Part 31
#Unicode
"Chaeyoung လေး ပျင်းနေပြီလား....."
Laptopကြီးကို မေးထောက်ပြီး ပျင်းနေတဲ့ပုံစံနဲ့ ကြည့်နေတဲ့ Chaeyoungကို Jennie မေးလိုက်သည်။
Chaeyoung ခေါင်းညိတ်ပြတော့ Jennie မတ်တတ်ရပ်ပြီး Chaeyoungရဲ့ လက်ကို ကိုင်လိုက်သည်။
"လာ ငါ့နောက်လိုက်ခဲ့......"
"Yah Yah Jennie Kim. ...Chaeyoung ကို ဘယ်ခေါ်သွားမလို့လည်း ငါပါလိုက်မယ်လေ ...."
Jisoo တစ်ယောက်မှာ Chaeyoungကို ခေါ်ပြီး အပြင်ထွက်သွားတဲ့ Jennie နောက်ကို ပြေးလိုက်သွားလေသည်
အအေးစက်ရှေ့တွင် Jennie ရပ်လိုက်ပြီး သူ့အိတ်ထဲက အကြွေစေ့ကို ထုတ်လိုက်သည်။
"Chaeyoung ဘယ်ဟာ သောက်ချင်လည်း ပြော...."
"ရေခဲသေတ္တာက ဖွင့်လို့မရဘူးမလား.....ဘယ်လိုလုပ်မလည်း...."
"မျက်လှည့်ပြမယ်လေ ....."
Chaeyoungမေးတော့ Jennie သူ့မေးစေ့ကို လက်နဲ့ပွတ်ကာ ပြောလိုက်သည်။
"မျက်လှည့်ပြတတ်တယ်ပေါ့....ဒါဆို အနီရောင် လေး....."
Cokeဗူးကို လက်ညှိုးထိုးပြပြီး Chaeyoung ပြောလိုက်သည်။
Jisoo ကတော့ နံရံကို ပျင်းတိပျင်းရွဲမှီကာ Chaeyoungတို့ကို ကြည့်နေ၏
"Coke သောက်ချင်တာပေါ့....."
"Omm အဲ့အနီရောင်ဗူးလေးကို Coke လို့ခေါ်တာပေါ့ Jenjen........."
"ဟုတ်တယ် Cokeလို့ ခေါ်တာ မှတ်ထားနော် "
Jennie ခေါင်းညိတ်ပြပြီး အကြွေစေ့ကို ထည့်လိုက်သည်။
ထို့နောက် cokeဗူး ပြုတ်ကျလိုက်သည်။
Cokeဗူးကို ယူကာ shakeပြီး Chaeyoungကို ပေးတော့ Jisoo မှာ Jennie ခေါင်းကို လှမ်းရိုက်ပြီး Coke ဗူးကို ယူလိုက်သည်။
"Ouch "
"နင် ကလေးကို ဆေးမထိုးနဲ့ Jendeukie "
"ဟိုဗူးလေး လိုချင်လို့ ...."
Sprite ဗူးကို Chaeyoung လက်ညှိုးထိုးပြပြန်သည်။
Jennie အကြွေစေ့ထည့်လိုက်တော့ အအေးဗူးက ပြုတ်ကျလာသည်။
"Wow.....Chaeလည်း လုပ်ကြည့်ချင်တယ် ရလား...."
Jennie ခေါင်းညိတ်ပြီး သူ့လက်ထဲက အကြွေစေ့တွေပေးလိုက်သည်။
ငါးမိနစ်ကြာသောအခါ.....
"Chaeyoung yah...ငါ့ဆီ ဘာအကြွေစေ့မှ မရှိတော့ဘူး...."
Jennie သူ့ပိုက်ဆံအိတ်ကို ဖွင့်ပြပြီး မျက်နှာရှုံ့မဲ့လေးနဲ့ ပြောလိုက်သည်။
အအေးဘူးတွေကလည်း ဘေးနားစုပုံနေသည်
Jisooမှာ Jennieရုပ်ကို ကြည့်ပြီး တခွီးခွီးနဲ့ ရယ်နေသည်၊
"Jijiမှာရော အကြွေစေ့ရှိလားဟင်.....Chae ဒီ Gameကို သဘောကျလို့"
"Game....."
