Part 22
#Unicode
Lisa အိပ်နေရင်း နှာခေါင်းထဲ အမွှေးတွေ၀င်လာလို့ မျက်လုံးဖွင့်ကြည့်တော့ သူ့ဘေးနားမှာ Teddy ဝက်ဝံရုပ်ကြီး ကို တွေ့လိုက်ရသည်။
Lisa ချက်ချင်းဘဲ Teddyကို လွှင့်ပစ်ပြီး Chaeyoungနား တိုးကပ်ကာ အိပ်လိုက်သည်။
Lisa ပြန်အိပ်ပျော်ပြီး နှစ်နာရီလောက်ကြာတော့ အမွှေးတွေကို ထပ်ခံစားမိပြန်သည်။
သူချက်ချင်းဘဲ ထပြီး အခန်းတံခါးဖွင့်ကာ teddy ကို အခန်းအပြင်ဘက် လွှင့်ပစ်လိုက်သည်။
Lisa ကုတင်ပေါ် ပြန်တက်လာပြီး Chaeyoung ကို ဖက်ကာအိပ်လိုက်သည်။
ဒီလိုနဲ့ Teddyနှောင့်ယှက်မှုကြောင့် မနက်ကိုးနာရီလောက်မှ Lisa နိုးလာတယ်........
Lisaမှာ Chaeyoungကို ဖက်ထားတယ် ထင်ရပေမယ့် သေချာကြည့်လိုက်တော့ Chaeyoung မဟုတ်ဘဲ Teddyကြီး ဖြစ်နေ၏......
"Chae!!!!!!"
Chaeyoung မျက်နှာသစ်ရာမှ သူ့သခင် အော်သံကြားလို့ ရေချိူးခန်းထဲက ထွက်လာလေသည်။
"Lili...."
"ဒါကြီး ငါ့ဘေးနား ဘာလို့ထားတာလည်း......"
Lisa ခါးထောက်ပြီး Chaeyoung ကို မေးလိုက်သည်။
"Chaeနိုးလာတော့ Liliက ဖက်ထားတာ ဖယ်မပေးလို့ သူ့ကိုဆွဲထည့်ထားတာ...."
"What! ငါက ဒီရုပ်ဆိုးကြီးကို ဖက်ထားချင်တယ်လို့ ထင်နေတာလား....."
Teddyကို ကုတင်ပေါ်က ဆွဲချလိုက်ပြီး Lisa ပြောလိုက်သည်
"ပြီးတော့ ဒင်းကို အခန်းအပြင်ထုတ်ထားတာလေ......ဘာလို့ အခန်းထဲ ပြန်ရောက်လာတာလည်း......"
"Chae ပြန်ခေါ်လိုက်တာ...."
Lisa သူ့မျက်နှာသူ လက်နဲ့ပွတ်လိုက်ပြီး
"ရေချိူးမလို့မလား.....သွားချိူးတော့.. ...."
"Lili.....Teddy ကို ဘာမှမလုပ်နဲ့နော်......."
"ရေချိူးမှာဖြင့် ချိုးစမ်းပါ......."
Chaeyoung ရေချိုးပြီး ပြန်ထွက်လာတော့ အခန်းထဲ Lisa ရော Teddyကိုပါ မတွေ့တာနဲ့ အဝတ်အစား အမြန်ဝတ်ပြီး အခန်းအပြင်ကို ထွက်လာလိုက်သည်။
"Lili!!!"
Chaeyoungက အော်လိုက်သောအခါ Lisa ကတော့ innocent မျက်နှာလေးနဲ့ Chaeyoungကို ရယ်ပြလေသည်။
Chaeyoung ကြမ်းပြင်ပေါ်ထိုင်ချကာ ခြေဆင်းပြီး မူကြို မသွားချင်တဲ့ ကလေးတစ်ယောက်လို အော်ငိုသည်
"ငါပြောထားပြီးသားလေ....ဒီ၀က်ဝံကို ငါတို့နဲ့ခေါ်မအိပ်ပါနဲ့လို့.....ပြောစကားကျ နားမထောင်ဘူး.....မီးမရှို့ပစ်တာ ကံကောင်းတယ်မှတ်ပါ....."
