Truyen3h.Co
Playing With Fire
Playing With Fire (Part-1) Z+U
KimFany059
#zawgyi
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
"ထမနဲ....."
"Nae Sam...."
"ရပါတယ်​ Rosé....."
"Can you be my friend? "
"ဘာကိုလည်း......"
"​အော်​ အဲ့ဒါလား...."
#TBC
#Unicode
"အေးပါ ငါလာခဲ့ပါမယ် ခဏလောက်စောင့် အခု မုန့်ဆိုင်မှာ ငါမုန့်ဝယ်နေတယ်.... ok ok ဒါဘဲနော်....."
Jisoo ဖုန်းချလိုက်ပြီး ရေခဲသေတ္တာထဲက အအေးတစ်ပုလင်း ယူလိုက်သည်။
ရုတ်တရက် လှည့်လိုက်ရာ ကောင်မလေး တယောက်နဲ့ ဝင်တိုက်မိပြီး အအေးပုလင်း လွတ်ကျ ကွဲသွားသည်။
ကောင်မလေးလည်း သူ့ကြောင့် ပုလင်း ကျကွဲသွားလို့ Jisoo ကို တောင်းပန်တယ်..
"မီယား.... ငါ့ကြောင့် ကျကွဲသွားတာ ပြန်လျော်ပေးပါမယ်......"
Jisooလည်း သူမ သူငယ်ချင်းနဲ့ ချိန်းထားတာ နောက်ကျမည်ဆိုးသောကြောင့် ဘာမှမပြောဘဲ နောက်တစ်ပုလင်း ယူပြီး ပိုက်ဆံရှင်းကာ မုန့်ဆိုင်ကနေ ထွက်လာလိုက်သည်။
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
ဒီနေ့ဟာ Jisoo တို့ ကျောင်းစတက်ရမယ့်နေ့...... ကျောင်းကို ရောက်တော့ Jisooရဲ့ ထိုင်းကနေ ပြောင်းလာတဲ့ သူငယ်ချင်း Lisaက အတန်းထဲ အရင်ရောက်လို့ ခုံနေရာတောင် ဦးပြီးနေပြီ ဖြစ်သည်။
"Yrr....Lisa.... ရှေ့ဆုံးတန်းကြီး မထိုင်စမ်းနဲ့ ငိုက်လို့ မရ မုန့်ခိုးစားလို့မရနဲ့.....
"
"နောက်ဆုံးတန်းကြီးလည်း ငါမထိုင်ချင်ဘူးဟ....."
"ကျွတ်....... ဒါဆို အလယ်တန်းမှာ ထိုင်မယ်......"
Lisaနဲ့ Jisooလည်း အလယ်တန်းမှာ ထိုင်လိုက်ကြသည်။
ဆရာ ဝင်လာတော့ ကျောင်းသူ အသစ် နှစ်ယောက်ပါ ပါလာသည်။
"ကဲ အားလုံးကို မိတ်ဆက်ပေးစရာရှိတယ်..... သမီးတို့ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါအုံး....."
"မင်္ဂလာပါ ငါ့နာမည်က Kim Jennieပါ တွေ့ရတာ ဝမ်းသာပါတယ်....."
"Jennieက တခြားကျောင်းကနေ ပြောင်းလာတဲ့ ကျောင်းသူအသစ်လေး..... မင်းတို့ ဂရုစိုက်ပေးလိုက်ကြပါ....."
ဆရာရဲ့ စကားလည်း ဆုံးရော ကျောင်းသားအားလုံး
"Nae....."ဆိုပြီး သံပြိုင်အော်ကြလေသည်။
"ကဲ နောက်တယောက် သမီး မိတ်ဆက်လိုက်ပါအုံး...."
"မင်္ဂလာပါ ငါ့နာမည်က Roséပါ Australia ကနေ ပြောင်းလာတာမို့ Korea နဲ့ သိပ်အသားမကျသေးတော့ ဂရုစိုက်ပေးကြပါအုံးနော် "
Lisaတယောက် Rosé ပြောတာ နားထောင်ရင်း Jisooကို လက်တို့လိုက်သည်။
"Jisoo.... အဲ့ကောင်မလေး စကားပြောတာ ချစ်စရာလေးနော် ချွဲချွဲလေး...."
"ထမနဲ....."
"Yrr နင်ကလည်း သူများကို ပေါက်ကရနာမည်တွေ ပေးပြန်ပြီ....."
