Truyen3h.Co

My Little Kitty

Part 44

KimFany059

#unicode

"ငါ့ရဲ့ နောက်ဆုံးဆုတောင်း သုံးလို့ရလား....."

Chaeyoungကို ဖက်ပြီး ငိုရင်း Lisa ပြောသည်။

"Lisa အခုချိန်တော့ မဖြစ်သေးဘူး.....မင်းစိတ်က ပုံမှန်မဟုတ်သေးဘူး.. ..."

နတ်သမီးက ငိုနေတဲ့ Lisaကို ပြန်ပြောသည်။

"Chae..Chae အသက်မရှူ တော့ဘူး....လုံး၀ ကို အသက်မရှူ တော့တာ...နောက်ဆုံးဆုတောင်း သုံးမှဖြစ်မယ်...."

Lisa ငိုရင်း ပြောလိုက်သည်။

"ငါ ဆုတောင်းတယ်....."

Lisa ဆုတောင်းမဆုံးသေး နတ်သမီးက Lisaရဲ့ ခေါင်းကို တို့လိုက်သောကြောင့် Lisa သတိမေ့သွားလေသည်။

"ခင်ဗျား သူ့ကို ဘာလုပ်လိုက်တာလည်း......"

Chaeyoung ဘေးနား မေ့လဲသွားတဲ့ သူ့သူငယ်ချင်းကို ဆွဲထူပြီး နတ်သမီးကို Jennie မေးလိုက်သည်။

"စိတ်မကောင်းပါဘူး အခုလို လုပ်မှ ဖြစ်မှာမို့လို့ပါ.....သူ Chaeyoung နဲ့ ပတ်သက်ပြီး စကားအပြောအဆို မချင့်ချိန်လို့ အခုလိုဖြစ်သွားတာ......ဒီတစ်ခါတော့ သေချာစဉ်းစားစေချင်ပါတယ်.....သူတို့ တော်တော်လေးကို ခံစားခဲ့ရလို့ သူတို့ကို ပျော်စေချင်ပါတယ်....စိတ်မပူပါနဲ့  တစ်ပတ်နေရင် သူပြန်သတိရလာမှာပါ....."

"ခင်ဗျား သူတို့ကို ပျော်စေချင်တယ်ဆိုရင် Chaeyoung ကို အသက်ရှင်အောင် ပြန်လုပ်ပေးလေ.......ပြီးတော့ လူလုံး၀ဖြစ်အောင်လုပ်ပေးလို့ရတယ်လေ...."

Jisoo မနေနိုင်လို့ ဝင်ပြောလိုက်သည်

"ငါ့စွမ်းအားက သူတို့ရဲ့ဆုတောင်းလေ....သူတို့ရဲ့ ဆုတောင်းမရှိဘဲ ငါ ဘာမှလုပ်မရဘူး...."

နတ်သမီးမှာ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။

"Chaeyoungကို ခေါ်ပြီး ငါသွားတော့မယ်....မင်းတို့ သုံးယောက်ကလွဲပြီး ဘယ်သူမှ သူ့တည်ရှိမှုကို မမှတ်မိတော့ဘူး သတိမရတော့ဘူး ....Lisa ရဲ့ နောက်ဆုံးဆုတောင်းကို ငါစောင့်နေပါမယ်...."

Chaeyoung ခန္ဓာကိုယ်ကြီး လေပေါ်မှာရောက်သွားပြီး
"ငါ လက်ဖျောက်တီးလိုက်တာနဲ့ အရာအားလုံးက နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်......"

*ဖျောက်*

"Oh my god...."

Staffတွေလည်း သွေးအိုင်ထဲ လဲနေတဲ့ Lisaကို အမြန်ဆွဲထူကြသည်။

အကြောင်းစုံကို သိတဲ့ Jensooတို့ကတော့ သက်ပြင်းချရုံမှအပ ဘာမှမလုပ်နိုင်ပေ.....

ဆေးရုံတွင် တစ်ပတ်ကြာပြီးနောက်~~~~~~

"Jen....တစ်ပတ်ပြည့်ပြီနော်....သူ အခုထိ သတိမရသေးဘူး....နတ်သမီးကများ လိမ်သွားတာလားမသိ......"