"Lili...သူ့ရဲ့အမွှေးတွေ ပြန်တပ်ပေးပါ......."
Chaeyoungမှာ အမွှေးတွေမရှိတော့တဲ့ ဝက်ဝံရုပ်ကို ကိုင်ရင်း ငိုပြီးပြောလိုက်သည်
"ငါ မလုပ်တတ်ဘူး....."
"မလုပ်တတ်ဘူးဆို ဘာလို့ အမွှေးတွေကို ညှပ်ပစ်တာလည်း...."
"မုန်းလို့လေ ....အမြင်ကတ်လို့...ကြည့်မရလို့ ...."
Chaeyoung ကလေးတစ်ယောက်လို ခြေဆင်းကာ ထပ်ငိုပြန်သည်။
"ပြန်တပ်ပေးကွာ........"
"Chae.. ...ကြမ်းပြင်က အေးတယ် ထကွာ "
"အမွှေးတွေ ပြန်တပ်ပေးပါဆို........"
"ငါ မလုပ်တတ်ဘူးလို့ ...လွှင့်ပစ်လိုက်....မင်းမှာ နောက်တစ်ရုပ်ရှိသေးတာဘဲ.."
"Teddyကို ပိုကြိုက်တာ....."
"Chae ကလေးလို ငိုမနေနဲ့ထကွာ...."
"မထဘူး...."
"Chae ငါ စိတ်ဆိုးလာပြီနော် "
"Chae က ပိုပြီး စိတ်ဆိုးသေးတယ် သိလား "
Chaeyoung ငိုရင်း Lisa ကို ရန်ထောင်လိုက်သည်။
"What!"
"Chae တကယ် စိတ်ဆိုးတယ်....Liliကို မုန်းတယ်..."
Chaeyoung ငိုနေရာက ထပြီး အခန်းထဲ၀င်သွားတယ်....
ပြီးတော့ YG သွားရင် Lisa ယူသွားတတ်တဲ့ အိတ်ထဲ သူ့အ၀တ်အစားတွေနဲ့ သူ အကြိုက်ဆုံး ဘောလုံးလေးကို ထည့်ကာ လွယ်လိုက်သည်။
Lisaမှာ အနောက်ကနေ လိုက်လာပြီး Chaeyoung အပြုအမူကို ကြည့်ကာ အံ့သြနေသည်
"Chae..ဘာလုပ်နေတာလည်း....အိတ်ထဲ ဘာလို့အ၀တ်တွေ ထည့်နေတာလည်း "
"Liliကို စိတ်ဆိုးလို့ ထွက်ပြေးမလို့...."
Lisaကို မျက်စောင်းထိုးပြီး Chaeyoung ပြောလိုက်သည်။
"ငါ့ကို မျက်စောင်းထိုးလိုက်တာလား......"
"ဟုတ်တယ်....စိတ်ဆိုးလို့....."
"ငါ့ကို စိတ်ဆိုးလို့.....မင်း ဘာလုပ်မှာလည်း.. .."
"အိမ်က ထွက်ပြေးမလို့ "
Chaeyoung မျက်ရည်တွေသုတ်ပြီး ပြောလိုက်သည်
Lisaမှာ ပြောပြီး အိမ်တံခါးဖွင့်ပေးလိုက်သည်
"ကဲ ငါ တံခါးဖွင့်ပေးထားတယ်နော် "
"ငါ အိမ်ကနေ ထွက်ပြေးမလို့....."
"အဲ့တာကြောင့် ငါတံခါးဖွင့်ပေးထားတယ်လို့...."
Lisa ရယ်ချင်စိတ်ကို အောင့်ပြီး ပြောလိုက်သည်။
အိမ်က ထွက်ပြေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို Chaeyoung သေချာမသိဘူးလေ.....
