Truyen3h.Co

Revenge

Revenge Part-13

KimFany059

ရက်​အနည်းငယ်​​လောက်​ ကြာ​တော့ Taeyeon ​ဆေးရုံက ဆင်းခွင့်​ရပြီ​လေ.....​ဆေးရုံက ဆင်းဆင်းချင်း ပထမဆုံးကြားရတဲ့ သတင်းဆိုးက​တော့ Mr.Zuzukiရဲ့ ​မွေးစားသားဖြစ်​သူ Tyler အသတ်​ခံရတဲ့ သတင်းပါ.....

Taeyeonတို့အဖွဲ့ ဘယ်​သူက Mr.Zuzukiတို့ သားအဖကို သတ်​တာလည်းဆို​တဲ့ သက်​​သေကို ရှာမရဘူး​ဖြစ်​​နေတယ်​......

"စ​ကော်​ပီယံတက်​တူးနဲ့ပတ်​သက်​ပြီး ငါ့ကို ကူညီ​ပေးနိုင်​မှာလား Hyoyeon....."

"Unnie....."

"Please ဒီလူသတ်​မှု​တွေနဲ့ ပတ်​သက်​ပြီး ငါ သူတို့ကို သံသယ၀င်​​နေလို့.....ငါ သူတို့အ​ကြောင်းကို သိရမှဖြစ်​မယ်​....."

Hyoyeon သက်​ပြင်းချပြီး
"Ummm Okay....."

"Maskတပ်​ထားတဲ့ တစ်​​ယောက်​နဲ့ ပတ်​သတ်​ပြီး ဘာသိထားလည်း....."

"Umm....သူငယ်​ချင်း​ပြောပြချက်​အရဆို သူက သူ​ဌေးရဲ့ ညာလက်​ရုံးတဲ့ .....သူ့အသက်​က ၂၀ဘဲရှိ​သေးတယ်​......သူက ကြင်​နာတတ်​တဲ့ နှလုံးသားလုံးဝ မရှိဘူးတဲ့  ......လူတစ်​​ယောက်​ကို လက်​မရွံ့ဘဲ သတ်​ရဲတယ်​.....ပြီး​တော့ ဘယ်​သူမှ သူ့မျက်​နှာကို မမြင်​ဖူးကြဘူး.....သူ့မျက်​နှာကိုမြင်​တဲ့သူကလည်း ​သေတာဘဲ....."

Hyoyeon ​ပြောတာနား​ထောင်​ပြီး
"Onn အဲ့တစ်​​ယောက်​က Koreaရဲ့ မူးယစ်​​ဆေးဝါးဘုရင်​ရဲ့ ညာလက်​ရုံးဖြစ်​ဖို့က ​တော်​​တော်​​လေးငယ်​​သေးတယ်​​နော်​...."
Sooyoung ၀င်​​ပြောလိုက်​သည်​။

"အင်း ဟုတ်​ပါ့ ငယ်​ငယ်​​လေးနဲ့...."
Yoonaကပါ ၀င်​​ထောက်​ခံလိုက်​သည်​။

"သူငယ်​ငယ်​တုံးက ပြန်​​ပေးဆွဲခံရပြီး အခုလိုဖြစ်​​အောင်​ ​လေ့ကျင့်​​ပေးခံရတယ်​လို့ Rumor​တွေလည်း ကြားဖူးတယ်​......."
Hyoyeon ထပ်​​ပြောလိုက်​သည်​။

Yuriသာ အသက်​ရှင်​​သေးရင်​ ဒီတစ်​​ယောက်​နဲ့ အသက်​တူသာဘဲဆိုပြီး Taeyeon​တွေးမိပြီး ၀မ်းနည်းစွာ ပြုံးလိုက်​သည်​။

"သူ့အ​ကြောင်း​တွေ ထပ်​စုံစမ်း​ပေးလို့ရမလား....."

"ရတာ​ပေါ့ Unnie.. .."

"​ကျေးဇူးပါ ဒါဆို အစည်းအ​ဝေး ပြီးပြီး​ပေါ့....."

Taeyeon ထိုင်​​နေရာမှ ထလိုက်​သည်​။

"Yeah ဒါဆိုလည်း သွား​သောက်​ရ​အောင်​........"
Taeyeon ကို ဖက်​ပြီး Sooyoung ​ပြောလိုက်​သည်​။

"​တော်​ပြီ မ​သောက်​ချင်​ဘူး......"

"လုပ်​ပါကွာ....ငါတို့ မ​သောက်​ရတာ ကြာပြီ....."

"ငါ ပင်​ပန်းလို့  အနားယူ......"