Jensooတို့မှာ တပြိုင်တည်း ထူးဆန်းလို့ မေးလိုက်သည်။
"Omm ရုပ်ရှင်ထဲမှာ ပါတယ်လေ အကြွေစေ့လေးထည့်လိုက်ရင် အရုပ်ကောက်ရတာ....ဒါကတော့ အအေးဗူးတွေ ကျလာတာ....."
Jisoo သက်ပြင်းချပြီး သူ့အိတ်ထဲက အကြွေစေ့တွေ ထုတ်ပေးလိုက်သည်။
"ငါးစေ့ဘဲ ရှိတာလား...."
"ဟုတ်တယ် ငါ့ရှိတာ အကုန်ဘဲ Chaeyoungရ...."
Jensoo တို့မှာ အအေးဗူးတွေ ကိုင်ပြီး Chaeyoung လုပ်သမျှ ရပ်ကြည့်နေကြသည်။
"Hey နင်တို့ ဘာလုပ်နေကြတာလည်း......"
CEO ရုံးခန်းကနေ ပြန်လာတဲ့ Lisaမှာ Chaeyoungတို့ကို တွေ့ပြီး မေးလိုက်သည်
"Lili....အကြွေစေ့ရှိလားဟင် ...Chae ကစားချင်လို့....."
"ငါ့ဆီမှာ အကြွေစေ့လည်း မရှိဘူး ကစားရအောင် ဒီစက်က အရုပ်လည်း မဟုတ်ဘူးလေ Chaeရ.. ..."
"Tvမှာ အဲ့လို gameမျိုး တွေ့ပါတယ်....."
"လာပြန်ပြီ Tv.....Tvကြည့်ခွင့် တစ်သက်လုံး ပိတ်လိုက်ရမလား....."
"Wae....Tvကြည့်ရတာ သဘောကျတယ်.....chaeကို Tvကြည့်ခွင့်ပေးပါ Lili.."
"No...."
"Ash....Tv တကယ်ကြည့်ချင်လို့ပါဆို ...."
ကြမ်းပြင်ပေါ် ထိုင်ချပြီး Chaeyoung စူပုပ်ပုပ်နဲ့ ပြောလိုက်သည်။
"Chae ဘာလုပ်တာလည်း ပြန်ထ....."
Lisa ပြောတာ နားမထောင်ဘဲ ခပ်တည်တည်ဖြင့် Chaeyoung ဆက်ထိုင်နေသည်။
"Chae...ငါ စိတ်ဆိုးတော့မှာနော် ......"
Lisa ရဲ့ လေသံမာမာကြောင့် Chaeyoungမှာ မျက်ရည်အဝဲသား နဲ့ ထရပ်လိုက်သည်
အမေဆီက အဆူခံရတဲ့ ကလေးငယ်လို မျက်ရည် အ၀ဲသား ဖြစ်နေတဲ့ Chaeyoungကို ကြည့်ပြီး Jennie စိတ်မကောင်းဖြစ်နေသည်။
"Chaeyoungလေး ....အဆင်ပြေရဲ့လား....."
Jennieကို မကြည့်ဘဲ အောက်ကို ငုံ့ကာ Chaeyoung ခေါင်းညိတ်ပြလိုက်သည်။
"Lili စိတ်ဆိုးသွားပြီ....."
"ထမင်းသွားစားစို့ ...."
Lisa ပြောပြီး လှည့်ထွက်သွားတော့ Lisaနောက် Chaeyoung ပြေးလိုက်ပြီး ဖက်လိုက်သည်။
"Lili..Chae နောက်တစ်ခါ မလုပ်တော့ဘူးနော် ....စိတ်မဆိုးပါနဲ့နော်.."
Lisa သက်ပြင်းချပြီး အနောက်ကို လှည့်လိုက်သည်
"မငိုနဲ့တော့.....မင်း ဘောင်းဘီကိုလည်း ပြန်ကြည့်အုံး ညစ်ပတ်လို့ အိမ်မှာတော့ မင်းစိတ်ကြိုက် ဆိုးပြီး အော်ငိုလို့ရပေမယ့် အခုက အပြင်မှာလေ...."