"ငါ အိမ်က ထွက်ပြေးမလို့ပါဆို....."
"Oh God...Chae ငါ ဘယ်နှခါပြောရမလည်း....မင်းကို ငါခွင့်ပြုတယ်လို့ မင်းယူချင်တာယူလို့ရတယ်....အို ရော့...ဒီမှာပိုက်ဆံ....."
Lisa သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို Chaeyoung လက်ထဲ ထည့်ပေးလိုက်သည်။
Chaeyoung ကို Lisa အပြင်ခေါ်သွားပြီး
"Bye Chae..."
Chaeyoungရဲ့ ပါးကို နမ်းပြီး Lisaမှာ အိမ် တံခါးပိတ်လိုက်သည်။
Chaeyoungမှာ တံခါးကို တဘုန်းဘုန်းထုပြီး
"Lili...ဘာလုပ်တာလည်း....ဘာလို့ chaeကို အုပင်ခေါ်ပြီး တံခါးပိတ်ပစ်တာလည်း....တံခါးဖွင့်ပေးပါ...."
Lisaမှာ တံခါးဖွင့်လိုက်ပြီး
"ဘာလည်း...မင်းဘဲ ထွက်သွားမယ်ဆို ...သွားလေ..."
Lisa ရယ်ချင်လာလို့ သူ့နှုတ်ခမ်းကို သူကိုက်ပြီး ပြောလိုက်သည်၊m
"ထွက်သွားမယ်မပြောပါဘူး....အိမ်က ထွက်ပြေးမယ်လို့ပြောတာပါ...."
"အိမ်က ထွက်ပြေးမယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိရောသိရဲ့လား....နေပါအုံး မင်း ဘယ်က ကြားလာတာလည်း...."
"ပန်းခြံမှာတုံးက ကလေးနှစ်ယောက် ပြောတာကြားတာ.....ကလေးတစ်ယောက်က သူ့မိဘတွေကို စိတ်ဆိုးရင် အိတ်ထဲ သူ့အ၀တ်အစားတွေထည့်ပြီး အိမ်က ထွက်ပြေးတယ်ပြောတာ"
"ဒါဆို မင်းက ငါ့ကို စိတ်ဆိုးပြီး သူ့လိုလိုက်လုပ်တယ်ပေါ့...."
Lisa မေးတော့ Chaeyoung ခေါင်းညိတ်ပြသည်
"ဟုတ်တယ်.....Teddyရဲ့ အမွှေးတွေကိုညှပ်ပစ်လို့ အရမ်း စိတ်ဆိုးနေတာ"
"အိမ်က ထွက်ပြေးတယ်ဆိုတာ ငါနဲ့မနေချင်လို့ ထွက်သွားတဲ့ အဓိပ်ပ္ပါယ့ဘဲ...မင်းက ငါနဲ့ မနေချင်ဘူးဆိုလည်း ထွက်သွားပါ ငါ ခွင့်ပြုပါတယ်....."
Lisa တံခါးကို ပိတ်ဖို့ ပြင်တော့ အိမ်ထဲကို
Chaeyoung အမြန် ပြေး၀င်လိုက်သည်။
Chaeyoungရဲ့လက်ကို ဆွဲကာ ပါးပေါ်က မျက်ရည်တွေကို Lisa သုတ်ပေးလိုက်သည်
"မငိုနဲ့တော့.."
"Lili ဘာလို့ သူ့ကို မုန်းတာလည်း....သူက စကားလည်း မပြောတတ်ဘူး....လမ်းလည်းမလျှောက်တတ်ဘူးလေ....သနားပါတယ် Teddy လေး....."
"Aww ငါက မင်းရဲ့ နံပါတ်တစ်လို့ထင်မိတာ....သူ့ကြောင့် ငါ့ကို စိတ်ဆိုးတယ်ပေါ့....."
