Part 46
#Unicode
နှစ်နာရီကျော်ကြာ Chaeyoungတို့ အကလေ့ကျင့်နေရင်း Lisa ဆီက ကြားရသော စကားကတော့
"Again......"
ထိုကကွက်ကို တစ်လကျော်နီးပါး Chaeyoungတို့ ကျင့်ပြီးတာအမှန်....ဒါပေမယ့် ဒီနေ့ကျမှ Chaeyoung ဘာဖြစ်နေတယ်မသိ...Lisaရှေ့မှာ ကကွက်တွေ ခဏခဏမှားနေ၏
Joyတို့မှာ တော်တော်လေးကို ပင်ပန်းနေပြီ.....သူတို့ကို မအော်ဘဲ စိတ်ရှည်ပေးတဲ့ Lisaကိုလည်း ကျေးဇူးတင်နေ၏
Lisa ကတော့ စိတ်ရှည်ရှည်နဲ့ Againဆိုပြီး ထပ်ခါထပ်ခါ အော်နေပေမယ့် Jensooတို့မှာတော့ ကြည့်ရင်း စိတ်မရှည်တော့ပေ
Chaeyoung သူ့မျက်ရည်တွေ မကျအောင် ထိန်းပြီး တောင်းပန်လိုက်သည်။
"I'm sorry. ..Chae. ..တောင်းပန်ပါတယ်...."
Jisooတို့ ဒီစကားကို Chaeyoung ကကွက်မှားတိုင်း ကြားနေရလွန်းလို့ ရိုးနေသည်။
"Miss Park..နင် ကကွက်တွေကို သေချာမမှတ်ထားနိုင်ဘူးလား .....နင့်အဖွဲ့သားတွေက ပင်ပန်းနေပြီ နင်က အခုထိ ကကွက်မှားနေတုံး..ဒီလိုပုံစံနဲ့ ဘယ်လို Trainee ဖြစ်လာတာလည်း....."
Jisoo ဒေါသထွက်ပြီး အော်လိုက်သည်။
"Yah Kim Jisoo.."
သူ့ကလေးကို အပြစ်ပြောကာ အော်လိုက်တဲ့ Jisooကို Lisa ပြန် အော်လိုက်တော့ Jisooမှာ Lisaကို မျက်စောင်းထိုးကာ တစ်ဖက်ကို လှည့်သွားတယ်
"Sorry...."
'အမြဲတောင်းပန်တယ်......ပြီးတော့ အမှားတွေချည်း ထပ်တလဲလဲ လုပ်တယ်......"
Jisoo ရဲ့ စကားကြောင့် Chaeyoung ရုတ်တရက် သူ့ အိမ်မက်မက်နေကျ တစ်ခုခုကို သတိရသွားတယ်
"မင်း အမြဲတမ်း တောင်းပန်ပါတယ်ပြောတယ်....ပြီးတော့ မင်းလုပ်ချင်တာ လုပ်တယ်......."
အိမ်မက်ထဲက မျက်နှာမပါတဲ့ မိန်းကလေး တစ်ယောက်ရဲ့ မျက်နှာကို မြင်ယောင်လာတယ်
"အခန်းထဲကို အ၀တ်အစား မပါဘဲ ၀င်မလာဖို့ မင်းကို ဘယ်နှခါပြောရမလည်း....."
"Chaeရယ်.....အရမ်းချစ်ဖို့ကောင်းတာဘဲ...."
Chaeyoung မျက်လုံးဖွင့်ပြီး ကျောက်ရုပ်လို မလှုပ်မယှက်ဖြစ်နေလို့ Joy စိတ်ပူပြီး သူ့သူငယ်ချင်း ခန္ဓာကိုယ်ကို လှုပ်ရမ်းလိုက်သည်။
"Chaeyoung yah.....အဆင်ပြေရဲ့လား....."
Joy မေးခွန်းကို Chaeyoung ပြန်မဖြေဘဲ Jisooကို မေးလိုက်သည်
"Chaeတို့ အရင်က တွေ့ဖူးကြလား....."
"What!"
Chaeyoungရဲ့ မေးခွန်းကြောင့် ရုတ်တရက် Jisoo အူကြောင်ကြောင် ဖြစ်သွားတယ်
"Chaeတို့ အရင်က တွေ့ဖူးကြလားလို့ "
Chaeyoungမှာ Jisooရဲ့ လက်မောင်းကို ကိုင်ပြီး မေးလို့ Lisa ကို လှမ်းကြည့်ပြီး Jisoo အကူအညီတောင်းလိုက်သည်
"Chae..."