Lisa သတိမရလာသေးလို့ စိတ်ပူပြီး Jisoo ပြောလိုက်သည်။

"ခဏ စိတ်ရှည်ရှည်နဲ့......"

"Chae chae....ငါသူ့ကို တွေ့ချင်တယ်...."

Jennie စကားမဆုံးသေး Lisa သတိရလာလို့ Mr.Manobanတို့မှာ အရမ်း၀မ်းသာပြီး ငိုကြလေ၏

"Chae.."

'Chae..သူက ဘယ်သူလည်း...."

Lisaရဲ့အမေမှာ သူ့သမီးကို ဖက်ပြီး ငိုရင်းမေးလိုက်သည်။

"Chae chae chaeလေးရေ ...."

"Chae...သူက ဘယ်သူလည်း သမီးတို့ သိကြလား...."

Lisaရဲ့ အမေမှာ သူ့သမီးကို မေးလို့မရတော့ Jisoo  တို့ကို မေးလေ၏

"Chaeyoung ဆိုတာ Lisa အရမ်းချစ်ရတဲ့ မိန်းကလေးပါ....."

Jennie သက်ပြင်းချပြီး ပြောလိုက်သည်။

"What! ငါတို့လည်း ဘာမှမသိရပါ့လား...."

Lisaမှာ ကုတင်ပေါ်က ဆင်းပြီး Jennieရဲ့ လက်ကိုကိုင်ကာ

"Jennie ....Chae ရော သူဘယ်မှာလည်း......"

"Lisa....Chae ဘာဖြစ်သွားလည်းဆိုတာ နင်မှတ်မိမှာပါ...နင်ဒီမှာ သတိမေ့နေတာ တစ်ပတ်ရှိပြီ....."

"ဘာ ငါ သတိမေ့နေတာ တစ်ပတ်ဟုတ်လား....ဒါဆို Chae..သူရော....."

"Lisa...သူ ဘာဖြစ်ခဲ့လည်းဆိုတာ နင် သေချာမြင်ခဲ့တွေ့ခဲ့တာဘဲ...."

Lisaမှာ မျက်ရည်တွေ ကျလာပြီး
"သူက အိမ်မှာမဟုတ်လား ငါ့ကို စောင့်နေတာ....ဟုတ်တယ်....ငါပြန်လာတာကို စောင့်နေတာ......သူ နေမကောင်းသေးဘူး ငါ ပြန်သွားမှဖြစ်မယ်...."

"Lisa သမီး ဘာတွေဖြစ်နေတာလည်း......သမီး ပြောနေတဲ့ Chaeက ဘယ်သူလည်း..."

"Lisa.. ..Chaeyoungက  သေသွားပြီလေ....စောင့်နေတာလို့ ဘာလို့ပြောနေတာလည်းကွာ..."

"ငါ ဘာမှမကြားချင်ဘူး Jisoo  သူမသေဘူး ငါ့ကို စောင့်နေတာပါဆို....."

"Yah သမီးတို့ ဘာတွေပြောနေတာလည်း စောင့်နေတာရော သေသွားတာရော.....Chaeyoungက ဘယ်သူလည်း......."

"Omma သူနဲ့ တွေ့ဖူးတယ်လေ....မမှတ်မိဘူးလား...."

"Lisa....နတ်သမီးက အကုန်ဖျက်သွားပြီ.....ငါတို့ဘဲ မှတ်မိတာဟ...."

Jisoo တိုးတိုးလေး ကပ်ပြောလိုက်သည်။

"What!"

"Lisa သမီး...အခုမှ သတိရလာတာ အေးဆေးအနားယူပါအုံး...."

"Chaw အိမ်ပြန်မယ်....."

"ပြန်လို့မရဘူး....အခုမှ သတိရလာတာ အနားယူရအုံးမယ်....."

"အခုမှ လာပြီး ဂရုစိုက်ပြမနေကြပါနဲ့......အလုပ်ကအရေးကြီးတယ်....အလုပ်ဘဲလုပ်ကြပါ...."

