Truyen3h.Co

My Little Kitty

Part 26

KimFany059

#unicode

ဖုန်းမြည်သံကြောင့် Chaeyoung နိုးသွားမှာ စိုးရိမ်ပြီး Lisa အမြန်ကိုင်လိုက်သည်။

"Hello..."

Lisa တိုးတိုးလေး ဖုန်းထူးလိုက်သည်။

"Lisa နင် ဘယ်မှာလဲ ဘာလို့ အခုထိ မလာသေးတာလည်း .....Tourအတွက် ငါတို့ ပြင်ဆင်ရအုံးမှာနော်...."

Jennie  မေးခွန်းတွေနဲ့ မနားဘဲပြောလိုက်သည်။

"Sorry Jen....Chae လေ နေမကောင်းဖြစ်နေလို့ပါ ...ဒါပေမယ့် ငါ လာခဲ့ပါမယ်....."

"Humm ....Chae ကျ ဘယ်လိုလုပ်မလည်း....သူ့ကို ဘယ်သူ ကြည့်မှာလည်း..."

Chaeyoung နေမကောင်းဖြစ်တယ်ကြားတော့ Jennie စိတ်ပူလို့  သက်ပြင်းချပြီး မေးလိုက်သည်။

"ငါ ငယ်ငယ်တုံးက ငါ့ကို ထိန်းခဲ့တဲ့ နာနီက ကြည့်ပေးလိမ့်မယ် ....."

"Ok ဒါဆို မြန်မြန်လာတော့ "

Jennie  phချသွားတော့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ Chaeyoung ရဲ့ နဖူးကို Lisa စမ်းကြည့်သည်။

မနက်စောစော ကလို အရမ်းကြီးမပူဘဲ အပူလျော့သွားတော့ကြောင့် Lisa စိတ်သက်သာရာရသွားတယ်....

Chaeyoungရဲ့ နဖူးကို Lisa နမ်းပြီး ရေချိူးဖို့ ရေချိုးခန်းထဲ ဝင်သွားတယ် .

ခဏကြာတော့ အဝတ်အစားဝတ်ရင်း အိတ်ကိုကောက်လွယ်လိုက်သည်

"ငါ ပြန်လာခဲ့မယ်နော်....ငါ ပြန်ရောက်ရင် မင်းဒီထက့်ပိုပြီး သက်သာမယ်လို့ မျှော်လင့်ပါတယ် ...."

Chaeyoungရဲ့ နှုတ်ခမ်းကို နမ်းပြီး အခန်းထဲကနေ Lisa ထွက်လာခဲ့သည်။

"Chaeyoungကို သေချာလေး ဂရုစိုက်ပေးပါနော် နာနီ.....chaw YGကို ခဏသွားလိုက်အုံးမယ်....တစ်ခုခုဆို ဖုန်းဆက်နော်...."

ရေခဲသေတ္တာထဲက နွားနို့ဘူးကို ဖောက်ပြီး lisa သောက်လိုက်သည်။

"မနက်စာ ပြင်ထားတယ်....."

"အရေးကြီးလို့ မစားတော့ဘူး  နာနီ....chaeyoung ကို အပြင်မထွက်ခိုင်းနဲ့နော် တစ်ခုခုဖြစ်ရင် ဖုန်းခေါ်နော်....Chaeyoungမှာ ဖုန်းရှိတယ်....ပြီးတော့ သူ့ကို သေချာဂရုစိုက်ပေးပါနော်....."

"Oh my god...Lisa လေး မင်း သူ့ကို ဂရုစိုက်ဖို့ပြောတာ ဘယ်နှခါရှိပြီလည်း...အရမ်းစိတ်ပူတတ်တာဘဲ......"

"အဲ့လိုမဟုတ်ပါဘူး...ဒီအတိုင်းပဲ..."

"ကဲပါ ရှင်းပြမနေပါနဲ့ အလျင်လိုနေတာမလား.....သွားတော့မယ်နော်....."

