungရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း Lisa  ပြောလိုက်သည်။

#Tbc

#zawgyi

SBSကို ေရာက္ေတာ့ ၀န်ထမ်းတွေ ျပင္ေပးထားတဲ့ ေန႕လည္စာကို Lisaတို႔  နားေနခန္းထဲမွာ အတူစားေနၾကတယ္

Chaeyoung ေဘးနား Lisa  ထိုင္လိုက္ၿပီး အသားေတြကို ေသးေသးေလး လွီးေပးကာ Chaeyoung ပန္းကန္ထဲသို႔ ထည့္ေပးလိုက္သည္။

ထို႔ေနာက္ Chaeyoung  အနားသို႔ ကပ္ၿပီး
"ခက္ရင္းနဲ႕ ဇြန္းကို ေသခ်ာသုံးၿပီး စားေနာ္......"

Chaeyoung ေခါင္းညိတ္ျပၿပီး ဇြန္းနဲ႕ ခက္ရင္းကို ေကာက္ကိုင္လိုက္သည္။

Jensooတို႔ကေတာ့ တိုးတိုးနဲ႕ Chaelisa တို႔ကို ၾကည့္ကာ စေနာက္ေန၏ ..........

Lisa ကေတာ့ မသိခ်င္ေယာင္ေဆာင္က အသားေတြ ထိုင္လွီးေန၏

Chaeyoung ႀကိဳးစားၿပီး ခက္ရင္းနဲ႕ စားေပမယ့္ မရေခ်။

ထို႔ေၾကာင့္ သူ႕ေဘးက Lisaကို  ၾကည့္လိုက္သည္။

"Lili ....Chae  မစားတတ္ဘူး.........."

Lisa နားကပ္ၿပီး Chaeyoung တိုးတိုးေလး ေျပာလိုက္သည္။

Lisa သက္ျပင္းခ်လိဳက္ၿပီး ခက္ရင္းနဲ႕ အသားကို ထိုးကာ Chaeyoung ကို ခြံ႕ေကြၽးလိုက္သည္။

"Wow......sweetလိုက္တာ.......Jiji.........Jenကိုလည္း ခြံ႕ေကြၽးစမ္းပါ အာ......"

Jennie  ၿပဳံးၿပီး Jisooကို ခြံ႕ေကြၽးခိုင္းသည္။

Jisoo ကလည္း Lisa လို ပုံစံျဖင့္ Jennie ကို အသားေတြ ခြံ႕ေကြၽးလိုက္သည္။

Lisa က မ်က္ေမွာင္ၾကဳတ္ကာ သူတို႔ကို ၾကည့္လိုက္ေတာ့ Jensooတို႔ ႏွစ္ေယာက္ လွ်ာထုတ္ၿပီး Lisaကို  ေျပာင္ျပၾက၏

ေန႕လည္စာ စားၿပီးေနာက္ Lisaတို႔ မိတ္ကပ္ျပင္ေနၾက၏.....

Chaeyoung ကေတာ့ အႏွောင့္အယွက္ မေပးဘဲ ထိုင္ခုံတစ္ခုံမွာ ထိုင္ၿပီး Lisa ကို စိုက္ၾကည့္ေန၏

မိတ္ကပ္ေတြ ျပင္ၿပီးေနာက္ Chaeyoungဆီ Lisa  ေလွ်ာက္သြားၿပီး Chaeyoungေရွ႕ ေဆာင့္ေၾကာင့္ထိုင္ကာ

"ဘယ္လိုလည္း ငါ ၾကည့္္ေကာင္းတယ္မလား....."

Lisa ၿပဳံးၿပီး ေမးလိုက္သည္။

"Lili.....မ်က္လုံးက ဘာေတြလည္း......."

Lisaရဲ႕ eyelinerကို လက္ညွိုးထိုးျပၿပီး Chaeyoung ေမးလိုက္သည္။

"Liliနဲ႕လည္း မတူေတာ့ဘူး........ၿပီးေတာ့ ႏႈတ္ခမ္းေပၚက ဘာႀကီးလည္း....."

Chaeyoung ငုံ႕ကာ Lisaရဲ႕ ႏႈတ္ခမ္းေပၚက ႏႈတ္ခမ္းနီကို လွ်ာနဲ႕ရက္လိုက္သည္။

"Chae..အဲ့လိုမလုပ္ရဘူးေလ....."

