Truyen3h.Co
My Little Kitty
Part 17
KimFany059
#Unicode
Chaeyoung လူပုံစံ ပြန်ဖြစ်သွား Lisaတို့  သက်ပြင်းချလိုက်ကြတယ်.....
ဒါပေမယ့် Jennie မှာတော့ ကြောက်လွန်းလို့ အခုထိ နှလုံးခုန်မြန်နေဆဲ ဖြစ်သည်။
Chaeyoung ငိုနေတာကို တွေ့ရတော့ အပြစ်ရှိသလို သူတို့ ခံစားလိုက်ရသည်။
"Cha. ..Chae...."
Lisa သူမနာမည်ကို ခေါ်လိုက်ပေမယ့် Chaeyoung  လှည့်မကြည့်ဘဲ Lisa ကို ကျောပေးထားသည်။
"Come on Chaeလေး......ဒီကိုလာ....."
Lisa သူ့ဆီ လာဖို့ လက်ယပ်ခေါ်ပေမယ့် Chaeyoung ခေါင်းခါပြသည်။
Lisa သူ့အနားကို သွားတော့ Chaeyoung ရှောင်ပြေးဖို့ ကြိုးစားတယ်....
ဒါပေမယ့် Lisa က Chaeyoung  ရဲ့ လက်ကို ဆွဲဖမ်းလိုက်သည်။
Lisaရဲ့ လက်ကို Chaeyoung ဖြုတ်ချတော့ Lisa မှာ Chaeyoungရဲ့ လက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်
"Chae. ......."
Lisa ကို လုံး၀မကြည့်ဘဲ Chaeyoung အကြည့်လွှဲလိုက်သည်။
Chaeyoung ရဲ့ မျက်နှာလေးကို Lisa ကိုင်လိုက်ပြီး
"Chae...ငါ တောင်းပန်ပါတယ်....ငါ တကယ် တောင်းပန်တာပါ.....ငါ မင်းက ကြောင် ဖြစ်ရုံသာမက အကြီးကြီးပါ ဖြစ်သွားတော့ ငါ အရမ်း အံ့သြသွားတာ...."
Chaeyoungကတော့ Lisaကို မကြည့်ဘဲ ခေါင်းငုံ့ကာ ငိုနေ၏
"Chae ....တကယ် တောင်းပန်ပါတယ်.....နောက် အဲ့လိုမဖြစ်စေရဘူးနော် ငါ ကတိပေးတယ်....."
Chaeyoung  ခေါင်းမော့လိုက်ပြီး
"Liliနဲ့ သူတို့က chaeကို ကြောက်ကြတယ်မလား .....Chae ကို မချစ်တော့ဘူး မဟုတ်လား....လွှင့်ပစ်တော့မှာ မဟုတ်လား...."
Chaeyoung ငိုရှိုက်ရင်း ပြောလိုက်သည်။
"Oh....Chaeကို လွှင့်ပစ်မယ်လို့ မပြောဖူးဘူးလေ...."
"ဒါပေမယ့် ခုနက အရမ်း ကြောက်သွားတာ မဟုတ်လား "
"Chaeက ကြောင် အကြီးကြီး ဖြစ်သြားတာလေ.....ကောင်မလေး ချောချောလေးကနေ
ကြောင်အကြီးကြီး  ပြောင်းသွားတာ မကြောက်မယ့်သူ ဒီလောကမှာ ရှိမှာလား....."
"ဒါဆို chaeကို မလွှင့်ပစ်တော့ဘူးပေါ့ "
"ဘယ်တုံးကမှ လွှင့်ပစ်ဖို့ စိတ်ကူးမရှိပါဘူးကွာ...."
"ကြောင် အကြီးကြီး ဖြစ်ရင်တောင် အတူ နေခိုင်းမှာလား...."
"ဒါပေါ့ အတူနေခိုင်းမှာပေါ့  "
Lisa  ပြုံးပြီး ပြောလိုက်တော့ Chaeyoung အရမ်းပျော်ပြီး Lisaကို  ဖက်ကာ မျက်နှာတစ်ပြင်လုံးကို နမ်းလေသည်။
Lisaမှာ Chaeyoung နမ်းတာခံရင်း သူမကို စ​နောက်မယ့် သူငယ်ချင်းနှစ်ယောက်ကို လှမ်းချောင်းရသေးသည်။
"တော်တော့ ........"
Chaeyoung နမ်းနေရာမှ ရပ်ပြီး ကြောင် အကြီးကြီး အဖြစ် ပြန်ပြောင်းသွားပြန်သည်။
"Oh My God Chae!!!!!!!"