Lisaမှာ စိတ်တိုတိုနဲ့ သူ့အမေတို့ကို ပြောပြီး ဆေးရုံကနေ ထွက်လာတယ်....

Jennie တို့လည်း အနောက်ကနေ ပြေးလိုက်ကြသည်။

Mrs. Manoban ကတော့ သူ့သမီးက သူတို့အပေါ် သွေးအေးနေလို့ စိတ်မကောင်းဖြစ်နေကြ၏

"ငယ်ငယ်လေးကတည်းက သူတစ်ယောက်တည်းဖြစ်နေခဲ့တာဆိုတော့ ငါတို့သမီးလေးက ငါတို့ကို စိတ်နာနေတာ ထင်ပါရဲ့.. .."

~~~~~~~~~~~~~~~~~~~~~
"Chae chaeလေးရေ အချစ်လေးရေ ကြောင်ကလေးရေ ..."

Lisa အိမ်ကိုပြန်ရောက်တော့ တံခါးအမြန်ဖွင့်ကာ အော်ခေါ်လိုက်သည်။

Jisoo တို့လည်း သူတို့သူငယ်ချင်းလဲကျသွားမှာဆိုးလို့ အနောက်ကနေ လိုက်ထိန်းလေ၏

တစ်အိမ်လုံး အနှံ့ရှာသော်လည်း Chaeyoungကို မတွေ့ရပေ....

"Lisa....Chaeyounh သေသွားပြီဆိုတာ ငါတို့မျက်လုံးနဲ့ သေချာမြင်ခဲ့တာဘဲ...ပြီးတော့ နတ်သမီးက သူ့ကို ခေါ်သွားပြီ....."

"အား "

Lisa အော်လိုက်ပြီး ကုတင်ပေါ်ကို ပစ်လှဲလိုက်သည်။

"တောက် ဒီ၀က်ဝံစုတ်က ကုတင်ပေါ် ဘာလို့ရောက်နေတာလည်း....."

Lisa ဒေါသထွက်ပြီး ကုတင်ပေါ်က Teddy ကို လွှင့်ပစ်လိုက်သည်။

Teddyနဲ့ အတူ တစ်ခုခုက ကြမ်းပြင်ပေါ် ပြုတ်က်လာတော့ Jennie ကောက်ယူလိုက်သည်။

"Lisa....recorder ကြီးဟ ...."

Lisa ချက်ချင်းဘဲ Jennie လက်ထဲကနေ ယူပြီး ဖွင့်ကြည့်တော့

"Lili ..."

Chaeyoung ရဲ့ အသံကြားရတာနဲ့ Lisa  မျက်ရည်တွေ ကျလာသည်....

"Teddyကို ကုတင်ပေါ်တင်ထားလို့ အခု ဒေါသထွက်နေတယ်ဆိုတာ သိပါတယ်....... chae ဘာလို့ teddyကို အရမ်းသဘောကျတာလည်းသိလား.....chae လူစဖြစ်ဖြစ်ချင်း Lili ၀ယ်ပေး တဲ့ ပထမဆုံး လက်ဆောင်ဖြစ်နေလို့ပါ.....ဒါပေမယ့် chaeက လူလုံး၀မဖြစ်သေးပါဘူး....လူမဖြစ်သေးတာတောင် လူတစ်ယောက်လို အမြဲ ဂရုစိုက်ပြီး ချစ်ပေးလို့ အရမ်းပျော်ခဲ့ရပါတယ်.....Teddyကို လွှင့်မပစ်ပါနဲ့နော်...Lili မရှိတဲ့ အချိန် သူ့ကို Liliလို့ သဘောထားပြီး ဖက်ခဲ့သလို အခုချိန်မှာ သူ့ကို Chaeလို့ သဘောထားပြီး အမြဲဖက်နေပါနော် .....Chae  ငိုရတဲ့ အကြောင်းအရင်းကို မပြောပြခဲ့လို့ တောင်းပန်ပါတယ်.....Lili  သေမယ်လို့ အိမ်မက်မက်ခဲ့လို့ပါ.....မသေစေချင်ဘူး ကိုယ်ချစ်တဲ့သူကို.....ဒါကြောင့် Liliကို ရအောင်ကယ်ပြီး လူစားလဲခဲ့တာပါ...အဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့နော်...ဒါက chaeရဲ့ ရွေးချယ်မှုပါ.....​chae လေ chaeရဲ့ ဘ၀ကို ပေးဆပ်ရတဲ့အထိ Liliကို ချစ်တယ် အရမ်းချစ်တယ်.....chaeအတွက် Lili လုပ်ပေးခဲ့တာတွေ အများကြီးပါ...ဒီတစ်ခါတော့ Lili အတွက် Chae လုပ်ပေးပါရစေ
.....Liliဆီမှာ နောက်ဆုံးဆုတောင်းရှိသေးတယ် မဟုတ်လား .....Teddyဆီမှာ တစ်ခုခုရှိတယ်....သေချာရှာနော်.....chae Liliကို စောင့်နေပါတယ်..."

Chaeyoungရဲ့ အသံကို နားထောင်ရင်း Lisa အရူးတစ်ယောက်လို မျက်ရည်တွေကျလာပြီး Teddyကို ကောက်ယူပြီး ရှာကြည့်သည်။

Teddy လက်က စာတစ်စောင်ကို တွေ့တော့ အမြန်ဖတ်ကြည့်ပြီး Lisa  ငိုရင်း ပြုံးမိသွားတယ်.....

'Chae yah....'

Teddyကို တင်းကြပ်စွာ ဆွဲဖက်တော့

"Lili I love you...."

Chaeyoungရဲ့ အသံလေး ထွက်ပေါ်လာသည်။

Lisaမှာ Chaeyoung အသံကြားတော့ ငိုနေရင်း ရယ်လိုက်ပြီး အကြိမ်ပေါင်းများစွာ Teddyကို ဖက်လေ၏

"နတ်သမီး.......အခု နောက်ဆုံးဆုတောင်းလေး တောင်းခွင့်ရပြီလား..."

နတ်သမီး ရုတ်တရက်ပေါ်လာပြီး Lisaကို ပြုံးကြည့်ကာ

"မင်း စိတ်ပိုင်းဖြတ်ပြီးပြီပေါ့...."

Lisa ခေါင်းညိတ်ပြပြီး သူ့လက်ထဲက စာရွက်ကို ပြကာ
"ဒီထဲက အတိုင်းလုပ်ပေးပါ ....."

"ပြည့်စေ....."

Lisa စိတ်ထဲက ဆုတောင်းကို နတ်သမီး ဖြည့်စည်းပေးလိုက်သည်။

Author note - မပြီးသေးပါဘူး 😜😝😝 မနေ့က စတာပါ ၀ုတ်တယ် စတာလေးကို ချောင်းရိုက်မယ့်သူနဲ့😔😔အပြင်တောင် မထွက်ရဲတော့ဘူး....Finalဆို ကျွန်တော် Finalဆို ရေးမှာပေါ့လို့ 😢😢ခင်ညားလေးတို့ကလည်း စိတ်ကြီးတာ😞😞😞 ပြီးကျ နောက်ဆုံးဆုတောင်း ကျန်သေးတာကို ဘယ်သူမှလည်း မမှတ်မိကြဘူး sad
TT

#zawgyi

"ငါ့ရဲ႕ ေနာက္ဆုံးဆုေတာင္း သုံးလို႔ရလား....."

Chaeyoungကို ဖက္ၿပီး ငိုရင္း Lisa ေျပာသည္။

"Lisa အခုခ်ိန္ေတာ့ မျဖစ္ေသးဘူး.....မင္းစိတ္က ပုံမွန္မဟုတ္ေသးဘူး.. ..."

နတ္သမီးက ငိုေနတဲ့ Lisaကို ျပန္ေျပာသည္။

"Chae..Chae အသက္မရႉ ေတာ့ဘူး....လုံး၀ ကို အသက္မရႉ ေတာ့တာ...ေနာက္ဆုံးဆုေတာင္း သုံးမွျဖစ္မယ္...."

Lisa ငိုရင္း ေျပာလိုက္သည္။

"ငါ ဆုေတာင္းတယ္....."