"Bye . ...နာနီ..ဒါနဲ့ Chae.."

"Aigoo ငါ သိပါတယ် သွားတော့ဆို ... "

Chaeyoungကို စိတ်မချနိုင်ဘဲ မှာတန်းခြွေနေတဲ့ Lisaကို နာနီ အိမ်အပြင်ဘက်ရောက်အောင် တွန်းပို့လိုက်သည်

~~~~~~~~~~~ ~~~~~~~~~~
ခဏကြာတော့ နာနီ လင်ဗန်းနဲ့ ဆန်ပြုတ်ယူလာကာ Chaeyoung အခန်းထဲသို့ ၀င်လာသည်

Chaeyoungရဲ့ နဖူးကို စမ်းကြည့်ပြီး

"Lisaက  မင်းကို တော်တော်လေး ချစ်တယ် ဆိုတာ ငါ ခံစားမိတယ်....မင်းကို ကြည့်တဲ့အကြည့်တွေက သိသာတယ် ...Chaeyoung....မင်း သူ့ကို နာကျင်အောင် မလုပ်ဘူးလို့ ငါ ယုံပါတယ်....Lisaက ငယ်ငယ်လေးကတည်းက အထီးကျန်ခဲ့တာ..."

အိပ်ပျော်နေတဲ့ Chaeyoungကို ကြည့်ပြီး နာနီတွေးနေ၏

မိနစ်အနည်းငယ်ကြာတော့ Chaeyoung ကို နာနီနှိုးလိုက်သည်။

"Chaeyoung ထတော့....ဆန်ပြုတ်စားပြီး ဆေးသောက်ရအောင်...."

Chaeyoung ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီး Lisa ကို မတွေ့သောကြောင့် နာနီကို မေးလိုက်သည်

"Lili  ဘယ်မှာလဲဟင် နာနီ....."

"Chaeyoung သက်သာရဲ့လား မူးသေးလား....."

"အားတွေယုတ်သွားသလိုဘဲ.. Liliရော သူ ဘယ်မှာလဲ ...."

Chaeyoung  အခန်းထဲမှာ Lisaကို  မတွေ့လို့ ထပ်မေးပြန်သည်။

"YGကို သွားတယ်...လာ ဆန်ပြုတ်သောက်ရအောင်..."

"Liliကို တွေ့ချင်တယ်......."

"Chaeyoung. ...Liliမှာလည်း အလုပ်ရှိသေးတယ်လေ....သူက အချိန်ပြည့် မင်းအနားမှာ ရှိမပေးနိုင်ဘူး.. ..အလုပ်ပြီးရင် သူပြန်လာမှာပါ...."

"သူ အလုပ်မသွားခင် ဘာလို့ နှိုးမသွားတာလည်း မသိဘူး...."

Chaeyoung ဝမ်းနည်းလို့ သူ့မျက်လုံးက မျက်ရည်တွေကို သုတ်ပြီး ပြောလိုက်သည်။

"သူက အလျင်လိုနေလို့ပါ...ပြီးတော့ မင်းက နေမကောင်းတော့ မနှိုးချင်ဘူးလေ...."
နာနီ နှစ်သိမ့်ပေးလိုက်ပေမယ့် စိတ်ထဲမှာတော့