Lisa လန့်ပြီး အာပြဲကြီးနဲ့ ထအော်သည်။
Jisooတို့မှာလည်း ချက်ချင်းဘဲ ဆိုဖာအောက် ၀မ်းလျားမှောက်ကာ ပြေး၀င်ကြ၏
Chaeyoung လူအဖြစ် ပြန်ပြောင်းသွားပြီး Lisa ကို နှုတ်ခမ်းစူကာ ကြည့်လိုက်သည်
"Lili အခုထိ ကြောက်နေသေးတာဘဲ"
Chaeyoungမှာ Lisa ဘေးက ထွက်လာပြီး မီးဖိုချောင်ထောင့်လေးထဲမှာ ကြုံ့ကြုံ့လေး ထိုင်နေ၏
"Oh....Chae ငါ့ကို ကြိုပြောလို့လား......."
Lisaမှာ Chaeyoungကို ချော့ဖို့ မီးဖိုချောင်ထဲ လိုက်လာတယ်
"Lili လိမ်ပြောမပြော သိချင်လို့ စမ်းကြည့်လိုက်တာ ...."
Chaeyoung  စူပုပ်ပုပ်ရုပ်လေးနဲ့ ပြန်ရန်ထောင်လိုက်သည်။
Lisa သူ့ပါးစပ်ထဲက လေတွေကို မှုတ်ထုတ်ပြီး
"Chaeက ငါ့ကို နှလုံးရောဂါ ရအောင်လုပ်နေတာဘဲ ကြိုပြောသင့်တယ်လေ "
Chaeyoungမှာ စူပုပ်ပုပ်ရုပ်လေးနဲ့ Lisa ကို ကျောပေးထားသည်။
"Yah အဲ့နေရာမှာ မထိုင်နဲ့ ညစ်ပတ်နေတာကို "
Lisa ပြောတာကို Chaeyoung မကြားချင်ယောင်ဆောင်လိုက်သည်။
"ထ......မတ်တတ်ရပ်.. .."
"...."
"Chae. ........"
"Chae ဒီမှာဘဲ နေမယ် ကြောင် တွေက ဧည့်ခန်းထဲမွာ မနေသင့်ဘူးလေ.....ပြီးတော့ လူတွေက ကြောက်နေကြတာကို......."
"ထစမ်းပါ....."
"မထချင်ဘူး....."
Jisooတို့မှာ ဆိုဖာအောက်က ထလာကြပြီး မီးဖိုခန်းကို ချောင်းကြည့်နေကြ၏
"အေး မထဘူးဆိုရင် ဟိုအရုပ်ကို မီးရှို့ပစ်မယ်....."
Lisa မီးခြစ်ကို ကိုင်လိုက်တော့ Lisa  လက်က မီးခြစ်ကို Chaeyoung ဆွဲလုပြီး လွှင့်ပစ်လိုက်တယ်....
ပြီးနောက် ဧည့်ခန်းထဲ ပြေးသွားပြီး ၀က်ဝံရုပ်ကို ကောက်ကိုင်ကာ Lisaကို မျက်စောင်းထိုးကာ ဂျိူ တွေပေးလိုက်သည်။
Lisa ဧည့်ခန်းထဲလျှောက်လာပြီး Jisooတို့ကို ကြည့်လိုက်သည်
"Chae အကြောင်းကို ဘယ်သူ့ကိုမှ မပြောဘူးလို့ ငါ ယုံကြည်ချင်ပါတယ် ....."
"အေးပါ မပြောပါဘူးဟာ....ငါတို့က နင့်သူငယ်ချင်းတွေလေ.....အခင်ဆုံးအရင်းနှီးဆုံးသူတွေပါဟ....."
"အေးပါ ဆာနေပြီ မလား စားကြစို့....."
Lisa ကြက်ကြော်ဗူးတွေကို ဖောက်လိုက်သည်။
"Jisoo..ပန်းကန်နဲ့ ဇွန်း သွားယူပေးပါ့လား..."
"Chae သွားယူမယ်....."
Chaeyoung ချက်ချင်းဘဲ လက်ညိုးထောင်ကာ မီးဖိုအခန်းထဲ ပြေး၀င်သွားသည်။
Lisa သက်ပြင်းချပြီး
"Jen...Soo....သူ့ကို မကောင်းဆိုးဝါး တစ်ယောက်လို မဆက်ဆံပါနဲ့.. ..သူက ဘာမှမသိသေးတဲ့ ကလေးပါ....အခုမှ အရာအားလုံးကို သင်ယူနေဆဲဘဲရှိသေးတယ် ....သူက သူ့ကို နာကျင်အောင် မလုပ်ရင် ဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး..."