Taeyeonရဲ့ စကားမဆုံး​သေး Hyoyeon,Yoonaတို့ နှစ်​​ယောက်​ သူတို့​ခေါင်း​ဆောင်​ကို ချိုင်းက​နေ ဆွဲမကာ ​ခေါ်သွား​လေ၏

~~~~~~~ ~~~~~~~ ~~~~~~~
Clubတွင်​  Yoonhyoတို့ နှစ်​​ယောက်​က Dancing Floorတွင်​ က​နေ​ပေမယ့်​ Taeyeonက​တော့ အရက်​တစ်​ခွက်​ကို ​မော့လိုက်​ပြီး သူ့​ဘေးနားက Sooyoungကို

"Soo...."

"Hmm...."

"ငါ လုပ်​ရပ်​က မှန်​ရဲ့လား...."

"ဘယ်​ လုပ်​ရပ်​လည်း....."

"လက်​စား​ချေဖို့ ကြိုးစား​နေတာ​လေ...."

Sooyoung အရက်​ကို တကျိုက်​တည်း ​သောက်​လိုက်​ပြီး
"Tae.....ငါတို့က သူငယ်​ချင်း​တွေ​လေ ဘာဖြစ်​​နေ​နေ ငါ အမြဲတမ်း နင့်​ဘက်​မှာဘဲ ရပ်​တည်​​ပေးပြီး နင့်​​ဘေးမှာ အမြဲရှိ​ပေးမှာ.....နင့်​ဆုံးဖြတ်​ချက်​ကိုလည်း ငါ နားလည်​​တယ်​...."

Taeyeon ၀မ်းနည်းစွာ ပြုံးပြီး
"နင်​သိလား .....ငါ Yuriကို ​နောက်​ဆုံး​ပြောခဲ့တဲ့စကားကို​လေ.....ဘာဖြစ်​​နေ​နေ Unnie ​ဘေးနားမှာ အမြဲရှိ​နေမယ်​လို့ ​ပြောခဲ့​ပေမယ့်​ ငါကတိမတည်​ခဲ့ဘူး....."

"Tae.....နင့်​ကို နင်​ အပြစ်​တင်​မ​နေပါနဲ့.....နင်​လည်း ​သေ​ကောင်​​ပေါင်းလဲ ဖြစ်​ခဲ့တာဘဲ​လေ.....နင့်​ညီမက နင့်​ကို အပြစ်​မတင်​ပါဘူး...."

Taeyeon အရက်​ငှဲ့ရင်း ပတ်​၀န်းကျင်​ကို မျက်​လုံးကစားလိုက်​​တော့

"Soo....အဲ့​ကောင်​မ​လေးကို မှတ်​မိလား......"

Dancing Floor မှာ တစ်​​ယောက်​တည်းက​နေတဲ့ ​ကောင်​မ​လေးကို လက်​ညိုးထိုးပြပြီး Taeyeon ​မေးလိုက်​သည်​။

"Umm....Partyမှာ ​တွေ့ခဲ့တဲ့ ​ကောင်​မ​လေး မဟုတ်​လား....."

"အင်း ဟုတ်​တယ်​....သူ့နာမည်​က ဘာပါလိမ့်​....Ummm Jessica....ဟုတ်​တယ်​မလား သူတစ်​​ယောက်​တည်းလား....."

"ဘာလို့လည်း သူ့ကို စိုးရိမ်​​နေတာလား......"

"Umm...မဟုတ်​ပါဘူး ဒီအတိုင်းပဲ.. ...."
Taeyeon မျက်​နှာကိုမဲ့ပြပြီး အရက်​တစ်​ခွက်​ကို ​မော့လိုက်​သည်​။

"သူ့ကို စကားသွား​ပြော​ချင်​​ပြော​လေ....."

"သူက ငါ့ကို မှတ်​မိမှာ မဟုတ်​ဘူး....."

"Try it"

"Wait..."

Taeyeon လှမ်းကြည့်​​တော့ ​ကောင်​​လေးတစ်​​ယောက်​က Sicaကို ဆွဲလားရမ်းလားလုပ်​​နေတာ မြင်​​တော့ ထိုင်​​နေရာက ထပြီး Dancing Floorက​နေဆွဲ​ခေါ်လာလိုက်​သည်​။

"ကျွန်​မကို ကူညီ​ပေးလို့ ​ကျေးဇူး....."

Taeyeon ကို Sica​ ​ကျေးဇူးတင်​စကား​ပြောလိုက်​သည်​။

"နင်​ မူး​နေတာလား....."

"နည်းနည်းပါးပါး.. ...."

"ထားပါ​တော့ ငါ့နာမည်​က Taeyeon....."

Taeyeon သူ့ကိုယ်​သူ မိတ်​ဆက်​​ပေး​တော့ Sica ထရယ်​လိုက်​တယ်​.....Hyoyeonတို့မှာ အူ​ကြောင်​​ကြောင်​ဖြင့်
"ဘာရယ်​စရာပါလို့လည်း......."