Lisa ဆုေတာင္းမဆုံးေသး နတ္သမီးက Lisaရဲ႕ ေခါင္းကို တို႔လိုက္ေသာေၾကာင့္ Lisa သတိေမ့သြားေလသည္။

"ခင္ဗ်ား သူ႕ကို ဘာလုပ္လိုက္တာလည္း......"

Chaeyoung ေဘးနား ေမ့လဲသြားတဲ့ သူ႕သူငယ္ခ်င္းကို ဆြဲထူၿပီး နတ္သမီးကို Jennie ေမးလိုက္သည္။

"စိတ္မေကာင္းပါဘူး အခုလို လုပ္မွ ျဖစ္မွာမို႔လို႔ပါ.....သူ Chaeyoung နဲ႕ ပတ္သက္ၿပီး စကားအေျပာအဆို မခ်င့္ခ်ိန္လို႔ အခုလိုျဖစ္သြားတာ......ဒီတစ္ခါေတာ့ ေသခ်ာစဥ္းစားေစခ်င္ပါတယ္.....သူတို႔ ေတာ္ေတာ္ေလးကို ခံစားခဲ့ရလို႔ သူတို႔ကို ေပ်ာ္ေစခ်င္ပါတယ္....စိတ္မပူပါနဲ႕  တစ္ပတ္ေနရင္ သူျပန္သတိရလာမွာပါ....."

"ခင္ဗ်ား သူတို႔ကို ေပ်ာ္ေစခ်င္တယ္ဆိုရင္ Chaeyoung ကို အသက္ရွင္ေအာင္ ျပန္လုပ္ေပးေလ.......ၿပီးေတာ့ လူလုံး၀ျဖစ္ေအာင္လုပ္ေပးလို႔ရတယ္ေလ...."

Jisoo မေနနိုင္လို႔ ဝင္ေျပာလိုက္သည္

"ငါ့စြမ္းအားက သူတို႔ရဲ႕ဆုေတာင္းေလ....သူတို႔ရဲ႕ ဆုေတာင္းမရွိဘဲ ငါ ဘာမွလုပ္မရဘူး...."

နတ္သမီးမွာ ဝမ္းနည္းစြာျဖင့္ သက္ျပင္းခ်လိဳက္သည္။

"Chaeyoungကို ေခၚၿပီး ငါသြားေတာ့မယ္....မင္းတို႔ သုံးေယာက္ကလြဲၿပီး ဘယ္သူမွ သူ႕တည္ရွိမႈကို မမွတ္မိေတာ့ဘူး သတိမရေတာ့ဘူး ....Lisa ရဲ႕ ေနာက္ဆုံးဆုေတာင္းကို ငါေစာင့္ေနပါမယ္...."

Chaeyoung ခႏၶာကိုယ္ႀကီး ေလေပၚမွာေရာက္သြားၿပီး
"ငါ လက္ေဖ်ာက္တီးလိုက္တာနဲ႕ အရာအားလုံးက နဂိုအတိုင္း ျပန္ျဖစ္သြားလိမ့္မယ္......"

*ေဖ်ာက္*

"Oh my god...."

Staffေတြလည္း ေသြးအိုင္ထဲ လဲေနတဲ့ Lisaကို အျမန္ဆြဲထူၾကသည္။

အေၾကာင္းစုံကို သိတဲ့ Jensooတို႔ကေတာ့ သက္ျပင္းခ်႐ုံမွအပ ဘာမွမလုပ္နိုင္ေပ.....

ေဆး႐ုံတြင္ တစ္ပတ္ၾကာၿပီးေနာက္~~~~~~

"Jen....တစ္ပတ္ျပည့္ၿပီေနာ္....သူ အခုထိ သတိမရေသးဘူး....နတ္သမီးကမ်ား လိမ္သြားတာလားမသိ......"

Lisa သတိမရလာေသးလို႔ စိတ္ပူၿပီး Jisoo ေျပာလိုက္သည္။

"ခဏ စိတ္ရွည္ရွည္နဲ႕......"

"Chae chae....ငါသူ႕ကို ေတြ႕ခ်င္တယ္...."

Jennie စကားမဆုံးေသး Lisa သတိရလာလို႔ Mr.Manobanတို႔မွာ အရမ္း၀မ္းသာၿပီး ငိုၾကေလ၏

"Chae.."

'Chae..သူက ဘယ္သူလည္း...."

Lisaရဲ႕အေမမွာ သူ႕သမီးကို ဖက္ၿပီး ငိုရင္းေမးလိုက္သည္။