Chaeyoung ငိုနေတာကို ကြည့်ပြီး မျက်ရည်တွေသုတ်ပေးကာ ဖက်ပြီး Lisa ချော့ချင်ပေမယ့်လည်း.....
"ငါ သူတို့ပြောတဲ့စကားတွေကို အိမ်မက်ထဲမှာ ကြားဖူးနေတယ်ဟ.....အိမ်မက်ထဲက...ငါ့ချစ်သူများလား.."
Joyကို လှည့်ကြည့်ပြီး Chaeyoung ပြောလိုက်သည်။
Lisaမှာ သူ့ကလေးစကားကြားတော့ ပြုံးလိုက်ပြီး
"ကဲ ခဏနားမယ်.....နာရီ၀က်အချိန်ပေးမယ်....."
"Sunbae....chae အိမ်ပြန်လို့ရလား....."
"Sorry Park...CEOရောက်လာလို့ မင်းကို မတွေ့ရရင် ငါ့ကိုဆူလိမ့်မယ်....."
"Kitty လေး အရမ်းမတွေးပါနဲ့ မကြာခင် အားလုံးမှတ်မိလာမှာပါ.."
Chaeyoungနားသို့ ကပ်ကာ Lisa တိုးတိုးလေး ပြောလိုက်သည်။
Lisaရဲ့ စကားကြောင့် Chaeyoung ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။ Lisaကတော့ Chaeyoungကို ရယ်ပြပြီး အိမ်သာဘက်ကို သွားလိုက်သည်။
Chaeyoung နားကြပ်တပ်ပြီး နံရံကို မှီကာ သီချင်းနားထောင်နေ၏
Lisa ပြန်ရောက်လာပြီး Chaeyoung ဘေးနားရပ်ကာ မကြားလောက်ဘူးထင်ပြီး တစ်ယောက်တည်း စကားတွေပြောနေတယ်
"Hey....Chae.. ..မင်း ငါ့ကို မေ့မသွားဘူးလို့ မျှော်လင့်ပါတယ် ..ငါ့စိတ်ကို ငါ ပြင်ပြီးပါပြီ....ငါတို့ ရန်ဖြစ်တုံးက မဆင်မခြင်ပြောပြီး နှင်ထုတ်မိလို့ နောင်တရနေပါပြီ ....မင်း တစ်ခုခုဖြစ်မှာ ငါအရမ်းစိတ်ပူတာ....မင်း ဒီမှာ ရှိနေတဲ့အချိန်မှာ မင်းကို လုံခြုံစေချင်တယ် ....တတ်နိုင်သမျှ မင်းကို စောင့်ရှောက်မယ်....ငါမင်းကို အရမ်းချစ်တယ် Chae..မင်းကြားရဲ့လား....တစ်နေ့နေ့မှာ မင်း ငါ့ကို ပြန်မှတ်မိသတိရလာပြီး ငါ့ကို အဖြေပြန်ပေးနိုင်မယ်လို့ မျှော်လင့်ပါရစေ....ငါ မင်းအပေါ် မျှော်လင့်ချက်တွေ အများကြီးထားထားတယ် Chae.....မင်းမရှိတဲ့ နေ့တွေမှာ မင်းပြန်လာဖို့ ကြိုးစားစောင့်ရင်း ငါရှင်သန်ခဲ့တယ်....ငါ့အတွက် ခက်ခဲလွန်းလို့ ဒီထက်ပိုပြီး မစောင့်ခိုင်းပါနဲ့တော့....ငါ့ဆီ အမြန်ပြန်လာပါ Chae..မင်းကို အရမ်းချစ်တယ် ...."
Lisa ပြောပြီး ကျောခိုင်းသွားတော့ Chaeyoung မျက်လုံးဖွင့်ကာ နားကြပ်ကိုဆွဲဖြုတ်လိုက်သည်။ ထို့နောက် Lisa ကို အကြာကြီး စိုက်ကြည့်နေ၏
Lisa. ...ဟုတ်တယ် သူမ အိမ်မက်ထဲက ကောင်မလေး....အိမ်မက်ထဲ အမြဲရောက်လာတဲ့ သူမရဲ့ အရင်ဘဝက ချစ်သူဆိုတဲ့ နာမည်နဲ့သူက.... Lisa. ..Lisaဘဲ ......
ထိုစဥ် နတ်သမီးက ရုတ်တရက်ပေါ်လာပြီး Chaeyoung ရဲ့ ခေါင်းလေးကို နှင်တံလေးနဲ့ တို့လိုက်တော့ Chaeyoung အရင်တုံးက ဘဝကို သတိရသွားလေသည်
"Lili....."