Jisooကို Lisa အော်လိုက်တာ နည်းနည်း ကျယ်သွားပုံ ရသည် အတန်းပိုင်ဆရာတောင် လှမ်းကြည့်နေသည်။
"အမလေး ဒိတ်ဒိတ်ကြဲ နှစ်ယောက်က အတူထိုင်နေတယ်...... Lisa Jisoo ဒီနေ့က မင်းတို့ရဲ့ ပထမဆုံး ကျောင်းတက်ရက်နော် မမွှေကြနဲ့အုံး...."
Lisaနဲ့ Jisooတို့ဟာ ပေါက်ကရတွေ မွှေကြလွန်းလို့ တစ်ကျောင်းလုံးက ဆရာ ဆရာမတွေက သူမတို့ကို ရင်းနှီးနေပြီ ဖြစ်သည်။
"မင်းတို့ နှစ်ယောက် လူခွဲထိုင်မယ် တယောက်ကတော့ ရှေ့ကို ထိုင်မလား နောက်ဆင်း ထိုင်မလား.. .."
Jisooက မလှုပ်မယှက်နဲ့ သူမနေရာမှာ ကျောက်ရုပ်လို ထိုင်နေတော့ Lisaကဘဲ ရှေ့ကို သွားထိုင်လိုက်သည်။
"ကဲ ကျောင်းသူအသစ်လေး နှစ်ယောက် လွတ်တဲ့ခုံမှာ ဝင်ထိုင်လိုက်နော်....."
"Nae Sam...."
Roseနဲ့ Jennie တို့ ဘယ်ထိုင်ခုံမှာ ထိုင်ရမလည်း ကြည့်နေကြစဉ် Lisaတယောက် Roséကို လက်ပြပြီး သူမရဲ့ ဘေးက လွတ်နေတဲ့ နေရာမှာ လာထိုင်ခိုင်းသည်။
Roséလည်း Lisaဘေးနား ဝင်ထိုင်လိုက်ပြီး
"ဘေးနားမှာ ထိုင်ခိုင်းလို့ ကျေးဇူးတင်ပါတယ် "
"ရပါတယ် Rosé...."
"Can you be my friend? "
"Oh.... sure I can..... My name is Lisa....."
Roseနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ Lisaကို ကြည့်ပြီး Jisoo ခေါင်းခါရင်း
" Lisa တယောက် ထမနဲကို တွေ့ပြီး ယောင်္ကျား စိတ် ဝင်သွားတာလား မသိဘူး....💭💭💭💭"
"ဟိုလေ ဒီမှာ ထိုင်လို့ရလားဟင်....."
Jisoo အသံကြားလို့ မော့ကြည့်တော့ ကျောင်းသူ အသစ် ဖြစ်နေသည်။
"Aww..... ထိုင်လို့ရပါတယ် ထိုင်ပါ....."
Jennieလည်း Jisoo ဘေးနား ဝင်ထိုင်လိုက်သည်။
စာသင်ချိန် နှစ်ချိန် ပြီးသွားချိန်မှာ Lisaနဲ့ Roséက ဆရာတွေ မဝင်ခင် စကားတွေ ပြောနေကြပေမယ့် Jisooတို့ကတော့ ထိုသို့မဟုတ်.... တိတ်ဆိတ်နေကြတယ်.....
ထမင်းစားဆင်းချိန်မှာ အရင်နှစ်ကဆို Lisaတယောက် Jisooကို စောင့်ပြီး အတူ ထမင်းစားနေကြ.....
အခုတော့ Jisooကို မေ့ပြီး Roséနဲ့ စကားပြောရင်း ထမင်းစားနေသည်။
"Lisaက ထိုင်းက လာတာဆိုတော့ ထိုင်းမှာ ကိုရီးယားစကား သင်ခဲ့မှာပေါ့နော်....."
"Omm ဟုတ်တယ်..... ထိုင်းမှာ ကျောင်းတက်ရင်း အားလပ်ရက်ဆို ကိုရီးယား စကားသင်တာ..... "
"ကိုရီးယားမှာ နေရတာ ဘယ်လိုလည်း....."