"Chae chae chaeေလးေရ ...."

"Chae...သူက ဘယ္သူလည္း သမီးတို႔ သိၾကလား...."

Lisaရဲ႕ အေမမွာ သူ႕သမီးကို ေမးလို႔မရေတာ့ Jisoo  တို႔ကို ေမးေလ၏

"Chaeyoung ဆိုတာ Lisa အရမ္းခ်စ္ရတဲ့ မိန္းကေလးပါ....."

Jennie သက္ျပင္းခ်ၿပီး ေျပာလိုက္သည္။

"What! ငါတို႔လည္း ဘာမွမသိရပါ့လား...."

Lisaမွာ ကုတင္ေပၚက ဆင္းၿပီး Jennieရဲ႕ လက္ကိုကိုင္ကာ

"Jennie ....Chae ေရာ သူဘယ္မွာလည္း......"

"Lisa....Chae ဘာျဖစ္သြားလည္းဆိုတာ နင္မွတ္မိမွာပါ...နင္ဒီမွာ သတိေမ့ေနတာ တစ္ပတ္ရွိၿပီ....."

"ဘာ ငါ သတိေမ့ေနတာ တစ္ပတ္ဟုတ္လား....ဒါဆို Chae..သူေရာ....."

"Lisa...သူ ဘာျဖစ္ခဲ့လည္းဆိုတာ နင္ ေသခ်ာျမင္ခဲ့ေတြ႕ခဲ့တာဘဲ...."

Lisaမွာ မ်က္ရည္ေတြ က်လာၿပီး
"သူက အိမ္မွာမဟုတ္လား ငါ့ကို ေစာင့္ေနတာ....ဟုတ္တယ္....ငါျပန္လာတာကို ေစာင့္ေနတာ......သူ ေနမေကာင္းေသးဘူး ငါ ျပန္သြားမွျဖစ္မယ္...."

"Lisa သမီး ဘာေတြျဖစ္ေနတာလည္း......သမီး ေျပာေနတဲ့ Chaeက ဘယ္သူလည္း..."

"Lisa.. ..Chaeyoungက  ေသသြားၿပီေလ....ေစာင့္ေနတာလို႔ ဘာလို႔ေျပာေနတာလည္းကြာ..."

"ငါ ဘာမွမၾကားခ်င္ဘူး Jisoo  သူမေသဘူး ငါ့ကို ေစာင့္ေနတာပါဆို....."

"Yah သမီးတို႔ ဘာေတြေျပာေနတာလည္း ေစာင့္ေနတာေရာ ေသသြားတာေရာ.....Chaeyoungက ဘယ္သူလည္း......."

"Omma သူနဲ႕ ေတြ႕ဖူးတယ္ေလ....မမွတ္မိဘူးလား...."

"Lisa....နတ္သမီးက အကုန္ဖ်က္သြားၿပီ.....ငါတို႔ဘဲ မွတ္မိတာဟ...."

Jisoo တိုးတိုးေလး ကပ္ေျပာလိုက္သည္။

"What!"

"Lisa သမီး...အခုမွ သတိရလာတာ ေအးေဆးအနားယူပါအုံး...."

"Chaw အိမ္ျပန္မယ္....."

"ျပန္လို႔မရဘူး....အခုမွ သတိရလာတာ အနားယူရအုံးမယ္....."

"အခုမွ လာၿပီး ဂ႐ုစိုက္ျပမေနၾကပါနဲ႕......အလုပ္ကအေရးႀကီးတယ္....အလုပ္ဘဲလုပ္ၾကပါ...."

Lisaမွာ စိတ္တိုတိုနဲ႕ သူ႕အေမတို႔ကို ေျပာၿပီး ေဆး႐ုံကေန ထြက္လာတယ္....

Jennie တို႔လည္း အေနာက္ကေန ေျပးလိုက္ၾကသည္။

Mrs. Manoban ကေတာ့ သူ႕သမီးက သူတို႔အေပၚ ေသြးေအးေနလို႔ စိတ္မေကာင္းျဖစ္ေနၾက၏

"ငယ္ငယ္ေလးကတည္းက သူတစ္ေယာက္တည္းျဖစ္ေနခဲ့တာဆိုေတာ့ ငါတို႔သမီးေလးက ငါတို႔ကို စိတ္နာေနတာ ထင္ပါရဲ႕.. .."

