Final
Taeyeon Mr.Jungတို့ ရှိရာ အဆောက်အဦးထဲ ၀င်တော့ ဘယ်သူမှမရှိလို့ အံ့သြမိနေသည် .....ထို့ကြောင့် အဆောက်အဦးက အခန်းတိုင်းတွင် Yuriကို လိုက်ရှာနေ၏
"ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလည်း တစ်ခုခုမှားနေပြီ.. ...."
Taeyeon စကားမဆုံသေး အနောက်ကနေ ချောင်းရိုက်ခြင်းခံရသည်.....
သို့သော် ခေါင်းမထိဘဲ ပခုံးထိသွားသောကြောင့် Taeyeon လဲကျသွားလေသည်
"ငရဲမှ ကြိုဆိုပါတယ် Lee Taeyeon.....ဒါမှမဟုတ် Kwon Taeyeonလို့ ခေါ်ရမလား.... "
"လူယုတ်မာ.....ခင်ဗျားကို ငါ့လက်နဲ့ သေအောင်သတ်မယ်...."
Taeyeonရဲ့ စကားမဆုံးသေး Mr.Jung ရဲ့ တပည့်တစ်ယောက်ဟာ Taeyeonကို ခြေထောက်နဲ့ ပိတ်ကန်လေသည်.....
"Ah...."
"Ta.....Tae...Taeyeon Unnie...."
Yuri အသံကြားလို့ Taeyeon အသံကြားရာကို လှမ်းကြည့်တော့ သူ့ညီမကို ကြည့်ပြီး Taeyeon မျက်ရည်တွေ ကျလာသည်....
"Yuri...."
Mr.Jungမှာ ညီမနှစ်ယောက်ကို ကြည့်ပြီး သဘောကျစွာ အော်ရယ်ကာ
"Taeyeonဆီက သေနတ်တွေ အားလုံး ယူခဲ့....သူတို့ညီမတွေကို မသေခင်လေး အလွမ်းသယ်ခိုင်းလိုက်အုံး...."
Taeyeon ဘာကိုမှ ဂရုမစိုက်ဘဲ Yuriကို ပြေးဖက်လိုက်သည်
"Yuri....."
"Unnie.....ဘာလို့ ဒီကိုလာတာလည်း...."
Yuri နာကျင်မှုကြားက အံကြိတ်ကာ ပြောလိုက်လေသည်
"ငါနင့်ကို ကယ်ဖို့လာတာ....ဘယ်လိုဘဲဖြစ်နေပါစေ နင့်ကိုငါ ရအောင် ကယ်ထုတ်မယ်..... "
"Unnie ဒီနေရာက အရမ်း အန္တရာယ်ရှိတာနော် "
"ငါ့ကို ယုံပါ နင့်ကိုငါ ရအောင် ကယ်ပြီး ဟိုလူယုတ်မာကို သတ်ပစ်မယ်"
"Unnie....."
"Yuri...ငါ့ကို ယုံပါ.....ငါ့ကို ယုံပေးပါ ....."
"Unnie ကို ငါအမြဲ ယုံပါတယ် ငါ ယုံခဲ့ပါတယ် ခုထိယုံတယ်...."
"Drama ခင်းတာတွေ တော်သင့်ပြီ လုံလောက်ပြီ ကဲ ကြည့်ကြသေးတာပေါ့ မင်းညီမကို ကာကွယ်နိုင်လားဆိုတာ....."
Mr.Jung လက်ခုပ်တီးပြီး ပြောလိုက်သည်
"Yuriကို သေနတ်မပါဘဲ သေအောင် သတ်ကြစမ်း ငါ Taeyeon ဘယ်လိုကာကွယ်မလည်းဆိုတာ စောင့်ကြည့်နေမယ်......."
Mr.Jung ထိုင်ခုံမှာ ထိုင်ပြီး ကစားပွဲကို ကြည့်နေ၏
Taeyeon သူ့ဘောင်းဘီထဲ ဖွက်ထားတဲ့ ဓားတွေထုတ်ပြီး တိုက်ခိုက်လေသည်....
Yuriမှာ အရိုက်ခံရတဲ့ ဒဏ်ရာတွေတောင် အသက်တောင် ၀၀မရှူ နိုင်ပေ....တဖြည်းဖြည်း မျက်လုံး စင်းလာလို့ မနည်းဖွင့်ထားရသည်....