"Oh ဒီကလေးမက ဘာလို့ သူ့အမေကို ရှာနေတဲ့ပုံစံဖြစ်နေတာလည်း.....ကလေးလေးကျနေတာဘဲ"ဆိုပြီး တွေးနေ၏

"Chaeyoung  ဆန်ပြုတ်သောက်ရအောင် ....မင်း ဆန်ပြုတ်သောက်ဖို့ လိုတယ်......"

"Chae ဆန်ပြုတ်မစားချင်ဘူး....အသား စားချင်တယ်.. ...."

"အသားစားချင်တယ်ပေါ့ ကောင်းပြီလေ ခဏစောင့်...."

နာနီ ဆန်ပြုတ်ပန်းကန်ယူပြီး အခန်းထဲက ထွက်သွားလိုက်သည်။

Chaeyoung မူးနေပေမယ့် အိပ်ရာက လူးလဲထကာ ကုတင်ပေါ်က ဆင်းပြီး နံရံကိုကိုင်ကာ ရေချိူ းခန်းဘက်သို့ လျှောက်သွားလေသည်။

ခဏကြာတော့ အမဲသားကြော်ယူပြီး နာနီအခန်းထဲ ပြန်၀င်လာသည်။

Chaeyoung ကြမ်းပြင်ပေါ်မှာ လဲကျနေတာမြင်တော့ စားပွဲခုံပေါ် အသားကြော်ပန်းကန်ကို တင်ပြီး Chaeyoungကို ဆွဲထူလိုက်သည်။

"ဘာလို့ ရေချိူးလိုက်တာလည်း....နေမကောင်းနေတာကို.."

Chaeyoungကို တဘတ်ခြုံပေးရင်း နာနီဆူလိုက်သည်။

"Liliက ရေမချိူးရင် charကို ဆူလိမ့်မယ်....."

နာနီမှာ Chaeyoung ကိုတွဲကာ ကုတင်ပေါ်ထိုင်ခိုင်းပြီး ဆံပင်လေမှုတ်ပေးလေ၏

"ဖျားနေတဲ့အချိန် ရေမချိုးရဘူးလေ ကလေးမရဲ့...."

Chaeyoung နဖူးကို စမ်းကြည့်တော့ ကိုယ်ပူချိန်မြင့်လာပြီး တစ်ကိုယ်လုံးကလည်း တုန်လာပြန်သည်၊

နာနီမှာ Chaeyoungကို အဝတ်အစား အမြန်ဝတ်ပေးပြီး Chaeyoung ဖုန်းကို ရှာကာ Lisaဆီ ဖုန်းခေါ်သည်။

အကြိမ်ပေါင်းများစွာ ဖုန်းခေါ်သော်လည်း Lisaက ဖုန်းမကိုင်ပေ

Chaeyoungကို ကြည့်တော့လည်း မျက်နှာက ဖြူဖတ်ပြီး နှုတ်ခမ်းနီနီလေးက အခု သွေးမရှိတော့သလို ဖြူစွတ်နေ၏

"Chaeyoung...မျက်လုံးမမှိတ်နဲ့ "

"နာနီ....မရတော့ဘူး အိပ်ချင်လာပြီ......"

"Lisaဆီ ဖုန်းခေါ်နေတယ်...ကလေး...မအိပ်နဲ့နော်..."

Lisa ဆီ ဖုန်းခေါ်သော်လည်း Lisa က ဖုန်းမကိုင်ပေ