"Liliက Chaeရဲ့ နံပါတ်တစ်လေ...ဒါပေမယ့် သူ့ကို မဖျက်ဆီးသင့်ဘူးလေ...."
"Teddyနဲ့ ငါ့ဆို ဘယ်သူ့ကို ရွေးမှာလည်း....."
"Lili...ဘာလို့ အဲ့လိုမေးတာလည်း....သူနဲ့ Liliက မတူဘူးလေ ....Liliက အားလုံးလုပ်လို့ရတယ်....သူက လုပ်မရဘူး...."
"ရွေးပါဆို......"
"Teddyကို သယ်နိုင်တယ်....ဒါပေမယ့် Liliကို မသယ်နိုင်ဘူး...."
"ဒါဆို မင်း ငါ့ကို ရွေးသင့်တယ်....ငါက မင်းကို ချီနိုင်တယ်....သူက မင်းကို မချီနိုင်ဘူးလေ...."
"Teddyနဲ့ ကစားလို့ရတယ်....."
"ရော် ငါနဲ့လည်း ကစားလို့ ရတယ်လေ ...နမ်းမလား ဖက်မလား ကြိုက်သလိုလုပ်နိုင်တယ်......"
"Liliက Chaeဘေးနား အချိန်တိုင်း ရှိမနေနိုင်ဘူးလေ....သူက အချိန်တိုင်းရှိပြီး Chae ပျင်းတဲ့အချိန်တိုင်း ဆော့ပေးတယ် .....Lili ထွက်သွားတဲ့အချိန်ဆို....."
Chaeyoung ရဲ့ စကားမဆုံးသေး Lisa စိတ်မကောင်းဖြစ်ကာ အပြစ်ရှိသလိုခံစားရပြီး Chaeyoung ကို ဆွဲဖက်လိုက်သည်
"တောင်းပန်ပါတယ်.....ငါ သူ့ကို မနာလိုသ၀န်တိုမိလို့ပါ....ငါ အိမ်ပြန်ရောက်တဲ့ အချိန် သူက မင်းနဲ့ရှိနေလို့......ငါတို့နှစ်ယောက်ကြား သူ၀င်အိပ်နေလို့....ငါမနက် မိုးလင်းလို့ မျက်လုံးဖွင့်လိုက်ရင်
မင်းမျက်နှာမြင်ချင်ပေမယ့် သူ့ကိုဘဲမြင်ရလို့ ငါ ကြည့်မရတာ....."
"ဒါဆို အမွှေးတွေ ပြန်တပ်ပေး အဲ့တာဆို မငိုတော့ဘူး....."
"Chae ငါတကယ် မလုပ်တတ်ဘူး"
"ဒါဆို ထွက်ပြေးမယ်......"
"Chae....ထွက်ပြေးမယ်ဆိုတဲ့ အဓိပ္ပါယ် သိလို့လား....."
"သိတယ်လေ....ခုနက Lili ရှင်းပြထားတယ်လေ...."
"ထွက်ပြေးပြီး ဘယ်မှာနေမှာလည်း...."
"Lili ပိုက်ဆံပေးထားတယ်လေ....တစ်ယောက်ယောက်ကို အကူအညီ တောင်းလိုက်မယ်.. .."
Chaeyoung ပြောပြီး တံခါးဖွင့်တော့ Lisa တားလိုက်ပြီး
"Yah...ငါ အသစ် ပြန်၀ယ်ပေးပါမယ် ...... မင်းဘဲ ငါ ထွက်သွားလို့ မပြောမချင်း ထွက်မသွားဘူး အနားမှာ အမြဲ နေမယ်ပြောပြီး.....အခုတော့ ဝက်ဝံရုပ်ကြောင့် ထွက်သွားတော့မယ်ပေါ့လေ....."
Lisa မျက်နှာလေးညိုးပြီးပြောတော့ Chaeyoung အပြစ်ရှိသလိုခံစားရပြီး Lisa ကို တောင်းပန်လိုက်သည်
" တောင်းပန်ပါတယ်......"