Lisa တစ္ေယာက္ Chaeyoung ကို ဆူၿပီး ေဘးနားကို လွည့္ၾကည့္ေတာ့ Jisooက သူတို႔ကို စိုက္ၾကည့္ေနတာ ေတြ႕ရသည္။

Jisooကို မ်က္ေစာင္းထိုးၿပီး Chaeyoung  ဘက္ကို ျပန္လွည့္ေတာ့ Chaeyoung  ေနာက္တစ္ေခါက္ Lisa ႏႈတ္ခမ္းကို လွ်ာနဲ႕ ရက္လိုက္သည္။

"ခ်ိဳလိုက္တာ ....."

"Yah ....မနမ္းနဲ႕ေတာ့ သူတို႔ ၾကည့္ေနတယ္ေလ......"

Lisa ေျပာလို႔ Chaeyoung ၾကည့္လိုက္ေတာ့ JenSooႏွစ္ေယာက္က သူတို႔ကို ၾကည့္ေန၏

"သူတို႔ၾကည့္ေနရင္ နမ္းလို႔ မရဘူးေပါ့........"

Lisa နားေလးသို႔ ကပ္ကာ တိုးတိုးေလး Chaeyoung ေမးလိုက္သည္။

Lisa ၿပဳံးၿပီး ေခါင္းညိတ္ျပလိုက္သည္။

"Guys...နင္တို႔ အလွည့္ေရာက္ၿပီ......"

မန္ေနဂ်ာ ေရာက္လာၿပီး သတိေပးလိုက္သည္။

"Chae.....ဒီမွာဘဲ ထိုင္ၿပီး Tvကေန ငါ့ကို ၾကည့္ေနေနာ္ ....ဘယ္မွမသြားနဲ႕ေနာ္ ၾကားလား ငါျပန္လာမယ္...."

Chaeyoung ေခါင္းညိတ္ျပေတာ့ Chaeyoungရဲ႕ ေခါင္းကို Lisa
ပြတ္လိုက္ၿပီး နဖူးကို နမ္းလိုက္သည္။

"Good girl...."

"ကဲ ခ်စ္ၾကည္ႏူးေနတာ ရပ္ၿပီး စတိတ္စင္ေပၚကို ႂကြပါ ဟိုအမ......."

Jennie တံခါးကို မွီၿပီး လက္ပိုက္ကာ ေျပာလိုက္သည္။

Lisaမွာ စပ္ၿဖီၿဖီးျဖင့္

"ေအးပါ သြားၾကစို႔.. .....Unnie ......သူ႕ကို ဂ႐ုစိုက္ေပးပါအုံး....."

Stylist ကို အကူအညီေတာင္းၿပီး Lisa ထြက္လာခဲ့သည္။

"Lia...သူက ကေလး မဟုတ္ေတာ့ပါဘူးကြာ....."

"အခုထိ ကေလးဘဲ ရွိေသးတယ္ဟ......"

Jennie မၾကားေအာင္ Lisa  တိုးတိုးေလး ေျပာရင္း စင္ေပၚသို႔ တက္သြားလိုက္သည္။

Chaeyoung ကေတာ့ Tvကေန Lisa  သီခ်င္းဆိုေနတာကို စိတ္၀င္တစားၾကည့္ေန၏

"Chaeyoung shii.....ငါ အိမ္သာ ခဏသြားလိုက္အုံးမယ္....."

Stylistက ေျပာေတာ့ Chaeyoung ေခါင္းညိတ္ျပၿပီး Tvကို ဆက္ၾကည့္ေနလိုက္သည္။

Stylist ထြက္ၿပီ ခဏၾကာေတာ့ ေကာင္မေလးတစ္ေယာက္ အခန္းထဲကို ၀င်လာသည်။

Chaeyoungကို စိုက္ၾကည့္ၿပီး
"Yah စကားေျပာရေအာင္.........."

Chaeyoungမွာ အူေၾကာင္ေၾကာင္ျဖင့္ သူ႕ကိုယ္သူ လက္ညွိုးထိုးၿပီး

"Chaeနဲ႕လား ......"

"႐ူးေနတာလား ဒီမွာ နင္တစ္ေယာက္ဘဲ ရွိတာ နင္နဲ႕မေျပာလို႔ ငါဘယ္သူနဲ႕ ေျပာရမွာလည္း....."