"ငါတို့ နားလည်ပါတယ်ဟ.....ကြောင်တစ်ကောင်ကနေ လူဖြစ်သွားတာကို အံ့သြတာပါ...."
"Jen နင့်ကို ငါ နားလည်ပါတယ်....ဒါပေမယ့် သူနင့်အနားကို လာရင် ထွက်မပြေးပါနဲ့.....သနားပါတယ်....သူ ဘယ်လောက် ၀မ်းနည်းနေမလည်း......"
"ငါကတော့ ထွက်မပြေးဘူး နင့်လို စောင့်ရှောက်ပေးမှာ....."
Jisoo စလိုက်တော့ Jisooကို Lisa  မျက်စောင်းထိုးကာ ကြည့်လိုက်သည်။
Chaeyoung ပန်းကန်တွေ ဇွန်းတွေ
သယ်လာပြီး စားပွဲခုံပေါ် ချပေးလိုက်သည်
"Chae....မီးဖိုအခန်းထဲမှာဘဲ စားလိုက်မယ်နော်...."
"မစားပါနဲ့ ဒီမှာဘဲ စားပါ Chae."
Jisoo  ပြုံးပြီး ပြောလိုက်သည်။
"ဒါပေမယ့် ရှင်တို့ ကြောက်နေကြမှာပေါ့..."
"အင်း...ငါတို့ ကြောက်တာက ပြောင်းလဲသွားတဲ့ ပုံစံကြောင့်ပါ စဉ်းစားကြည့်လေ....ဒီလောက်ချောတဲ့ ကောင်မလေးက ကြောင် အကြီးကြီး ပြောင်းသြားတာ အံ့သြစရာမကောင်းဘူးလား.. ..."
Jisoo စကားကြောင့် Chaeyoung  သဘောကျပြီး ရယ်လိုက်သည်။
"Liliလည်း ပထမတုံးက သူ့အပေါ်မှာ လှဲအိပ်နေတဲ့ chae ကို တွေ့ပြီး အော်ပြေးသေးတယ် လုံခြုံရေးတွေနဲ့တောင် ထည့်ပေးသေးတယ်...."
"သူက ကြောက်တာလား......"
Jisoo မေးတော့ chaeyoung ခေါင်းညိတ်ပြသည်။
"အဲ့တုံးက သူ ဘာလို့ကြောက်မှန်း မသိဘူး.....Chaeက ကြောင် အကြီးကြီးလည်း မဟုတ်ဘူး.. ..လူဖြစ်နေပြီကို ...."
Chaeyoung  ပြောရင်း တစ်ခုခုကို သတိရပြီး
"အာ...သိပြီ....Chae.....အ၀တ်#@#*@##&@"
Chaeyoung စကားကို ဆုံးအောင် မပြောလိုက်ရ chaeyoung ရဲ့ ပါးစပ်ကို Lisa လက်နဲ့ပိတ်ခြင်းကို ခံလိုက်ရသည်။
Lisaမှာ ကြက်ခြေထောက်ကို Chaeyoung ပါးစပ်ထဲ ထိုးသွတ်ပြီး
"စကားများတာရပ်ပြီး မုန့်စား...."
Chaeyoung နှုတ်ခမ်းကို စူပြီး ကြက်ခြေထောက်ကို ကိုက်စားလိုက်သည်
"Lisa နဲ့ ပထမဆုံး စတွေ့တုံးက ဘာ၀တ်ထားတာလည်း....."
Jennie စကားကို ပြန်စလိုက်သည်။
"ဘာမွ ..#@*@&@#@#"
Chaeyoungရဲ့ ပါးစပ်ထဲ ကြက်တောင်ပံကြီး Lisa ထိုးထည့်လိုက်ပြန်သည်။
"Oh...ငါ သိပြီ....hk hk Lisaက  အ၀တ်မပါတဲ့ ကောင်မလေးကြောင့် လန့်သွားတာ ဟုတ်...."
Jisoo စကားမဆုံးသေး Lisa ဇွန်းနဲ့ Jisoo ခေါင်းကို လှမ်းခေါက်လိုက်သည်။
"ဘယ်သွားမလို့လဲ.. ..."