"Chae....ငါ့ကို စိတ်ဆိုးသေးလား....."
"ဟင့်အင်း မဆိုးတော့ဘူး.....ဒါနဲ့ အရုပ်အသစ်၀ယ်ပေးမှာနော်...."
"Omm ဒါပေမယ့် အဲ့အရုပ်ကို အိပ်ရာထဲ ခေါ်မသိပ်ပါဘူးလို့ ကတိပေးရမယ်.......မဟုတ်ရင် အမွှေးတွေထပ်ညှပ်မှာ....."
"အင်းပါ.. .....ကတိပေးပါတယ်......."
Chaeyoungရဲ့ နဖူးကို နမ်းလိုက်ပြီး
"Aww....မေ့နေလို့ ....ဒီနေ့ နာနီလာမှာသိလား Chae ...."
"နာနီ(ကလေးထိန်း....သူက Liliငယ်ငယ်လေးတုံးက ထိန်ပေးတဲ့အဒေါ်ကြီးပါ😁😁) လာမှာဟုတ်လား....."
"Omm သူလာမှာ....ဒါနဲ့ သူလာရင် မင်း ဘယ်သူလည်းဆိုတာ မသိစေနဲ့နော်....."
ထိုစဉ် Lisa ဆီသို့ ဖုန်း၀င်လာသည်။
"Lisa Manoban ...အခုချက်ချင်း ရုံးခန်းကိုလာခဲ့....."
YGက စီအီးအို အသံကြောင့် Lisa လန့်သွားလေသည်။
"Chae....ငါ ရေချိူးလိုက်အုံးမယ်နော်....."
Chaeyoung ကိုနမ်းပြီး ရေချိူးခန်းထဲ Lisa ပြေးဝင်သွားသည်
#Tbc
#zawgyi
#Unicode
"Chae!!!!!!"
Chaeyoung မျက်နှာသစ်ရာမှ သူ့သခင် အော်သံကြားလို့ ရေချိုးခန်းထဲက ထွက်လာလေသည်။
"Lili...."
"Chae ပြန်ခေါ်လိုက်တာ...."
"ရေချိုးမလို့မလား.....သွားချိုးတော့.. ...."
"ရေချိုးမှာဖြင့် ချိုးစမ်းပါ......."
"Lili!!!"
"ငါ မလုပ်တတ်ဘူး....."
"ပြန်တပ်ပေးကွာ........"
"Teddyကို ပိုကြိုက်တာ....."
"မထဘူး...."
"What!"
"ဟုတ်တယ်....စိတ်ဆိုးလို့....."
"အိမ်က ထွက်ပြေးမလို့ "
"Bye Chae..."
"အိမ်က ထွက်ပြေးမယ်ဆိုတဲ့ အဓိပ်ပါယျကို သိရောသိရဲ့လား....နေပါအုံး မင်း ဘယ်က ကြားလာတာလည်း...."
"အိမ်က ထွက်ပြေးတယ်ဆိုတာ ငါနဲ့မနေချင်လို့ ထွက်သွားတဲ့ အဓိပျပ်ပါယ့ဘဲ...မင်းက ငါနဲ့ မနေချင်ဘူးဆိုလည်း ထွက်သွားပါ ငါ ခွင့်ပြုပါတယ်....."
"မငိုနဲ့တော့.."
"ရွေးပါဆို......"
"ဒါဆို ထွက်ပြေးမယ်......"
"Chae....ထွက်ပြေးမယ်ဆိုတဲ့ အဓိပ်ပါယျ သိလို့လား....."
" တောင်းပန်ပါတယ်......"
"အင်းပါ.. .....ကတိပေးပါတယ်......."
"Chae....ငါ ရေချိုးလိုက်အုံးမယ်နော်....."
Chaeyoung ကိုနမ်းပြီး ရေချိုးခန်းထဲ Lisa ပြေးဝင်သွားသည်
#Tbc
Bạn đang đọc truyện trên: Truyen3h.Co