Chaeyoung အားလုံးကို သတိရမှတ်မိသွားပြီး သူ့ကို ကျောပေးပြီး ထွက်သွားမယ့် ကောင်မလေးကို အနောက်ကနေ ပြေးဖက်လိုက်သည်
"Osh......"
Lisaမှာ ချက်ချင်းဘဲ Chaeyoungကို သူ့ရင်ခွင်ထဲ ဆွဲထည့်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားလေ၏
"မင်း ဘာလို့ အချိန်အကြာကြီး ငါ့ကို စောင့်ခိုင်းထားတာလည်း...."
Lisa ပြောရင်း မျက်ရည်တွေကျလာသည်။
"ငါ မင်းကို စောက်ရမ်းလွမ်းနေတာ Chae..."
"What! Lisa Sunbaeက Chaeyoung အိမ်မက်ထဲက မျက်နှာမဲ့ ချစ်သူပေါ့..."
Wendy အံ့သြပြီး မေးလိုက်တယ်
Jensoo တို့ကတော့ Chaelisaတို့ ကြည့်ပြီး ဝမ်းသာကြည်နူးနေကြသည်
"ကဲ ကွဲကွာနေတဲ့ ချစ်သူတွေ ပြန်တွေ့တယ်ဆိုတော့.....Party လုပ်ကြစို့ club မှာ အသားကုန်ကဲရအောင်လေ....."
Jennie လက်ခုပ်တီးပြီး ပြောလိုက်သည်
"Yah ငါ သဘောမတူဘူး......."
Lisa မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
"Come on....Chaeကိုလည်း ငါတို့ သတိရနေတာဘဲ.....အခု ဖြစ်နေတာတွေကို ငါ မျက်စိနဲ့ တပ်အပ်မြင်လို့ ယုံတာ....မဟုတ်ရင် ငါယုံမှာမဟုတ်ဘူး...."
Jennie က ပြောတော့ Chaeyoung ရှက်ပြီး ပြုံးနေ၏
"Chae ဘာလို့ရှက်နေတာလည်း ငါတို့ စကားမပြောဖူးတဲ့ အတိုင်းဘဲ....."
Jennie ပြောပြီး Chaeyoung ဘေးနား၀င်ထိုင်တော့ Chaeyoung က Lisa နားသို့ ကပ်သွားသည်
"Ash....ရင်နာလိုက်တာ....."
Jennie သူ့ရင်ဘတ်ကို ကိုင်ပြီး ပြောလိုက်သည်
"Sorry....chae အိမ်မက်ထဲက လူတွေအားလုံးရဲ့မျက်နှာကို မမြင်ရလို့ ဘယ်သူ့ကိုမှ မမှတ်မိဘူး....."
"ငါလည်း မျက်နှာမဲ့လား....."
Lisa မေးလိုက်တော့ Chaeyoung ခေါင်းညိတ်ပြတယ်
သုံးနာရီလောက် အမှားအယွင်းမရှိ အဆင်ပြေပြေနဲ့ အကလေ့ကျင့်ပြီးနောက်
"Hey...ငါ့သူငယ်ချင်း....Yeri ရဲ့ ကလပ်ကို သွားကြမလား....."
"Chaeက ငါနဲ့လိုက်လာမွာ.. clubမှာ တွေ့ကြတာပေါ့...."
"Wae....ဘာလို့လည်း..."
"Chaeက ငါရှစ်နှစ်အရွယ်ကတည်းက သူနဲ့အတူနေလာတာမို့ စိတ်မပူပါနဲ့ Wendy "
"What!"
Lisa ရဲ့ စကားကြောင့် joy တို့မှာ အံ့သြနေကြ၏
"ငါနဲ့ အတူရှိနေတာပါဆို....."
"Aww Nae...."
Lisa တို့ကို ထားပြီး Jensoo Wenjoy တို့ ထွက်သွားတော့ နောက်တစ်ခါ Chaeyoungကို တင်းတင်းကြပ်ကြပ် Lisa ထပ်ဖက်ပြန်သည်။
"Chae yah.....ငါ မင်းကို အရမ်းလွမ်းနေတာ.......လွမ်းလွန်းလု့ိ သေတော့မယ်.....
"Liliကို လည်း အရမ်းသတိရနေတာ....."
Chaelisaတို့ ဖက်ထားရာမှ ခွာလိုက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ..............တဖြည်းဖြည်း နီးကပ်လာပြီး Chaeyoung မျက်လုံးမှိတ်ထားလိုက်တယ်
Chaeyoungရဲ့ နှုတ်ခမ်းကို Lisa နမ်းလိုက်တော့ Chaeyoungက ပြန်တုံ့ပြန်လာတယ်
နှစ်ယောက်သား အောက်စီဂျင်လိုအပ်လာလို့ နမ်းရာမှ ခွာလိုက်သည်။
"Chae..good kisser တစ်ယောက်ဖြစ်နေပြီဘဲ...."