"နောက် မလုပ်တော့ပါဘူး ...."
"လိမ်မာတယ် ....."
Chaeyoungရဲ့ မျက်ရည်တွေကို Lisa သုတ်ပေးပြီး လက်ကိုတွဲကာ မုန့်ဆိုင်ဘက်သို့ သွားလေသည်။
မုန့်ဆိုင်တွင် နေ့လည်စာ စားနေကြစဉ်
"Lisa....Lorenတို့က ဘာတဲ့လည်း...."
"အဲ့တုံးက သူတို့မူးနေလို့ အဲ့လိုလုပ်မိတာပါဆိုပြီး တောင်းပန်နေတာ ...Jisoo ."
Lisaမှာ Chaeyoung အတွက် အသားတွေ ဖဲ့ရင်း ပြောလိုက်သည်။
"Hello...."
Lorenရဲ့ အသံကြောင့် Chaeyoung လန့်ပြီး lisa ဘေးနားသို့ တိုးလိုက်သည်။
"ကိုယ့်ကြောင့် လန့်သွားရင် Sorryနော်....ကိုယ် မင်းကို ကိုယ့်အပြုအအမူအတွက် တောင်းပန်ချင်လို့ပါ ..."
"မပြန်သေးဘူးလား......"
Lisa မျက်မှောင်ကြုတ်ပြီး Lorenကို မေးလိုက်သည်။
"ပြန်မှာပါ ဗိုက်ဆာလို့ မုန့်လာစားတာ Lisa."
"ကိုယ့်ဘာသာကိုယ် မုန့်အေးဆေးစားပါ လိုက်မနှောင့်ယှက်ပါနဲ့...."
"Ok....Chaeyoung ဒါလေးက မင်းအတွက် လက်ဆောင် လေးပါ မင်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်..ကိုယ် သွားပြီနော်...."
Chaeyoungကို ပန်းရောင် အိတ်သေးသေးလေး ပေးပြီး Loren ထွက်သွားတယ်
Chaeyoung အိတ်ထဲက ပစ္စည်းတွေကို ကြည့်လိုက်တော့
ပန်းရောင် ဖဲပြားကလစ်လေးတွေကို တွေ့လိုက်ရသည်။
"Omo လှလိုက်တာ....."
"လွှင့်ပစ်လိုက်......"
"Wae....Liliကလည်း ဒီလောက်လှနေတာကို မလွှင့်ပစ်ရက်ပါဘူး... Baby Pink လေး...."
"အဲ့ထက်လှတဲ့ ကလစ်တွေ အများကြီး ၀ယပြေးမယြ လွှင့်ပစ်လိုက် "
"တကယ် ပြောတာလား Lili "
"အင်း ဒီက ပြန်ရင် ဝယ်ပေးမယ် "
Jensooတို့မှာ မနာလိုသ၀န်တိုနေတဲ့ စူပုပ်ပုပ် Lisa ရုပ်ကို ကြည့်ပြီး ရယ်နေကြ၏
#tbc
#Zawgyi
"လာ ငါ့နောက်လိုက်ခဲ့......"
"မျက်လှည့်ပြမယ်လေ ....."
"Coke သောက်ချင်တာပေါ့....."
"Ouch "
ငါးမိနစ်ကြာသောအခါ.....
"Game....."
"ငါးစေ့ဘဲ ရှိတာလား...."
"No...."
"Lili စိတ်ဆိုးသွားပြီ....."
"ထမင်းသွားစားစို့ ...."
"နောက် မလုပ်တော့ပါဘူး ...."
"လိမ်မာတယ် ....."
"Hello...."
"မပြန်သေးဘူးလား......"
"Omo လှလိုက်တာ....."
"လွှင့်ပစ်လိုက်......"
"အဲ့ထက်လှတဲ့ ကလစ်တွေ အများကြီး ၀ယပွေးမယွ လွှင့်ပစ်လိုက် "
"တကယ် ပြောတာလား Lili "
#tbc
Bạn đang đọc truyện trên: Truyen3h.Co