~~~~~~~~~~~~~~~~~~~~~~~~~~
၁၁နာရီလောက်မှာ YG ကို Lisa  ရောက်လာတယ် ...

CEOမှာ သူတို့ရဲ့ အခန်းထဲမှာ ရပ်စောင့်နေပြီး
"Lisa Manoban...မင်း ၀င်ချင်သလို၀င် ထွက်ချင်တဲ့အချိန် ထွက်ရအောင် မင်းအိမ်များး ထင်နေသလား"

Lisa က မကြားချင်ယောင်ဆောင်ပြီး သူ့ကိုကျော်သွားတော့ CEOမှာ ဒေါသထွက်ပြီး အော်လိုက်သည်။

"Lisa ငါ ပြောတာကို ကြားလား....."

"မနေ့က ကိစ္စကို အခုထိ...."

"ငါက မင်းရဲ့ သူဌေးနော် ...."

"သိပါတယ်...ဒါပေမယ့် Chaeကို လုပ်တဲ့ အပြုအမူက သူဌေးတစ်ယောက်လုပ်ရမယ့် အလုပ်မဟုတ်ဘူး

"Lisa manoban..."

"Lisa လာ အကတိုက်ရအောင်....."

CEOနဲ့ ရန်ဖြစ်မှာဆိုးလို့ Jisoo ၀င်ဆွဲလိုက်သည်

သူတို့ အကတိုက်နေတဲ့အတောအတွင်း CEOမှာ ထိုင်ကြည့်နေပြီး မကြိုက်လျှင် ပြန်ကခိုင်းသည်။

Lisa  ကနေရင်း မောလာလို့ ခဏနားစဉ် သူ့ဖုန်းထဲ missed callတွေကို တွေ့လိုက်ရသည်။

ထိုစဉ် ဖုန်း၀င်လာသောကြောင့် အမြန် ကိုင်လိုက် သည်။

"နာနီ ......ဘာဖြစ်လို့လဲ.. ..."

"Chaeyoungကို ငါ ဆေးရုံခေါ်သွားမလို့....."

"No....."

Lisa အော်ပြီး ထရပ်သောကြောင့် သူ့သူငယ်ချင်းတွေနဲ့ CEOမှာ လန့်သွားကြ၏

"နာနီ သူ့ကို ဆေးရုံခေါ်သွားလို့မရဘူး "

'ငါတို့ အခု လမ်းမှာ......."

"ပြန်လှည့် သူ့ကို ဆေးရုံခေါ်သွားလို့မရဘူး"

"Chaeyoung  တချိန်လုံး အမြုပ်တွေထွက်ပြီး တက်နေတယ်....."

"Chaw အိမ်ပြန်လာခဲ့မယ်....ဟုတ်ပြီလား....ကျေးဇူးပြု၍ ပြန်လှည့်လိုက်...."

Lisa အရမ်း စိတ်ပူ သွားလို့ ဖုန်းချပြီး သူ့အိတ်ကို ကောက်လွယ်လိုက်သည်။

"Chaw ပြန်တော့မယ်....."

"မင်း ပြန်လို့မရဘူး ...."

"CEO...Please.. .Chaeက အရမ်းဖျားနေတာ...သူ chawကို လိုအပ်တယ်....."

"ဆေးရုံပို့လိုက်လေ....."

"CEO....Lisaကို ခွင့်ပြုလိုက်ပါ...မနက်ဖြန်မှ chaw တို့ ဆက်ပြီး လေ့ကျင့်ကြမယ်လေ"

"Jisooပြောသလိုဘဲ.....အခုချိန်က အရေးကြီးတယ်...Chaeyoungက ဖျားပြီး သူ့ကိုလိုအပ်နေတာ chaeyoungမှာ မိသားစု မရှိဘူး သူ့ကို ဂရုစိုက်မယ့်သူဆိုလို့ Lisa  ဘဲ ရှိတာ...."

Jensooတို့ စကားကြောင့် CEOလည်း သက်ပြင်းချပြီး ခွင့်ပြုလိုက်သည်၊

"CEO...ကျေးဇူးအများကြီးတင်ပါတယ်......"

Jisooတို့လည်း စိတ်ပူလို့ Lisa နဲ့အတူ လိုက်လာကြသည်။

#tbc

#zawgyi
ဖုန္းျမည္သံေၾကာင့္ Chaeyoung နိုးသြားမွာ စိုးရိမ္ၿပီး Lisa အျမန္ကိုင္လိုက္သည္။

"Hello..."

Lisa တိုးတိုးေလး ဖုန္းထူးလိုက္သည္။

"Lisa နင္ ဘယ္မွာလဲ ဘာလို႔ အခုထိ မလာေသးတာလည္း .....Tourအတြက္ ငါတို႔ ျပင္ဆင္ရအုံးမွာေနာ္...."

Jennie  ေမးခြန္းေတြနဲ႕ မနားဘဲေျပာလိုက္သည္။

"Sorry Jen....Chae ေလ ေနမေကာင္းျဖစ္ေနလို႔ပါ ...ဒါေပမယ့္ ငါ လာခဲ့ပါမယ္....."