Lisaရဲ့ စကားကြောင့် Chaeyoung ရှက်ပြီး ခေါင်းငုံ့လိုက်သည်။
"Aigoo အာပူးကျူးလေးက ရှက်နေတာ ကြည့်အုံး.. .."
"Lili ချစ်တယ်....အခု အချစ်ဆိုတဲ့အရာကို သေချာနားလည်လို့ ပြောတာ......ယုံမယ်လို့ ထင်ပါတယ်.............."
"ငါ မင်းကို အစကတည်းက ယုံကြည်ပြီးသားပါ အချစ်ကလေးရဲ့. .."
"သွားကြစို့ ........"
Chaeyoungရဲ့ လက်ကိုတွဲပြီး Lisa YGကနေ ထွက်လာခဲ့သည်။
Clubတွင်.......
"Yah Chae အရက်မသောက်ရဘူး......."
"Wae.....နည်းနည်းလောက်ပါ..လူဖြစ်နေပြီလေ..."
"No....ပြီးရင် မင်းက အန်မှာ သေချာတယ်...."
"ဒါဆို ဒီမှာ ဘာလုပ်ရမှာလည်း အိပ်ရမှာလား ဟွန့်....."
(အေ့လေ ကလပ်လာပါတယ်ဆို ဘာမှမလုပ်ခိုင်းဘူး😜😝)
"Lisa sunbae.....Chaeyoung က သောက်နိုင်ပါတယ် အရင်ကဆို သောက်နေကြ....."
Wendy ဝင်ပြောလိုက်သည်
"Jinja....."
"Nae....ဂင်ချီနဲ့တောင် မြည်းတာ သူက"
Joy တို့က အာမခံတော့ Lisa လည်း သက်ပြင်းချပြီး ခွင့်ပြုလိုက်တယ်
ငါးမိနစ်ကြာပြီးနောက်
"Lili.....မရတော့ဘူး မူးနေပြီ...."
"မင်းပြောတော့ သောက်နိုင်တယ်ဆို....."
"သောက်ချင်လို့ လိမ်ပြောတာ မရတော့ဘူး...ပြန်ရအောင် ...."
"Aigoo...."
"Lililyah....."
"Ok ခဏ တခြား သူတွေကို ငါပြောအုံးမယ်....Hey Jisoo ငါတို့ အရင်ပြန်လို့ရလား....."
"Bill ရှင်းပြီး ပြန်ရင် ရတယ်...."
"Ok....."
Jisooကို Lisa မျက်စောင်းထိုးကာ သူ့ရဲ့ black cardကို ထုတ်ပေးလိုက်သည်။
"Joy...ငါ သူ့ကို အိမ်ခေါ်သွားမယ် ရလား...."
'ရတာပေါ့ အခုတော့ ညဆိုကောင်းကောင်း အိပ်လို့ရပြီ......အမြဲတမ်း ညဆို သူထထငိုတာ အခုတော့ အေးဆေးအိပ်လို့ရပြီ ...."
Lisa လည်း Joyတို့ဆီက ခွင့်ပြုချက်ရတော့ chaeyouny ကို ပွေ့ချီပြီး ကားထဲထည့်ကာ အိမ်ပြန်လာသည်။
#Tbc
နောက်တပိုင်းဆို ကြောင်ဇိုးလေး ဇာတ်သိမ်းပါပြီ🖤
#zawgyi
"Again......"
"Yah Kim Jisoo.."
"Sorry...."
"အခန်းထဲကို အ၀တ်အစား မပါဘဲ ၀ငျမလာဖို့ မင်းကို ဘယ်နှခါပြောရမလည်း....."
"What!"
"Chae..."
"Lili....."
"Osh......"
"Yah ငါ သဘောမတူဘူး......."
"Ash....ရင်နာလိုက်တာ....."
"ငါလည်း မျက်နှာမဲ့လား....."
"Wae....ဘာလို့လည်း..."
"What!"
"Aww Nae...."
"Chae yah.....ငါ မင်းကို အရမ်းလွမ်းနေတာ.......လွမ်းလွန်းလို့ သေတော့မယ်.....
"သွားကြစို့ ........"
Clubတွင်.......
"Jinja....."
"Aigoo...."
"Lililyah....."
"Ok....."
#Tbc
Bạn đang đọc truyện trên: Truyen3h.Co