"Aww ဘာေျပာမလို႔လည္း......."

"တစ္ေနရာသြားၿပီး စကားေျပာရေအာင္ "

"Lisa စိတ္ဆိုးလိမ့္မယ္ ေျပာခ်င္ရင္ ဒီမွာ ေျပာေလ"

ေကာင္မေလးမွာ Tvကို လွမ္းၾကည့္ေတာ့ Lisa တို႔ သီခ်င္းဆိုတာ ၿပီးေတာ့မွာကို ေတြ႕လိုက္ရသည္။

ထို႔ေၾကာင့္ အခ်ိန္မဆြဲေတာ့ဘဲ Chaeyoungရဲ႕  လက္ကို ေဆာင့္ဆြဲကာ အျပင္သို႔ ေခၚသြားလိုက္သည္။

Chaeyoung မွာ ႐ုန္းၿပီး ေကာင္မေလးရဲ႕ လက္ေမာင္းကို လက္သည္းနဲ႕ ကုတ္ျခစ္လိုက္သည္

ေကာင္မေလးမွာ ေဒါသထြက္ၿပီး Chaeyoungကို ပါးရိုက္ကာ ဆံပင္ကို ေဆာင့္ဆြဲလိုက္တယ္ .....

Chaeyoung လည္း နာလို႔ ငိုရင္း ေကာင္မေလးရဲ႕ ေနာက္လက္ေမာင္းတစ္ဖက္ကို ကိုက္လိုက္သည္။

ေကာင္မေလးမွာလည္း အံကိုႀကိတ္ၿပီး Chaeyoungရဲ႕ ဆံပင္ကို အားျပင္းျပင္းနဲ႕ ေဆာင့္ဆြဲလိုက္သည္။

"Jeon Yeon. .... ................"

Jeon Yeonဆိုသည္မွာ SBSက PDတစ္ဦးရဲ႕ သမီးျဖစ္သလို Lisa ရဲ႕ Fangirlတစ္ေယာက္လည္းျဖစ္သည္။

Lisa SBSကို ေရာက္ေနၿပီလို႔ သတင္းၾကားေသာေၾကာင့္ အိမ္ကေနေျပးလာၿပီး ၾကည့္ေသာ္လည္း chaeyoung နဲ႕ ေပ်ာ္႐ႊင္ေနတာကို ျမင္ၿပီး ေဒါသထြက္သြားခဲ့သည္။

Lisa စင္ေပၚမွာ သီခ်င္းဆိုေနစဥ္ Chaeyoung ကို Lisa ေဘးနားက ထြက္သြားဖို႔ လာေျပာရင္း ရန္ျဖစ္ၾကျခင္း ျဖစ္သည္။

Lisaရဲ႕ ေအာ္သံေၾကာင့္ Jeon Yeon ဟန္ေဆာင္ၿပီး လွဲခ်လိဳက္သည္။

"သူ chawကို ကုတ္ဆြဲတာ ဒီမွာၾကည့္....."

Jeon Yeon ေသြးေတြထြက္ေနတဲ့ သူ႕လက္ကို ကိုင္ၿပီး ငိုရင္း ေျပာလိုက္သည္။

"နင္ကသာ သူ႕ကို ဘာမွမလုပ္ရင္ သူက လုပ္မွာမဟုတ္ဘူး.....နင္အရင္လုပ္လို႔ သူ ကုတ္ဆြဲတာ....."

Jisoo အဆင္ေျပလားေမးဖို႔ Chaeyoungဆီ သြားေတာ့ Chaeyoung မွာ လက္သည္းနဲ႕ Jisooကို ဆြဲကုတ္လိုက္သည္။

Jisoo လန့္ၿပီး အေနာက္ကို ဆုတ္သြားသည္။

"ေတြ႕လား.....သူက အေၾကာင္းျပခ်က္ မရွိ လူေတြကို နာက်င္ေအာင္ လုပ္ေနတာ.......chawက သူ႕ကို စကားေျပာမလို႔ လက္ဆြဲတာကို chaw ကို ကုတ္ဆြဲတာ....."

"ေလွ်ာက္ေျပာမေနနဲ႕ ကေလးမ..... Chae ငါပါ.....Lisa....."