"Humm ....Chae က် ဘယ္လိုလုပ္မလည္း....သူ႕ကို ဘယ္သူ ၾကည့္မွာလည္း..."

Chaeyoung ေနမေကာင္းျဖစ္တယ္ၾကားေတာ့ Jennie စိတ္ပူလို႔  သက္ျပင္းခ်ၿပီး ေမးလိုက္သည္။

"ငါ ငယ္ငယ္တုံးက ငါ့ကို ထိန္းခဲ့တဲ့ နာနီက ၾကည့္ေပးလိမ့္မယ္ ....."

"Ok ဒါဆို ျမန္ျမန္လာေတာ့ "

Jennie  phခ်သြားေတာ့ ကုတင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ Chaeyoung ရဲ႕ နဖူးကို Lisa စမ္းၾကည့္သည္။

မနက္ေစာေစာ ကလို အရမ္းႀကီးမပူဘဲ အပူေလ်ာ့သြားေတာ့ေၾကာင့္ Lisa စိတ္သက္သာရာရသြားတယ္....

Chaeyoungရဲ႕ နဖူးကို Lisa နမ္းၿပီး ေရခ်ိဴးဖို႔ ေရခ်ိဳးခန္းထဲ ဝင္သြားတယ္ .

ခဏၾကာေတာ့ အဝတ္အစားဝတ္ရင္း အိတ္ကိုေကာက္လြယ္လိုက္သည္

"ငါ ျပန္လာခဲ့မယ္ေနာ္....ငါ ျပန္ေရာက္ရင္ မင္းဒီထက့္ပိုၿပီး သက္သာမယ္လို႔ ေမွ်ာ္လင့္ပါတယ္ ...."

Chaeyoungရဲ႕ ႏႈတ္ခမ္းကို နမ္းၿပီး အခန္းထဲကေန Lisa ထြက္လာခဲ့သည္။

"Chaeyoungကို ေသခ်ာေလး ဂ႐ုစိုက္ေပးပါေနာ္ နာနီ.....chaw YGကို ခဏသြားလိုက္အုံးမယ္....တစ္ခုခုဆို ဖုန္းဆက္ေနာ္...."

ေရခဲေသတၱာထဲက ႏြားနို႔ဘူးကို ေဖာက္ၿပီး lisa ေသာက္လိုက္သည္။

"မနက္စာ ျပင္ထားတယ္....."

"အေရးႀကီးလို႔ မစားေတာ့ဘူး  နာနီ....chaeyoung ကို အျပင္မထြက္ခိုင္းနဲ႕ေနာ္ တစ္ခုခုျဖစ္ရင္ ဖုန္းေခၚေနာ္....Chaeyoungမွာ ဖုန္းရွိတယ္....ၿပီးေတာ့ သူ႕ကို ေသခ်ာဂ႐ုစိုက္ေပးပါေနာ္....."

"Oh my god...Lisa ေလး မင္း သူ႕ကို ဂ႐ုစိုက္ဖို႔ေျပာတာ ဘယ္ႏွခါရွိၿပီလည္း...အရမ္းစိတ္ပူတတ္တာဘဲ......"

"အဲ့လိုမဟုတ္ပါဘူး...ဒီအတိုင္းပဲ..."

"ကဲပါ ရွင္းျပမေနပါနဲ႕ အလ်င္လိုေနတာမလား.....သြားေတာ့မယ္ေနာ္....."

"Bye . ...နာနီ..ဒါနဲ႕ Chae.."