"Yuri....မျက်လုံးမမှိတ်နဲ့ ခဏလေးသီးခံပေးပါ......"
Mr.Jung လူနှစ်ယောက်ရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးရင်း Taeyeon ပြောလိုက်သည်....
"Unnie.....မ....မရ....တော့ဘူး....."
"Please Yuri ah...."
*ဒိုင်း*
Mr.Jung သေနတ်သံကြားလို့ လှည့်ကြည့်တော့ သူ့သားမက် Dong Wook ဖြစ်နေတယ်.. ..
Taeyeonမှာ သူ့ဗိုက်ကို ကိုင်ပြီး သွေးအိုင်ကြားထဲ လဲကျသွားလေသည်....
"Unnie.. ......."
Yuri သူ့ကိုချည်ထားတဲ့ ကြိုးတွေကို ရအောင်ဖြေပြီး သူ့ အမဆီ ပြေးသွားလေသည်....
"Dong Wook ..."
"ယောက္ခထီးကလည်း မဟုတ်လည်း သတ်မယ့်ဟာကို အချိန်ဆွဲနေသေးတယ် ကျွန်တော်က စိတ်ရှည်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး မဟုတ်ဘူးကွ......"
"အဟွတ်....အချင်းချင်း ငြင်းခုန်နေတာတွေ ရပ်ပြီး .........အတူတူသေကြရအောင်...."
Taeyeon ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်ပြီး ဘောင်းဘီအိတ်ထဲက ရီမုတစ်ခုထုတ်လိုက်သည်
"ငါ ဒီကို မလာခင် နှစ်ခု ရွေးချယ်ခဲ့တယ်....Mr.Jungကို သတ်ပြီး အသက်ရှင်ရက် ငါ့ညီမကို ခေါ်ပြီး ပြန်ထွက်လာနိုင်မလား.....ဒါမှမဟုတ် Mr.Jung ကို အသေခံ တိုက်မလားဆိုပြီး....ခုတော့ ဒုတိယတစ်ခုကို ရွေးချယ်ရတော့မယိ..... "
Taeyeon remote ကို နှိပ်တော့ Mr.Jungတို့ နောက်ပြန်လှည့်ပေးကြသည်.....
သွေးအိုင်ကြားကနေ Taeyeon ကုန်းရုန်းထကာ ဘေးနားတွင် ရှိသော သေနတ်ကို ကောက်ပြီး
"Mr.Jung ခင်ဗျားတို့ကလည်း လူ့အသက်ကို ကြက်ကလေးငှက်ကလေးလို သတ်ပြီး ခင်ဗျားတို့ သေမှာကြ ကြောက်နေသလား......ငါ ဘာဗုံးမှမထောင်ခဲ့ပါဘူးကွာ....လန့်အောင်လှန့်လိုက်တာပါ...."
Taeyeon အော်လိုက်ပြီး သေနတ်နဲ့ပစ်လိုက်သည်........
Taeyeonရဲ့ ကျည်ဆံတွေက Mr.Jung နောက်ကျောကို ဖြတ်ဖောက်ထွက်သွားသည်
Dong Wook မှာ အမြန်နောက်လှည့်ပြီး Yuriကို သေနတ်နဲ့ပစ်လေ၏
Taeyeon အမြန် Yuriရှေ့ ပြေးဝင်ပြီး ခံလိုက်လေည်....
"Unnie........."
"Hahaha မင်းတို့ ညီမနှစ်ယောက် နောက်ဆုံး ငါ့လက်မှာ သေရတော့မယိ....."
Dong Wook အော်ရယ်လိုက်သည်
"အပြောမစောပါနဲ့....."
Sooyoung အနောက်ကနေ သေနတ်နဲ့ ပစ်လိုက်တော့ Dong Wook လဲကျသွားလေသည်.....
"Taeyeon Sunbae....."
Jennie သူ့စီနီယာရှိရာ အမြန်ပြေးသွားလေသည်
"ဆေးရုံကား အမြန်ခေါ်......."
'Taeyeon nah......ခဏ အားတင်းထားပါ....ဆေးရုံကား....မကြာခင် ရောက်လာတော့မှာပါ...."