ထိုင်နေရာက ထသွားတဲ့ Chaeyoungကို Lisa လှမ်းမေးလိုက်သည်။
Chaeyoung အခန်းထဲကနေ နောက်ထပ် အရုပ်တစ်ရုပ်နဲ့ အဝတ်ထုပ်တွေ ယူလာလေသည်။
"ဒါတွေက Lili ၀ယ်ပေးတာလေ....."(ကြွားစိန်)
"Wow...အကုန်လုံး ၀ယ်ပေးတာလား...."
"Omm ဟုတ်တယ်......."
Chaeyoung အိတ်ထဲက အဝတ်အစားတွေကို ထုတ်ပြတော့ Lisaမှာ အဝတ်အစားတွေကို အိတ်ထဲ အမြန်ထိုးထည့်လိုက်သည်
"Chae ..ဘာလို့ အဲ့တာတွေ လျှောက်ထုတ်ပြနေတာလည်း....."
"Lili ၀ယ်ပေးထားတာကို ပြလို့မရဘူးလား...."
"မရဘူး အထူးသဖြင့် အတွင်းခံတွေ...."
'ဘာလို့လည်း....."
"ငါ ပြောတာကို နားထောင်စမ်းပါ....."
"Nae...."
Chaeyoung သူ့ခြေထောက်ကို မြှောက်လိုက်တော့ Lisa  ခြေထောက်ကို ရိုက်လိုက်ပြီး
"အဲ့တာ ဘာလုပ်တာလည်း........."
"Chae နောက်ကျောက ယားလို့....."
"လက်နဲ့ကုတ်လေ....."
"မမှီလို့ "
"ငါ ကုတ်ပေးမယ်လေ....."
Jisoo ထလာတော့ Lisa မျက်စောင်းထိုးကာ လှမ်းကြည့်လိုက်သည်။
Jisoo ထပ်ပြီး အခေါက်ခံရမှာဆိုးလို့ ပြန်ထိုင်လိုက်သည်
Chaeyoungရဲ့ အင်ကျီထဲ လက်ထည့်ပြီး Lisa  ကုတ်ပေးလိုက်သည်။
Chaeyoungရဲ့ braကြိုးကို လက်နဲ့ထိမိတော့ Lisa လေးမှာ ရှက်နေ၏
"Chae...မင်းမှာ ကြောင် အစွမ်းတွေ မရှိဘူးလား လူပြန်ဖြစ်နေပေမယ့် အမှောင်ထဲမှာ မြင်ရတာတွေ....တခြား...အရာတွေရောပေါ့...."
Jennie သိချင်လို့ မေးလိုက်သည်။
"Jennieကို ပြောပြရင် Lili စိတ်ဆိုးလိမ့်မယ်...."
Lisa မကြားအောင် လက်ကလေးနဲ့ကွယ်ပြီး Chaeyoung ပြောလိုက်သည်။
"တိုးတိုးလေးပြောမနေနဲ့ ငါက မင်းဘေးမှာ အကုန်ကြားရတယ်...."
"Oh...."
Chaeyoung ကို ကြည့်ပြီး Jisooတို့ သဘောကျကာ ရယ်လိုက်ကြ၏
#TBC
#Zawgyi
"Cha. ..Chae...."
"Chae. ......."
"တော်တော့ ........"
"Oh My God Chae!!!!!!!"
"ထ......မတ်တတ်ရပ်.. .."
"...."
"Chae. ........"
"ထစမ်းပါ....."
"မထချင်ဘူး....."
ပြီးနောက် ဧည့်ခန်းထဲ ပြေးသွားပြီး ၀ကျဝံရုပျကို ကောက်ကိုင်ကာ Lisaကို မျက်စောင်းထိုးကာ ဂျို တွေပေးလိုက်သည်။
"Chae သွားယူမယ်....."
Lisa သက်ပြင်းချပြီး
"သူက ကြောက်တာလား......"
"အာ...သိပြီ....Chae.....အ၀တ်#@#*@##&@"
"ဘာမွ ..#@*@&@#@#"
"ဘယ်သွားမလို့လဲ.. ..."
"ဒါတွေက Lili ၀ယ်ပေးတာလေ....."(ႂကြားစိန္)
"Wow...အကုန္လုံး ၀ယ်ပေးတာလား...."
"Omm ဟုတ်တယ်......."
"Lili ၀ယျပေးထားတာကို ပြလို့မရဘူးလား...."
'ဘာလို့လည်း....."
"Nae...."
"အဲ့တာ ဘာလုပ်တာလည်း........."
"လက်နဲ့ကုတ်လေ....."
"မမှီလို့ "
"ငါ ကုတ်ပေးမယ်လေ....."
"Oh...."
#TBC
Bạn đang đọc truyện trên: Truyen3h.Co