"Aigoo ငါ သိပါတယ္ သြားေတာ့ဆို ... "

Chaeyoungကို စိတ္မခ်နိဳင္ဘဲ မွာတန္းေႁခြေနတဲ့ Lisaကို နာနီ အိမ္အျပင္ဘက္ေရာက္ေအာင္ တြန္းပို႔လိုက္သည္

~~~~~~~~~~~ ~~~~~~~~~~
ခဏၾကာေတာ့ နာနီ လင္ဗန္းနဲ႕ ဆန္ျပဳတ္ယူလာကာ Chaeyoung အခန္းထဲသို႔ ၀င်လာသည်

Chaeyoungရဲ႕ နဖူးကို စမ္းၾကည့္ၿပီး

"Lisaက  မင္းကို ေတာ္ေတာ္ေလး ခ်စ္တယ္ ဆိုတာ ငါ ခံစားမိတယ္....မင္းကို ၾကည့္တဲ့အၾကည့္ေတြက သိသာတယ္ ...Chaeyoung....မင္း သူ႕ကို နာက်င္ေအာင္ မလုပ္ဘူးလို႔ ငါ ယုံပါတယ္....Lisaက ငယ္ငယ္ေလးကတည္းက အထီးက်န္ခဲ့တာ..."

အိပ္ေပ်ာ္ေနတဲ့ Chaeyoungကို ၾကည့္ၿပီး နာနီေတြးေန၏

မိနစ္အနည္းငယ္ၾကာေတာ့ Chaeyoung ကို နာနီႏွိုးလိုက္သည္။

"Chaeyoung ထေတာ့....ဆန္ျပဳတ္စားၿပီး ေဆးေသာက္ရေအာင္...."

Chaeyoung ျဖည္းျဖည္းခ်င္း မ်က္လုံးဖြင့္လိုက္ၿပီး Lisa ကို မေတြ႕ေသာေၾကာင့္ နာနီကို ေမးလိုက္သည္

"Lili  ဘယ္မွာလဲဟင္ နာနီ....."

"Chaeyoung သက္သာရဲ႕လား မူးေသးလား....."

"အားေတြယုတ္သြားသလိုဘဲ.. Liliေရာ သူ ဘယ္မွာလဲ ...."

Chaeyoung  အခန္းထဲမွာ Lisaကို  မေတြ႕လို႔ ထပ္ေမးျပန္သည္။

"YGကို သြားတယ္...လာ ဆန္ျပဳတ္ေသာက္ရေအာင္..."

"Liliကို ေတြ႕ခ်င္တယ္......."

"Chaeyoung. ...Liliမွာလည္း အလုပ္ရွိေသးတယ္ေလ....သူက အခ်ိန္ျပည့္ မင္းအနားမွာ ရွိမေပးနိုင္ဘူး.. ..အလုပ္ၿပီးရင္ သူျပန္လာမွာပါ...."

"သူ အလုပ္မသြားခင္ ဘာလို႔ ႏွိုးမသြားတာလည္း မသိဘူး...."

Chaeyoung ဝမ္းနည္းလို႔ သူ႕မ်က္လုံးက မ်က္ရည္ေတြကို သုတ္ၿပီး ေျပာလိုက္သည္။

"သူက အလ်င္လိုေနလို႔ပါ...ၿပီးေတာ့ မင္းက ေနမေကာင္းေတာ့ မႏွိုးခ်င္ဘူးေလ...."
နာနီ ႏွစ္သိမ့္ေပးလိုက္ေပမယ့္ စိတ္ထဲမွာေတာ့