Taeyeonကို ဖက်ပြီး Sooyoung ငိုလေသည်......
"Yul....."
Jessica လင်းပိုင်သံနဲ့ အော်ကာ ပြေးလာလေ၏
"Jessicaက ဒီကို ဘယ်လိုရောက်လာတာလည်း.......Mino...."
Jennie မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
"Sorry....သူ တငိုငို တရီရီလုပ်နေလို့ ငါ....."
"Yuri yah...."
သွေးအိုင်ထဲ ဒဏ်ရာ ဒဏ်ချက်ပေါင်းများစွာနဲ့ လဲကျနေတဲ့ Yuri ကို တွေ့ပြီး Sica သွေးပျက်သွားသည်....
"Yuri....ငါ ရောက်လာပြီလေ ထပါအုံး ငါရောက်လာပါပြီဆို နင် ဒီလိုမျိုး မသေရဘူးလေဟယ်.....နင်မရှိတော့ ငါ့ကို ဘယ်သူစောင့်ရှောက်မှာလည်း..."
အသက်မဲ့ Yuriရဲ့ ခန္ဓာကိုယ်ကြီးကို လှုပ်ရမ်းကာ Sica အော်ဟစ်သောင်းကျန်း ငိုယိုနေ၏
"Jessica......"
'ဖယ်စမ်း ငါ့ကို မထိနဲ့.......'
Sica သူ့ကိုလာဆွဲတဲ့ သူတွေကို တွန်းထုတ်ပစ်သည်......
"Yuri.....ငါ နင့်ဆီ လိုက်လာမယ်....ငါ့ကို စောင့်နေ...ငါလိုက်လာမယ်...."
"Jessica ဘာတွေပြောနေတာလည်း...."
"တိတ်စမ်း ငါ့ကို ဘာမှလာမပြောနဲ့.. .."
Sica နားနှစ်ဖက်ကို ပိတ်ကာ အော်လိုက်သည်.....
"Taeyeon ah......"
Sooyoungရဲ့ အော်ငိုသံကြားရတော့ Jennieတို့ ဒူးထောက်ရက်သား လဲကျသွားသည်......
"Sunbae....."
အားလုံးရဲ့ အာရုံတွေ Taeyeonဆီ ရောက်နေကြချိန် အနီးအနားက သေနတ်ကို လှမ်းယူပြီး Sica သူ့ခေါင်းကို သူ ပြန်ချိန်လိုက်သည်
*ဒိုင်း*
အဖြူရောင် အုတ်ဂူသုံးလုံးရှေ့တွင် အနက်ရောင် ၀တ်စုံနဲ့ ကောင်မလေးများ ငိုကြွေးနေကြ၏
"Taeyeon ah....Yuri.....Jessica.....နောင်ဘ၀မှာ နင်တို့ ဒီအဖြစ်မျိုးနဲ့ ထပ်ပြီးမကြုံတွေ့ပါစေနဲ့ဟာ......."
အဖြူရောင် ပန်းခင်းထဲတွင်
"Yah Yuri....နင်က နင့်ကောင်မလေးရှိတော့ ငါ့ကို အဖက်မလုပ်တော့ဘူးပေါ့လေ ဟုတ်လား.. ....."
"Ah...Unnieကလည်း လာပါ ဘယ်ဘက်လက်မောင်းအားတယ်....ဘယ်ဘက်လက်မောင်းပေါ်လာအိပ်......"
Yuriတစ်ယောက် Sicaကို ဖက်ထားပြီး ပန်းခင်းထဲတွင် အိပ်ရင်းပျော်လိုက်သည်
Taeyeonကတော့ ဘေးနားထိုင်ရင်း ကြည်နူးနေတဲ့ အတွဲကို ကြည့်ကာ ပြုံးနေရင်း
ပြီးပါပြီ❤
ဇာတ်သိမ်းကို ဒီ့ထက် Drama ချိုးချင်ပေမယ့် အက်ရှင်ဆန်ဆန်မရေးတတ်တော့ ကျွန်တော်အားမရဘူးဖြစ်နေတယ်😣😣😣မကောင်းမကန်းFicလေး အဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်❤
Bạn đang đọc truyện trên: Truyen3h.Co