Lisaရဲ႕  နာမည္လည္းၾကားေရာ Chaeyoung ငိုေနရာက ေမာ့ၾကည့္သညိ

Lisa မွန္းလည္း သိေရာ Lisaကို Chaeyoung ဖက္ထားေလသည္

"Chae....မငိုနဲ႕ေတာ့ေနာ္.........."

Chaeyoungရဲ႕ ေက်ာျပင္ေလးကို ပြတ္ေပးၿပီး Lisa ေခ်ာ့ေန၏

"Chawက ခံရသူပါ ဒါေပမယ့္ ဘာလို႔ သူ႕ကိုဘဲ ေခ်ာ့ၿပီး သူ႕ဘက္ပါေနတာလည္း......."

"Jeon Yeon.. .....PDရဲ႕ သမီးမကလို႔ ဘာျဖစ္ေနေန ငါ ဂ႐ုမစိုက္ဘူး.....ဘယ္သူခံရ မခံရသိရေအာင္......ေဟာဒီစင္ေပၚက ဖုန္း record ေလးကို ျပန္ၾကည့္မလား......."

Lisa နားေနခန္းထဲ ၀င်ပြီး မိတ္ကပ္လိမ္းတဲ့ စားပြဲေပၚမွာ ေထာင္ထားတဲ့ ဖုန္းေလးကို ယူလိုက္သည္။

Chaeyoung ကို Lisa စိတ္မခ်လိဳ႕ ဖုန္းနဲ႕ Chaeyoungကို တည့္တည့္ခ်ိန္ၿပီး video ရိုက္ထားျခင္းျဖစ္သည္။

"ကဲ ၾကည့္ရေအာင္....Chaeyoungက နင့္ကို အေၾကာင္းမဲ့ရန္ရွာလားဆိုတာ....."

Lisaလက္က ဖုန္းကို ဆြဲလုၿပီး လႊင့္ပစ္ကာ Jeon Yeon ေတာက္ေခါက္ၿပီး အခန္းထဲက ထြက္သြားတယ္

"Lili ....."

ငိုေနတဲ့ Chaeyoungေလးကို Lisa သူ႕ရင္ခြင္ထဲ ထည့္ကာ  အငိုတိတ္ေအာင္ ေခ်ာ့ေနသည္။

"အိမ္ျပန္ခ်င္ၿပီ....."

"ခဏေနရင္ ျပန္ရေတာ့မွာပါ........"

"Chae ေၾကာက္တယ္...."

"ငါ ရွိပါတယ္ မေၾကာက္နဲ႕ေတာ့ေနာ္....."

Lisaကို ဖက္ထားရာမွ Chaeyoung ခြာၿပီး သူ႕မ်က္ႏွာသူ ကိုင္ျပကာ

"သူက Chaeရဲ႕ မ်က္ႏွာကို ရိုက္တာ .....ၿပီးေတာ့ ဆံပင္ေတြကို ေဟာ့ဒီလို ေဟာ့ဒီလို ေဆာင့္ဆြဲတာ......"(ေၾကာင္ေပါက္ေလး  ျပန္တိုင္ေနတာ😂)

Jisooတို႔မွာ အနိုင္က်င့္ခံရတဲ့ သမီးက သူ႕အေဖကို ျပန္တိုင္ေနသလို အမူအရာေတြပါထည့္ၿပီး တိုင္ေနတဲ့ Chaeyoungကို ၾကည့္ကာ အံ့ၾသေနၾက၏

Lisaမွာ Chaeyoung ရဲ႕ မ်က္ရည္ေတြကို သုတ္ေပးရင္း စိတ္မေကာင္းျဖစ္ေန၏

"သူ႕လက္ေမာင္းကို ကုတ္လိုက္လို႔ Chaeကို စိတ္ဆိုးလားဟင္......"

"မဆိုးပါဘူး.....မ်က္ႏွာေရာ....နာေသးလား....."

"Onn...နာေသးတယ္ "

Chaeyoung ေခါင္းညိတ္ျပရင္း ထပ္ငိုျပန္သည္။

"Aigo......ေၾကာင္ေပါက္ေလးရယ္ မငိုပါနဲ႕ေတာ့.....ကေလးေလးက်ေနတာဘဲ.. .."

Chaeyoungရဲ႕ မ်က္ရည္ေတြကို သုတ္ေပးရင္း Lisa  ေျပာလိုက္သည္။

Bạn đang đọc truyện trên: Truyen3h.Co