"Oh ဒီကေလးမက ဘာလို႔ သူ႕အေမကို ရွာေနတဲ့ပုံစံျဖစ္ေနတာလည္း.....ကေလးေလးက်ေနတာဘဲ"ဆိုၿပီး ေတြးေန၏

"Chaeyoung  ဆန္ျပဳတ္ေသာက္ရေအာင္ ....မင္း ဆန္ျပဳတ္ေသာက္ဖို႔ လိုတယ္......"

"Chae ဆန္ျပဳတ္မစားခ်င္ဘူး....အသား စားခ်င္တယ္.. ...."

"အသားစားခ်င္တယ္ေပါ့ ေကာင္းၿပီေလ ခဏေစာင့္...."

နာနီ ဆန္ျပဳတ္ပန္းကန္ယူၿပီး အခန္းထဲက ထြက္သြားလိုက္သည္။

Chaeyoung မူးေနေပမယ့္ အိပ္ရာက လူးလဲထကာ ကုတင္ေပၚက ဆင္းၿပီး နံရံကိုကိုင္ကာ ေရခ်ိဴ းခန္းဘက္သို႔ ေလွ်ာက္သြားေလသည္။

ခဏၾကာေတာ့ အမဲသားေၾကာ္ယူၿပီး နာနီအခန္းထဲ ျပန္၀င္လာသည္။

Chaeyoung ၾကမ္းျပင္ေပၚမွာ လဲက်ေနတာျမင္ေတာ့ စားပြဲခုံေပၚ အသားေၾကာ္ပန္းကန္ကို တင္ၿပီး Chaeyoungကို ဆြဲထူလိုက္သည္။

"ဘာလို႔ ေရခ်ိဴးလိုက္တာလည္း....ေနမေကာင္းေနတာကို.."

Chaeyoungကို တဘတ္ၿခဳံေပးရင္း နာနီဆူလိုက္သည္။

"Liliက ေရမခ်ိဴးရင္ charကို ဆူလိမ့္မယ္....."

နာနီမွာ Chaeyoung ကိုတြဲကာ ကုတင္ေပၚထိုင္ခိုင္းၿပီး ဆံပင္ေလမႈတ္ေပးေလ၏

"ဖ်ားေနတဲ့အခ်ိန္ ေရမခ်ိဳးရဘူးေလ ကေလးမရဲ႕...."

Chaeyoung နဖူးကို စမ္းၾကည့္ေတာ့ ကိုယ္ပူခ်ိန္ျမင့္လာၿပီး တစ္ကိုယ္လုံးကလည္း တုန္လာျပန္သည္၊

နာနီမွာ Chaeyoungကို အဝတ္အစား အျမန္ဝတ္ေပးၿပီး Chaeyoung ဖုန္းကို ရွာကာ Lisaဆီ ဖုန္းေခၚသည္။

အႀကိမ္ေပါင္းမ်ားစြာ ဖုန္းေခၚေသာ္လည္း Lisaက ဖုန္းမကိုင္ေပ

Chaeyoungကို ၾကည့္ေတာ့လည္း မ်က္ႏွာက ျဖဴဖတ္ၿပီး ႏႈတ္ခမ္းနီနီေလးက အခု ေသြးမရွိေတာ့သလို ျဖဴစြတ္ေန၏

"Chaeyoung...မ်က္လုံးမမွိတ္နဲ႕ "

"နာနီ....မရေတာ့ဘူး အိပ္ခ်င္လာၿပီ......"

"Lisaဆီ ဖုန္းေခၚေနတယ္...ကေလး...မအိပ္နဲ႕ေနာ္..."

Lisa ဆီ ဖုန္းေခၚေသာ္လည္း Lisa က ဖုန္းမကိုင္ေပ