"Partyက ရှင့်​ကို ကျွန်​မ သိပါတယ်​ရှင်​....."

Sicaရဲ့ စကား​ကြောင့််​ Taeyeon ပြုံးသွားတယ်

"ငါ့ကို မမှတ်​မိဘူး ထင်​​နေတာ...."

"မမှတ်​မိစရာမရှိပါဘူး....ရှင့်​အ​ကြောင်း​တွေကို သတင်းစာမှာ ​နေ့တိုင်း​တွေ့​နေရတာကို....."

"Hahaha....ဒါနဲ့ ငါတို့ဝိုင်းထဲ လာထိုင်​ပါ့လား တစ်​​ယောက်​တည်းမဟုတ်​လား..."

"လာထိုင်​လို့ရလို့လား......"

"ရပါတယ်​ လာပါ......"

Sica ထိုင်​ဖို့ Sooyoung ​နေရာနည်းနည်းဖယ်​​ပေးလိုက်​သည်​။

Taeyeonတစ်​​ယောက်​ အရက်​​တွေ နင်းကန်​​သောက်​​နေတဲ့ Sicaကို တားလိုက်​သည်​။

"​တော်​သင့်​ပြီ များ​နေပြီ......."

"ကျွန်​မရဲ့ ပြဿ     နာတစ်​ချို့ကို ​မေ့ထားချင်​လို့ ကျွန်​မကို ​သောက်​ခွင့်​​ပေးပါလား....."

Sica အရက်​ကို ​မော့မလို့ရှိ​သေး Sicaရဲ့ အရက်​ခွက်​ကို တစ်​စုံတစ်​​ယောက်​က ဆွဲလုလိုက်​သည်​။

"ငါမပါဘဲ ထွက်​မသွားပါနဲ့လို့ မင်းကို ဘယ်​နှခါ​ပြောရမလည်း....."
Yuri ​ဒေါသတကြီး ​ပြောပြီး Sicaကို ​ဆောင့်​ဆွဲလိုက်​သည်​။

"Leave me alone....."
Sica ပြန်​​အော်​လိုက်​ပြီး Yuriကို တွန်းလိုက်​သည်​။

Yuriကလည်း Sicaရဲ့ လက်​ကို ပြန်​​ဆောင့်​ဆွဲတယ်​......Taeyeonလည်း ထိုင်​​နေရာမှ ထပြီး Sicaရဲ့ လက်​တစ်​ဖက်​ကို ဆွဲလိုက်​သည်​။

"ငါတို့ ထပ်​​တွေ့ပြန်​ပြီ​နော်​....."
Taeyeonရဲ့ မျက်​လုံးကို စိုက်​ကြည့်​ပြီး Yuri ​ပြောလိုက်​သည်​။

"ထပ်​​တွေ့တယ်​....ဘယ်​တုန်းကလဲ.. ......"

"​မေ့လိုက်​​တော့ .....Sicaကို လွှတ်​လိုက်​ မင်းနဲ့မဆိုင်​ဘူး သူက...."

"ငါနဲ့ မဆိုင်​​ပေမယ့်​ သူက မင်းနဲ့မလိုက်​ချင်​ဘူးတဲ့......"

Yuri အံကြိတ်​လိုက်​ပြီး
"Sica မင်း ငါနဲ့ ပြန်​လိုက်​မလား သူ့ကို သတ်​ပစ်​ရမလား....."

သူ့လက်​ကို ဆွဲထားတဲ့ Taeyeonရဲ့လက်​ကို Sica ဖယ်​ချလိုက်​သည်​။

"I'm Sorry.....ကျွန်​မ သွားရ​တော့မယ်​......"
Sicaရဲ့ လက်​ကို တွဲပြီး Taeyeonရဲ့ မျက်​နှာကို ကြည့်​ကာ

"Stay....away....from....her....."
Yuri တစ်​လုံးချင်းစီ​ပြောပြီး ထွက်​သွားတယ်

"ဘာလည်းဟ....သူ့ချစ်​သူလား....."
Yoona မျက်​​မှောင်​ကြုတ်​ပြီး ​မေးလိုက်​သည်

"ငါလည်း မသိဘူး....ဒါ​ပေမယ့်​ သူက....​တော်​​တော်​​လေးကို တူတယ်​.. ..."

Yuriရဲ့ ​ကျောပြင်​ကို ​​ငေးကြည့်​ရင်း Taeyeon အ​တွေး​ပေါင်းများစွာဖြင့်​ ကျန်​ခဲ့သည်​..........

၂၂ရက်​​နေဆို စာ​မေးပွဲ​ဖြေရ​တော့မှာမို့ fic​တွေ အရင်​လို​နေ့တိုင်း မ​ဒိတ်​နိုင်​​တော့ဘူး.....ဒါ​ကြောင့်​ ဒီရက်​ပိုင်းအတွင်း အများကြီး​ရေးပြီး ဒိတ်​​ပေးထားတယ်​​နော်​ ....

Bạn đang đọc truyện trên: Truyen3h.Co