~~~~~~~~~~~~~~~~~~~~~
"Chae chaeေလးေရ အခ်စ္ေလးေရ ေၾကာင္ကေလးေရ ..."

Lisa အိမ္ကိုျပန္ေရာက္ေတာ့ တံခါးအျမန္ဖြင့္ကာ ေအာ္ေခၚလိုက္သည္။

Jisoo တို႔လည္း သူတို႔သူငယ္ခ်င္းလဲက်သြားမွာဆိုးလို႔ အေနာက္ကေန လိုက္ထိန္းေလ၏

တစ္အိမ္လုံး အႏွံ႕ရွာေသာ္လည္း Chaeyoungကို မေတြ႕ရေပ....

"Lisa....Chaeyounh ေသသြားၿပီဆိုတာ ငါတို႔မ်က္လုံးနဲ႕ ေသခ်ာျမင္ခဲ့တာဘဲ...ၿပီးေတာ့ နတ္သမီးက သူ႕ကို ေခၚသြားၿပီ....."

"အား "

Lisa ေအာ္လိုက္ၿပီး ကုတင္ေပၚကို ပစ္လွဲလိုက္သည္။

"ေတာက္ ဒီ၀က္ဝံစုတ္က ကုတင္ေပၚ ဘာလို႔ေရာက္ေနတာလည္း....."

Lisa ေဒါသထြက္ၿပီး ကုတင္ေပၚက Teddy ကို လႊင့္ပစ္လိုက္သည္။

Teddyနဲ႕ အတူ တစ္ခုခုက ၾကမ္းျပင္ေပၚ ျပဳတ္က္လာေတာ့ Jennie ေကာက္ယူလိုက္သည္။

"Lisa....recorder ႀကီးဟ ...."

Lisa ခ်က္ခ်င္းဘဲ Jennie လက္ထဲကေန ယူၿပီး ဖြင့္ၾကည့္ေတာ့

"Lili ..."

Chaeyoung ရဲ႕ အသံၾကားရတာနဲ႕ Lisa  မ်က္ရည္ေတြ က်လာသည္....