"စစချင်းတော့ သိပ်အဆင်မပြေဘူး ကိုယ်က ကိုရီးယား မဟုတ်တော့လေ..... ဒါပေမယ့် သူတို့နဲ့ လိုက်လျောညီထွေစွာ နေတယ် သူတို့ စားတဲ့ အစားအသောက်တွေ လိုက်စားကြည့်တယ်..... နောက်ပိုင်းတော့ အဆင်ပြေသွားပါတယ်....."
"ငါ့ကိုလည်း ကူညီပေးနော် Lisa...."
"အင်းပါ ငါကူညီပေးမှာပါ....."
"ကိုရီးယားကို ရောက်တာ ကြာပြီလား..."
"မကြာသေးဘူး တစ်နှစ်လောက်ဘဲ ရှိသေးတယ်....."
"နင်က  ကိုရီးယားကို ဘာလို့ လာနေတာလည်း....."
"ငါ အဆိုတော် ဖြစ်ချင်လို့....."
"ဟာ.... shake.... ငါလည်း k pop idol တယောက် ဖြစ်ချင်လို့ ဒီကိုလာတာ....."
"ဒါဆို ငါတို့ Entertainment တစ်ခုထဲကို အတူ ဝင်ပြီး ChaeLisaဆိုပြီး Debutကြမယ် ဟိဟိ...."
"ဟား နင့်အကြံကောင်းသားဘဲ Lisa....."
Jisoo ထမင်းသွားစားဖို့ ပြင်နေစဉ် Jennieမှာ တယောက်တည်း ယောင်လည်လည်ဖြစ်နေလို့
"ဟိတ်..... တစ်ယောက်တည်း မဟုတ်လား လာ ငါနဲ့ အတူ လိုက်ခဲ့......"
Jennie လည်း Jisooနောက် လိုက်ပြီး ထမင်း အတူတူစားကြလေသည်။
ထမင်းစားနေရင်း
"ဟိုလေ..... ငါ နင့်ကို တောင်းပန်စရာရှိလို့......"
Jennieရဲ့ စကားကြောင့် Jisoo ထမင်းစားရာက မော့ကြည့်ပြီး
"ဘာကိုလည်း......"
"မနေ့ကလေ...... နင်မှတ်မိလား မသိဘူး စတိုးဆိုင်မှာလေ ငါနင့်ကို ဝင်တိုက်မိတာလေ..... ငါ့ကြောင့် ကျကွဲသွားတာလေ....."
"အော် အဲ့ဒါလား...."
"နင် စိတ်ဆိုးသွားတာလားဟင် ငါ လျော်ပေးမယ်ပြောတာတောင်  ပြန်မပြောဘဲ ထွက်သွားတာ ..."
"ငါ စိတ်မဆိုးပါဘူး အဲ့တုံးက ငါပြန်မပြောတာက ငါချိန်းထားတာ နောက်ကျနေလို့ပါ..... ပြီးတော့ ကျကွဲတာက နင့်ကြောင့်မှ မဟုတ်တာ ငါ ဂရုမထားဘဲ နောက်ကို ရုတ်တရက် လှည့်မိလို့ တိုက်မိပြီး ကွဲသွားတာပါ ..... "
"နင် စိတ်မဆိုးဘူးဆိုလည်း ပြီးတာဘဲ " လို့ ရယ်ပြီး Jisooကို ပြောလိုက်သည်။
သူမကို ရယ်ပြီး ပြောနေတဲ့ Jennieကို ကြည့်ရင်း
"ဟာ.... ရယ်နေတာလေးက ကလေးလေးကျနေတာဘဲ Jennieရယ် ချစ်ဖို့ကောင်းလိုက်တာ....
. ခုနကတော့ အချေရုပ်နဲ့ အခုကျတော့ ကလေးလိုလေးပါ့လား....💭💭💭"
Jennieကတော့ Jisoo သူမကို ငေးနေတာကို မသိဘဲ အိမ်က သူမအမေ ထည့်ပေးလိုက်တဲ့ ထမင်းကို အားရပါးရ စားနေတယ်....
Jisooတယောက် Jennieကို စကားမပြောဘူးဆိုတာ Jennieရဲ့ အချေရုပ်ကို ရှိန်ပြီး ကြောက်လို့ မပြောရဲတာပါ....အခုတော့ Jennieကို မရှိန်တော့ဘူးလေ စကားတွေ ပေါက်ပေါက်ဖောက်သလို ပြောနေတော့မှာ သေချာတယ်.....
#TBC
Bạn đang đọc truyện trên: Truyen3h.Co