~~~~~~~~~~~~~~~~~~~~~~~~~~
၁၁နာရီေလာက္မွာ YG ကို Lisa  ေရာက္လာတယ္ ...

CEOမွာ သူတို႔ရဲ႕ အခန္းထဲမွာ ရပ္ေစာင့္ေနၿပီး
"Lisa Manoban...မင္း ၀င်ချင်သလို၀င် ထြက္ခ်င္တဲ့အခ်ိန္ ထြက္ရေအာင္ မင္းအိမ္မ်ားး ထင္ေနသလား"

Lisa က မၾကားခ်င္ေယာင္ေဆာင္ၿပီး သူ႕ကိုေက်ာ္သြားေတာ့ CEOမွာ ေဒါသထြက္ၿပီး ေအာ္လိုက္သည္။

"Lisa ငါ ေျပာတာကို ၾကားလား....."

"မေန႕က ကိစၥကို အခုထိ...."

"ငါက မင္းရဲ႕ သူေဌးေနာ္ ...."

"သိပါတယ္...ဒါေပမယ့္ Chaeကို လုပ္တဲ့ အျပဳအမူက သူေဌးတစ္ေယာက္လုပ္ရမယ့္ အလုပ္မဟုတ္ဘူး

"Lisa manoban..."

"Lisa လာ အကတိုက္ရေအာင္....."

CEOနဲ႕ ရန္ျဖစ္မွာဆိုးလို႔ Jisoo ၀င်ဆွဲလိုက်သည်

သူတို႔ အကတိုက္ေနတဲ့အေတာအတြင္း CEOမွာ ထိုင္ၾကည့္ေနၿပီး မႀကိဳက္လွ်င္ ျပန္ကခိုင္းသည္။

Lisa  ကေနရင္း ေမာလာလို႔ ခဏနားစဥ္ သူ႕ဖုန္းထဲ missed callေတြကို ေတြ႕လိုက္ရသည္။

ထိုစဥ္ ဖုန္း၀င္လာေသာေၾကာင့္ အျမန္ ကိုင္လိုက္ သည္။

"နာနီ ......ဘာျဖစ္လို႔လဲ.. ..."

"Chaeyoungကို ငါ ေဆး႐ုံေခၚသြားမလို႔....."

"No....."

Lisa ေအာ္ၿပီး ထရပ္ေသာေၾကာင့္ သူ႕သူငယ္ခ်င္းေတြနဲ႕ CEOမွာ လန့္သြားၾက၏

"နာနီ သူ႕ကို ေဆး႐ုံေခၚသြားလို႔မရဘူး "

'ငါတို႔ အခု လမ္းမွာ......."

"ျပန္လွည့္ သူ႕ကို ေဆး႐ုံေခၚသြားလို႔မရဘူး"

"Chaeyoung  တခ်ိန္လုံး အျမဳပ္ေတြထြက္ၿပီး တက္ေနတယ္....."

"Chaw အိမ္ျပန္လာခဲ့မယ္....ဟုတ္ၿပီလား....ေက်းဇူးျပဳ၍ ျပန္လွည့္လိုက္...."

Lisa အရမ္း စိတ္ပူ သြားလို႔ ဖုန္းခ်ၿပီး သူ႕အိတ္ကို ေကာက္လြယ္လိုက္သည္။

"Chaw ျပန္ေတာ့မယ္....."

"မင္း ျပန္လို႔မရဘူး ...."

"CEO...Please.. .Chaeက အရမ္းဖ်ားေနတာ...သူ chawကို လိုအပ္တယ္....."

"ေဆး႐ုံပို႔လိုက္ေလ....."

"CEO....Lisaကို ခြင့္ျပဳလိုက္ပါ...မနက္ျဖန္မွ chaw တို႔ ဆက္ၿပီး ေလ့က်င့္ၾကမယ္ေလ"

"Jisooေျပာသလိုဘဲ.....အခုခ်ိန္က အေရးႀကီးတယ္...Chaeyoungက ဖ်ားၿပီး သူ႕ကိုလိုအပ္ေနတာ chaeyoungမွာ မိသားစု မရွိဘူး သူ႕ကို ဂ႐ုစိုက္မယ့္သူဆိုလို႔ Lisa  ဘဲ ရွိတာ...."

Jensooတို႔ စကားေၾကာင့္ CEOလည္း သက္ျပင္းခ်ၿပီး ခြင့္ျပဳလိုက္သည္၊

"CEO...ေက်းဇူးအမ်ားႀကီးတင္ပါတယ္......"

Jisooတို႔လည္း စိတ္ပူလို႔ Lisa နဲ႕အတူ လိုက္လာၾကသည္။

Bạn đang đọc truyện trên: Truyen3h.Co