"Teddyကို ကုတင္ေပၚတင္ထားလို႔ အခု ေဒါသထြက္ေနတယ္ဆိုတာ သိပါတယ္....... chae ဘာလို႔ teddyကို အရမ္းသေဘာက်တာလည္းသိလား.....chae လူစျဖစ္ျဖစ္ခ်င္း Lili ၀ယ်ပေး တဲ့ ပထမဆုံး လက္ေဆာင္ျဖစ္ေနလို႔ပါ.....ဒါေပမယ့္ chaeက လူလုံး၀မျဖစ္ေသးပါဘူး....လူမျဖစ္ေသးတာေတာင္ လူတစ္ေယာက္လို အၿမဲ ဂ႐ုစိုက္ၿပီး ခ်စ္ေပးလို႔ အရမ္းေပ်ာ္ခဲ့ရပါတယ္.....Teddyကို လႊင့္မပစ္ပါနဲ႕ေနာ္...Lili မရွိတဲ့ အခ်ိန္ သူ႕ကို Liliလို႔ သေဘာထားၿပီး ဖက္ခဲ့သလို အခုခ်ိန္မွာ သူ႕ကို Chaeလို႔ သေဘာထားၿပီး အၿမဲဖက္ေနပါေနာ္ .....Chae  ငိုရတဲ့ အေၾကာင္းအရင္းကို မေျပာျပခဲ့လို႔ ေတာင္းပန္ပါတယ္.....Lili  ေသမယ္လို႔ အိမ္မက္မက္ခဲ့လို႔ပါ.....မေသေစခ်င္ဘူး ကိုယ္ခ်စ္တဲ့သူကို.....ဒါေၾကာင့္ Liliကို ရေအာင္ကယ္ၿပီး လူစားလဲခဲ့တာပါ...အဲ့အတြက္ေၾကာင့္ ကိုယ့္ကိုကိုယ္ အျပစ္မတင္ပါနဲ႕ေနာ္...ဒါက chaeရဲ႕ ေ႐ြးခ်ယ္မႈပါ.....chae ေလ chaeရဲ႕ ဘ၀ကို ေပးဆပ္ရတဲ့အထိ Liliကို ခ်စ္တယ္ အရမ္းခ်စ္တယ္.....chaeအတြက္ Lili လုပ္ေပးခဲ့တာေတြ အမ်ားႀကီးပါ...ဒီတစ္ခါေတာ့ Lili အတြက္ Chae လုပ္ေပးပါရေစ
.....Liliဆီမွာ ေနာက္ဆုံးဆုေတာင္းရွိေသးတယ္ မဟုတ္လား .....Teddyဆီမွာ တစ္ခုခုရွိတယ္....ေသခ်ာရွာေနာ္.....chae Liliကို ေစာင့္ေနပါတယ္..."

Chaeyoungရဲ႕ အသံကို နားေထာင္ရင္း Lisa အ႐ူးတစ္ေယာက္လို မ်က္ရည္ေတြက်လာၿပီး Teddyကို ေကာက္ယူၿပီး ရွာၾကည့္သည္။

Teddy လက္က စာတစ္ေစာင္ကို ေတြ႕ေတာ့ အျမန္ဖတ္ၾကည့္ၿပီး Lisa  ငိုရင္း ၿပဳံးမိသြားတယ္.....

'Chae yah....'

Teddyကို တင္းၾကပ္စြာ ဆြဲဖက္ေတာ့

"Lili I love you...."

Chaeyoungရဲ႕ အသံေလး ထြက္ေပၚလာသည္။

Lisaမွာ Chaeyoung အသံၾကားေတာ့ ငိုေနရင္း ရယ္လိုက္ၿပီး အႀကိမ္ေပါင္းမ်ားစြာ Teddyကို ဖက္ေလ၏

"နတ္သမီး.......အခု ေနာက္ဆုံးဆုေတာင္းေလး ေတာင္းခြင့္ရၿပီလား..."

နတ္သမီး ႐ုတ္တရက္ေပၚလာၿပီး Lisaကို ၿပဳံးၾကည့္ကာ

"မင္း စိတ္ပိုင္းျဖတ္ၿပီးၿပီေပါ့...."

Lisa ေခါင္းညိတ္ျပၿပီး သူ႕လက္ထဲက စာ႐ြက္ကို ျပကာ
"ဒီထဲက အတိုင္းလုပ္ေပးပါ ....."

"ျပည့္ေစ....."

Lisa စိတ္ထဲက ဆုေတာင္းကို နတ္သမီး ျဖည့္စည္းေပးလိုက္သည္။

Author note - မၿပီးေသးပါဘူး 😜😝😝 မေန႕က စတာပါ ၀ုတ်တယ် စတာေလးကို ေခ်ာင္းရိုက္မယ့္သူနဲ႕😔😔အျပင္ေတာင္ မထြက္ရဲေတာ့ဘူး....Finalဆို ကြၽန္ေတာ္ Finalဆို ေရးမွာေပါ့လို႔ 😢😢ခင္ညားေလးတို႔ကလည္း စိတ္ႀကီးတာ😞😞😞 ၿပီးက် ေနာက္ဆုံးဆုေတာင္း က်န္ေသးတာကို ဘယ္သူမွလည္း မမွတ္မိၾကဘူး sad
TT

Bạn đang đọc truyện trên: Truyen3h.Co